(15-8-2025) ရက်နေ့ ကြေးမုံနှင့်​မြန်မာအလင်းသတင်းစာပါ တင်ဒါလုပ်ငန်းများအတွက်။

imageimage
+4
25 ပတ် - ဘာသာပြန်ပါ။

ပထမဆုံးလူ မဖြစ်နိုင်တဲ့အခါ
ဒုတိယလူဆိုတာ
တတိယလူနဲ့ အတူတူပါပဲကွယ် ..
ငါ မိုက်မဲစွာ ရင်ခုန်တတ်သူ
အပွန်းအပဲ့များစွာ ဒဏ်ရာအပြည့်နဲ့လူ
မင်းလည်း ငါ့လိုပဲ ရင်ခုန်တတ်သူ
သို့ပေမယ့် ....
အသည်းနှလုံးစကား မပြောတတ်သူ ..
အိုကွယ် ..... ထားခဲ့တော့ ထားခဲ့တော့ကွယ်
ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့
ခွဲခွာရမယ့် အနာဂတ်ရဲ့ညနေတခုမှာ
လှပစွာ မင်းပြုံးနိုင်ဖို့အတွက်
မျက်ရည်တွေနဲ့ ငါ ပျော်မွေ့ဆဲပါ ..
တမ်းတကြေကွဲမှုတွေနဲ့
မျှော်လင့်ခြင်း ကမ်းပါးစွန်းပေါ်မှာ
ထားခဲ့တော့ကွယ် ...
ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့ .. ။
#ပိုင်စိုးဝေ

image

ထူထဲလှပတဲ့ ဆံပင်တွေ လိုချင်ပါသလား...❓❓

အံ့သြစရာကောင်းလောက်အောင် ဆံပင်ထူထဲစေမယ့်ကျန်းမာရေးနဲ့ညီညွတ်တဲ့ သစ်သီး (၆) မျိုးကို ပုံမှန်စားပေးခြင်းဖြင့် ဆံသားကို အာဟာရဖြည့်လိုက်ပါ! 🌟

1️⃣Citrus Fruits အချဉ်သီးများ (သံပုရာ၊ လိမ္မော်) 🍊🍋
လိမ္မော်သီး/သံပုရာသီးတို့မှာ ဗီတာမင် C ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ကော်လာဂျင် (Collagen) ထုတ်လုပ်မှုကို အားပေးပါတယ်။ ကော်လာဂျင်က ဆံသားအတွက် အရေးကြီးတဲ့
ပရိုတင်းတစ်မျိုးဖြစ်ပြီး ဆံသားကို သန်မာအောင် ကူညီပေးပါတယ်။ ဒါ့အပြင် ဗီတာမင် C က သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဦးရေပြား ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။
2️⃣ Guava ( မာလကာသီး)
မာလကာသီးမှာ ဗီတာမင် A နဲ့ C ကြွယ်ဝစွာပါဝင်ပြီး ဦးရေပြားကို အစိုဓာတ်ထိန်းပေးပြီး ခြောက်သွေ့မှုမရှိအောင် ကာကွယ်ပေးတဲ့ သဘာဝအဆီတစ်မျိုးဖြစ်တဲ့ ဆီဘမ် (sebum) ထုတ်လုပ်ရာမှာ ကူညီပေးပါတယ်။မာလကာသီးကို ပုံမှန်စားသုံးခြင်းက ဆံပင်ကို ပိုမိုတောက်ပြောင်၊ သန်စွမ်းလာစေနိုင်ပါတယ်။

3️⃣ Papaya (သင်္ဘောသီး )
ဗီတာမင် A နှင့် အင်ဇိုင်းများပါဝင်ကာ
ထိုအင်ဇိုင်းများသည် ဦးရေပြားပေါ်ရှိ
ဆဲလ်သေများကို သန့်စင်ဖယ်ရှားပေးသည့်အစွမ်းထက်သော အရာများအဖြစ် လုပ်ဆောင်
ပေးပါသည်။ သန့်ရှင်းပြီး ကျန်းမာသော ဦးရေပြားသည် ဆံပင်ကြီးထွားမှုအတွက် အရေးကြီးပါသည်။

