26 w - Translate

Tattoo ideas

image
26 w - Translate

Tattoo ideas

image
26 w - Translate

Tattoo ideas

image
26 w - Translate

Tattoo ideas

image
26 w - Translate

Tattoo ideas

imageimage
+5
26 w - Translate

A volcano on Russia’s far eastern Kamchatka Peninsula has erupted for what scientists said is the first time in hundreds of years.
The eruption was accompanied by a 7.0-magnitude earthquake and prompted a tsunami warning for three areas of Kamchatka. The tsunami warning was later lifted.
The Smithsonian Institution’s Global Volcanism Program, based in the U.S., lists Krasheninnikov’s last eruption as occurring 475 years ago in 1550.
Read more: https://abcnews.visitlink.me/VE89A9

image
26 w - Translate

About 3,200 union members at Boeing facilities in Michigan and Illinois went on strike at midnight on Monday after rejecting a contract offer from the company, the union said.
https://abcnews.go.com/Busines....s/3200-boeing-jet-we

image
26 w - Translate

ရန်ကုန်မှာ A-B အုပ်စုနှစ်ခုခွဲပြီး ဓါတ်အားဖြန့်ဖြူးပေမယ့် ပြတ်တောက်မှု ပိုဆိုးလာနေ
ဩဂုတ် ၄ - ၂၀၂၅
SN (VOM)
ရန်ကုန်တိုင်းရှိ ခရိုင်အားလုံးမှာ အခု ဩဂုတ်လကစပြီး လျှပ်စစ်ဓာတ်အားကို A-B အုပ်စုနှစ်ခုခွဲပြီး တပြေးညီပေးမယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က အသိပေး ကြေညာထားပေမယ့် ဓါတ်အားပြတ်တောက်မှု အရင်ကထက် ပိုဆိုးလာနေတယ်လို့ ပြည်သူတွေက ပြောပါတယ်။
အရင်က A,B,C အုပ်စု သုံးအုပ်စုနဲ့ လျှပ်စစ်မီး ပေးနေရာကနေ အခုအခါ တပြေးညီ A,B နှစ်အုပ်စုတည်းနဲ့ ဩဂုတ် ၁ ရက်နေ့မှ စတင်ကာ ဓာတ်အား ဖြန့်ဖြူးပေးသွားမှာ ဖြစ်တယ်လို့ YESC က အသိပေး ကြေညာထားတာပါ။
“သူတို့ကသာ မီးပိုရတော့မယ် ပြောနေတာ။ လက်ရှိ အခြေအနေကတော့ မီးပျက်တာ ပိုဆိုးနေတယ်။ ၁ နာရီလာပြီး ၂ နာရီ ၁၅ မိနစ်လောက်ဆို မီးပျက်ပြီ။ ၅ နာရီလာလည်း အဲဒီလိုပဲ။ အချိန် တနာရီလောက်ပဲ မီးလာတယ်။ ပြီးရင်လည်း ခဏခဏ ပျက်လိုက်လာလိုက်နဲ့။ မီးပေးချိန် တချိန်ကို အနည်းဆုံး ငါးခါလောက် မီးပျက်ပျက်နေတယ်။ တခါပျက်ရင်လည်း အကြာကြီးပျက်တာ” လို့ မြောက်ဒဂုံမြို့နယ်မှ ပြည်သူတယောက်က ပြောပါတယ်။
ဒါအပြင် ရွှေပြည်သာမြို့နယ်မှာလည်း မီးပျက်ချိန် ပိုများနေပြီး မီးပေးချိန် တချိန်မှာ ငါးမိနစ်လောက်သာ မီးရရှိနေတယ်လို့ အဆိုပါ မြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။
