မိန်းမရေကိုဂျင်ကပြန်လာပီနော် စားချင်တာရှိရင်အဖေ့ကိုပြောနော်အဖေတာဝန်ယူမာ
ကိူအိပ်လိုက်အုန်းမယ်

image

လွယ်ကူလွန်းတဲ့ အရံဟင်းလျာ သရက်သီးခြောက်သနပ်

(1)သရက်သီးခြောက်များကို ထန်းလျက်အနည်းငယ် ရေအနည်းငယ်ဖြင့် ခမ်းသည်အထိပြုတ်ထားပေးပါ။
( သရက်သီးအစိမ်းကို ပါးပါးလှီးပြီး 5ရက်လောက်နေလှန်းပြီးထားပေးလျှင် သရက်သီးခြောက်ရပါသည် )

(2)စမုံစေ့ကိုထောင်းထားပေးပါ။ ( စမုံစေ့ နံနံစေ့ ဇီရာ မဆလာ တို့ပါဝင်အသုံးပြုပါမည် )

(3)ဆီကို ဆူနေသည်အထိတည်ထားပါ။ ဆီဆူလာပြီဆို အိုးကိုချလိုက်ပါ။ ထို့နောက်မှ ငရုတ်အစိမ်းမှုန့် ထောင်းထားသောစမုံစေ့ ဇီရာ နံနံစေ့ မဆလာတို့ကို ထည့်ပါ။ နောက်ဆုံးမှ ပြုတ်ထားသောသရက်သီးခြောက်နှင့် ဆားအနည်းငယ် ကိုထည့်ပြီး နှံစပ်အောင်မွှေပေးပါ။ အပေါ်မှ လှီးထားသောကြက်သွန်ဖြူလေးများ အုပ်ကာ သရက်သီးသနပ် ချိုချဉ်စပ်လေးအားသုံးဆောင်နိုင်ပါပြီ။ ( ဆီများများသုံးရန်လိုအပ်ပါသည် ဆီမြှပ်နေသည်အထိထားပါမှ မှိုတတ်ခြင်း ကင်းဝေးပါမည် )

#credit

image

တရုတ်စတိုင် ငါးကြော်နည်း

ပါဝင်ပစ္စည်းများ-

ငါး ၁ ကောင် (ဥပမာ-ပင်လယ်ဘေ့၊ တီလားပီးယား၊ ငါးပါးနီ သို့မဟုတ် အခြားငါးဖြူများ) ကို သန့်စင်ပြီး အခွံခွာထားပါ။

ပဲငံပြာရည် ၂ ဇွန်း

ဆန်ဝိုင် (သို့) ရှယ်ရီခြောက် ၁ ဇွန်း

နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား 1/2 လက်ဖက်ရည်ဇွန်း
ဂျင်း ၃ တုံး၊

ကြက်သွန်မြိတ် ၂ ပင်ကို ပါးပါးလှီးထားပါ။

ငရုတ်သီးအနီ 1 တောင့် ပါးပါးလှီးထားပါ

ညွှန်ကြားချက်များ-

1. ငါးပြင်ဆင်ပါ
ငါးကို အတွင်းအပြင်ကို သေချာဆေးကြောပါ။ ငါးကို အညီအမျှ ချက်ပြုတ်ပြီး အရသာကို စုပ်ယူနိုင်စေရန် နှစ်ဖက်လုံးတွင် ခြစ်ပေးပါ။

2. ငါးကို ရောနယ်ပါ။
ငါးကို အပူခံပန်းကန်ပြား (သို့) မီးဖိုချောင်နှင့် အံဝင်ခွင်ကျရှိသော တိမ်သောပန်းကန်ထဲတွင် ထည့်ပါ။ ငါးကို ပဲငံပြာရည်၊ ဆန်ဝိုင်၊ နှမ်းဆီ၊ သကြားတို့နဲ့ ဖြူးပြီး အညီအမျှ ကျက်အောင် ဖြူးပေးပါ။

3. အနံ့ထည့်ပါ ငါးကို အပေါ်မှ ဂျင်းအတုံးများ နှင့် ကြက်သွန်ဖြူဖြူများ ဖြင့် နယ်ထားပါ။

4. ငါးကို ရေနွေးငွေ့ရေအိုးတစ်လုံးကို ဆူအောင်တည်ထားပါ။ ပန်းကန်ပြား သို့မဟုတ် ပန်းကန်ကို မီးဖိုတောင်းထဲတွင် ငါးနှင့်ထည့်ကာ ငါးကို ရေမထိစေရန် သေချာစေပါ။

