Helarri shared a post  
124 yrs

27 w

Gym Outfit ကို ဘယ်လို ရွေးချယ်မလဲ?🎽🩱
Workout လုပ်မယ်လို့ စဥ်းစားလိုက်ရင် အရင်ဆုံးတွေးမိတာက Gym ဝတ်စုံ ဝယ်ရမယ်ဆိုတာပါပဲ။ Gym ဆော့ဖို့ အတွက် ကိုယ်ဝတ်မယ့် အဝတ်အစားကလည်း တစ်ထောင့် တစ်နေရာက အရေးကြီးပါတယ်။
Gym စဆော့တဲ့ အချိန်ကနေ အခုအထိ Sports Bra တွေ Legging တွေ အများကြီး ဝယ်ဖူး ဝတ်ကြည့်ဖူးပါတယ်။ International နာမည်ကြီး Brand တွေကနေ စလို့ Local Brand, China Brand, Export ဆိုင်တွေထိရော အစုံပါပဲ။Gym Outfit ဝယ်တော့မယ်ဆို
🔺အများကြီး ဝယ်ဖို့ မလိုပါဘူး။ အနည်းဆုံး Sport Bra နဲ့ Leggings ၂ ထည် စီ ရှိတယ်ဆိုရင်တောင် ရပါပြီ။
🔺စျေးကြီးတာ စျေးသက်သာတာနဲ့ မဆိုင်ဘဲ သုံးထားတဲ့ Materials, ချုပ်ရိုးချုပ်သား, Cutting တွေကို ကြည့်ပြီး ရွေးသင့်ပါတယ်။
🔺အမျိုးအစားကောင်းတဲ့ outfit တွေက ကျယ်သွားတာ ကျဥ်းသွားတာတွေ မရှိဘဲ တစ်ခါဝယ်ပြီး အကြာကြီး ခံလို့ ပိုပြီးလည်း တွက်ချေကိုက်ပါတယ်။
🔺ကိုယ်နဲ့ သေချာ fit ဖြစ်ပြီး သက်တောင့် သက်သာရှိတဲ့ Size ကို ရွေးချယ်တတ်ဖို့လည်း အရေးကြီးပါတယ်။
1️⃣Comfort & Confidence
Quality ကောင်းတဲ့ Gym Outfit ကို ဝတ်ဆင်တဲ့ အခါ ခန္ဓာကိုယ်ပေါ်မှာရော စိတ်ထဲမှာရော သက်တောင့်သက်တောင့် သက်သာရှိတာက ပထမဆုံး ဦးစားပေးအချက်ပါ။
ကိုယ်နဲ့ Size ကွက်တိ ဖြစ်တဲ့ အပြင် ကိုယ့် Body ကို ပိုပြီး ချပ်ရပ်စေတဲ့ Design မျိုး၊ စိတ်သွားတိုင်းကိုယ်ပါ ဘယ် Workout ပဲ လုပ်လုပ် ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် outfit ဖြစ်သင့်တယ်။ ခန္ဓာကိုယ်ပေါ်မှာ တစ်ထပ်တည်း ကပ်နေပေမယ့် တင်းကြပ်နေတာမျိုးလည်း မဟုတ်ဘဲ ကိုယ်က လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာလို့ရတယ်ဆိုရင် ဒါ အကောင်းဆုံး Gym outfit ပါပဲ။
2️⃣Squat Proof, Sweat-proof, Heat-Proof
