Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မိတ်ဆွေ များ အမိမြေ မြန်မာကို လွှမ်းနေသူတွေ အတွက်
#ရန်ကုန်မုန့်ဟင်းခါးချက်နည်း......။
ပါဝင်ပစ္စည်းများ .........
· ငါးခူ ၃၀ သား
· ငါးဖယ် ၁၀ သား
· ဘဲဥ ၁ဝ လုံး
· ကုလားပဲခြမ်း ၁၀ သား
· မြေပဲ ၅ ကျပ်သား
· ဆန်အကျက်မှုန့် ၁၀ သား
· စပါးလင် ၃ ပင်
· ဂျင်း လက် ၃ လုံး (၂ ကျပ်ခွဲ)
· ကြက်သွန်ဖြူ ၄ မွှာ
· ကြက်သွန်နီ (ကြီး) ၇ လုံး
· ကြက်သွန်နီ (သေး) ၁ဝ လုံးနှင့် ငရုတ်ပုထောင်း အနည်းငယ်
. နနွင်း၊ ရုတ်ကောင်း
· အချိုမှုန် ၁ ဇွန်း (သုံးလျှင်ကြိုက်သလောက်)
· ငံပြာရည် လိုသလောက်
· ထန်းလျှက် ၃ ခဲ၊ ငှက်ပျောအူ ၁ တုံး
ပြုလုပ်နည်း ...........
ငါးခူကို ရေဆေး ဆားကြမ်း မန်းကျည်းသီးနှင့်ဆေးထားပါ။ စပါးလင် ထိပ်ကို ဖြတ်၍ စည်းပြီး နနွင်း ငံပြာရည် တို့ဖြင့် ငးခူကိ ထည့်၍ ပြုတ်ပြီး အရိုးနွင် ထားပါ။
အရိုးကို ထောင်းပြီး ဇကာခံကာ ရေနှင့်ဆေးချထားပါ။ ကုလားပဲကို နနွင်း၊ ဆား အနည်းငယ်စီနှင့်နူးသည်အထိပြုတ်ပြီး ခြေထားပါ။ ကြက်သွန်နီ ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ ဂျင်း စပါးလင် တို့ကို ထောင်းထားပါ။
ငှက်ပျောအူကို လှီး၍ ရေ၊ နနွင်း ရောထားသော ဇလုံ တစ်ခု ထဲသို့ လှီးချပါ။ ဆီသတ်ရန် ဆီထည့်ပါ။ ငါးဖယ်ကို ပြား၍ ကြော်ထားပါ။ ကျန်သော ဆီထဲသို့ နနွင်းထည့်ပြီး ကြက်သွန်နီကို ကြော်ပြီး ဘေး၌ ခဏကပ်ပြီး ဆယ်ထားပါ။
ကြက်သွန်ဖြူ ထည့်ပါ။ ဂျင်းထည့်ပါ။ စပါးလင်ထည့်ပါ။ ရွှေအို ရောင် သန်းလာလျှင်ငရုတ်ပုထောင်းထည့်၍ ခဏမွှေပြီး ငါးထည့် ပါ။
ငံပြာရည်၊ (အချိုမှုန့်) ထည့်၍ မွှေးလာပြီး အနည်းငယ် ခြောက် သည်အထိ ဆီသတ်ပါ။
ကြက်သွန်ဥနီ အသေးကို ခွာထားပါ။ ဘဲဥကို ပြုတ်ထားပါ။ ငါးပြုတ်ရည်အိုးကို ရေထပ်ထည့်၍ ဆူအောင် တည်ပါ။
ပွက်ပွက် ဆူလာလျှင် ခြေထားသော ပဲထည့်၍ ၁ဝ မိနစ်ခန့်ထားပါ။
ဆန်အကျက်မှုန့် ရေဖျော်ထည့်ပါ။ ဆန်မှုန့်အနံ့ပျောက်အောင်ထားပါ။ နောက်ထပ် ၁ဝ မိနစ်ခန့်ထားပါ။ မြေပဲထောင်း ထားတာ ထည့်ပါ။
