16 w - Translate

Aswome tattoo designs 😍

imageimage
+5

မိတ်ဆွေ များ အမိမြေ မြန်မာကို လွှမ်းနေသူတွေ အတွက်

#ရန်ကုန်မုန့်ဟင်းခါးချက်နည်း......။

ပါဝင်ပစ္စည်းများ .........

· ငါးခူ ၃၀ သား

· ငါးဖယ် ၁၀ သား

· ဘဲဥ ၁ဝ လုံး

· ကုလားပဲခြမ်း ၁၀ သား

· မြေပဲ ၅ ကျပ်သား

· ဆန်အကျက်မှုန့် ၁၀ သား

· စပါးလင် ၃ ပင်

· ဂျင်း လက် ၃ လုံး (၂ ကျပ်ခွဲ)

· ကြက်သွန်ဖြူ ၄ မွှာ

· ကြက်သွန်နီ (ကြီး) ၇ လုံး

· ကြက်သွန်နီ (သေး) ၁ဝ လုံးနှင့် ငရုတ်ပုထောင်း အနည်းငယ်

. နနွင်း၊ ရုတ်ကောင်း

· အချိုမှုန် ၁ ဇွန်း (သုံးလျှင်ကြိုက်သလောက်)

· ငံပြာရည် လိုသလောက်

· ထန်းလျှက် ၃ ခဲ၊ ငှက်ပျောအူ ၁ တုံး

ပြုလုပ်နည်း ...........

ငါးခူကို ရေဆေး ဆားကြမ်း မန်းကျည်းသီးနှင့်ဆေးထားပါ။ စပါးလင် ထိပ်ကို ဖြတ်၍ စည်းပြီး နနွင်း ငံပြာရည် တို့ဖြင့် ငးခူကိ ထည့်၍ ပြုတ်ပြီး အရိုးနွင် ထားပါ။

အရိုးကို ထောင်းပြီး ဇကာခံကာ ရေနှင့်ဆေးချထားပါ။ ကုလားပဲကို နနွင်း၊ ဆား အနည်းငယ်စီနှင့်နူးသည်အထိပြုတ်ပြီး ခြေထားပါ။ ကြက်သွန်နီ ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ ဂျင်း စပါးလင် တို့ကို ထောင်းထားပါ။

ငှက်ပျောအူကို လှီး၍ ရေ၊ နနွင်း ရောထားသော ဇလုံ တစ်ခု ထဲသို့ လှီးချပါ။ ဆီသတ်ရန် ဆီထည့်ပါ။ ငါးဖယ်ကို ပြား၍ ကြော်ထားပါ။ ကျန်သော ဆီထဲသို့ နနွင်းထည့်ပြီး ကြက်သွန်နီကို ကြော်ပြီး ဘေး၌ ခဏကပ်ပြီး ဆယ်ထားပါ။

ကြက်သွန်ဖြူ ထည့်ပါ။ ဂျင်းထည့်ပါ။ စပါးလင်ထည့်ပါ။ ရွှေအို ရောင် သန်းလာလျှင်ငရုတ်ပုထောင်းထည့်၍ ခဏမွှေပြီး ငါးထည့် ပါ။

ငံပြာရည်၊ (အချိုမှုန့်) ထည့်၍ မွှေးလာပြီး အနည်းငယ် ခြောက် သည်အထိ ဆီသတ်ပါ။

ကြက်သွန်ဥနီ အသေးကို ခွာထားပါ။ ဘဲဥကို ပြုတ်ထားပါ။ ငါးပြုတ်ရည်အိုးကို ရေထပ်ထည့်၍ ဆူအောင် တည်ပါ။

ပွက်ပွက် ဆူလာလျှင် ခြေထားသော ပဲထည့်၍ ၁ဝ မိနစ်ခန့်ထားပါ။

ဆန်အကျက်မှုန့် ရေဖျော်ထည့်ပါ။ ဆန်မှုန့်အနံ့ပျောက်အောင်ထားပါ။ နောက်ထပ် ၁ဝ မိနစ်ခန့်ထားပါ။ မြေပဲထောင်း ထားတာ ထည့်ပါ။

