တစ်ယောက်တည်းနေတာ အကောင်းဆုံးပါ Fried Chicken with Fried Rice & Mohinga

21 w - Translate - Youtube

Nay Toe - Comedy in the city

21 w - Translate - Youtube

မြန်မာဇာတ်ကား - ငါ့အကယ်ဒမီ - ခန့်စည်သူ ၊ ခိုင်သင်းကြည် ၊ ရွှေမှုံရတီ

21 w - Translate

အာဆီယံဝင်ခွင့် ကန့်ကွက်ခံရအပြီး တီမောနိုင်ငံခြားရေးဝန်ကြီး မြန်မာသို့လာရန် ဆန္ဒရှိဟု စစ်ကောင်စီပြော

ဧရာဝတီ၊ ဇူလိုင် ၂၅၊ ၂၀၂၅

မြန်မာစစ်ကောင်စီက တီမောလက်စ်တေနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ဖြစ်လာမည့် အပေါ် ထုတ်ဖော်ကန့်ကွက်ပြီးနောက် တီမောနိုင်ငံခြားရေးဝန်ကြီးမှ မြန်မာနိုင်ငံလာရန် ဆန္ဒရှိနေကြောင်း စစ်ကောင်စီက ဆိုသည်။

ရန်ကုန်မြို့အခြေစိုက် တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဦးကိုကိုကျော်တို့ ဇူလိုင် ၂၄ ရက်၌ တွေ့ဆုံခဲ့စဥ် သံရုံးတာဝန်ခံမှ ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တွေ့ဆုံမှုအတွင်း မြန်မာနှင့် တီမောလက်စ်တေနိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရန် ဆန္ဒရှိကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တီမောလက်စ်တေနိုင်ငံ မြို့တော်ဒီလီတွင် သံရုံးလာဖွင့်စေလိုသည်ဟု မေတ္တာရပ်ခံခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ကောင်းမွန်သောဆက်ဆံရေး ထူထောင်လိုကြောင်း၊ အာဆီယံသို့အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်ရာ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ အားပေး ထောက်ခံမှုကို ရရှိလိုကြောင်း၊ အာဆီယံပဋိဉာဉ်စာချုပ်ပါ ပြဋ္ဌာန်းချက်များအားလုံးကို လေးစားလိုက်နာသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်ဟုလည်း စစ်ကောင်စီက ဆိုထားသည်။

စစ်ကောင်စီဒုဝန်ကြီးကလည်း တီမောလက်စ်တေအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်ဆန္ဒရှိမှုကို သိရသဖြင့် ဝမ်းမြောက်ကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်ရေး ကြိုးပမ်းရာတွင် အာဆီယံပဋိညာဥ်နှင့်အညီဖြစ်ရန်လိုကြောင်း၊ အဖွဲ့ဝင်နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန် လိုအပ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီက တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းထားသည့် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူအား လိုက်နာရန်ပျက်ကွက်သဖြင့် အောက်တိုဘာလတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ဖြစ်လာမည့်အပေါ် ကန့်ကွက်ကြောင်း ဇူလိုင်လဆန်းပိုင်း၌ ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် တီမောလက်စ်တေနိုင်ငံသည် ၎င်းတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG )နှင့် ကောင်းမွန်သောဆက်ဆံရေးဖြင့် ထိတွေ့ဆက်ဆံနေသည့်အတွက် သံတမန်ဆက်ဆံရေး ဖြတ်တောက်ကြောင်း လည်း စစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် ပြောဆိုထားသည်။

image

အခန်းနံပါတ်၂၀

21 w - Translate

ဓားအိမ်က ချွတ်ထားတဲ့ ဓားသွားလို

လွတ်လွတ်လပ်လပ်နေထိုင်တယ်

တစ်စုံတစ်ဦးရဲ့

နှလုံးသားထဲ ဖြစ်ဖြစ်

ဝမ်းဗိုက်ထဲ ဖြစ်ဖြစ်

တိုးဝင်ပြေးစိုက်လိုက်ဖို့ အသင့်ပဲ ။

-SawNandarKhaing

21 w - Translate - Youtube

✅ TOP 5 Best Full Face Snorkeling Mask: Today’s Top Picks

image

သား'သမီး မရှိလို့များ
အသက် ကြီးရင်တော့
ဒုက္ခ"ရောက်မယ်လို့
ထင် နေသူတွေ၊

သား"သမီး ရှိရက်
ဒုက္ခ ရောက်နေတဲ့
မိဘ"တွေဟာ
အများကြီးတဲ့!

