တို့ဟူးကျိုတာမပျက်ပဲအမြဲတန်းတရေးနိုးထကြိုရင်တောင်မပျက်တဲ့နည်းပေးလိုက်မယ်နော်၊၊သုံးတဲ့ပဲမှုန့်ကတော့စစ်စစ်ဖြစ်ရပါမယ်၊၊
ပေါင်းအိုးဆန်ခြင်ခွက်နဲ့ချိန်မယ်နော်၊၊
ပဲမှုန့်ပေါင်းအိုးဆန်ခြင်ခွက်၂ခွက်ကို
ရေ အဲ့ဒီခွက်နဲ့၃ခွက်နဲ့ဖျော်ရပါမယ်၊၊
ဖျော်ပြီးရင်လက်ဖက်ရည်စစ်ဇကာနဲ့စစ်ချထားပါ၊ပဲမှုံ့အလုံးအခဲတွေမကျန်အောင်ပါ၊၊
ပဲဖျော်ထားတဲ့အရည်ကို၁၅မိနစ်လောက်ထားပေးနိုင်ရင်ပိုကောင်းပါတယ်၊၊
ပြီးရင်တို့ဖူးကြိုမဲ့အိုးထဲကို ရေ ပေါင်းအိုးခြင်ခွက် ၁ ခွက်ထည့်ပါ
ဆားလက်ဖက်စားဇွန်း ၁ ဇွန်းထည့်ပါ
နနွင်းလက်ဖက်စားဇွန်း တဝက် ထည့်ပါ
ဆီ စတီးဇွန်း ၁ ဇွန်းထည့်ပါ၊
မီးဖွင့်ပြီးရေဆူအောင်တည်လိုက်ပါ၊၊
ရေဆူတာနဲ့ပဲရည်ကိုနဲနဲထည့်လိုက်မွှေလိုက်လုပ်ပါ၊ပဲရည်ကုန်သွားရင်အဆက်မပြတ်နှံ့အောင်မွှေပေးပါ၊၊
မီးကတောပုံမှန်နဲပဲကျိုပါ၊သေသေခြာခြာနှံ့အောင်တဖက်ထဲမွှေပါ၊၊ ၆ မိနစ်အတိမွှေပြီးရင်တော့ တို့ဖူးထည့်မဲ့ခွက်ထဲသို့လောင်းထည့်ပြီးခဲထားလိုက်ပါ၊၊
တိုဖူးရပါပြီ၊၊ဘယ်အချိန်ကြိုကြိုဒီအချိုးအစားပါပဲနော်၊၊အဓိကရေချိန်တာမမှားဖို့ပါပဲ၊၊
နို့ဆီခွက်နဲ့ချိန်ထည့်မယ်ဆိုလဲ
ပဲမှုံ့နို့ဆီခွက်နှစ်ခွက်ကိုရေလေးခွက်နဲ့ဖျော်၊ရေတခွက်တခွက်ကိုဆူအောင်တည်၊ဆားနဲ့နနွင်းထည့်၊ဆီထည့်၊ဆူတအာင်တည်ပဲရည်နဲနဲခြင်းထည့်မွှေ၊ပဲရည်ကုန်ရင်အဆက်မပြတ်မွှေ၊ ၆မိနစ်မွှေရင်တို့ဖူးရပြီ၊၊ဘယ်တော့မှမပျက်ဘူး၊၊
ပဲနှစ်ခွက် ကြိုက်တဲ့ခွက်နဲ့ချိန်၊ရေ ၅ ခွက်ထက်ပိုလို့ကိုမရဘူး၊၊
အဲ့ဒါဖော်မြူလာပဲ
မနီ(နော်ဝေး)
အခုပဲကြိုပြီးတာ
တို့ဖူးခွက်
အလျှား ၇ လက်မ
အနံ ၄ လက်မ
အမြင့် ၂ လက်မခွဲ၊၊
အဆင်ပြေကြပါစေ🩷😘🌿
ဘယ်ခွက်နဲ့ချိန်ချိန်ပဲမှုံ့နှစ်ခွက်ရေငါးခွက်၊မပိုရ၊
မလိုရ
ချစ်သူငယ်ချင်းအားလုံးကိုချစ်ခင်လေးစားတဲ့
မနီ(နော်ဝေး)
လွတ်လပ်စွာ share ပါ။
ဥရောပဘက်ကလူတွေဒီပဲမှုံ့သုံးပါနော်၊၊
အာရှဆိုင်တွေမှာရပါတယ်၊၊
TRS တံဆိပ် မဆလာအစေ့အဆံကစပြီးအစုံရှိတယ်၊၊
#မေ့သွားလို့၆မိနစ်ဆိုတာပဲရည်ကိုဖြေးဖြေးချင်းလောင်းထည့်ရင်းကုန်သွားတဲ့အချိန်ကစပြီးအဆက်မပြတ်မွှေချိန်ကိုပြောတာမီးပြင်းနဲ့ပဲကျိုတာပါ၊#credit
#မူရင်းရေးသားသူအားဘေးစားစွာcreditပေးပါသည်။
#foodies #မြန်မာဟင်းချက်နည်း #ဟင်းကောင်းတစ်ခွက်၂ #burmesefood #lovefood