၁ဝ မိနစ်ခန့် ထပ်ထားပြီလျှင် ဆီသတ်ထားသော ငါးထည့်ပါ။ ငါးဖယ်ကို တုံး၍ ထည့်ပါ။
ဆူလာလျှင် ငှက်ပျောအူ ကြက်သွန်ဥ ထည့်ပြီးမွှေပါ။

အဖုံးမအုပ်ပဲ ထားပါ။ (ငှက်ပျောအူများ မဲတတ်သည်။) ဘဲဥ လှီးထည့်ပါ။ အိုးဘဲဥအတွက် အလုံးလိုက်လဲထည့်ပါ။

ထန်းလျှက်ခဲထည့်ပါ။ ငံပြာရည်၊ အချိုမှုန့် ထည့်၍ အရသာ အနေတော် ဖြစ်အောင်ပြင်ပါ။ ပြီးရင် ငရုတ်ကောင်းထည့်ပါ။

ဒါဆို ရန်ကုန်မုန့်ဟင်းခါး စာစလို့ရပါပြီး.......။

Credit

image

🥣 မြစ်ချဉ် ဝက်သုံးထပ်သားချက်နည်း

📌 လိုအပ်သောပစ္စည်းများ
• ဝက်သား (အဆစ်ပါဝက်နံရိုး၊ ဝက်အူချောင်း၊ ဝက်ခြေညင်း) – ၅၀၀ ဂရမ်
• မြစ်ချဉ်– ၂၅၀ ဂရမ်
• ကြက်သွန်ဖြူ – ၆-၇ လုံး (ဖျော့ပြီးကြော်ရန်)
• မုန်လာဥရွက်သနပ်ခါးစေ့ – ဆန့်သလောက်
• ဆား – အနည်းငယ်
• ငရုပ်သီးမဲ့ရည် – ၁ ဇွန်း
• ပုစွန်မှုန့် – ၁ ဇွန်း (ရွေးချယ်စရာ)
• ရေ – လိုသလောက်
• ချင်း – အနည်းငယ် (ကြွပ်ကြွပ်လေးဖြတ်ထားသော)
• မျှင်ပင် / အသာလေး – အလှဆင်အဖြစ်

🍳 ချက်ပြုတ်နည်း

1. ဝက်သား ပြင်ဆင်ခြင်း
ဝက်သားကို ရေနွေးပူနဲ့ ပြုတ်ပြီး သန့်စင်ပါ။ လိပ်အသားရှိရင် ချင်းနဲ့အတူ ပြုတ်ပေးရင် ဆားတင်သွားမှာမဟုတ်ပါ။

2. မြစ်ချဉ်ကို ချက်ပြီးသားဖြစ်တဲ့အခါမှာ ပိုက်နဲ့ထွက်လာတဲ့ရည်ကို မဖြစ်အောင် စစ်ထားပြီး အသားနဲ့ထည့်ပါ။

3. ဟင်းပြုတ်ခြင်း
• ရေနွေးတစ်လုံးထဲမှာ ဝက်သားကိုထည့်ပြီး ဆားနဲ့ငရုပ်သီးမဲ့ရည်နဲ့အနည်းငယ်ချင်းထည့်ပြီးပြုတ်ပါ။
• မနက်ဖြန်တင်အောင် တိုတောင်းချင်ရင် ပေါင်းချင်ရင် အချိန် ၄၅ မိနစ်ခန့်ပြုတ်ပါ။
• ပြုတ်ပြီးချိန်မှာ မြစ်ချဉ်ထည့်ပါ။ နည်းနည်းအချိန်အနားပေးပြီး သေးသေးလေးပြုတ်ပါ။
• နောက်ဆုံးမှာ ကြက်သွန်ဖြူကြော်ထည့်ပြီး မြန်မြန်ကြော်ထားတဲ့အနံ့ထွက်အောင်လှန်ပါ။
• အပေါ်မှာအသာနဲ့ မျှင်လေးတွေထည့်ပြီးအလှဆင်ပေးနိုင်ပါတယ်။