4️⃣ Banana (ငှက်ပျောသီး)
ငှက်ပျောသီးမှာ ပိုတက်ဆီယမ် (Potassium)၊ ဗီတာမင် B6 နဲ့ Folic Acid တို့လိုမျိုး အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဒီဓာတ်တွေက ဆံပင်ကျွတ်တာကို လျှော့ချပေးပြီး ဆံပင်သန်စွမ်းစေပါတယ်။ ငှက်ပျောသီးကို ပုံမှန်စားပေးခြင်းဖြင့်ဆံပင်ခြောက်သွေ့တာကို သက်သာစေပါတယ်။

5️⃣ ဘယ်ရီသီးများ (စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ)
ဘယ်ရီသီးအမျိုးမျိုး (ဥပမာ - စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ) မှာ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေပါဝင်ပါတယ်။ ဗီတာမင် C က ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးပြီး antioxidants တွေက ဆံပင်မကောင်းအောင်လုပ်တဲ့ Free Radicals တွေကို တိုက်ထုတ်ပေးပါတယ်။ ဒါကြောင့် ဘယ်ရီသီးတွေက ဆံပင်ကို ပျက်စီးခြင်းကနေ ကာကွယ်ပေးပြီး သန်စွမ်းစေပါတယ်။

6️⃣ ထောပတ်သီး 🥑
ထောပတ်သီးမှာ ဗီတာမင် E နဲ့ ဗီတာမင် C ဓာတ်တွေအများကြီး ပါဝင်ပါတယ်။ ဒီဗီတာမင်တွေက ဆံသားကို ရေဓာတ်ပြည့်ဝစေပြီး အိုမင်းရင့်ရော်တာကို တားဆီးပေးပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာ မပြည့်ဝဆီ (Monounsaturated fat) လိုမျိုး အကျိုးပြုအဆီတွေက ဆံသားကို ကြံ့ခိုင်သန်စွမ်းစေပြီး ဆံပင်နှစ်ခွဖြစ်တာနဲ့ ကျွတ်တာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

💡 အရေးကြီးသောအချက်

ဆံပင်ကျန်းမာဖို့ ဒီသစ်သီးတွေကို ပုံမှန်စားသင့်သည့်အပြင် ပရိုတင်း ၊သံဓာတ်၊ ဇင့်တို့လည်း မျှတစွာ ဖြည့်တင်းဖို့ လိုပါတယ်။ ရေများများသောက်ပြီး စိတ်ဖိစီးမှုကို လျှော့ချကာ အိပ်ရေးဝအောင် လည်းအိပ်ဖို့လိုအပ်ပါတယ်။

💁‍♀️ဒီလိုအာဟာရပြည့်စုံမှုတွေကဆံပင်ကိုကျန်းမာသန်စွမ်းပီးတောက်ပြောင်တဲ့ဆံသားများရရှိစေမှာပါ! ✨

