◼ မြန်မာရွှေ့ပြောင်းဇနီးမောင်နှံ ထိုင်းထီဘတ်ခြောက်သန်းဆုကံထူး
ယခုလစက်တင်ဘာ ၁၆ ရက်ကဖွင့်လှစ်ခဲ့သည့် ထိုင်းထီတွင် ပထမဆုကြီးဖြစ်သည့် ဘတ်ခြောက်သန်းဆုကို မြန်မာရွှေ့ပြောင်းလုပ်သားဇနီးမောင်နှံနှစ်ဦး ကံထူးခဲ့ကြောင်းသိရသည်။
ထီပေါက်ခဲ့ကြသည့် အဆိုပါဇနီးမောင်နှံအတွက် ဆုကြေးထုတ်ယူမှုကို ယမန်နေ့(စက်တင်ဘာ ၁၇ ရက်)က ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများအရေးကူညီပေးနေသည့် M.H.A.C အဖွဲ့ကကူညီပေးခဲ့သည်။
ဘတ်ခြောက်သန်းဆုကံထူးခဲ့သည့် မြန်မာလုပ်သားဇနီးမောင်နှံနှစ်ဦးသည် လက်ရှိထိုင်းနိုင်ငံ၊ စာမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရှိ သံရည်ကြိုစက်ရုံ၌ အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်းသိရသည်။
၎င်းတို့သည် ထိုင်းနိုင်ငံ၌ နေထိုင်အလုပ်လုပ်ကိုင်နေသည်မှာ နှစ် ၂၀ ခန့်ရှိပြီး မွန်ပြည်နယ်မှလာရောက်သူများဖြစ်ကြောင်း M.H.A.C အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဘတ်ခြောက်သန်းဆုကံထူးသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၈ ဦးရှိပြီဖြစ်ပြီး ၎င်းတို့ ဆုကြေးထုတ်ယူရန် M.H.A.C အဖွဲ့မှကူညီပေးနိုင်ခဲ့ကြောင်းသိရသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