ကျမ"အရင်ထဲက
စဉ်းစားမိတာ
တစ်ခု"ရှိတယ်
မိဘ"လောက်
ဘယ် သားသမီး"မှ
ပြန် မကောင်းနိုင်ပါဘူး!

(လူ နည်းစု)
သားသမီး"က လွဲလို့

သား"သမီး ဆိုတာ
အားကိုးစရာ လို့
မွေးလာ ကထဲက
တွေးထားရင်တော့
မိဘ"အမှားပါ!

မိဘ"ကိုယ်တိုင်
သားထောက် သမီး"ကံ
ခံစားရမဲ့"ကံလဲ
လိုပါတယ်၊

မိဘ'တာဝန် ကျေထားလို့
သား'သမီး က
ပြန်"တာဝန် ကျေမှာပဲလို့
မျှော်လင့်ရင်!

အဇာတသတ်"ရဲ့
ဖခမည်းတော်"လောက်
သားသမီး အပေါ်မှာ
တာဝန်"ကျေတာ
ရှိသေးလို့လား!

ကျမတို့ အနီး
မိဘ တော်တော်များများ
ကျွန်မ"တို့လို
သားသမီး ဆီက
ဘာ'အထောက်အပံ့ မှ
မယူ
သားသမီး ကို
တစ္ဆေ'ကုန်းပိုး မလုပ်တဲ့
မိဘတွေ ရှိကြသလို

ဘယ်လောက်
ထောက်ပံ့'နေပါစေ
သူတို့ ပေးခဲ့တာနဲ့
နိုင်းယှဉ်ပြီးတော့

သားသမီး"တွေက
ပြန်မကြည့်လေချင်း
ဆိုပြီးတော့လည်း
အလို'မပြည့် တဲ့
မိဘ'များလဲ
ရှိကြပါတယ်၊

မိဘ'မစ်တာ ဆိုတဲ့
ရှေးရိုး စကားကို
သရုပ်ဖော်ပြီး
ပေးဆပ်ခဲ့ကြတာမို့
ပြန်မျှော်လင့်ကြတယ်၊

ခေတ်ကို မကြည့်ဘူး
အရင်လို
တစ်ယောက်'လုပ်စာ
တစ်အိမ်လုံး စားတဲ့
ခေတ်'မဟုတ်တော့ဘူး
ဆိုတာကိုလည်းပဲ
မေ့နေတတ်ကြတယ်၊

နေထွက်"နေဝင်
ရှာဖွေ လုပ်ကိုင်ရင်း
မိဘဆီ လာတွေ့ဖို့
အတွေးထဲမှာတင်
ပျောက်နေကြရတယ်၊

မိဘ'အတွက်
ဖယ်ထားရင်းက
သူတို့
သားသမီး အတွက်
ပါသွားတတ်ကြတယ်၊

ရေစုန် စီးတာ
အား"ပိုကောင်းတယ်လေ၊

ဒါ့ကြောင့်
ငယ်စဉ်'ထဲက
ရှာပါ"စုပါ

သား'သမီး ကို
အသိပညာ အတတ်ပညာ
အမွေ"ပေးပါ

ကြီးပြင်း လာချိန်
ကိုယ်"ပေးချင်သပါ့ဆို
ကိုယ့်"အတွက်
အိုစာမင်းစာ'လေး
ချန်ပြီးတော့မှ ပေးပါ၊

ဘယ်"သားသမီး မှ
မိဘ'လောက်
မကောင်းနိုင်ပါ

သင့်"သားသမီး
သင့်'ကို
ပြန်ကြည့်တယ်ဆို

သင့်"ကံ ကို
သင်"ကျေးဇူးတင်ပါ
သင့်"သားသမီး ကို
ကျေးဇူးတင်ပါ၊

ငါက မိဘပဲ
သူ"ကြည့်ရမှာ ပေါ့လို့
စာအုပ်ကြီး"အတိုင်း
မတွေးပါနဲ့၊

ဘိုးဘွားရိပ်သာ"မှာ
အကြောင်းကြောင်း ကြောင့်
သားသမီးတွေ ရှိပါလျက်နဲ့
ရောက်နေသူတွေဟာ
အများကြီးပါ၊