Fresh Fuel By Jasmine
#credit

image
25 ပတ် - ဘာသာပြန်ပါ။

စည်းမရှိတဲ့ မေးခွန်းကို မေးလိုက်တဲ့ မီဒိယာသမားကို ရုန်ရင်းကြမ်းတမ်းတဲ့စကား နဲ့ ဆဲဆို တုံ့ပြန်လိုက်တာက အဆိုတော်သရုပ်ဆောင် လွှမ်းပိူင်ပါဒါကြောင့်ပဲအားလုံးရဲ့ဝေဖန်မှုတွေမြင့်တက်နေတာပါ။အထူး သဖြငိလွမ်းပိုင်ကရိုင်းတယ် လူမြင်ကွင်း မာ ဆဲတယ် လို့ လူတွေ က ဝေဖန်ကြတာ ဖြစ်ပါတယ်ဒါပေမယ့်အနုပညာရှင်တွေအနေနဲ့ သူတို့ရဲ့ဘဝ၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ဖြည့်ဆည်းပေးရသလို၊ မီဒီယာတွေရဲ့ မေးမြန်းမှုတွေကိုလည်း ဖြေကြားပေးရပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ မီဒီယာရဲ့ ကြောင်ဝ ာင်တောင်မေးခွန်းတွေဟာ အနုပညာရှင်တစ်ယောက်ရဲ့ ပုဂ္ဂလိက ဘဝလွတ်လပ်ခွင့်တွေကို ထိခိုက်စေတတ်ပါတယ်။ တစ်ဖက်ကမီဒီယာသမားတွေက မဆင်မခြင် မေးခွန်းတွေကြောင့် ဒေါသဖြစ်လာ တာတေ‌ွ ဖြစ်နိုင်ပါတယ်။ဩဂုတ်လ ၁၃ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ပွဲတစ်ခုမှာ အနုပညာရှင် လွှမ်းပိုင်နဲ့ မီဒီယာသမားတို့ကြား ရန်ဖြစ်ခဲ့ကြတာပါ လွှမ်းပိုင်ဟာ သူပါဝင်သရုပ်ဆောင်ထားတဲ့ "5+1" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး မီဒီယာသမားတစ်ဦးရဲ့ မေးခွန်းကို ဒေါသတကြီးနဲ့ တုံ့ပြန်ခဲ့ပါတယ်။ အဲဒီဇာတ်ကားဟာ ခင်ဝင့်ဝါ၊ မေမီကိုကို၊ ဝင့်ယမုံနိုင်၊ မေလသံစဉ်၊ အာဗြဲစိန်ဆိုတဲ့ မင်းသမီး ၅ ယောက်နဲ့အတူ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်အမည်က"5+1" ဆိုတဲ့အတိုင်း မင်းသမီး ၅ ယောက်၊ မင်းသား ၁ ယောက်ဆိုတဲ့ ပုံစံမျိုးကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ကားကြီးဟာ ရုံမတင်ခင်ကတည်းက ပရိသတ်ကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ဇာတ်ကားတစ်ခုလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး မီဒီယာရဲ့ စိတ်ဝင်စားမှုဟာလည်း မြင့်တက်နေချိန်ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာလွှမ်းပိုင်က ရုပ်ရှင်နဲ့ပတ်သက်ပြီး မီဒီယာတွေကို ရှင်းပြနေခဲ့ပါတယ်။ဒီလိုအချိန်မှာ မီဒီယာသမားတစ်ဦးရဲ့မေးခွန်းဟာ လွှမ်းပိုင်ရဲ့အတိတ်က အချစ်ရေးအကြောင်းအရာကို ဆွဲခေါ်လာခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့အချိန်က နာမည်ကြီးအနုပညာရှင်အမျိုးသမီး ၃ ယောက်နဲ့ ချစ်ရေး၊ ချစ်ရာတွေရှိခဲ့တဲ့ အတိတ်ကို ပြန်ပြောပြပြီး၊ အခု "5+1" ဇာတ်ကားမှာ မင်းသမီး ၅ ယောက်နဲ့အတူ သရုပ်ဆောင်ထားတဲ့အပေါ် "မချော ၃ ယောက်တုန်းက ရင်းနှီးခဲ့ရပြီး၊ အခု ၅ ယောက်တောင်ဖြစ်နေတော့ နိုင်ရဲ့လား" လို့ မေးခွန်းထုတ်ခဲ့တာပါ။ ဒီလိုမျိုးမေးခွန်းက လွှမ်းပိုင်ရဲ့စိတ်ခံစားမှုတွေကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ မီဒီယာရဲ့ရှေ့မှာတင် သူဟာ ဒေါသတကြီးနဲ့ "ဘာစကားပြောတာလဲ၊ မမိုက်ရိုင်းနဲ့၊ ဘာကို မချော ၃ ယောက်လဲ" လို့ ပြန်မေးပြီး ဆဲဆိုခဲ့ပါတယ်။ဒီလိုအခြေအနေမျိုးမှာ လွှမ်းပိုင်ရဲ့ ဒေါသတကြီးတုံ့ပြန်မှုဟာ ပွဲဖြစ်သွားတာပါ လွှမ်းပိုင်အနေနဲ့ အတိတ်က အဖြစ်အပျက်တွေအတွက် အခုလို မေးခွန်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ သူရဲ့စိတ်ခံစားမှုတွေ မတည်မငြိမ်ဖြစ်သွားခဲ့ပါတယ်။ မီဒီယာသမားက "ဒီတိုင်းပဲ စနောက်ပြီးမေးလိုက်တာပါ" လို့ ပြန်ပြောပေမယ့် လွှမ်းပိုင်ရဲ့စိတ်ထဲမှာတော့ ဒေါသအရှိန်က မပြယ်နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့တုံ့ပြန်မှုဟာ အခြားမင်းသမီးတွေရဲ့ သိက္ခာကိုပါ ထိခိုက်စေနိုင်တဲ့အပြင် သူ့ရဲ့ကိုယ်ပိုင်ပုံရိပ်ကိုပါ ထိခိုက်စေခဲ့ပါတယ်။ တကယ်တမ်းမှာတော့ မီဒီယာသမားအနေနဲ့လည်း အခုလို ရိုင်းစိုင်းတဲ့မေးခွန်းမျိုးကို မေးခွင့်မရှိပါဘူး။ အနုပညာရှင်တစ်ယောက်ရဲ့ အတိတ်ဘဝအပေါ် အခုလိုမေးခွန်းမျိုးဟာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်သလိုပါပဲ။ဒီဖြစ်ရပ်အပြီးမှာ လွှမ်းပိုင်ဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အများပြည်သူကို တောင်းပန်စကားဆိုခဲ့ပါတယ်။ သူက "အတိတ်က အမှားတွေအတွက် ပေးဆပ်သင့်သလောက် ပေးဆပ်ပြီးပြီဖြစ်သလို၊ အခုလည်း အားလုံးဟာ ကိုယ်စီဘဝနဲ့ အဆင်ပြေနေကြပြီဖြစ်လို့ ဒီအကြောင်းတွေကြောင့် ဘယ်သူ့ကိုမှ မထိခိုက်စေချင်တော့ဘူး" လို့ ပြောဆိုခဲ့ပါတယ်။ ပရိသတ်တွေကြားမှာလည်း လွှမ်းပိုင်ရဲ့တုံ့ပြန်မှုအပေါ် အမြင်အမျိုးမျိုး ရှိနေပါတယ်။ တချို့က "အနုပညာရှင်တွေနဲ့ တွေ့မှ မီဒီယာတွေအနေနဲ့ သင်ခန်းစာရမယ်" လို့ ပြောဆိုခဲ့ကြသလို၊ တချို့ကလည်း "လွှမ်းပိုင်အနေနဲ့ ဒီလိုမျိုး ဒေါသအလျောက် တုံ့ပြန်တာဟာ မသင့်တော်ဘူး" လို့ ဝေဖန်ခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်ရပ်ဟာ အနုပညာသမားတွေကို မေးခွန်းမေးပြီး ပွဲရှာ နေတဲ့ မီဒီယာသမား နဲ့လဲ ဆိုင်ပါတယ်လွှမ်းပိုင်ရဲ့ရိုးသားတဲ့တောင်းပန်မှုဟာလည်း ပရိသတ်တွေ က လွှမ်းပိုင်ကိုနားလည်စေတာပါ လတ်တလောမှာတော့ လွှမ်းပိုင်က နန်းစုနဲ့ ပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတယ်လို့လည်း သိရပါတယ်။ဒါ့ကြောင့် အနုပညာရှင်တစ်ယောက်ရဲ့ ဘဝဟာ လူတိုင်းနဲ့သက်ဆိုင်တဲ့ အရာမဟုတ်ပါဘူး။ သူ့ရဲ့ပုဂ္ဂလိကဘဝဟာ လွတ်လပ်ခွင့်ရှိတဲ့အတွက် မီဒီယာတွေအနေနဲ့ အနုပညာရှင်တွေရဲ့ ကိုယ်ပိုင်ဘဝအပေါ်မှာ တာဝန်ယူ၊ တာဝန်ခံမှုရှိစွာ ဆက်ဆံသင့်ပါတယ်။ ပရိသတ်တွေကလဲ မီဒီယာသမားကိုဆဲဆိုခဲ့တဲ့ လွှမ်းပိုင်အပေါ်မာ ဘယ်လိုမြင်ကြသလဲဆိုတာပြောသွားကြပါဦး။ #updatenews

