🍃 တစောင်းဖူးချက်နှင့် ဆေးဖက်ဝင်ပုံ

တစောင်းဖူးကတော့ အပူပိုင်းဒေသတွေမှာပေါက်တဲ့ တစောင်းပင်ကရတဲ့အဖူးပါ။မကွေး ရေနံချောင်း
ချောက် ပခုက္ကု စတဲ့ အညာဒေသမှာ ပေါပါတယ်

တစောင်းဖူးက ကြာဖူးနဲ့ ဆင်ဆင်တူလို့ တချို့က ပဒုမ္မာဖူး၊ ရွှေကြာဖူးရယ်လို့လည်းခေါ်ကြပါတာလည်းရှိပါတယ်။

တစောင်းဖူးကို အပွင့်မပွင့်မီ အဖူးမှာ ခူးပြီးဟင်းလျာအဖြစ်စားသုံးကြပါတယ်။ကျားရှာ နဂါးမောက် စတာတွေက တစောင်းမျိုးရင်တွေပါ

တစောင်းဖူးက တစ်နှစ်မှာတစ်ခါသာမိုးရာသီအတွင်းမှာ ရတတ်တာမို့ ရာသီစာလို့ပြောရမှာပါ။ ဟင်းလျာအဖြစ် ကြော်စားချက်စားတဲ့အခါ မှိုအရသာလိုချိုတာမို့ အညာသူအညာသားများက တစောင်းဖူးကိုကြိုက်ကြတာပါ။

တစောင်းဖူးကို ကြော်ချက်ချက်မယ်ဆိုရင် ဦးစွာ အဖူးကို ထက်ခြမ်းခွဲပြီးအထဲကဝတ်ဆံတွေကို ဖယ်ရပါတယ်။ တချို့ကတော့ ဝတ်ဆံအပြင် ပွင့်ချပ်တွေကိုပါ ဖယ်ပစ်ပါတယ်။ ပွင့်ချပ်က အနည်းငယ်အချွဲဓာတ်ရှိလို့ပါ။ တစောင်းဖူးလတ်ရင်တော့မချွဲအောင် သင်ပြီးသားတွေကို တစ်နေလောက်ပြပြီးမှ ချက်ကြပါတယ်။

တစောင်းဖူးကြော်ချက် ချက်မယ်ဆိုရင်သန့်စင်ပြီး တစောင်းဖူးတွေကို ရေဆေးပြီးစစ်ထားပါ။

ဆီဒယ်အိုး ပူလာရင် အသင့်ပြင်ထားတဲ့ ကြက်သွန်ဖြူ၊ နီထောင်းပြီးသားအရောကို ဆီသတ်ပါမယ်။ ကျက်လောက်ပြီ ဆိုရင်တော့ အသင့်စိတ်ထားတဲ့ ခရမ်းချဉ်သီး စိတ်တွေနဲ့အတူ မျှင်ငါးပိ၊ဆား၊နနွင်းထည့်ကာ အနှစ်ရအောင် ချက်ကြပါတယ်

ဒယ်အိုးထဲက ဟင်းအနှစ်တွေ ဆီပြန်လာရင် ရေစစ်ထားတဲ့ တစောင်းဖူးတွေထည့်ပြီး အထက်အောက် နှံ့အောင်မွှေ၊ လုံးရေအနည်းငယ်ထည့်ပြီး အဖုံးပိတ်ချက်ပါ။

ဒယ်အိုးက ဆီဆူသံပေးလာရင် အဖုံးဖွင့်ကာအပေါ့ အငန်မြည်းပြီး ငရုတ်သီးစိမ်း လေးငါးတောင့်လောက် အညှာခြွေထည့်ပါ။ခရမ်းချဉ်သီး အနှစ်များများနဲ့ ထွေးထွေးအိအိလေးဖြစ်နေတဲ့ စားချင့်စဖွယ်တစောင်းဖူးကြော်ချက်ကို တွေ့ရ ပါလိမ့်မယ်။

ဆေးဖက်ဝင် အနေနဲ့တော့

ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ခြင်း

သွေးတိုးရောဂါ သက်သာစေခြင်း

နှလုံး ရောဂါကာကွယ်ပေးနိုင်ခြင်း

၎င်းအဖူးကို ပြုတ်ရည်လုပ်သောက်ပါက

ဆီးချို သွေးချို ရောဂါကို ပျောက်ကင်နိုင်တယ်လို့ဆို့ပါတယ်

အစာအိမ်နဲ့ အူလမ်းကြောင်း ကို ရောဂါပိုး များသက်သာစေခြင်းနှင့် ဝမ်းကိုက်ပါက တစောင်းဖူး ချက်စားရင် သက်သာစေတယ် လို့ စားဖူးသူအချို့က ဆိုကြပါတယ်
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

Credit original writter
#crd

image
15 w - Translate - Youtube

သရဲခေါ်နည်း တစ်ကယ်စွမ်းမစွမ်း 😱 သင်စမ်းသပ် 😱 ကြည့်ချင်ပါသလား ???

မင်္ဂလာနံနက်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁၁-၇-၂၀၂၅ ရက်နေ့ ၀၇:၃၀ နာရီအချိန်တွင် ထုတ်ပြန်သည့် ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်.................

image

မင်္ဂလာနံနက်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁၁-၇-၂၀၂၅ ရက်နေ့ ၀၇:၃၀ နာရီအချိန်တွင် ထုတ်ပြန်သည့် ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်.................

image
15 w - Translate

Weeks after being released from immigration detention, Mahmoud Khalil has filed an administrative complaint against the Trump administration seeking $20 million in damages.
Read more: https://abcnews.visitlink.me/GvQRHL

image

မင်္ဂလာနံနက်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁၁-၇-၂၀၂၅ ရက်နေ့ ၀၇:၃၀ နာရီအချိန်တွင် ထုတ်ပြန်သည့် ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်.................

imageimage

This Day in History
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၂၀၀၆ ခုနှစ် ဇူလိုင် ၁၁ ရက်ကဖြစ်ပွားခဲ့သော ရထားဗုံးခွဲများအတွင်း ပေါက်ကွဲမှု ခုနှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားပြီးနောက် လူ ၂၀၀ ကျော်သေဆုံးပြီး ၇၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

image

မြေငလျင်သတင်း
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆) နာရီ၊ (၅၆)မိနစ်၊ (၀၃)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၁၁၉) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ခန္တီးမြို့၏ အနောက်တောင်ဘက် မိုင်(၃၀) ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၃၆)ဒီဂရီ၊ အနက် (၈၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

image
15 w - Translate - Youtube

သတိ ကြောက်တက်သူများမကြည့်ရ💯💯

နေ့စဉ်မိုးလေဝသသတင်း
--------------------------
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့် အတင့်မှ အားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျား ရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေ မှ ၁၁ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

image