✅ အကြံပြုချက်
• မြစ်ချဉ်က မပြုတ်မီ ငံသလောက် ချက်ထားရင် ပိုအရသာရှိပါတယ်။
• ကြက်သွန်ဖြူကြော်နဲ့လှန်ချိန်မှာ မနည်းအနည်း ထည့်ပေးပါ။ အနံ့နဲ့အရသာကို မြှင့်တင်ပေးပါတယ်။

အိမ်မှာချက်စားဖို့အတွက် လွယ်ကူပြီး အာဟာရပြည့်စုံတဲ့ဟင်းလေးဖြစ်ပါတယ်။ 😋
ချက်ပြီးရင် ထမင်းအေးနဲ့စားလည်းအရမ်းအရသာရှိပါတယ်။

image

🤍 စံပယ်ပန်း အမြဲ ဝေပြီး ပွင့်အောင် စိုက်နည်း 🤍
===================================
အိမ်မှာ စိုက်ထားတဲ့ စံပယ်ပင်လေးများ ပန်းများများပွင့်ချင်လိုလျှင်

1.မြေလဲပေးပါ ပြီးတော့ အရွက်ညှပ်ပေးပါပျိုးထုပ်မြေကအပွင့်အတွက်အာဟာရမရှိတော့ဘူး တစ်နှစ်ဆိုတော့ ဆန်ဆေးရေတော့တပတ်တခါလောင်းပါ

2.အရွက်ကြမ်းတွေခြွေပေးရင် အဲဒီခြွေပေးတဲ့နေရာကအညွန့်ထွက်ပြီးအဖူးပါပါတယ်

3.မြေကြပ်နေရင်…မြေဆွ..မြေဆွေး..နောက်ချီးထည့်…အရွက်ချွေ..ရေဝအောင်လောင်း..နေပူထဲမှာထား..ဆားခါးထည့်ပေးပါ

4.ကြက်ဥအခွံထောင်းထည့်ပေး.. သစ်ရွက်မီးရှို့ပြီးသားပြာလေးပုံပေးတယ်..အပွင့်သန်ဆေးလေး တစ်ပတ် ၂ ခါ ထည့်ပေးပါ

5.နေရောင် ခြည်ရဖို့ လိုပါတယ် ...
ရေကို အောက်ခြေရော
အရွက်လေးတွေပါ ဖြန်းပေးပါ

အရွက်လေးတွေ ပွင့်ပြီးသားကိုင်းထိပ်လေးတွေ မကြာခန ညှပ်ပေးပါ... အဖူးသစ်လေးတွေတက်ပါတယ်

6.ဆန်ဆေးရေကိုတညသိပ်ပြီးဟင်းချိုမှုန့်နဲနဲလောက်ထဲ့‌ပြီးလောင်းကြည့်ပါ

7.အရွက်အရင့်တွေချွေပေးရပါတယ် အညွန့်လိုဟာတွေလဲဖြတ်ပေးပါ
အတက်အသစ်မထွက်တဲ့ အညွန့်တုန်းတွေလဲဖြတ်ပေးပါ
မြေမကြပ်အောင် ဖွဲပြာ မြေဆွေးရောသုံးပါ

8.ဆန်ဆေးရေ အပုပ်ခံ ( ၃ရက်လောက်ထား) ပြီးလောင်း ၄နှစ်ကြာ အပင်တွေတောင် ပွင့်ပါတယ်

9.ပွင့်အောင် B1 ငှက်ပျေခွံချောက် ကြက်သွန်နီဖြူချောက်အပင်စိုက်ထဲကထည့်တယ်၂ပတ် ကြာမြေစွဲသွားတော့ ဘီယာလက်သန်းတစ်လုံးလောက်ကို