image
25 ပတ် - ဘာသာပြန်ပါ။

၂၀၂၅ နှစ်လယ်အထိ"အညစ်ညမ်းဆုံးအာဆီယံနိုင်ငံများ"
မြန်မာနိုင်ငံသည် ညစ်ညမ်းမှုအညွှန်းကိန်း ၈၉.၈ ဖြင့် အညစ်ညမ်းဆုံးနှင့်
စင်္ကာပူနိုင်ငံသည် ညစ်ညမ်းမှု အညွှန်းကိန်း ၃၂.၃ ဖြင့် ညစ်ညမ်းမှုအနည်းဆုံးနိုင်ငံဟု ခန့်မှန်းထားသည်။
ညစ်ညမ်းမှုအညွှန်းကိန်းသည် လေနှင့်ရေညစ်ညမ်းမှု၊ အမှိုက်စွန့်ပစ်မှု၊ သန့်ရှင်းမှု၊ ဆူညံသံနှင့် အလင်းရောင်ညစ်ညမ်းမှု၊ စိမ်းလန်းသောနေရာများ ပိုင်ဆိုင်မှုနှင့် အခြေအနေအရပ်ရပ်ကိုအခြေခံသော ညစ်ညမ်းမှုလျော့နည်းစေမှု စသည့်အချက်များကို ထည့်သွင်းတွက်ချက်ပါသည်။
#crd_to_owner_with_respect