သားသမီး"ရှိ/မရှိ
အရေးမကြီး
ကိုယ့်"အတွက်
အထုပ် ရှိဖို့ကသာ
ပို၍ အရေးကြီးပါသည်၊

ဒီနေ့'ဖတ်မိတာလေး
ထိမိဂွိ လွန်းလို့ပါ



(ပြန်လည်•••မျှဝေပါသည်)
Credit

အဆင်ပြေသွားပြီ အကိိုရေ.........
သက်သာသွားပြီး အကိုရေ ဆိုတဲ့ စကားကို
ကြားရရင်ပဲ ကျနော့်အတွက် ပြောမပြတတ်အောင် ကျေနပ်ပီတိဖြစ်ရတာက ဘာနဲ့မှအစားထိုးမရတဲ့ ခံစားချက်ပါပဲ။

လွန်ခဲ့သော ၃ လ ခန့်ကပေါ့...။
အကိုရေ ကျမတို့သမီးလေးက ၃ နှစ်ရှိပါပြီး။
စကားပြောပေမဲ့လည်း ထစ်သလိုလို လေးသလိုလို ဖြစ်နေပါတယ်အကို​။

ခုလို ငယ်တုန်းမှာကုရင် ရတယ်လို့ ပြောကြတာကြောင့် ဆေးခန်းကိုပြကြည့်တော့ မွေးရာပါ လျာကင်တိုတာကြောင့် ဖြစ်တာလို့ ပြောပြီး တိုက်ရမဲ့ဆေးတွေ ပေးပါတယ်။
ဒါပေမဲ့ ထူးခြားမလာဘူး အကိုဆရာရေတဲ့...။
ဗမာဆေးနည်းများ ရှိရင် ကူညီပါလား ကျေးဇူးမမေ့ပါဘူး ဆိုပြီး Ma Chaw Su ဆိုတဲ့ Acc ပိုင်ရှင် ညီမတစ်ယောက်က ပြောလာခဲ့တယ်ဗျ။

ဒါနဲ့ပဲ ခလေးငယ် စကားပြောထားတဲ့ Video လေးရယ်၊ ခလေးရဲ့ အာနဲ့လျှာရယ်ကို ပုံရိုက် ပို့ခိုင်းလိုက်တော့ ပို့ပေးလာပါတယ်။

ကျနော်လည်း ခလေးငယ်ဖြစ်တာကြောင့် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်သွားမှာစိုးရိမ်တာကြောင့်
ကိုယ့်သိ ကိုယ်နားလည်ထားတာကိုပဲ ချက်ချင်းမပြောသေးပဲ ကျနော်ဆရာသမားကိုပြောပြလိုက်တယ်ပေါ့။

အဲ့ဒီတော့........
ကျနော့်ဆရာသမားက ဘာပြသနာမှမရှိပါဘူး ကွာ မင်းက စိတ်ပူတတ်လို့ပါ။ ရှထုံ (ခ) လျှာထုံ ကုထုံးကိုသာ ပြောလိုက် ပါဆိုပြီး
ပြန်ပြောလာတာကြောင့် ခလေးမိခင်ဖြစ်သူရဲ့အကောင့် Cb ကို ခလေးအား လုပ်ပေးရမဲ့နည်းလမ်းလေးတွေ ပို့ပေးလိုက်တယ်။

ခုတော့........
ခလေးက အခြားခလေးတွေလို ပုံမှန် မဟုတ်ပေမဲ့ အရင်လို ထစ်ခြင်း အခြင်း လေးလံခြင်းမရှိတော့ပဲ အရင်က.......
ဖေ.........ဖေ.....
မေ........မေ.....ဆိုပြီး ခေါ်ရာကနေ ခုဆို ဖေဖေ မေမေ ဆိုပြီး
ဖြောင့်ဖြောင့် တန်းတန်းခေါ်နိုင်တဲ့အဆင့်ထိိ အဆင်ပြေလာပြီးဖြစ်ကြောင်းနဲ့ စကားလည်း အတော်ပြောဆိုလာပြီးဖြစ်ကြောင်း သိရပါတယ်။

အကိုဆရာရေ.....
အဆင်ပြေတယ်ဗျာ ဆိုပြီး အမျိုးသားဖြစ်သူကပါ ဝင်ပြောလာသလို ကျေးဇူးတင်ကြောင်းကိုလည်း ပြောကြတယ်။

အမှန်တော့.......
ခလေးသူငယ်များ စကားထစ်တာ၊ လေးလံတာ၊ စကားပြောတဲ့အခါ (အထစ်) တစ်လုံးနဲ့ဘတစ်လုံးပြောဖို့ အရှိန်ယူနေရတာမျိုး ဖြစ်နေပါက.....