ရေ နို့ဆီတစ်ဘူးနဲ့ရောပြီးလောင်းတယ် ၄လလောက်ရှိပြီ အဖူးအပွင့်မပြတ်ပါ သိသလောက်လေးစမ်းကြည့်တာ အပွင့်ပွင့်ရမဲ့ အပင်တိုင်းမပြတ်ပွင့်တယ်

10.ဆန်ဆေးရေလောင်း ငါးဆေးတဲ့အရေလောင်း ကြက်သွန်ခွံ တစ်ညသိပ်ရေလောင်း အရမ်းပွင့်

11.ဆန်ဆေးရေအပုတ်ခံ ကြက်သွန်ခွံ တစ်ညသိပ် အမိုင်နိုအားဆေး အချိုမှုန့် ဆားခါး အကုန်ထည့် နေပူတဲ့ နေရာထားရင် အရင်မပွင်တဲ့အပင်ပွင့်ပြီး အပွင့်တွေလှလာပါမယ်။

#မူရင်းရေးသားသူကိုခရေဒစ်ပေးပါတယ်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

image

🍋 သံပုရာပင် အသီးတင်အောင်ပြုလုပ်နည်း 🍋

စိုက်ပျိုးထားတဲ့ သံပုရာပင်တွေ အသီးအပွင့်တွေထွက်လာပြီး အသီးတင်စေဖို့အတွက် ဒီနည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။

၁။ နေရောင်ခြည် 🌞

သံပုရာပင်က အသီးအပွင့်တွေများစွာ ပွင့်လာစေဖို့အတွက် နေရောင်ခြည်ကောင်းစွာရရှိဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး(၆)နာရီခန့် နေရောင်ခြည်ရရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အရိပ်ဖြစ်စေတဲ့ အပင်ကြီးတွေကို ကိုင်းချိုင်ပေးပြီး နေရောင်ခြည်ရအောင် ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

၂။ ရေ 💧💦

စိုက်ပျိုးထားတဲ့ သံပုရာပင်တွေဟာ ရေလုံလောက်စွာရရှိမှ အသီးအပွင့်တွေဝေလာပြီး အထွက်ကောင်းစေမှာဖြစ်ပါတယ်။ သို့သော် ရေဝပ်တာကိုမကြိုက်တဲ့အတွက် ရေစီးရေလာကောင်းအောင်ပြုလုပ်ပေးပြီး အစိုဓာတ်မျှတစေဖို့အတွက် အမြဲဆန်းစစ်ပေးသင့်ပါတယ်။ သံပုရာရွက်တွေ အောက်ငိုက်နေပြီဆိုရင်တော့ ရေလိုအပ်နေပြီမို့ တစ်ပတ်ကိုတစ်​ကြမ်ခန့် ရေစိုရွှဲအောင် လောင်းပေးသင့်ပါတယ်။

၃။ အာဟာရဓာတ် 👩‍🍳👨‍🍳

အာဟာရဓာတ်ပြည့်ဝမှ အသီးအပွင့်တွေ ဝေဆာနိုင်မှာမို့ အပင်စိုက်ပျိုးစဥ်ကတည်းက သဘာဝမြေသြဇာတွေကို ထည့်ကျွေးပြီး စိုက်ပျိုးသင့်ပါတယ်။ သံပုရာပင်က နိုက်ထရိုဂျင် ပိုမိုစားသုံးတဲ့ အပင်အမျိုးအစားမို့ နိုက်ထရိုဂျင်အချိုးပိုများတဲ့ ဓာတ်မြေသြဇာတွေကို ရွေးချယ်ပြီး ကျွေးသင့်ပါတယ်။