image
25 ပတ် - ဘာသာပြန်ပါ။

တစ်ခါက ပျားတစ်ကောင်နဲ့ ယင်ကောင်တစ်ကောင်ဟာ ပျံသန်းလာရင်း လမ်းမှာတွေ့ဆုံကြတဲ့အခါ ပျားက လမ်းလွှဲသွားတယ်။
ဒါကို ယင်ကောင်က ရိပ်မိတော့ ပျားကိုပြောတယ်။
(ယင်ကောင်)>>>"ဟ့ကောင်ပျားး မင်းက ဘာလို့ ငါ့ကို ယှဉ်မသွားတာလဲ"
(ပျား)>>>"မင်းအနားကို မကပ်ချင်လို့ပေါ့"
(ယင်ကောင်)>>>"ဘာလဲ ငါက နူနေလို့လား"
(ပျား)>>>"မဟုတ်ဘူး၊ ငါတို့ရဲ့သဘာဝက မတူညီလို့ပါ။ မင်းလည်း အတောင်တွေနဲ့ ပျံသန်းတယ်၊ ငါလည်း အတောင်တွေနဲ့ပျံသန်းရတာပါပဲ။ ဒါပေမဲ့ ငါတို့က မိတ်ဆွေတွေ မဖြစ်ထိုက်ဘူး။ ပျားဆိုတဲ့ငါတို့က ပန်းဝတ်ရည်တွေကို ပျားရည်အဖြစ် ပျားအိမ်မှာစုဆောင်းကြတယ်။ မင်းတို့ ယင်ကောင်တွေက အညစ်အကြေးတွေကြားမှာပဲ ပျော်မွေ့ကြတယ်။ ငါတို့ပျားတွေက တစ်ဖြောင့်တည်းပျံသန်းတယ်။ မင်းတို့က တဝဲလည်လည်ပျံသန်းကြတယ်။ ငါတို့ပျားတွေက ကိုယ် စုပ်ယူမယ့်ပန်းခင်းကို တစ်ပတ်ပတ်ပြီးမှ စုပ်ယူတယ်။ မင်းတို့ ယင်ကောင်တွေက အညစ်ကြေးတွေဆီ တစ်ရှိန်ထိုးပျံသွားကြတယ်"
(ယင်ကောင်)>>>"ဒါပေမဲ့ ငါတို့က မင်းတို့လို လူတွေကို အဆိပ်နဲ့မတုံ့ပြန်ပါဘူး"
(ပျား)>>>``ငါတို့အဆိပ်က ငါတို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ်ကာကွယ်ဖို့ သဘာဝကပေးထားတာ။ ငါတို့ပျားတွေက ချွေးနံ့ကိုမုန်းတယ်၊ အညစ်အကြေးတွေကို ရွံတယ်။ တကယ်တော့ မင်းတို့ယင်ကောင်တွေရဲ့ နှုတ်သီးတွေ၊ ခြေလက်တွေကသာ လူတွေကို အန္တရာယ်ဖြစ်စေတာပါ။ မင်းတို့နဲ့ငါတို့ကြားမှာ မတူညီတဲ့ဖြတ်သန်းမှုတွေ၊ မတူညီတဲ့ရပ်တည်မှုတွေရှိတယ်။ "ဒါကြောင့် မင်းလည်း မင်းနှစ်သက်တဲ့ အညစ်အကြေးတွေကြားမှာ ပျော်ပါ၊ ငါလည်း ငါနှစ်သက်တဲ့ သာယာအေးချမ်းခြင်းတွေမှာပဲ ပျော်တော့မယ်"
ဘဝဆိုတဲ့အရိပ်အောက်မှာ တူရာစုကြတယ်ဆိုပေမဲ့ ယင်ကောင်လို အညစ်အကြေးတွေထဲမှာပဲ ပျော်မွေ့တဲ့သူတွေလည်းရှိတယ်။ ပျံသန်းပုံ၊ ရပ်တည်ပုံမတူညီကြတဲ့ဘဝမှာ ကိုယ်က ဘယ်လိုဘဝမျိုးလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်မေးဖို့လိုတယ်
ဒါကြောင့် ကိုယ်နေ့တိုင်းဖြတ်သန်းနေတဲ့ ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းမှာ ခံယူချက်နဲ့ ရပ်တည်ပုံချင်း မတူညီမှုတွေ ရှိနေတတ်ပါတယ်။
ကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်သင့်ဆုံးလဲဆိုတာ ဒီစာဖတ်မိတဲ့ သူတိုင်း ခွဲခြားသိမြင်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။
#crd_to_owner_with_respectvideo