ဒါအပြင် မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူ တယောက်ကလည်း “အချိန်မှန်မှန်နဲ့ အချိန်များများ လျှပ်စစ်မီး ရချင်ပါတယ်။ မီးလာချိန်က ထမင်းအိုးတအိုး ကျက်ချိန်ထိအောင်တောင် မကြာဘူး။ မီးပေးချိန်၊ အချိန် ၄ နာရီမှာ မီးအပြည့်လာချိန်က အလွန်ဆုံး နာရီဝက်၊ တနာရီပဲ။ ဖုန်းအားတောင် ၁၀၀ ရာခိုင်နှုန်း မပြည့်ဘူး။ အဲဒီတော့ ဒီ မီးပေးမယ့် Group တွေထဲမှာ တခါလာ မိနစ် ၂၀ Group ထပ်ဖွဲ့ရမယ်ထင်တယ်” လို့ ပြောပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အခုလို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေတာနဲ့ ပတ်သက်လို့ နိုင်ငံသားတွေ အခက်အခဲ မရှိစေဖို့ ၄ နာရီ မီးပေး၊ ၄ နာရီ မီးအနားပေးစနစ်နဲ့ တရက်ကို ၁၂ နာရီ မီးခံစားခွင့်၊ နောက်ထပ် ၁၂ နာရီကို မီးအနားပေးစနစ် အနေအထားကို မေတ္တာစိတ်ထားနဲ့ အတိအကျ ကျင့်သုံးပေးသင့်တယ်လို့ ပြည်သူတွေက ပြောပါတယ်။
ဒါအပြင် အရင်အစိုးရတွေ လက်ထက် ၁၉၄၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိမှာ တရက်ကို ၂၄ နာရီအပြည့် မီးခံစားခွင့် ဆောင်ရွက်ပေးတဲ့ ကျင့်သုံးမှုကိုလည်း ဆက်လက် လိုက်နာစေလိုတယ်လို့ ဆိုပါတယ်။
“မနေ့ည (ဩဂုတ် ၃ ရက်) ကဆို ည ၉ နာရီ မီးလာရမယ့်အချိန်။ ဒါပေမယ့် မလာဘူး။ ၁၀ နာရီထိုးဖို့ ၁၅ မိနစ်လောက်အလိုမှ မီးလာတယ်။ အဲဒီလို အချိန်ခိုးတာတွေလည်း ခဏခဏပဲ။ ၅ မိနစ်၊ ၁၀ မိနစ် နောက်ကျတာ မဟုတ်ဘူးနော်။ ၁ နာရီနီးပါး နောက်ကျတာ။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေအတွက်ကတော့ ဒီမီးနဲ့ အလုပ် လုပ်ဖို့ဆိုတာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူက ပြောပါတယ်။
YESC အနေနဲ့ အရင်က မီးပေးချိန် လေးနာရီလာ၊ ရှစ်နာပျက် စနစ်ကို ရန်ကုန် အနောက်ပိုင်းခရိုင်ကလွဲပြီး ကျန်ခရိုင်တွေ အားလုံးမှာ အသုံးပြုခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရန်ကုန်တိုင်း ခရိုင်အားလုံးကို မီးပေးချိန် တပြေးညီ၊ လေးနာရီလာ၊ လေးနာရီပျက်စနစ်ကို ပြန်လည် ကျင့်သုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ရန်ကုန်တိုင်း အပါဝင် နိုင်ငံတဝန်းမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ နာရီနဲ့ချီ ဆိုးရွားစွာ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ စက်မှုဇုန် လုပ်ငန်းတွေကိုလည်း ဓာတ်အားလျှော့ ဖြန့်ဖြူးမှုတွေရှိနေလို့ မီးစက်ကို နာရီပေါင်းများစွာ အသုံးပြုရတာကြောင့် အပိုကုန်ကျစရိတ်တွေ မြင့်တက်လျက်ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံ၊ ကျောက်မီးသွေးစက်ရုံ နှစ်ရုံ၊ နေရောင်ခြည် စွမ်းအင်စက်ရုံ ခြောက်ရုံတို့နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။
အဆိုပါ စက်ရုံတွေကနေ လျှပ်စစ်မဂ္ဂါဝပ် ၇,၁၈၄ ဒသမ ၄၆ အထိ ထုတ်လုပ်ပေးနေပေမယ့် နိုင်ငံတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ နှစ်စဥ် ၁၅ ရာခိုင်နှုန်းခန့်အထိ လိုအပ်နေတယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ် နောက်ပိုင်း သဘာ၀ဓာတ်ငွေ့သုံး စက်ရုံအများစုဟာ ဆက်လက် မလည်ပတ်နိုင်တော့ဘဲ လျှပ်စစ်မီး လိုအပ်ချက်တွေ ဖြစ်ပေါ်လျက်ရှိကာ ပြည်ပကုမ္ပဏီတချို့ ထွက်ခွာသွားရသလို ပြည်တွင်း လုပ်ငန်းရှင်တချို့ဟာလည်း ကုန်ကျစရိတ် မြင့်တက်လာတာကြောင့် လည်ပတ်မှုတွေကို ရပ်နားထားရတာ ဖြစ်ပါတယ်။
Photo - CJ

