Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
The Department of Health and Human Services (HHS) announced this week it is beginning a "coordinated wind-down" of federally funded mRNA vaccine development.
This includes terminating awards and contracts with pharmaceutical companies and universities and canceling 22 investment projects worth nearly $500 million. While some final-stage contracts will be allowed to be completed, no new mRNA-based projects will be initiated, the HHS said.
Read more: https://abcnews.visitlink.me/_pL6QQ
BREAKING: United Airlines has grounded flights nationwide on Wednesday night due to an issue with its weight and balance computer system, according to the airline.
Read more: https://abcnews.visitlink.me/Ud3uFI
◼ အာရှ-ပစိဖိတ် ဒေသတွင် ရုရှားနှင့်တရုတ်ရေတပ် ပူးတွဲကင်းလှည့်မည်
မကြာသေးခင်က ဂျပန်ပင်လယ်တွင် လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အာရှ-ပစိဖိတ်ဒေသတွင် ရုရှားနှင့်တရုတ်ရေတပ်သင်္ဘောများ ပူးတွဲကင်းလှည့်ကြမည် ဖြစ်ကြောင်း ရုရှားအင်တာဖက်စ်သတင်းဌာနက ယနေ့ ဖော်ပြသည်။
အာရှ-ပစိဖိတ်ဒေသတွင် ပူးတွဲကင်းလှည့်မစ်ရှင်များဆောင်ရွက်ရန် ရုရှားရေတပ်နှင့် တရုတ်ရေတပ် အဖွဲ့များက လုပ်ငန်းအုပ်စုအသစ်များကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ရုရှားပစိဖိတ်ရေတပ်အုပ်စု၏ သတင်း ထုတ် ပြန်ချက်အား ကိုးကား၍ အင်တာဖက်စ် သတင်းဌာနက ဖော်ပြသည်။
ရုရှားနှင့် တရုတ်ရေတပ်နှစ်ဖွဲ့က ဩဂုတ် ၁ ရက်မှာ ၅ ရက်အထိ ဂျပန်ပင်လယ်တွင် ပူးတွဲလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ကြကာ ယင်းလေ့ကျင့်မှုများတွင် လက်နက်ကြီးများပစ်ခတ်ခြင်း၊ ရေငုပ်သင်္ဘောချေမှုန်းခြင်း နှင့် လေကြောင်းကာကွယ်ရေးမစ်ရှင်များ ပါဝင်ပြီး ပင်လယ်ပြင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်မှုများ၏ နောက်ဆုံးအဆင့်တွင် ရုရှားနိုင်ငံမှ ကြီးမားသော ရေငုပ် သင်္ဘောတိုက်ဖျက်ရေးသင်္ဘောကြီး Admiral Tributs နှင့် စစ်သင်္ဘော Gromky တို့က တရုတ်ရေတပ် ဖျက်သင်္ဘော Shaoxing ၊ Urumqi တို့နှင့်အတူ ကျည်အစစ်များဖြင့် ပစ်ခတ်လေ့ကျင့်ခြင်း၊ ရန်သူ ရေငုပ်သင်္ဘောအတု တစ်ခုအား ရှာဖွေ ၊ ဖျက်ဆီးပစ်ခြင်း များကို လေ့ကျင့်ခဲ့ကြကြောင်း အင်တာဖက်စ် သတင်းက ဖော်ပြသည်။
ယင်းလေ့ကျင့်မှုများမှာ ကာကွယ်ရေးသဘောသဘာဝသာ ရှိပြီး မည်သည့်နိုင်ငံကိုမျှ ဦးတည်ထားခြင်း မရှိကြောင်း ရုရှားပစိဖိတ် ရေတပ်အုပ်စု က စောစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းအား မကျူးကျော်မီ အကန့်အသတ်မရှိ မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူညီမှုကို လက်မှတ်ရေးထိုးထားခဲ့ကြသည့် ရုရှားနှင့် တရုတ် တို့က ပုံမှန်လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ကြကာ ၎င်းတို့လက်နက်ကိုင်တပ်ဖွဲ့များကြား ချိတ်ဆက်လုပ်ဆောင်နိုင်စွမ်းကို ဇာတ်တို က် လေ့ ကျင့်ကြရင်း ရန်သူများထံသို့ ဟန့်တားမှုအရိပ်အယောင်များ ပေးပို့ကြကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
သတင်း-ရဲမင်း
ကိုးကား- Reuters
#နိုင်ငံတကာသတင်း
◼ ငြိမ်းချမ်းရေးဆွေးနွေးရန် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်ခေါင်းဆောင်တို့ကို အိမ်ဖြူတော်၌ ဒေါ်နယ်ထရန့် လက်ခံတွေ့ဆုံမည်
အာမေးနီးယားနှင့် အဇာဘိုင်ဂျန်ခေါင်းဆောင်နှစ်ဦး ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ၎င်းတို့အား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံသွားမည် ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနအား ပြောကြားသည်။
သောကြာနေ့ အစည်းအဝေးတွင် ငြိမ်းချမ်းရေးသဘောတူညီမှုဆိုင်ရာ မူဘောင် သဘောတူညီချက်တစ်ခုကို ကြေညာနိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါအရာရှိက ဆက်ပြောသည်။
အိမ်ဖြူတော် ဆွေးနွေးမှုများနှင့်ပတ်သက်၍ ဝါရှင်တန်ပို့စ် က ဦးစွာ သတင်းဖော်ပြခဲ့ကြောင်း သိရသည်။
၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ထံမှ လွတ်လပ်ရေး ရရှိခဲ့ကြသော နှစ်နိုင်ငံသည် အဇာဘိုင်ဂျန်၏ ဒေသတစ်ခုဖြစ်သော နာဂါနို-ကာရာဘက်ဒေသက အာမေးနီးယား၏ အကူအညီဖြင့် အဇာဘိုင်ဂျန်နိုင်ငံထဲမှ ခွဲထွက်သွားခဲ့သည့် ၁၉၈၀ ခုနှစ်များ ကတည်းက တစ်ဖက်နှင့်တစ်ဖက် ရန်စောင်နေခဲ့ကြသည်။
၂၀၂၃ ခုနှစ်တွင် အဇာဘိုင်ဂျန်နိုင်ငံက ယင်းဒေသကို ပြန်လည်တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ ယင်းဒေသတွင် နေထိုင်သော အာမေးနီးယားလူမျိုး တစ်သိန်းခန့် အာမေးနီးယားနိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည်။
ယင်းနှစ်နိုင်ငံက မူကြမ်းငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို မတ်လက နှစ်ဖက် သဘောတူခဲ့ကြပြီးနောက်ပိုင်းတွင်မူ တိုးတက်မှုနှေးကွေးသွားခဲ့သည်။
ပြဿနာကိုဖြေရှင်းရန် အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ်ပါရှင်ယန်နှင့် အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ်အလီယက်ဗ်တို့ ဇူလိုင်လအတွင်း အဘူဒါဘီ၌ တွေ့ ဆုံခဲ့ကြသော်လည်း ပြေလည်မှုမရသေးပေ။
အငြင်းပွားနေသော ဒေသ၌ ခရစ်ယာန် အာမေးနီးယားများ နေထိုင်ခဲ့သည့် ခြေ ရာလက်ရာ အားလုံးကို အများအားဖြင့်မွတ်ဆလင်များဖြစ်သည့် အဇာဘိုင်ဂျန်တို့က ဖျောက်ဖျက်ပစ်နေကြောင်း ကုလသမဂ္ဂ၏ နိုင်ငံတကာတရားရုံး(ICJ) သို့ တင်ပြသော အမှုတွင် အာမေးနီးယား က စွပ်စွဲခဲ့သည်။
ယင်းအမှုမှာလည်း နာဂါနို-ကာရာဘက် ဒေသနှင့် ပတ်သက်၍ နှစ်နိုင်ငံကြား အပြည့်အဝ စစ်ခင်းခဲ့ကြပြီး လူပေါင်း ၆၆၀၀ ဦး သေဆုံးခဲ့သည့် ၂၀၂၀ ပြည့်စစ်ပွဲမှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
အာမေးနီးယားလူမျိုးများအား နာဂါနို-ကာရာဘက် ဒေသသို့ ပြန်ခွင့်ပြုရမည်ဟု ကုလထိပ်တန်းတရားရုံးက ဆုံးဖြတ်ခဲ့သည်။
ဒေသခံများအားလုံး ၏ ဘေးကင်းလုံခြုံမှုကို အာမခံကြောင်း နှင့် ၎င်းတို့အ နေဖြင့် မည်သည့် အာမေးနီးယားလူမျိုးကိုမှ ကာရာဘက်ဒေသမှ အတင်းအဓ္ဓမ ထွက်ခွာခိုင်းခြင်း မရှိခဲ့ကြောင်း အဇာဘိုင်ဂျန်က ပြန်ကြားခဲ့သည်။
အာမေးနီးယားလူမျိုးများကသာ ၁၉၉၀ နှစ်များက အဇီရီလူမျိုးများကို မောင်းထုတ်ခဲ့ကြကြောင်း အဇာဘိုင်ဂျန်က စွပ်စွဲပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း
#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနယ်စပ်တွင် မြန်မာနိုင်ငံသား ၄၅ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုပ်ဖရာတွင် ဩဂုတ် ၄ ရက် ညပိုင်းက တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၅ ဦးနှင့် ခေါ်ဆောင်လာသူနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြချက်အရ သိရသည်။
ရာ့ချ်မနူအထူးတပ်ဖွဲ့မှ ခြေလျင်တပ်ရင်း ၄၂၁ နှင့် ဖုပ်ဖရာခရိုင် ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တို့သည် ဖုပ်ဖရာမြို့နယ် ဟိုင်နမ့်နတ်ကျေးရွာ ဝန်းကျင်တွင် ကင်းလှည့်စဉ် ယာဉ်လေးစီး မောင်းနှင်လာသည်ကိုတွေ့ရှိခဲ့ပြီး ယာဉ်များကို ရပ်တန့်ရန် အချက်ပြစစ်ဆေးခဲ့ရာ ယာဉ်များအတွင်း၌မြန်မာနိုင်ငံသား ၄၅ ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့အား တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခေါ်ဆောင်သူနှင့် အကူအညီပေးသူ ယာဉ်မောင်းနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကာ ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုအရ ယာဉ်မောင်းနှစ်ဦးသည် တာ့ခ်ခရိုင် ဖုပ်ဖရာမြို့နယ် ဟိုင်နမ့်နတ် ကျေးရွာပြောင်းခင်း တစ်ခုမှ မြန်မာနိုင်ငံသားများကို ခေါ်ဆောင်လာခဲ့ပြီး ဖုပ်ဖရာခရိုင် ခီရီရတ်မြို့နယ် ၄၈ ကီလိုမီတာသို့ ပို့ဆောင်ရန်ဖြစ်ပြီး လူတစ်ဦးလျှင် ပို့ဆောင်ခဘတ် ၅ဝဝ ရရှိမည်ဟု ဝန်ခံခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၄၅ ဦးမှာ အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၂၂ ဦးဖြစ်ပြီး ဗန်ကောက်မြို့တွင် အလုပ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံဝန်ခံခဲ့ပြီး ၎င်းတို့အား ဖုပ်ဖရာရဲစခန်းသို့ ဥပဒေအရ အရေးယူနိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။