image
25 ပတ် - ဘာသာပြန်ပါ။

တရားထိုင်တဲ့အခါ အတွေးတွေကို ဘယ်လို‌ဖျောက်ရမလဲ အရှင်ဘုရား။
ဝိတက်က တော်တော်တိုက်ဖျက်ရခက်တယ်။ ဝိတက်ကို တိုက်တဲ့အခါမှာ အာနာပါနက အကောင်းဆုံးပဲ။ သို့သော်လည်း အာနာပါန အားထုတ်ရင်းကိုက ဒီဝိတက်ကို မနိုင်နိုင်ဖြစ်နေတယ်။ အဲ့လိုမနိုင်တဲ့အချိန်အခါမှာတော့ ကမ္မဋ္ဌာန်းကို ခဏရပ်ထားလိုက်။ ရပ်ထားပြီးတော့ မိမိရဲ့သေခြင်းတရားလေးကို အများဆုံးဆင်ခြင်ပေးပါ။ မရဏာနုဿတိကမ္မဋ္ဌာန်းကိုပွားရင် အဲဒါက အကျိုးကျေးဇူး သိပ်များတယ်။ တစ်ခါတစ်ရံ ဗုဒ္ဓနုဿတိကမ္မဋ္ဌာန်းဘက်ကို ပြောင်းပေးလိုက်။ စိတ်ကလေးတွေက နည်းနည်း ကြည်လင်လာမယ်နော်။ အကောင်းဆုံးဆင်ခြင်တာကတော့ အဲဒီဝိတက်များရင် အာနာပါနကို အားထုတ်ပါ။
သို့သော် မနိုင်ဘူးဆိုရင်တော့ မရဏာနုဿတိက ပိုကောင်းတယ်။ မိမိသေတဲ့ပုံကို ဉာဏ်ထဲမှာ မြင်အောင်ကြည့်။ တကယ်တမ်းပုပ်ပွလာတဲ့ပုံကို ဉာဏ်ထဲမှာ မြင်အောင်ကြည့်။ အဲဒီသေခြင်းတရားကို ဆင်ခြင်တဲ့အပိုင်းမှာလည်း တစ်ခါတုန်းက ဘုရားရှင်က ရဟန်းတွေကို မေးခွန်းမေးခဲ့ဖူးပါတယ်။ မရဏာနုဿတိကမ္မဋ္ဌာန်းကို သင်ဘယ်လိုပွားသလဲ။ တစ်ပါးက ၇ရက်အတွင်း မသေရရင်တော့ တော်ပြီပေါ့။ ငါ ၇ရက်လောက်ဘုရားတရား အားထုတ်ရရင် တော်ပြီလို့ ဒီလိုနှလုံးသွင်းတယ်။ တစ်ပါးကတော့ တစ်ရက်လောက်၊ နောက်တစ်ပါးကျတော့ တစ်မွန်းတည့်လောက်။ တစ်ပါးကတော့အသက်တစ်ရှူပဲ။ ဒီအသက် တစ်ရှူအတွင်းမှာကိုပဲ ငါမသေပဲနဲ့ ဘုရားတရားလေး နှလုံးသွင်းရရင် တော်ပြီလို့ နှလုံးသွင်းတယ်တဲ့။ အဲဒီလောက်အထိ သေခြင်းတရားကို နီးနီးကပ်ကပ် နှလုံးသွင်းတာကို ဘုရားရှင်က နှစ်သက်တယ်။
ဘုန်းကြီးတို့ပရိသတ် အခု ၉နာရီ ထိုးတော့မယ်။ ၉နာရီကျရင် အကုန်လုံးသေမယ်လို့ နှလုံးသွင်းလိုက်ရင် မနက်ဖြန် ဘာလုပ်မယ်ဆိုတဲ့ စီမံကိန်းတွေကို ဖျက်သိမ်းလို့ မရဘူးလား။ ရသွားတယ်နော်။ ဒါဝိတက်သန့်ရှင်းရေးမှာ သိပ်ကောင်းတယ်နော်။ ဒါကြောင့် ဒီမရဏာနုဿတိလေးကို ခဏခဏ ပွားပေးပါ။ ကိုယ်ပွားတဲ့အခါမှာ ကိုယ်သေနေတာကိုလည်း မြင်အောင်ကြည့်၊ ကိုယ်ချစ်တဲ့သူတွေ သေနေတာကိုလည်း မြင်အောင်ကြည့်။ ချန်တော့မထားနဲ့။
📌 ဖားအောက်ဆရာတော်ဘုရားကြီး
Credit - KHH
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image
25 ပတ် - ဘာသာပြန်ပါ။