၄။ ကိုင်းချိုင်ပေးခြင်း 🗡⛏

အများအားဖြင့် အပေါ်ကိုရှည်ထွက်နေတဲ့ ကိုင်းတွေဟာ "အသီး" သီးလေ့မရှိကြပါဘူး။ ဒါကြောင့် ထောင်မတ်နေတဲ့ ကိုင်းတွေကိုရွေးချယ်ပြီး ဦးစားပေး ဖြတ်ပေးသင့်ပါတယ်။ လေဝင်လေထွက်ကောင်းမွန်စေဖို့အတွက် ပြွတ်သိပ်နေတဲ့ ကိုင်းတွေ နဲ့ ရောဂါကျ​နေတဲ့ ကိုင်းတွေကိုလဲ ရှင်းပေးရပါမယ်။ ဖြတ်တဲ့နေရာမှာ ရေဝင်ပြီး ပုပ်နိုင်တာမို့ ၄၅ဒီဂရီစောင်းပြီး ဖြတ်ပေးသင့်ပါတယ်။
👉 စိုက်ပျိုးသမျှ အောင်မြင်ဖြစ်ထွန်းကြပါစေရှင်...🙏

#lemon
#အပင်စိုက်နည်း

image

👉 အပင်ရေလောင်းဖို့ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ...🤔

- အပင်တွေကို ရေလောင်းတဲ့အခါ ဆိုကျိုးထက် ကောင်းကျိုးပိုများစေဖို့အတွက် နည်းစနစ်ကျကျ ရေလောင်းနည်းတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ နေပူများချိန်မှာ ရေမလောင်းပါနှင့်။ ☀☀☀

- အပင်တွေကို ရေလောင်းတဲ့အခါ အပူရှိန်များလေ ရေငွေ့ပြန်လေဖြစ်တာကြောင့် အပူချိန်များတဲ့ နေ့လယ်ချိန်တွေမှာ ရေလောင်းတာကို ​ရှောင်ကျဥ်ပေးရပါမယ်။ နေပူချိန်မှာ ရေလောင်းတာမို့ ရေပူပြီးရေငွေ့ပြန်နိုင်သလို အမြစ်တွေကိုလဲ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေပူရှိန်များတဲ့ နွေရာသီမှာဆိုရင် မနက်ပိုင်းနဲ့ညနေပိုင်းလို နေအေးတဲ့အချိန်တွေမှာ ရေလောင်းပေးသင့်ပါတယ်။

၂။ မနက်ခင်းမှာ ရေလောင်းပါ။ 💧💦

- မနက်ခင်းမှာ ရေလောင်းတာက နေအေးတဲ့အချိန်မို့ ရေငွေ့ပြန်သွားမယ့်အစား အပင်ရဲ့အမြစ်ဆီကို ပိုမိုစိမ့်ဝင်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာလုံးမှာ ရေကို အပြည့်အဝစုပ်ယူနိုင်ပြီး ညဘက်မရောက်ခင် ခြောက်သွေ့တာကြောင့် အရွက်တွေမှာ ရေကျန်တာမျိုးတွေ မရှိစေပါဘူး။

၃။ ညဘက် ရေလောင်းခြင်းကို ​ရှောင်ကျဥ်ပါ။ 🌔

- နေဝင်ချိန်နဲ့ ညဘက်တွေမှာ အပင်တွေကို ရေလောင်းခြင်းဟာ ရေငွေ့မပြန်နိုင်တာကြောင့် မှိုနဲ့ ဘက်တီးရီးယားတွေကို ပေါက်ဖွားစေနိုင်ပါတယ်။ အရွက်တွေခြောက်သွေ့စေဖို့ နေရောင်မရှိတဲ့အတွက် အရွက်တွေမှာ မှိုရောဂါနဲ့ ပုပ်တာတွေ ဖြစ်နိုင်ပါတယ်။

#ရေလောင်းနည်း

image

သင်္ဘော အဖိုပင်ကို အမပင်အဖြစ်ပြောင်းပြီး အသီးများများသီးအောင် ပြုလုပ်နည်း 🥒🥒🥒

သင်္ဘောသီး အဖိုပင်ကို အမပင်အဖြစ်ပြောင်းလဲပြီး အသီးများများသီးအောင် ပြုလုပ်ဖို့ဆိုရင် အောက်ပါနည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