၁ဝ မိနစ်ခန့် ထပ်ထားပြီလျှင် ဆီသတ်ထားသော ငါးထည့်ပါ။ ငါးဖယ်ကို တုံး၍ ထည့်ပါ။
ဆူလာလျှင် ငှက်ပျောအူ ကြက်သွန်ဥ ထည့်ပြီးမွှေပါ။
အဖုံးမအုပ်ပဲ ထားပါ။ (ငှက်ပျောအူများ မဲတတ်သည်။) ဘဲဥ လှီးထည့်ပါ။ အိုးဘဲဥအတွက် အလုံးလိုက်လဲထည့်ပါ။
ထန်းလျှက်ခဲထည့်ပါ။ ငံပြာရည်၊ အချိုမှုန့် ထည့်၍ အရသာ အနေတော် ဖြစ်အောင်ပြင်ပါ။ ပြီးရင် ငရုတ်ကောင်းထည့်ပါ။
ဒါဆို ရန်ကုန်မုန့်ဟင်းခါး စာစလို့ရပါပြီး.......။
Credit
🥣 မြစ်ချဉ် ဝက်သုံးထပ်သားချက်နည်း
📌 လိုအပ်သောပစ္စည်းများ
• ဝက်သား (အဆစ်ပါဝက်နံရိုး၊ ဝက်အူချောင်း၊ ဝက်ခြေညင်း) – ၅၀၀ ဂရမ်
• မြစ်ချဉ်– ၂၅၀ ဂရမ်
• ကြက်သွန်ဖြူ – ၆-၇ လုံး (ဖျော့ပြီးကြော်ရန်)
• မုန်လာဥရွက်သနပ်ခါးစေ့ – ဆန့်သလောက်
• ဆား – အနည်းငယ်
• ငရုပ်သီးမဲ့ရည် – ၁ ဇွန်း
• ပုစွန်မှုန့် – ၁ ဇွန်း (ရွေးချယ်စရာ)
• ရေ – လိုသလောက်
• ချင်း – အနည်းငယ် (ကြွပ်ကြွပ်လေးဖြတ်ထားသော)
• မျှင်ပင် / အသာလေး – အလှဆင်အဖြစ်
⸻
🍳 ချက်ပြုတ်နည်း
1. ဝက်သား ပြင်ဆင်ခြင်း
ဝက်သားကို ရေနွေးပူနဲ့ ပြုတ်ပြီး သန့်စင်ပါ။ လိပ်အသားရှိရင် ချင်းနဲ့အတူ ပြုတ်ပေးရင် ဆားတင်သွားမှာမဟုတ်ပါ။
2. မြစ်ချဉ်ကို ချက်ပြီးသားဖြစ်တဲ့အခါမှာ ပိုက်နဲ့ထွက်လာတဲ့ရည်ကို မဖြစ်အောင် စစ်ထားပြီး အသားနဲ့ထည့်ပါ။
3. ဟင်းပြုတ်ခြင်း
• ရေနွေးတစ်လုံးထဲမှာ ဝက်သားကိုထည့်ပြီး ဆားနဲ့ငရုပ်သီးမဲ့ရည်နဲ့အနည်းငယ်ချင်းထည့်ပြီးပြုတ်ပါ။
• မနက်ဖြန်တင်အောင် တိုတောင်းချင်ရင် ပေါင်းချင်ရင် အချိန် ၄၅ မိနစ်ခန့်ပြုတ်ပါ။
• ပြုတ်ပြီးချိန်မှာ မြစ်ချဉ်ထည့်ပါ။ နည်းနည်းအချိန်အနားပေးပြီး သေးသေးလေးပြုတ်ပါ။
• နောက်ဆုံးမှာ ကြက်သွန်ဖြူကြော်ထည့်ပြီး မြန်မြန်ကြော်ထားတဲ့အနံ့ထွက်အောင်လှန်ပါ။
• အပေါ်မှာအသာနဲ့ မျှင်လေးတွေထည့်ပြီးအလှဆင်ပေးနိုင်ပါတယ်။
⸻
✅ အကြံပြုချက်
• မြစ်ချဉ်က မပြုတ်မီ ငံသလောက် ချက်ထားရင် ပိုအရသာရှိပါတယ်။
• ကြက်သွန်ဖြူကြော်နဲ့လှန်ချိန်မှာ မနည်းအနည်း ထည့်ပေးပါ။ အနံ့နဲ့အရသာကို မြှင့်တင်ပေးပါတယ်။
⸻
