🔸🔸ရန်ကုန် မုန့်ဟင်းခါး🔸🔸
💥ပါဝင်ပစ္စည်းများ💥
ငါးခူ - ၃၀ သား
ငါးဖယ် - ၁၀ သား
ဘဲဥ - ၁၀ လုံး
ကုလားပဲခြမ်း - ၁၀ သား
မြေပဲ - ၅ ကျပ်သား
ဆန်အကျက်မှုန့် - ၁၀ သား
စပါးလင် - ၃ ပင်
ဂျင်းလက် - ၃ လုံး (၂ကျပ်ခွဲ)
ကြက်သွန်ဖြူ - ၄ မွှာ
ကြက်သွန်နီ (အကြီး) - ၇ လုံး
ကြက်သွန်နီ (အသေး) - ၁၀ လုံး
ငရုတ်ပုထောင်း - အနည်းငယ်
နနွင်း ၊ ငရုတ်ကောင်း
အချိုမှုန့် - ၁ ဇွန်း (သုံးလျှင်ကြိုက်သလောက်)
ငံပြာရည် ​- လိုသလောက်
ထန်းလျက် - ၃ခဲ
ငှက်ပျောအူ - ၁ တုံး
💥ပြုလုပ်နည်း💥
ကြက်သွန်နီ(သေး) ၁၀လုံး နှင့်ငရုတ်ပုထောင်း အနည်းငယ်
နနွင်း၊ ငရုတ်ကောင်း
အချိုမှုန့် ၁ဇွန်း(သုံးလျှင်ကြိုက်သလောက်)
ငံပြာရည် လိုသလောက်
ထန်းလျှက် ၃ခဲ၊ ငှက်ပျောအူ ၁တုံး
ပြုလုပ်နည်း
ငါးခူကို ရေဆေး ဆားကြမ်း မန်းကျည်းသီးနှင့်ဆေးထားပါ။ စပါးလင် ထိပ်ကို ဖြတ်၍ စည်းပြီး နနွင်း ငံပြာရည် တို့ဖြင့် ငါးခူကို ထည့်၍ ပြုတ်ပြီး အရိုးနွှင် ထားပါ။
အရိုးကို ထောင်းပြီး ဇကာ ခံကာ ရေနှင့်ဆေးချထားပါ။ ကုလားပဲကို နနွင်း၊ ဆား အနည်းငယ်စီနှင့်နူးသည် အထိပြုတ်ပြီး ခြေထားပါ။ ကြက်သွန်နီ ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ ဂျင်း စပါးလင် တို့ကို ထောင်းထားပါ။
ငှက်ပျောအူကို လှီး၍ ရေ၊ နနွင်း ရောထားသော ဇလုံ တစ်ခု ထဲသို့ လှီးချပါ။ ဆီသတ်ရန် ဆီ ထည့်ပါ။ ငါးဖယ်ကို ပြား၍ ကြော်ထားပါ။ ကျန်သော ဆီထဲသို့ နနွင်းထည့်ပြီး ကြက်သွန်နီကို ကြော်ပြီး ဘေး၌ ခဏကပ်ပြီး ဆယ်ထားပါ။
ကြက်သွန်ဖြူ ထည့်ပါ။ ဂျင်းထည့်ပါ။ စပါးလင်ထည့်ပါ။ ရွှေအိုရောင် သန်းလာလျှင်ငရုတ်ပုထောင်း ထည့်၍ ခဏမွှေပြီး ငါးထည့်ပါ။ ငံပြာရည်၊ (အချိုမှုန့်)ထည့်၍ မွှေးလာပြီး အနည်းငယ် ခြောက်သည်အထိ ဆီသတ်ပါ။
ကြက်သွန်ဥနီ အသေးကို ခွာထားပါ။ ဘဲဥကို ပြုတ်ထားပါ။ ငါးပြုတ်ရည်အိုးကို ရေထပ်ထည့်၍ ဆူအောင် တည်ပါ။ ပွက်ပွက် ဆူလာလျှင် ခြေထားသော ပဲထည့်၍ ၁၀မိနစ်ခန့်ထားပါ။
ဆန်အကျက်မှုန့် ရေဖျော်ထည့်ပါ။ ဆန်မှုန့်အနံပျောက်အောင်ထားပါ။ နောက်ထပ်၁၀မိနစ်ခန့်ထားပါ။ မြေပဲထောင်း ထားတာ ထည့်ပါ။ ၁၀မိနစ်ခန့် ထပ်ထားပြီလျှင် ဆီသတ်ထားသော ငါးထည့်ပါ။ ငါးဖယ်ကို တုံး၍ ထည့်ပါ။
ဆူလာလျှင် ငှက်ပျောအူ ကြက်သွန်ဥ ထည့်ပြီးမွှေပါ။ အဖုံး မအုပ်ပဲ ထားပါ။(ငှက်ပျောအူများ မဲတတ်သည်)။ ဘဲဥ လှီးထည့်ပါ။ အိုးဘဲဥ အတွက် အလုံးလိုက်လဲ ထည့်ပါ။ ထန်းလျှက်ခဲထည့်ပါ။ ငံပြာရည်၊ အချိုမှုန့် ထည့်၍ အရသာ အနေတော် ဖြစ်အောင်ပြင်ပါ။ ငရုတ်ကောင်းထည့်ပါ။
မူရင်းရေးသားသူကို credit ပေးပါတယ်။