၁။ သင်္ဘောသီးပင်ကို မြေကြီးမှ ၅၀ မှ ၁၀၀ စင်တီမီတာခန့်
အမြင့်တွင် ဖြတ်ပါ။
၂။ ထို့နောက် အပင်၏ ပင်စည်အလယ်ဗဟိုထဲကို နှင်း
သို့မဟုတ် မိုးရေများ မဝင်စေရန် ပင်စည်ပေါ်တွင်
ပလတ်စတစ်ဘူး သို့မဟုတ် အခြားအရာတစ်ခုခုဖြင့်
ဖုံးအုပ်ထားပါ။ အကယ်၍ ရေများဝင်သွားပါက
သင်္ဘောပင်6သသွားနိုင်ပါတယ်။
၃။ ထိုသိူ့ ပင်စည်ကို ဖုံးအုပ်ထားပြီးနောက် အပင်ကို ထား
လိုက်ပါ။ အချိန်ကြာလာသည်နှင့်အမျှ အပင်မှ အသီးများ
စွာသီးမည့် အမကိုင်းအခက်အသစ်များ ထွက်ပေါ်လာမည်
ဖြစ်ပြီး အသီးများစွာသီးလာမည် ဖြစ်သည်။

အိမ်မှာ သင်္ဘောအဖိုပင်ရှိရင် စမ်းကြည့်လိုက်ပါဦးနော်..။

image

📗ပင်စိမ်းပင် ကြီးထွားပြီး ကြာကြာရှင်စေရန် နည်းလမ်း -

ပင်စိမ်းပင်ကို ကြီးထွားစေပြီး အရွက်များများထွက်စေကာ နှစ်ရှည်ခံစေမည့်ပြုစုနည်း။

⬇ပြုလုပ်နည်း

ပင်စိမ်းပင်များ ပန်းပွင့်လာတိုင်း အဖူးများကို ခူးပစ်ရမည်။

ပင်စိမ်းပင်ကို ပန်းမပွင့်အောင် "လှည့်စားခြင်း" ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ပင်စိမ်းပင်များ ပန်းပွင့်ပါက အသက်တိုသွားတတ်သည်။

ပန်းဖူးများကို အကုန်ခူးပစ်ပြီး ရေလောင်းပေးခြင်း၊ မြေဆီလွှာကို ဂရုစိုက်ခြင်း၊ မြေဩဇာထည့်ပေးခြင်းတို့ကို ပုံမှန်ပြုလုပ်ပေးပါ။

ထိုသို့ပြုလုပ်ခြင်းဖြင့် ပင်စိမ်းပင်ကို ပင်စည်တိုတိုနှင့် အရွက်ထွက်နည်းသော အပင်မှ ပင်စည်ရှည်ရှည်၊ အရွက်များများထွက်သော အပင်အဖြစ် ပြောင်းလဲစေနိုင်သည်။

ပင်စိမ်းပင်ကို ပန်းပွင့်အောင် ထားထားပါက အပင်များ အားနည်းလာပြီး မြန်မြန်သေဆုံးသွားတက်သည်။

image

ကြက်မောက်ပင်စိုက်ပျိုးနည်း

ဒူးရင်း၊မင်းဂွတ်သီးများကဲ့သို့ စားသုံးရာတွင် အရသာရှိ၍ဒူးရင်း၊မင်းဂွတ်သီးများကဲ့သို့ပင်ပူအိုက်စွတ်စို သောဒေသတွင် ပေါက်ရောက်သောနောက်အသီးတစ်မျိုးမှာကြက်မောက်သီးပင်ဖြစ်သည်။သွေး၊သည်းခြေနှင့်သင့်သည်ဟုမြန်မာ့ဆေး ကျမ်းတွင်ဆိုသည်။