ရှထုံပင် (ခ) လျာထုံပင် ရဲ့ အမြှစ်ကို ရေသေခြာဆေးပြီး ခလေးငယ်များရဲ့လျှာကို ပွတ်ပေးရုံပါပဲ။ အဲ့လို မကြာမကြာပြုလုပ်ပေးမယ်ဆိုရင် ပုံမှန်အတိုင်း ကောင်းလာနိုင်ပါတယ်ဗျ။

ထိုရောဂါမျိုးက ငယ်စဥ်မှာကုသနိုင်ရင် အကောင်းဆုံးမို့ ကျနော့်မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ထို ဝေ၊ ဒ၊ နာ ထိုလက္ခဏာမျိုးဖြစ်နေသော ခလေးငယ်များရှိပါက ဒီနည်းလမ်းလေးကို အသုံးပြုကြည့်လို့ရပါတယ်။ (ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ)

ရှထုံ (ခ) လျာထုံ၊ လျာထုံဖို ကို ရခိုင်လူမျိုး နဲ့ ရှမ်းလူမျိုးတွေအများကတော့ အမျိုးမျိုးလုပ်စားကြပါတယ်။
အထူးသဖြင့် ငါးနဲ့ချက်စားရင် ကောင်းပါတယ်။

ဆေးကျမ်းများအဆိုအရ ရှထုံဖိုအပင်ဟာ.....
ပဉ္စငါးပါး အလုံးစုံခါး၏
စပ်ဖျဉ်းဖျဉ်းရှိ၏
အပွင့်သည် စူးရှသောရနံ့ရှိ၏
ပူစပ်သောအရသာရှိ၏ လို့ ဖော်ပြထားပါတယ်။

သူငယ်နာမစင်လို့ သွားရည်များကျနေခြင်း မိတ်ဆွေတို့အနေနဲ့ သွားနာ၊ သွားကို၊က်၊ သွားဖုံးရောင်ခြင်းများဖြစ်ပါက ရှထုံအပွင့်ကို ငုံပေးခြင်း ဝါးပေးခြင်းဖြင့် သက်သာစေနိုင်သလို
ခေါင်းအလွန်ကိုက်ခြင်း၊ လျှာလေးလံခြင်း၊ လျှာ၊​ေ၊သခြင်း၊ လည်ချောင်းရောင်ခြင်းများဖြစ်ပါကလည်း ရှထုံးအပွင့် အရွက်အား ဝါးပေးခြင်းဖြင့်သက်သာပျောက်ကင်းနိုင်ပါတယ်ဗျ။

အံဆုံးပေါက်ခြင်း အံဆုံးထွက်ပြီး အဖုအပိန့်ထ၍ ရောင်ခြင်း သွားကိုက်ခြင်းအတွက်.....
အပွင့်ကိုကြိတ်ပြီး သိပ်ပေးခြင်းဖြင့် ၎င်း
ရှထုံးပင် ပဉ္စငါးပါးအား ကျိတ်ပြီး ရလာသောအရည်အား လိမ်းကျံသိပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ် ဗျ။

ခံတွင်းနဲ့ပတ်သတ်တဲ့ အထက်ဖော်ပြပါရောဂါများကို ကုသတဲ့အခါရှထုံးအားအသုံးပြုပြီး
သွားရည်များယိုစီးကျလာပါလိမ့်မယ်
ထိုသို့ဖြစ်လာပါက စိုးရိမ်စရာမရှိပါ။
ထိုသိုဖြစ်ပေါ်လာမှသာ ဝေ၊ဒ၊နာသက်သာလာမှာဖြစ်ပါကြောင်း
မေတ္တာဖြင့် မျှဝေရေးသားလိုက်ပါသည်ဗျ။

image