image

မျက်လုံးကိုက်ခြင်း မျက်စိမှုန်ဝါးခြင်းကိုသက်သာစေတဲ့ ပိတ်ချင်းရွက် (တောကွမ်းရွက်)ကိုစားကြည့်ပါ 🌿👁️
ပိတ်ချင်းရွက်မှာ ဗီတာမင် A နဲ့ ဘီတာကယ်ရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အမြင်အာရုံကောင်းမွန်စေပါတယ် ညဘက် မျက်လုံးကိုက်တာ ဒါမှမဟုတ် အလွန်အကျွံစူးစိုက်ကြည့်ခြင်းကြောင့် ပျို့အန်ခြင်းကို လျှော့ချပေးတယ် မကြာခဏ ဖုန်း ကစားသူများအတွက် ပိတ်ချင်းရွက် ၁ လက်တဆုပ်စာ ရေ ၃ ဖန်ခွက် ပြုတ်ပြီး တစ်ပတ်ကို ၂ကြိမ်မှ ၃ကြိမ်ထိပြုတ်သောက်ပြီး လက်ဖက်ရည်ကြမ်းအဖြစ် တနေ့ကုန်သောက်ပေးရင် လုံလောက်ပါပြီ သွေးထဲသကြားဓာတ်ကိုလည်း ထိန်းညှိပေးတယ်
လတ်လတ်ဆတ်ဆတ်စားလို့လည်းရသလို လက်ဖက်ရည်​ကြမ်းအဖြစ် ပြုတ်သောက်လို့လည်းရပါတယ် အမြင်အာရုံ ရှင်းရှင်းလင်းလင်း ပြန်ဖြစ်လာပါလိမ့်မယ်။ 🌱
🥰🥰🥰🥰🥰🥰
ပိတ်ချင်းရွက်သည် ဆီးချိုပျောက်ကင်းစေပြီး သွေးတွင်းသကြားဓာတ်ကို လျော့ကျစေကာ သွေးပေါင်ချိန်ကိုလည်း ပုံမှန်ဖြစ်စေပါသည်။ ၎င်းသည် ပန်ကရိယရှိ ဘီတာဆဲလ်များကို ပြုပြင်ပေးနိုင်စွမ်းရှိပါသည်။
ဒါ့အပြင် အောက်ဆီဂျင် အဆိပ်အတောက်ဖြစ်ခြင်းကို တားဆီးပေးပြီး ရောင်ရမ်းမှုကို တိုက်ဖျက်ပေးကာ အသည်းမှ ဂလူးကို့စ်ထုတ်လုပ်မှုကိုလည်း လျှော့ချပေးနိုင်ပါသည်။
အသုံးပြုနည်း........
လက်ဆက်သောပိတ်ချင်းရွက်စိမ်းကို တစ်ကြိမ်လျှင် ၁-၂ ရွက်နှုန်းနဲ့ မနက်နှင့် ညနေ တစ်နေ့ ၂ ကြိမ် စားပေးပါ။
ဒါမှမဟုတ်.........
ပိတ်ချင်းရွက် လက် ၁ ဆုပ်စာခန့်ကို ရေ ၁ လီတာနှင့် ဆူပွတ်အောင်ပြုတ်ပြီး အစာမစားမှီ တစ်နေ့ ၂-၃ ကြိမ် (ကော်ဖီခွက်တစ်ဝက်) စာ သောက်သုံးပေးပါ။ တစ်ပတ်သောက်၊ တစ်ပတ်နားပြီးမှ ပြန်သောက်ပါ။
➡️ ပိတ်ချင်းရွက်တွင် ဘီတာကယ်ရိုတင်းနှင့် ဗီတာမင်အေတို့ ပါဝင်သောကြောင့် မျက်စိနှင့် အာရုံကြောစနစ်ကိုလည်း အားဖြည့်ပေးပါသည်..........။