ငါး၏အရွယ်အစားနှင့်အထူပေါ် မူတည်၍ 8-12 မိနစ်ခန့်အဖုံးအုပ်ပြီးရေနွေးငွေ့။ ငါးသည် အရောင်မှိုင်းနေ၍ ခက်ရင်းခွဖြင့် အလွယ်တကူ အခွံခွာသောအခါတွင် ပြုလုပ်သည်။

5. ဝန်ဆောင်မှု-

မီးဖိုမှငါးကိုဖယ်ရှားပါ။ အသုံးပြုလျှင် ကြက်သွန်နီအစိမ်း၊ ငရုတ်သီးအနီလှီး၊ ငရုတ်သီးအရွက်တို့ဖြင့် အလှဆင်ပါ။ ပန်းကန်ထဲက ရေနွေးငွေ့နဲ့ချက်ချင်းကျွေးပါ။

#ချက်နည်း

image

#လယ်သမားဟင်းငရုပ်သီးဆားထောင်း
🌿🌿🌿🌿🌿🌿🌿🌿

ဘာလိုသေးလဲ😁😁

ပါဝင်ပစ္စည်းများ

မျှစ်......၃၀သား ကို( ပြုတ်ထားပါတယ်)

မှို......၁၀ သား

ပုစွန်........ ၁၀ကျပ်သား ကို (ခေါင်းဖြုတ် ကျောခွဲအညစ်အကြေးထုတ်ထားပါ)

ရုံးပတီသီး...... ၁စည်း( အနေတော်ပိုင်းထားပါ)

ဆန်......လက်တဆုပ်စာ(​လှော် ထားပါ

ဆူးပုပ်ရွက်.....၁စည်း (ခြွေထားပါ)

ပင်စိမ်း......၃ပင်

ငရုပ်သီးစိမ်း..... ၁၀တောင့်ခန့်

ကြက်သွန်နီ.... ၁လုံး

အင်ဥ.... တဗူး (ပွတ်ဆေးထား)

ရွှေဖယုံသီး....တစိတ် (အခွံခွာပြီ အနေတော်တုံးထားပါ)

ဖလံတောင်ဝှေး....၅ပင်( အနေတော်သင်ထားပါ)

အရွက်တမျိုးကျန်သေး မခေါ်တတ်လို့

ငါးပိ...အနည်းငယ်

ဆား.....အနည်းငယ်

ချက်နည်း

အရင်ဦး​​ဆုံး ရေ ကို အိုးထဲထည့် ဆား ၊ငါးပိ၊ ရွှေဖယုံသီး၊မျှစ်ထည့်ပြီ တည်ထားပါ

ရေဆူလာတဲ့အခါ ပုဇွန် ကြက်သွန်နီ ဆန်လှော်မှုန့် ထည့်
ရွှေဖယုံသီး နူးရင် ဖလံတောင်ဝှေး၊

အင်ဥ၊ရုံးပတီသီး၊မှိုထည့်ပါမယ်
ဟင်းအိုးပွက်ပွက်ဆူလို့

အနေတော်ရပီဆိုရင် ဘာညွန့်လည်းမသိဘူး ပုံထဲမှာပါတယ်အာ့လေးထည့်
ဆူးပုတ်နဲ့ ပင်စိမ်း အုပ်ပီး စားသုံးလို့ရပါပီရှင်

ငရုပ်သီးဆားထောင်း

ကြက်သွန်ဖြူနဲ့
ဆားကို ညက်အောင်ထောင်းပြီ
ငရုပ်သီးအကျက်မှုန့်ထည့်ထောင်းပါ

တာလပေါ့နဲ့ တွဲစား ရှယ်ကောင်း

Crd

image
16 w - Translate

At least 31 workers were safely rescued after a tunnel collapsed in a large industrial complex in Los Angeles on Wednesday evening, according to the Los Angeles Fire Department.
The trapped workers were able to "scramble with some effort" over a 12-15 foot tall pile of loose soil, to meet several coworkers on the other side of the collapse, and be shuttled several at a time by tunnel vehicle to the entry/access point more than five miles away, according to preliminary reports.
Read more: https://abcnews.visitlink.me/Zd3lLU

image

ငါးဇင်ရိုင်း သရက်သီးဟင်း

ပါဝင်ပစ္စည်း

ငါးဇင်ရိုင်း
(ကြက်သွန်ဖြူနီ

ငရုပ်သီးအစိမ်းမှုန့်

နနွင်းမှုန့်

ဆား

အချိုမှုန့်

ငါးပိ)ထောင်းထားပါ

မြေပဲဆီ

ငရုပ်သီးစိမ်း

ရှမ်းနံနံ

သရက်သီး (အခွံခွာ​ပြီး ဓားနဲ့ပေါက်ထားပါ)

