◼ ပင်ဆယ်ဗေးနီးယားတွင် သေနတ်သမားနှင့်အပြန်အလှန်ပစ်ခတ်မှုအတွင်း ရဲအရာရှိသုံးဦး သေဆုံး၊ သေနတ်သမားအား အသေပစ်ခတ်ဖမ်းဆီး
အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယား ပြည်နယ်တွင် သံသယ ရှိသူသေ နတ် သမား တစ်ဦးနှင့် အပြန်အလှန်ပစ်ခတ်မှုတစ်ခုအတွင်း ရဲအရာရှိ သုံးဦး သေဆုံးပြီး အခြားအရာရှိနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
အဆိုပါသေနတ်သမားလည်း ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲမင်းကြီး ရဲမှူးကြီး ခရစ္စတိုဖာပဲရစ်ကပြောသည်။
ဒဏ်ရာရအရာရှိနှစ်ဦးမှာ စိုးရိမ်ရသော်လည်း အခြေအနေ တည်ငြိမ်ကြောင်း ရဲမှူးကြီး ခရစ္စတိုဖာ ပဲရစ်စ်ကပြောသည်။
အဆိုပါအဖြစ်စဉ်မှာ ဒေသစံတော်ချိန်ယမန်နေ့မွန်းလွဲ ၂ နာရီကျော်(မြန်မာစံတော်ယနေ့နံနက်အစောပိုင်း) တွင်ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာမှ ပုံရိပ်များတွင် ရဲအရာရှိတစ်ဦးအားလူနာတင်ရဟတ်ယာဉ်ဖြင့် သယ်ဆောင်လာသည်ကို မြင်တွေ့ရသည်။
ယင်းပစ်ခတ်မှုကြောင့် လူပေါင်း ၂၅၀၀ ခန့်နေထိုင်သောစပရင်းဂရုဗ်ရပ်ကွက် အနီးရှိ စာသင်ကျောင်းတစ်ကျောင်းကို ယာယီအကာအကွယ်ယူခဲ့ရပြီး ကျောင်းအားထိခိုက်မှုမရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက နောက်ပိုင်းတွင် ပြောသည်။
အဆိုပါပစ်ခတ်မှုမှာ ပြည်နယ်၏အကြီးဆုံးမြို့တော်ဖီလာဒဲလ်ဖီးယား အရှေ့ဘက် မိုင် ၁၀၀ ခန့်အကွာ ယော့ခ် ခရိုင်၏ ကျေးလက်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်မှု စွဲချက် ဖြင့် သံသယရှိသူသေနတ်သမားအားဝရမ်းထုတ် ဖမ်းဆီးရန် ယော့ခ် ခရိုင် ဥပ ဒေစိုးမိုးရေးအရာရှိများကလိုက်လံရှာဖွေစဉ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးရဲများအလာကိုသေနတ်သမားကစောင့်ဆိုင်းနေပုံရကြောင်းသတင်းရင်းမြစ်များကပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသော ကြောင့် အသေး စိတ် အချက်အလက်များကို မျှဝေနိုင်ခြင်းမရှိသေးကြောင်း ပြည်နယ်ရဲမင်းကြီး ပဲရစ်က ပြောသည်။
ထို့နောက်ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးဂျို့ရှ်ရှာပီရိုက အဆိုပါဒေသသို့ ရောက်ရှိခဲ့ပြီးသေဆုံး သူအရာရှိများ၏ မိသားစုများအား တွေ့ဆုံနှစ်သိမ့်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။
"ဒီခရိုင်၊ ဒီဓနသဟာယပြည်နယ်၊ ဒီနိုင်ငံအတွက် တာဝန်ထမ်းဆောင်ခဲ့တဲ့ အဖိုးတန်လူသုံးယောက်ရဲ့ အသက်ဆုံးရှုံးမှုအပေါ် ကျွန်တော်တို့ ဝမ်းနည်းမိပါတယ်။ ဒီလိုအကြမ်းဖက်မှုမျိုးက အဆင်မပြေပါဘူး၊ လူ့အဖွဲ့အစည်းအနေနဲ့ ပိုကောင်းအောင် လုပ်ဖို့လိုတယ်။" ဟုရှာပီရိုက ပြောသည်။
ထို့နောက်ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိအများပြည်သူဆိုင်ရာ အ ဆောက်အဦများရှိအလံအားလုံးကိုလျှော့ချထားမည်ဖြစ်သည်။
သတင်း - လင်းခေတ်
ကိုးကား - BBC
#နိုင်ငံတကာသတင်း