ဒါကလည်း အရေးကြီးပါတယ်။ workout လုပ်တဲ့အခါ ချွေးထွက်မယ် Body Heat ထွက်မယ်။ ဒါပုံမှန်ပါပဲ။ Gym outfit တွေဟာ ချွေး/ရေ စိုသွားတဲ့အခါ လျင်လျင်မြန်မြန် ခြောက်သွေ့စေပြီးတော့ Body Heat ကိုလည်း သိမ်းမထားတဲ့ Fabric Material မျိုး ဖြစ်သင့်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ ပူတဲ့ အတွက် ဒီအချက်ကို ပိုပြီး ဂရုစိုက်သင့်တယ်။ မဟုတ်ရင် Body Heat တွေ အရမ်းတက်လာပြီး Shock ရတာမျိုး၊ ချွေးတွေ အမြန်မခြောက်တဲ့ အခါ ချွေးနဲ့ ပြန်အအေးပတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
နောက်ပြီးတော့ အသားမပါးတာမျိုးဖြစ်မှ Squat Proof ဖြစ်တာပါ။ Sqaut လုပ်တဲ့ အခါ အထဲက ကုန်းရတဲ့ လေ့ကျင့်ခန်းတွေ လုပ်တဲ့ အခါ Squat Proof မဖြစ်ရင် Legging က အရမ်းပါးနေရင် အထဲက အတွင်းခံအရောင် ဒါမှမဟုတ် အသားကို မြင်နေရမှာပါ။
3️⃣Sport Bra Impact
ကိုယ်က Yoga ဆော့မှာလား Weight Training တွေ ဆော့မှာလား Jogging , Cardio လုပ်မှာလားပေါ်မူတည်ပြီး Sport Bra ကို ရွေးချယ်ရပါမယ်။ အရမ်း လှုပ်ရှားရတာတွေ မပါတဲ့ Workout ဆိုရင် Low - medium impacted ရှိတဲ့ Sport Bra ကို ဝတ်လို့ ရပါတယ်။ သူက ဝတ်ရတာ ပို သက်တောင့်သက်သာရှိတယ်။ ဒါမှမဟုတ် ကိုယ်က ကြိုးခုန်မယ် cardio တွေ လုပ်မယ် ပြေးမယ်၊ Training ကြမ်းကြမ်းတွေ လုပ်မယ်ဆိုရင်တော့ High Impacted Sport Bra နဲ့ ထိန်းပြီး ဝတ်မှ ရင်ဘတ်ပျော့တွဲကျတာတွေ ရင်ဘတ် အရမ်းလှုပ်တာတွေ မဖြစ်မှာပါ။
Gym ဝတ်စုံကို စျေးသက်သာတာ Design လှတာနဲ့တင် မမှာဖို့ သတိပေးချင်ပါတယ်။
Aria နဲ့ Eindra တို့လည်း Gym ဆော့တဲ့ခါ ကိုယ်အတွက်လုံးဝ Comfy ဖြစ်မယ့် Outfit မျိုးသေချာလေး ရွေးဝယ်ပြီး ကစားတယ်။ ဒါမှ workout လုပ်တဲ့အခါ စိတ်အနှောင့်ယှက်မဖြစ်ဘဲ သေချာလေး အာရုံစိုက်ပြီး လုပ်နိုင်တယ်။ မဟုတ်ရင် ဘောင်းဘီ လျောကျသွားလို့ ဆွဲတင်လိုက်၊ Sport Bra က ချောင်နေလို့ ကြိုးခုန်တာတို့ ပြေးတာတို့ လုပ်လို့မရလိုက်နဲ့ ဖြစ်တတ်လို့။ 😩😩
Gym outfit ဝယ်မယ်ဆိုရင် Aria နဲ့ Eindra တို့ အကြံပေးတဲ့ အချက်လေးတွေကို ထည့်သွင်းစဥ်းစားပြီး မှာနော်။ Invest in Good outfit and increase the efficiency of your gym sesh ✨💕
#credit #ironvibes