အိမ်မှာချက်စားဖို့အတွက် လွယ်ကူပြီး အာဟာရပြည့်စုံတဲ့ဟင်းလေးဖြစ်ပါတယ်။ 😋
ချက်ပြီးရင် ထမင်းအေးနဲ့စားလည်းအရမ်းအရသာရှိပါတယ်။
🤍 စံပယ်ပန်း အမြဲ ဝေပြီး ပွင့်အောင် စိုက်နည်း 🤍
===================================
အိမ်မှာ စိုက်ထားတဲ့ စံပယ်ပင်လေးများ ပန်းများများပွင့်ချင်လိုလျှင်
1.မြေလဲပေးပါ ပြီးတော့ အရွက်ညှပ်ပေးပါပျိုးထုပ်မြေကအပွင့်အတွက်အာဟာရမရှိတော့ဘူး တစ်နှစ်ဆိုတော့ ဆန်ဆေးရေတော့တပတ်တခါလောင်းပါ
2.အရွက်ကြမ်းတွေခြွေပေးရင် အဲဒီခြွေပေးတဲ့နေရာကအညွန့်ထွက်ပြီးအဖူးပါပါတယ်
3.မြေကြပ်နေရင်…မြေဆွ..မြေဆွေး..နောက်ချီးထည့်…အရွက်ချွေ..ရေဝအောင်လောင်း..နေပူထဲမှာထား..ဆားခါးထည့်ပေးပါ
4.ကြက်ဥအခွံထောင်းထည့်ပေး.. သစ်ရွက်မီးရှို့ပြီးသားပြာလေးပုံပေးတယ်..အပွင့်သန်ဆေးလေး တစ်ပတ် ၂ ခါ ထည့်ပေးပါ
5.နေရောင် ခြည်ရဖို့ လိုပါတယ် ...
ရေကို အောက်ခြေရော
အရွက်လေးတွေပါ ဖြန်းပေးပါ
အရွက်လေးတွေ ပွင့်ပြီးသားကိုင်းထိပ်လေးတွေ မကြာခန ညှပ်ပေးပါ... အဖူးသစ်လေးတွေတက်ပါတယ်
6.ဆန်ဆေးရေကိုတညသိပ်ပြီးဟင်းချိုမှုန့်နဲနဲလောက်ထဲ့ပြီးလောင်းကြည့်ပါ
7.အရွက်အရင့်တွေချွေပေးရပါတယ် အညွန့်လိုဟာတွေလဲဖြတ်ပေးပါ
အတက်အသစ်မထွက်တဲ့ အညွန့်တုန်းတွေလဲဖြတ်ပေးပါ
မြေမကြပ်အောင် ဖွဲပြာ မြေဆွေးရောသုံးပါ
8.ဆန်ဆေးရေ အပုပ်ခံ ( ၃ရက်လောက်ထား) ပြီးလောင်း ၄နှစ်ကြာ အပင်တွေတောင် ပွင့်ပါတယ်
9.ပွင့်အောင် B1 ငှက်ပျေခွံချောက် ကြက်သွန်နီဖြူချောက်အပင်စိုက်ထဲကထည့်တယ်၂ပတ် ကြာမြေစွဲသွားတော့ ဘီယာလက်သန်းတစ်လုံးလောက်ကို
ရေ နို့ဆီတစ်ဘူးနဲ့ရောပြီးလောင်းတယ် ၄လလောက်ရှိပြီ အဖူးအပွင့်မပြတ်ပါ သိသလောက်လေးစမ်းကြည့်တာ အပွင့်ပွင့်ရမဲ့ အပင်တိုင်းမပြတ်ပွင့်တယ်
10.ဆန်ဆေးရေလောင်း ငါးဆေးတဲ့အရေလောင်း ကြက်သွန်ခွံ တစ်ညသိပ်ရေလောင်း အရမ်းပွင့်
11.ဆန်ဆေးရေအပုတ်ခံ ကြက်သွန်ခွံ တစ်ညသိပ် အမိုင်နိုအားဆေး အချိုမှုန့် ဆားခါး အကုန်ထည့် နေပူတဲ့ နေရာထားရင် အရင်မပွင်တဲ့အပင်ပွင့်ပြီး အပွင့်တွေလှလာပါမယ်။
#မူရင်းရေးသားသူကိုခရေဒစ်ပေးပါတယ်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