image

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းဝန်ကြီးချုပ် ပေတွန်သန် ရာထူးမှနုတ်ထွက်ပေးရန် ကွန်ဆာဗေးတစ်များ ဆန္ဒပြတောင်းဆို
ထိုင်းနိုင်ငံ ဗန်ကောက်မြို့တော် ၌ ဩဂုတ် ၂ ရက်က ဆန္ဒပြသမားများ စုဝေး၍ ဝန်ကြီးချုပ်ပေတွန်သန်ရှင်နာဝပ် ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ် ပေတွန်သန်ရှင်နာဝပ်သည် ကမ္ဘောဒီးယားခေါင်း ဆောင်ဟောင်း ဟွန်ဆန်နှင့် ဖုန်းခေါ် ဆိုဆွေးနွေးမှုအသံဖိုင် ပေါက်ကြားခဲ့ရပြီးနောက် ဝန်ကြီးချုပ်ရာထူးမှ ယာယီ ရပ်စဲခံထားရသူဖြစ်သည်။
ဗန်ကောက်မြို့လယ် ငြိမ်းချမ်းရေးမုခ်ဦး၌ ပြုလုပ်ခဲ့သည့် ဩဂုတ် ၂ ရက် ဆန္ဒပြပွဲများတွင်ဆန္ဒပြသမား ၂၀၀၀ ခန့်ပါဝင်ခဲ့ပြီး ဝန်ကြီးချုပ် ပေတွန်သန်ရှင်နာဝပ်နှင့် ၎င်း၏ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ကို ဝေဖန်ရှုတ်ချခဲ့ကြသည်။
ယင်းပြင် ဩဂုတ် ၂ ရက်ဆန္ဒပြပွဲတွင် ထိုင်းဆန္ဒပြသမားများသည် အာဏာသိမ်းယူ၍ ရွေးကောက်ခံအစိုးရများအား မကြာခဏဖြုတ်ချလေ့ရှိသော ထိုင်းစစ်ဘက်ကိုထောက်ခံကြောင်းလည်း ပြသခဲ့ကြသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ပြီးခဲ့သည့်လအတွင်း ငါးရက်ကြာ နယ်စပ်စစ်ရေးပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် ပေတွန်သန်ရှင်နာဝပ် ရာထူးမှနုတ်ထွက်ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။
ဩဂုတ် ၂ ရက် ဆန္ဒပြပွဲများတွင်ပါဝင်သူများမှာ သက်ဆင်မိသားစု၏ ရန်သူတော်များဖြစ်ကြသောရှပ်ဝါအုပ်စု ခေါ် ဘုရင်စနစ်လိုလားသည့် ကွန်ဆာဗေးတစ်အုပ်စုဝင်များ ဖြစ်သည်။
ရှပ်ဝါအုပ်စု၏ ဆန္ဒပြပွဲများသည် သက်ဆင်၏ညီမ ဝန်ကြီးချုပ် ဟောင်း ယင်လပ်ရှင်နာဝပ် ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့အား ၂ဝ၁၄ ခုနှစ်အာဏာသိမ်းပွဲဖြင့် ဖြုတ်ချနိုင်ရန်အထောက်အကူပြုခဲ့သည်။
ထိုင်းစစ်ဘက်သည် ထိုင်းနိုင်ငံရေးလောက၌ အဓိကအခန်းကဏ္ဍ တွင်ပါဝင်နေပြီး စည်းမျဉ်းခံဘုရင်စနစ် စတင်ကျင့်သုံးခဲ့သည့် ၁၉၃၂ ခုနှစ် နောက်ပိုင်းအောင်မြင်သည့် အာဏာသိမ်းမှုပေါင်း (၁၃) ကြိမ်အထိပြုလုပ်ခဲ့သည်။
ရိုက်တာ

image

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ဂျပန်ပင်လယ်ဒေသ၌ ရုရှားနှင့်တရုတ် ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်
တရုတ်နှင့် ရုရှားရေတပ်တို့မှ စစ်သင်္ဘောများသည် ဂျွိုင့်ဆီး- ၂ဝ၂၅ အမည်ရှိ နှစ်စဉ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဂျပန်ပင်လယ်ဒေသ၌ ဩဂုတ် ၃ ရက်တွင် စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
ဂျွိုင့်ဆီး-၂၀၂၅ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ ဆိပ်ကမ်းအနီး ဂျပန်ပင်လယ်အတွင်း ပြုလုပ်နေခြင်းဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
သုံးရက်ကြာမြင့်မည့် ဂျွိုင့်ဆီး-၂ဝ၂၅ ပူးတွဲ စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်နှင့်ရုရှားစစ် သင်္ဘောများသည် ရေငုပ်သင်္ဘော ချေမှုန်းရေး၊ လေကြောင်းရန်ကာကွယ်ရေးနှင့် ပင်လယ်ပြင်တိုက် ပွဲဝင်မှု လေ့ကျင့်ခန်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ဂျွိုင့်ဆီး ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများကို ၂ဝ၁၂ ခုနှစ်ကပင် စတင်ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်မူ တရုတ်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းဒေသ၌ ပြုလုပ်ခဲ့သည်။
ရုရှားနှင့်တရုတ်တို့သည် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကိုမြှင့်တင်၍ အမေရိကန်ပြည်ထောင်စု ဦးဆောင်သော နိုင်ငံတကာ ဖွဲ့စည်းခင်းကျင်းမှု ပုံစံကို တန်ပြန်ထိန်းညှိရန် ကြိုးပမ်းနေသောနိုင်ငံ များဖြစ်သည်။
ပြီးခဲ့သည့်နှစ်များအတွင်း ရုရှားနှင့်တရုတ်တို့သည် နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း မြှင့်တင်ခဲ့သည်။
တရုတ်နိုင်ငံသည် ရုရှား၏ သုံးနှစ်ကျော်ကြာ ယူကရိန်းကျူးကျော်စစ်ကို တရားဝင်ရှုတ်ချဝေဖန်မှုမရှိခဲ့သလို ယူကရိန်းမှ ရုရှားတပ်များကိုပြန်လည် ရုပ်သိမ်းပေးရေးအတွက်လည်း တောင်းဆိုခဲ့ခြင်း မရှိပေ။
အေပီ

image