စိုက်ပျိုးရန်ဒေသ

ကြက်မောက်ပင်သည်အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ပူအိုက်စွတ်စိုသောရာသီဥတုကိုသာ ကြိုက်နှစ် သက်၍ ပူပြင်းခြောက်သွေ့သောရာသီဥတုတွင်မဖြစ်ထွန်းပေ။အေးမြသောရာသီဥတုတွင်ပေါက်ရောက် ခြင်းမရှိပေ။ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်များတွင်ဖြစ်ထွန်းသည်။အထူးသဖြင့်တနင်္သာရီတိုင်းတွင်ကောင်းစွာပေါက်ရောက်ဖြစ်ထွန်း သည်။

စိုက်ပျိုးနည်း

ယခုစိုက်ပျိုးနေကြသောနည်းမှာအစေ့ကိုပျိုးထောင်၍ပြောင်းလဲရွေ့စိုက်ပျိုးခြင်းပင်ဖြစ်သည်။ထိုနည်းမှာ မျိုးကောင်းမျိုးသန့် အပင်များမှမျိုးကိုယူ၍စိုက်ပျိုးသည့်တိုင်မျိုးကောင်းမျိုးသန့်အပင်များဖြစ်လာရန် စိတ်ချရသည့်နည်းမဟုတ်ပေ။ မူလမျိုးယူသည့် အပင်၏အရသာအတိုင်းရရှိ၍အပင်နိမ့်နိမ့်အသက်ငယ် ငယ်နှင့်အသီးသီးရန် ကိုင်းဆက်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးသင့်သည်။

အရပ်ဒေသအလိုက်ပေါက်နေကျကြက်မောက်သီးများကို ပျိုးထောင်ထားပြီးနောက်၎င်းအပင်များကို မြေခံပင်ပြုလုပ်ကာ အစေ့သေးသေးအသားထူထူအရသာချိုသောအသီးများများအဆုံးသီးသည့်အပင် မှခဲတံချောင်းအရွယ်တစ်နှစ်ခွဲ မှနှစ်နှစ်သား အတွင်းရှိအကိုင်းများနှင့်ကိုင်းဆက်စိုက်ပျိုးပါကအပင်ပုပု အသက်ငယ်ငယ်နှင့် မူလမျိုးအတိုင်းအရသာရှိသော အသီးများသီးမည်ဖြစ်သည်။

မြေအမျိုးအစား

ရေစီးရေလာကောင်းသောသဲနုန်းမြေပွတွင်ကောင်းစွာဖြစ်ထွန်းသည်။မြေစေးများတွင်စိုက်ပျိုးမည်ဆိုလျှင် ကျင်းများကို အကျယ်ငေါးပ၊အနက်ငါးပေအထိတူး၍မြေဆွေး၃၀ရာခိုင်နှုန်း၊သဲ၃၀ရာခိုင်နှုန်းနှင့် အပေါ်ယံမြေသားကိုရောစပ်ပြီး ကျင်းပြည့်အောင်ထည့်၍စိုက်ပျိုးပါ။

စိုက်ပျိုးပုံ

ကြက်မောက်ပင်စိုက်ပျိုးရန်အတွက်ကျင်းများကိုတစ်နှစ်ခန့်ကကြိုတင်တူးဖော်၍ပြင်ဆင်ထားသင့်သည်။ ကျင်းများကို သုံးပေအကျယ် သုံးပေအနက်တူး၍အမှိုက်သရိုက်များကိုကျင်းပြည့်အောင်ထည့်ပြီး မီရှို့ပါ။ ထို့နောက်မြေဆွေးတစ်ဆ အပေါ်ယံမြေသားတစ်ဆရောစပ်၍ကျင်းပြည့်အောင်ထည့်ထားပါ။ထို့နောက်အစေ့မှပျိုးထောင်ထားသောအပင်ကလေးများကိုအမြစ်မနာအောင်ချပြီးစိုက်ပါ။

စိုက်ပျိုးရာတွင်ကြက်မောက်ပင်များကိုမြေပြန့်ဖြစ်လျှင်တစ်ပင်နှင့်တစ်ပင်၂၄-ပေပတ်လည်ခွာ၍တောင် စောင်းများတွင်တစ်ပင်နှင့်တစ်ပင်ပေ၂၀-ပတ်လည်ခွာစိုက်ပါ။

