Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မသိအုံးဟ😂 မသိအုံးဟ 😂အောင်ခန့်ပိုင် မေးပြီလေ...#flash #taka #dgrlevi #bgmi #pubgmobile#2025
စက်သုံးဆီစျေးကျဖို့ ဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးဦးမယ်လို့ ဗဟိုဘဏ် ကြေညာ
စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကို ထပ်မံ ရောင်းချပေးဦးမယ်လို့ ဗဟိုဘဏ်က မနေ့ ဇူလိုင် ၈ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။
အခုလအတွက် ဒုတိယအကြိမ်အဖြစ် အမေရိကန် ဒေါ်လာတွေ ထုတ်ရောင်းပေးဖို့ ကြေညာခဲ့တာဖြစ်ပြီး ရောင်းချပေးမယ့် နေ့ရက်ကိုတော့ ကြေညာချက်မှာ အတိအကျ ဖော်ပြထားခြင်း မရှိသလို ရည်ညွှန်း ငွေလဲနှုန်းကိုလည်း သီးခြား ဖော်ပြထားတာ မတွေ့ရပါဘူး။
“ဗဟိုဘဏ်ကတော့ ဈေးကွက်ထိန်းချင်တဲ့အတွက် ဒေါ်လာတွေ ရောင်းပေးနေတာပေါ့။ ဒါပေမယ့် ဈေးကွက်ထဲမှာတော့ စက်သုံးဆီဈေးက သိသိသာသာ မကျသေးဘူး။ တလီတာ ၃၀၀၀ အထက်မှာပဲ ရှိနေသေးတယ်” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
လက်ရှိ စက်သုံးဆီဈေးကွက်မှာ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးတွေကတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၀၁၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၀၇၅ ကျပ်၊ ဒီဇယ် တလီတာ ၂၆၃၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၂၆၅ ကျပ်ဆိုပြီး ဇူလိုင် ၄ ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။
“အခုက ရေနံစိမ်းဈေးလည်း ပြန်ကျနေတယ်။ စင်္ကာပူ MOPS ဈေးတွေလည်း ကျနေတယ်။ ဒါပေမယ့် ပြည်တွင်းဆီဈေးက ထင်သလောက် လိုက်ကျမလာဘူး။ ဘာကြောင့်လဲ သူတို့ ဒေါ်လာ ရောင်းပေးနေတာ လုံလောက်မှု မရှိဘူးဆိုတာကို ပြနေတာ။ မထိရောက်ဘူး။ ဒါကြောင့် ကျွန်တော်တို့က ပြည်ပကနေ ဆီပုံမှန်သွင်းနိုင်ဖို့ ဒေါ်လာတွေကို အပြင်ပေါက်ဈေးအတိုင်း လိုက်ဝယ်နေရတယ်။ အပြင်မှာ ဒေါ်လာဈေးက ၄၅၀၀ ဝန်းကျင် ပေါက်ဈေး ရှိနေတယ်လေ။ ဒါက အဖြေပဲ” လို့ သူက ပြောပါတယ်။
ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကလည်း အမေရိကန်ဒေါ်လာ ၃၃ သန်း ထုတ်ရောင်းပေးမယ်လို့ ကြေညာခဲ့ပါသေးတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇွန်လ တလလုံးမှာလည်း စက်သုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေကို အမေရိကန်ဒေါ်လာ ၁၂၅ သန်းအထိ ထုတ်ရောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်စေဖို့နဲ့ ဈေးကစားမှုတွေ မဖြစ်ပေါ်စေရေး ရည်ရွယ်ချက်နဲ့ သွင်းကုန်လုပ်ငန်းရှင်တွေ လိုအပ်နေတဲ့ နိုင်ငံခြားငွေကြေးတွေကို Online Trading Platform မှတဆင့် ရောင်းချပေးနေတာဖြစ်ပါတယ်။