🍋 သံပုရာပင် အသီးတင်အောင်ပြုလုပ်နည်း 🍋
စိုက်ပျိုးထားတဲ့ သံပုရာပင်တွေ အသီးအပွင့်တွေထွက်လာပြီး အသီးတင်စေဖို့အတွက် ဒီနည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။
၁။ နေရောင်ခြည် 🌞
သံပုရာပင်က အသီးအပွင့်တွေများစွာ ပွင့်လာစေဖို့အတွက် နေရောင်ခြည်ကောင်းစွာရရှိဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး(၆)နာရီခန့် နေရောင်ခြည်ရရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အရိပ်ဖြစ်စေတဲ့ အပင်ကြီးတွေကို ကိုင်းချိုင်ပေးပြီး နေရောင်ခြည်ရအောင် ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။
၂။ ရေ 💧💦
စိုက်ပျိုးထားတဲ့ သံပုရာပင်တွေဟာ ရေလုံလောက်စွာရရှိမှ အသီးအပွင့်တွေဝေလာပြီး အထွက်ကောင်းစေမှာဖြစ်ပါတယ်။ သို့သော် ရေဝပ်တာကိုမကြိုက်တဲ့အတွက် ရေစီးရေလာကောင်းအောင်ပြုလုပ်ပေးပြီး အစိုဓာတ်မျှတစေဖို့အတွက် အမြဲဆန်းစစ်ပေးသင့်ပါတယ်။ သံပုရာရွက်တွေ အောက်ငိုက်နေပြီဆိုရင်တော့ ရေလိုအပ်နေပြီမို့ တစ်ပတ်ကိုတစ်ကြမ်ခန့် ရေစိုရွှဲအောင် လောင်းပေးသင့်ပါတယ်။
၃။ အာဟာရဓာတ် 👩🍳👨🍳
အာဟာရဓာတ်ပြည့်ဝမှ အသီးအပွင့်တွေ ဝေဆာနိုင်မှာမို့ အပင်စိုက်ပျိုးစဥ်ကတည်းက သဘာဝမြေသြဇာတွေကို ထည့်ကျွေးပြီး စိုက်ပျိုးသင့်ပါတယ်။ သံပုရာပင်က နိုက်ထရိုဂျင် ပိုမိုစားသုံးတဲ့ အပင်အမျိုးအစားမို့ နိုက်ထရိုဂျင်အချိုးပိုများတဲ့ ဓာတ်မြေသြဇာတွေကို ရွေးချယ်ပြီး ကျွေးသင့်ပါတယ်။
၄။ ကိုင်းချိုင်ပေးခြင်း 🗡⛏
အများအားဖြင့် အပေါ်ကိုရှည်ထွက်နေတဲ့ ကိုင်းတွေဟာ "အသီး" သီးလေ့မရှိကြပါဘူး။ ဒါကြောင့် ထောင်မတ်နေတဲ့ ကိုင်းတွေကိုရွေးချယ်ပြီး ဦးစားပေး ဖြတ်ပေးသင့်ပါတယ်။ လေဝင်လေထွက်ကောင်းမွန်စေဖို့အတွက် ပြွတ်သိပ်နေတဲ့ ကိုင်းတွေ နဲ့ ရောဂါကျနေတဲ့ ကိုင်းတွေကိုလဲ ရှင်းပေးရပါမယ်။ ဖြတ်တဲ့နေရာမှာ ရေဝင်ပြီး ပုပ်နိုင်တာမို့ ၄၅ဒီဂရီစောင်းပြီး ဖြတ်ပေးသင့်ပါတယ်။
👉 စိုက်ပျိုးသမျှ အောင်မြင်ဖြစ်ထွန်းကြပါစေရှင်...🙏
#lemon
#အပင်စိုက်နည်း