အပင်များငယ်စဉ်တွင်အရိပ်များရရှိရန်ငှက်ပျောပင်များအရိပ်ပင်အဖြစ်စိုက်ပျိုးထားရမည်။အပင်ကြီး လာသည့်အခါတွင် အရိပ်ပင်များကိုတဖြည်းဖြည်းဖယ်ရှားပေးရမည်။

မြေသြဇာ

မြေဆွေး၊သစ်ဆွေးမြေသြဇာများမှာကြက်မောက်ပင်အတွင်ကောင်းလှသောမြေသြဇာများပင်ဖြစ်သည်။ ဓာတ်မြေသြဇာ ကျွေးမည်ဆိုလျှင် သာကူစေ့ဓာတ်မြေသြဇာငါးဆ၊ပိုတက်လေးဆရောစပ်ထားသော ဓာတ်မြေသြဇာကို ၂နှစ်သား တစ်ပတ်လျှင်လေးအောင်စမှရှစ်အောင်စအထိအပင်ကြီးထွားမှုကိုကြည့်၍ ထည့်ပေးပါ။ငါးနှစ်သားမှ စသုံးဆမှလေးဆ အထိတိုး၍ထည့်ပေးပါ။ဓာတ်မြေသြဇာများကိုနွားချေ၊မြေ ဆွေးများဖြင့်ရော၍ထည့်ပေးပါ။

မြေသြဇာကျွေးရန်ကာလ

ကြက်မောက်ပင်ကိုတစ်နှစ်လျှင်နှစ်ကြိမ်မြေသြဇာကျွေးပေးသင့်သည်။မိုးဦးကျချိန်တွင်တစ်ကြိမ်၊မိုးကုန်ခါနီးမိုးနှောင်းတွင်
တစ်ကြိမ်မြေသြဇာကိုအပင်ရွက်အုပ်ပတ်လည်မြောင်းတူး၍ထည့်ပေးပြီးမြေဖြင့်ပြည့် အောင်ဖို့ထားပေးရမည်။

ပိုးမွှားရောဂါ

ကြက်မောက်ပင်မှာပင်စည်ပိုးများကျတတ်သည်။၎င်းပိုးများ၏အန္တရာယ်ကိုကာကွယ်ရန်မှာတစ်နှစ်လျှင်တစ်ကြိမ်ဗော်ဒိုဆေးရည် ခပ်ပျစ်ပျစ်ဖျော်၍ပင်စည်ကိုသုတ်လိမ်းပေးရမည်။

ပြုစုစောင့်ရှောက်ပုံ

ကြက်မောက်ပင်တွင်အထူးအကွေးအကိုင်းများကိုဖြတ်တောက်ပေးရန်မလိုသော်လည်းအပေါ်သို့ ထောင်တက်လာသောအကိုင်းများကိုဖြတ်ပေးရမည်။
ကိုင်းခြောက်များကိုလည်းရှင်းလင်းပေးရ မည်။အသီးများသီးလာသည့်အခါ လင်းနို့၊လင်းဆွဲ၊ကျီးကန်းများနှင့်အခြားငှက်များ၏ အန္တရာယ်ကို အထူးကာကွယ်ပေးရန်လိုသည်။ပိုက်ကွန်များ၊ ဆူးခက်တန်းများပြုလုပ်ကာကွယ်၍ ဂရုစိုက်ခြောက် လှန့်ပေးရန်လည်းလိုအပ်ပေသည်။

သက်တမ်း

ကြက်မောက်ပင်သည်ခြောက်နှစ်သားအရွယ်တွင်အသီးစသီးပြီးနှစ်ပေါင်း၅၀-အထိအသက်ရှည်ကာ တစ်နှစ်ထက်တစ်နှစ်
အသီးပို၍သီးတတ်သည်။