ငါးဇင်ရိုင်းကို သန့်ရှင်းပြီး ရှာလကာရည်နဲ့ဆေးပြီ ရေအထပ်ထပ် ​​ပြန်ဆေးထားပါ။

ဒယ်အိုးထဲဆီထည့် ပူလာရင် ထောင်းထာတာ
ဆီထည့်ပါ။

သရက်သီးဓားနဲ့ပေါက်ထားတာထည့်ပြီးရေအနည်းငယ်ထည့် ဆူလာရင် ငါး ထည့်ပါ။

ငါးအနည်းငယ်နူးလာပြီဆိုရင် ငရုပ်သီးစိမ်းထည့်ပါ။ ရေခန်းရင်ရေနဲနဲထပ်ထည့်ပါ

ချခါနီးပြီဆိုရင် အရသာမြည်း ရှမ်းနံနံပင်လေး အုပ်ထည့် ရပါပြီနော်

Crd -

image

#နိုင်ငံတကာသတင်း
◼ လက်ရှိမြန်မာ့အရေးအပေါ်စိုးရိမ်ကြောင်းအာဆီယံနိုင်ငံခြားရေးဝန်ကြီးများပြော
မြန်မာနိုင်ငံတွင် လက်ရှိဆက်လက်ဖြစ်ပွားနေသည့် အကျပ်အတည်းနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပနေသည့် (၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) တွင်အဖွဲ့ဝင်နိုင်ငံများကပြောကြားကြသည်။
“မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအလေးအနက်ပြောရရင်ပြည်တွင်းငြိမ်းချမ်းရေးကို ကျွန်တော်တို့ လိုချင်ပါတယ်။” ဟုအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနိုက ယမန်နေ့အစည်းအဝေးတွင် ပြောကြားသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အာဆီယံမိသားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် မြန်မာနိုင်ငံအတွက် စိုးရိမ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကအစည်းအဝေးအတွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပံ့ပိုးပေးနိုင်သည့် ဦးစားပေးအကူအညီဖြင့် စတင်ကာ ပူးပေါင်းဖြေရှင်းရမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနိုက က ဆက်လက်ပြောသည်။
“ကျွန်တော်တို့တစ်နိုင်ငံချင်းစီက ဘယ်လိုကူညီနိုင်ကြမလဲ။”ဟု၎င်းကဆိုသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေသည့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းအတွက် အဖြေရှာရန် တွေ့ဆုံဆွေးနွေးမှုများအား အင်ဒိုနီးရှားအနေဖြင့် ဆက်လက်အားပေးနေသည်ဟု ယခုနှစ် ဇန်နဝါရီတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ သံတမန်ရေးရာ ဆွေးနွေးမှုအတွင်း ဆူဂျီယိုနိုက ပြောကြားထားသည်။
“မြန်မာနိုင်ငံအတွက် အဆင်ပြေတဲ့ အခြေအနေ ဖန်တီးမှုနဲ့ တွေ့ဆုံဆွေးနွေးရေး အတွက် ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခု ဖန်တီးပေးဖို့ အင်ဒိုနီးရှားက အမြဲတမ်း ကတိပြုပါတယ်။” ဟု ၎င်းကဆိုသည်။
ထို့နောက်လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှုနှင့် ဆက်စပ်နေသည့် အွန်လိုင်းလိမ်လည်မှုများ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ မြင့်တက်လာခြင်းအပေါ် စိုးရိမ်မှုများ မြင့် တက်လာကြောင်းလည်းအဖွဲ့ဝင်နိုင်ငံများကယမန်နေ့တွင်ပြောကြားသည်။
ထို့ပြင်မြန်မာနိုင်ငံ၏ ရေရှည်အကျပ်အတည်းကို ဖြေရှင်းရန် မူဘောင်တစ်ခုအဖြစ် ဘုံသဘောတူညီချက်(၅)ရပ်ကို ထောက်ခံကြောင်းအာဆီယံနိုင်ငံခြားဝန်ကြီးများက ထပ်လောင်းအတည်ပြုခဲ့သည်။
သတင်း-လင်းခေတ်
ကိုးကား- Antara

image

အရိုးပွရောဂါ၊ အရိုးပါးရောဂါ၊ အရိုးကြွပ်ရောဂါ၊ ခြေထောက်နှင့် ဒူး အရိုးအဆစ်တွေ မကောင်းတဲ့ရောဂါရှိရင်.......