image
25 w - Translate

ကြိုးခုန်ခြင်းဟာ ရိုးရှင်းပြီး ထိရောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုဖြစ်ကာ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။
✔️ကယ်လိုရီ မြန်မြန်လောင်ကျွမ်းခြင်း - နေ့စဉ် ကြိုးခုန်ခြင်းကို ၁၅-၂၀ မိနစ်ပြုလုပ်ပေးခြင်းအားဖြင့် ကယ်လိုရီ ၂၀၀-၃၀၀ ခန့် လောင်ကျွမ်းစေနိုင်ပါတယ်။
✔️တစ်ကိုယ်လုံးရှိကြွက်သားများ လှုပ်ရှားစေခြင်း - ကြိုးခုန်လေ့ကျင့်ခန်းသည် တစ်ကိုယ်လုံးရှိကြွက်သားများကို လှုပ်ရှားစေပါတယ်။
✔️ဇီဝကမ္မဖြစ်စဉ်( metabolism)အား မြှင့်တင်ပေးခြင်း - ပုံမှန်လေ့ကျင့်ခြင်းဖြင့် ဇီဝကမ္မဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေကာ အဆီများကို ပိုမိုလျင်မြန်စွာ လောင်ကျွမ်းစေနိုင်ပါတယ်။
✔️ဗိုက်အဆီများကို လျော့ကျစေခြင်း - ကြိုးခုန်ခြင်းသည် ဗိုက်၊ ပေါင်နှင့် ခါးရှိအဆီများကို ပိုမိုလျင်မြန်စွာ လျော့ကျစေပါတယ်။
✔️စိတ်ဖိစီးမှု လျော့ကျစေခြင်း - စိတ်ဖိစီးမှု လျော့ကျစေခြင်းဖြင့်လည်း ကိုယ်အလေးချိန် လျော့ကျစေရန် ကူညီပေးပါတယ်။
✔️နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း - နှလုံးခုန်နှုန်းကို ပိုမိုမြန်ဆန်စေပြီး ခံနိုင်ရည်အားကို တိုးလာစေပါတယ်။
💡အကြံပြုချက်
📌စတင်လေ့ကျင့်သူများအနေဖြင့် ၅ မိနစ်မှစတင်ပြီး ဖြည်းဖြည်းချင်းအကြိမ်ရေ တဖြည်းဖြည်းတိုးသွားပါ။
📌ဒူးနာ၊ ခြေကျင်းဝတ်နာ၊ ခါးနာတတ်သူများ သတိထားပါ။ မှန်ကန်တဲ့ ပုံစံနဲ့ ခုန်ပါ (ခြေဖျားလေးများနဲ့ ကွေးခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါး ခုန်ပါ)။
📌ထိခိုက်ဒဏ်ရာမှ ကာကွယ်ဖို့ ခြေထောက်ကို ကောင်းစွာထောက်ပံ့ပေးနိုင်တဲ့ အားကစားဖိနပ် စီးပါ။
📌ညီညာပြီး ချောမွေ့တဲ့ မျက်နှာပြင်ပေါ်တွင် ခုန်ပါ။ မာကျောသောကွန်ကရစ်မျက်နှာပြင်ထက် ကစားကွင်းလိုမျိုး အနည်းငယ် ပျော့ပျောင်းတဲ့ မျက်နှာပြင်က ပိုကောင်းပါတယ်။
👉 💁‍♀️ကြိုးခုန်ခြင်းကို နေ့စဉ်ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်စွာ နေထိုင်ကြပါစို့။💪
Fresh Fuel By Jasmine
#ironvibes

image
Mahadev Book changed his profile cover
25 w

image
Mahadev Book changed his profile picture
25 w

image

(15-8-2025) ရက်နေ့ ကြေးမုံနှင့်​မြန်မာအလင်းသတင်းစာပါ တင်ဒါလုပ်ငန်းများအတွက်။

image

(15-8-2025) ရက်နေ့ ကြေးမုံနှင့်​မြန်မာအလင်းသတင်းစာပါ တင်ဒါလုပ်ငန်းများအတွက်။

image

(15-8-2025) ရက်နေ့ ကြေးမုံနှင့်​မြန်မာအလင်းသတင်းစာပါ တင်ဒါလုပ်ငန်းများအတွက်။

image

(15-8-2025) ရက်နေ့ ကြေးမုံနှင့်​မြန်မာအလင်းသတင်းစာပါ တင်ဒါလုပ်ငန်းများအတွက်။

image

(15-8-2025) ရက်နေ့ ကြေးမုံနှင့်​မြန်မာအလင်းသတင်းစာပါ တင်ဒါလုပ်ငန်းများအတွက်။

image

(15-8-2025) ရက်နေ့ ကြေးမုံနှင့်​မြန်မာအလင်းသတင်းစာပါ တင်ဒါလုပ်ငန်းများအတွက်။

image