image

ငယ်စဥ်ကတည်းကရိုးသားဖြူစင်ခဲ့

image
21 w - Translate

ကြိုးတချောင်းက ဖြတ်ပစ်ဖို့အချိန်တန်လာရင်
ဖြတ်ကိုဖြတ်သင့်ပါတယ်

ဆိတ်သားလုံးကြော်ချက်
ဆိတ်သားတွေကို
ဂျင်း ကြက်သွန်ဖြူ ထည့်ပြီးစက်နဲ့ညက်အောင်ကြိတ်ပါတယ်
ပြီးမှအချိုအငန်အရသာထည့်
အကြော်မှုန့်အနည်းငယ်နဲ့
ကြက်ဥအစိမ်းခေါက်ထည့်ပြီး
လုံးကြော်ပါတယ်
ပြန်ချက်တာကတော့
ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်းတို့ကို
မညက်တညက်ထောင်းပြီးနနွင်းမှုန့်နဲ့ဆီသပ်ပါ
ကြက်သွန်တွေကြွပ်ရင်
ခရမ်းချဉ်သီးတွေလှီးထည့်ပြီးကြေခါနီးထိချက်ပါ
ပြီးမှ
ဆိတ်သားလုံးကြော်တွေထည့်
အချိုအငန်အရသာ ထည့်ပြီးချက်ပါတယ်
ငရုတ်သီးစိမ်း အုပ်ပါတယ်

image
21 w - Translate

Capricorn ♑️, Aquarius ♒️, Cancer ♋️, Libra ♎️, Scorpio ♏️, Sagittarius ♐️ , Leo ♌️
ဒီ signs တွေက မွေးနေ့နီးလာပြီဆို မကောင်းတာတွေ အလွဲချော်တွေ တခုပြီးတခု အမြဲဖြစ်တတ်ကြပါတယ်တဲ့🥹။တီချယ်လဲအစောပိုင်းကတော့သိပ်မယုံချင်ဘူး ဒါပေမဲ့မွေးနေ့နီးရင်ငိုရတာ ပြသနာတတ်တာတွေခနခနကြုံရတယ်။မွေးနေ့ရက်ကျော်သွားမှသာ အဆင်ပြေသွားတာမျိုး။
နှစ်တွေအများကြီး ရှိတဲ့ထဲမှာ တနှစ်နှစ်လောက်ပဲကောင်းကောင်းဖြတ်သန်းရတာမျိုးပါတဲ့။အဓိကကတော့ မွေးနေ့နီးတဲ့အခါ မကောင်းတာတခုဖြစ်ခြင်းက တနှစ်လုံး အကောင်းတွေဖြတ်သန်းရဖို့လို့လဲအယူရှိပါတယ်။တီချယ့်လိုပဲမွေးနေ့မှာ တခုခုအမြဲဖြစ်တတ်တဲ့သူတွေရှိရင်ဒါက တနှစ်လုံးကောင်းဖို့ပါတဲ့နော်🫶😁
ဒါကလူတိုင်းအတွက်တော့မှန်မှာမဟုတ်ပါ🤍
#helenatarot