ဆိတ်ဖူးဥ သောက်ပါ။ တစ်လအတွင်း သက်သာလာပါလိမ့်မယ်။ ဆရာဝန်တွေတောင် အံ့သြသွားပါတယ်။ တစ်ပတ်ကို သုံးရက်သောက်ပါ။ စမ်းသောက်ကြည့်ပါ။

ပါဝင်ပစ္စည်းများ......

1. ရေ 300 မီလီလီတာ

2. ဆိတ်ဖူးဥ 2 ကျပ်သား

ပြုလုပ်နည်း.....

1. ဆိတ်ဖူးဥကို ပြင်ဆင်ပါ။ သန့်စင်အောင် ရေသေချာဆေးကြောပြီး အတုံးသေးသေးလေးတွေ လှီးပါ။

2. ပြီးရင် ကြိတ်စက်ထဲထည့်ပါ။ ရေ 300 မီလီလီတာထည့်ပြီး နူးညံ့အောင်ကြိတ်ပါ။

ပြီးရင် ဇကာနဲ့စစ်ပြီး အရည်ကိုယူပါ။ (အရမ်းညှစ်မယ်ဆိုရင် ခါးသက်သွားနိုင်လို့ သတိထားပါ။)
ကြိတ်စက်မရှိရင် ထု၊ ထောင်းပြီးလုပ်လဲ ရပါတယ်။

3. သောက်တဲ့အခါမှာ ဆိတ်ဖူးဥကို ရေနဲ့ရောပါ။ သံပုရာရည်နဲ့ ပျားရည်အနည်းငယ်ထည့်ပါ။ တစ်နေ့ကို 1-2 ခွက်သောက်ပါ။

တစ်ပတ်ကို 2-3 ရက်လောက် သောက်ပါ။ တစ်လပြည့်ရင် အရိုးသိပ်သည်းဆ တိုးတက်လာပါလိမ့်မယ်။ မှန်ကန်ပါတယ်!!!

image

အိမ်မှာ ခြင်အရမ်းများနေလာ ?
ခြင်ရန်ကနေ ကင်းဝေးကြပါစေ !!🦟

- ဒီနည်းလမ်းဖြစ် ခြင် ၊ ပုရွက်ဆိတ် ၊ ပိုးကောင်တွေ အသိုက်အားလုံးကို ပျောက်ကင်းစေနိုင်ပါသည် ။

- ပါဝင်ပစ္စည်းများ -

1. ဆပ်ပြာ ၁ တုံး (အများကြီးလုပ်ရင်)
2. ဆား ၂ ဇွန်း
3. ရှလကာရည်

- ရောစပ်အသုံးပြုနည်း -

ဆပ်ပြာတုံးကို ခွက်တစ်ခုထဲသို့ ခြစ်ထည့်လိုက်ပါ ။ ဆား စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပြီး ရှာလကာရည်နဲ့ ရောမွှေပါ

။ ( ရှာလာကာရည်ကို ဆပ်ပြာမြုပ် သည်အထိ ထည့်ပေးပါ ) ။ ပြီးရင် ခြင်များသောနေရာတွင် ထားထားပေးပါ ။

ခြင်တွေက အိမ်ကနေ ပြေးထွက်ကြပါတယ် ။ အိမ်ထဲ​ရှိ ပုရွက်ဆိတ်များကိုလဲ ထောင်ချောက်ဆင်နိုင်သည် ။

အကျိုးကျေးဇူးတစ်ခုက နှစ်ခုကို အတူတူရရှိပါသည် ။
ခြင် ပုရွက်ဆိတ်တွေ ကင်းရှင်းကြပါစေ ။

image

မွန်ကြက်စွတ်ပြုတ်ချက်နည်း

ကြက်သွန်၃လုံး ပါးပါးလှီး
မရမ်းပြား ၈ပြား
ငါးပိမီးကင်
ငရုပ်သီးအကျက်မှုန့်
အချိုမှုန့်
ရှမ်းနံနံညှပ်ထား

ကြက်သားကိုရေဆေးပြီး

အိုးထဲထည့် ရေထည့် မီးဖိုပေါ်တင်
ဆား ငါးပိ ဆနွင်း ထည့်ပြီး ပြုတ်
ဆီမပါဘူးနော်

ကြက်သားကျက်ရင် အိုးချ
ကြက်သားကိုဆယ် ပြီး အအေးခံထား

အေးလာရင် အသားနွှင်

အားလုံးပြီးရင် နယ်လို့ရပါပြီ

လိုအပ်မှ ဆားထည့်မယ်

ချဉ်ငံစပ်လေးနဲ့😋😋

သုပ်ပြီးရင် ပြုတ်ရေထဲလောင်းထည့်မယ်

စားလို့အရမ်းကောင်းသောမွန်ကြက်စွပ်ပြုတ်

Crd

image