ကိုယ့်မှာ ချစ်သူရှိနေရင်လေ
သူစိမ်းတွေအပေါ် ဂရုဏာ
မေတ္တာရှင်ကြီး သွားမလုပ်ပြနဲ့။

မျှော်လင့်ချက်ပေးသလို
စကားမျိုးလည်း မပြောမိစေနဲ့
ဘယ်သူမှ အသည်းအပိုမပါတာမို

နှုတ်စည်းလည်းစောင့်
ကိုယ်စည်းလည်းစောင့် ခြင်းဖြင့်
အချစ်တွေ သန့်ရှင်းနေပါစေ ။

image
21 w - Translate

မလွယ်ပါလားဘဝကြီးရယ်
ဖြစ်ချင်တာတွေအများကြီးရှိတဲ့ကြားထဲက
ဖြစ်သင့်တာတွေကိုပဲဦးစားပေးနေရင်း
အသက်တွေလည်းတစ်နှစ်ပြီးတစ်နှစ်
ကြီးလာခဲ့ရတယ်....
ဘယ်တော့များမှ ဖြစ်ချင်တာတွေကို
လုပ်ခွင့်ရနိုင်ပါ့မလဲ....
#crd

image
21 w - Translate

သုံးကောင်းပီးနာမည်ကြီးနေတဲ့ naive foam လေး
🍏🍓🍇🥑🍒🍉🍑
ရွေးချယ်စရာအနံ့ (3)မျိူးရှိပါတယ်
Peach 🍑🍑🍑
Normal to Dry skin သုံးလို့ရပီး အသားအရည် ခြောက်သွေ့ခြင်းများကို တားဆီးပေးပြီး ရေဓာတ်ကို ပြန်လည်ဖြည့်ဆည်းပေးလို့ အသားအရည်ကို စိုစိုအိအိလေးနဲ့ ကြည်လင်စေပါတယ်ရှင်
Green Tea 🍃🍃🍃
green tea လေးက အဆီပြန်သူများ ၊ ဝက်ခြံထွက်တတ်သူများအတွက်ပါ
အသားအရည် အတွင်းပိုင်းအထိ အညစ်အကြေးများကို သန့်စင်ပေးပြီး ချွေးပေါက်များကျဉ်းလာစေပီး အသားလေးကို ချောမွေ့စေပါတယ်ရှင်
Yuzu Ceramide 🍋🍋🍋
နေလောင်ဒဏ်ကြောင့် အသားအရည် မညီတာတွေ ညစ်နေတာတွေ နဲ့ အမဲစက်ရှိတဲ့ အသားအရည် တွေအတွက်တော့ lemon လေးသုံးပါရှင်
အသားအရည်အတွင်းပိုင်းထိ နူးညံ့စိုပြေစေပါတယ်
15000k
Insock

image
21 w - Translate

သုံးကောင်းပီးနာမည်ကြီးနေတဲ့ naive foam လေး
🍏🍓🍇🥑🍒🍉🍑
ရွေးချယ်စရာအနံ့ (3)မျိူးရှိပါတယ်
Peach 🍑🍑🍑
Normal to Dry skin သုံးလို့ရပီး အသားအရည် ခြောက်သွေ့ခြင်းများကို တားဆီးပေးပြီး ရေဓာတ်ကို ပြန်လည်ဖြည့်ဆည်းပေးလို့ အသားအရည်ကို စိုစိုအိအိလေးနဲ့ ကြည်လင်စေပါတယ်ရှင်
Green Tea 🍃🍃🍃
green tea လေးက အဆီပြန်သူများ ၊ ဝက်ခြံထွက်တတ်သူများအတွက်ပါ
အသားအရည် အတွင်းပိုင်းအထိ အညစ်အကြေးများကို သန့်စင်ပေးပြီး ချွေးပေါက်များကျဉ်းလာစေပီး အသားလေးကို ချောမွေ့စေပါတယ်ရှင်
Yuzu Ceramide 🍋🍋🍋
နေလောင်ဒဏ်ကြောင့် အသားအရည် မညီတာတွေ ညစ်နေတာတွေ နဲ့ အမဲစက်ရှိတဲ့ အသားအရည် တွေအတွက်တော့ lemon လေးသုံးပါရှင်
အသားအရည်အတွင်းပိုင်းထိ နူးညံ့စိုပြေစေပါတယ်
15000k
Insock

image