Good morning
#donovan#myspace#morning

image

25 ပတ်

ရန်ကုန် တောင်ဥကာလာပမြို့နယ်ထဲမှာရှိတဲ့ ကော်ဖီဆိုင်လှလှလေး☕️
ချစ်စရာဒီကော်ဖီဆိုင်လေးကို
လတိုင်းလိုလိုရောက်ဖြစ်ခဲ့တယ်☕️
တကယ်လည်းဆိုင်အပြင်ဆင်လေးကအစချစ်စရာလေးပါ ဆိုင်တဆိုင်လုံးအစိမ်းရောင်အလှတွေနဲ့လွှမ်းမိုးထားတယ်💚
စိတ်ကိုအေးချမ်းစေတဲ့ Cafe ဆိုင်လေးGreen House Cafe & Lounge 🍃☕️
ဒီဆိုင်ရဲ့decorationတွေလှတာအပြင် ဒီဆိုင်မှာက coffee တွေရော မုန့်တွေရောအရမ်းစားကောင်း၊ အရမ်းကြိုက်တာရော ဒီဆိုင်ကိုလာထိုင်တိုင်းPizzaအမြဲမှာစားဖြစ်တယ် ကြိုက်လဲကြိုက်တယ် ဒီတစ်ခါတော့
တစ်ခါမှမစားဖူးသေးတဲ့Cheesy Quesadillas ပြောင်းစာ:ဖြစ်တယ်😋🤍
ကော်ဖီကောင်းကောင်းရယ်၊မြန်မာ့ရိုးရာအစာ:အစာအပြင် European food ရော Mexican food တွေပါရတယ်နော်
ကော်ဖီဆိုင်လှလှလေးမှာထိုင်ပြီးသာယာတဲ့တေးသီချင်းသံနဲ့အတူ သူငယ်ချင်းတွေနဲ့ဒီဆိုင်မှာလာChillကြည့်ဖို့ recommendပေးတယ်❤️
ချစ်သူ၊ခင်သူတွေနဲ့အတူဒီဆိုင်မှာဒိတ်လို့အကောင်းဆုံးနေရာလေး🍀
☕️ကော်ဖီဆိုင်ထဲမှာ Chill ရင်း ဓာတ်ပုံလေးတွေရို၊က်ကြမယ်
☕️ကော်ဖီ၊ ‌အအေး နဲ့ တွဲစားစရာ တွေလည်းရတယ် ဒါတင်မကဘဲ နေ့လယ်ထမင်းစာ:ချိန်ရောက်လာရင်လည်း အဆင်ပြေမယ့် menu လေးတွေကိုရှိပါတယ်
ဆိုင်လေးက နှစ်ထပ်ဆိုင်လေးပါအပေါ်ထပ်အောက်ထပ်ဆိုပြီးရှိတယ်
အောက်ထပ်အဝင်ဝလေးမှာ ချစ်စရာစာပွဲခုံလေးတွေနဲ့ ကော်ဖီလာသောက်သူတွေအတွက်တော့ဓာတ်ဖမ်:လို့ကောင်းတဲ့နေရာလေးပေါ့📷
❤️ဝန်ဆောင်မှုပိုင်းမှာလည်း ဝန်ထမ်းတွေက အပြုံးပြုံးချိုချိုလေးတွေနဲ့ဖော်ရွေကြတယ်
🍃မင်မင်သွားထိုင်ခဲ့တဲ့ဆိုင်မို့
တစ်ခါလောက်တော့လာထိုင်ကြည့်နော်❤️
ဆိုင်လိပ်စာ - ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်၊ အမှတ် (593)၊ (5) ရပ်ကွက်၊ သုမင်္ဂလာလမ်းမကြီး။
⏰ Opening Hours: 9am - 10pm
📞 For Reservations : 09 944 222 666

imageimage
+12

26 ပတ်

အိပ်မပျော်သူများအတွက် ပူစီနံရွက်
အိပ်မပျော်တဲ့ မိတ်ဆွေများအတွက် ကျွန်မလုပ်နေကျဆေးနည်းလေး ပေးပါရစေ။
အိပ်ဆေးသောက်အိပ်ခြင်းဟာ ရေရှည်မှာ မကောင်းပါဘူး။ ဒီနိုင်ငံမှာဆို အိပ်ဆေး လုံးဝ မပေးပါဘူး။ အရင်ကတော့ နွားနို့ပူပူလေးကို မအိပ်ခင် နာရီဝက်လောက်အလိုမှာ သောက်လိုက်ပြီးမှ အိပ်ရင် အိပ်ပျော်တယ်ဆိုလို့ သောက်ကြည့်ပါတယ်။ မဆိုးပါဘူး။ ဒါပေမယ့် နွားနို့သိပ်မကြိုက်တတ်တဲ့ ကျွန်မအတွက် သိပ်အဆင်မပြေပါဘူး။
ဒါနဲ့ အညာမှာနေတဲ့ မွေးသမိခင်ကို မေးရတော့တာပေါ့။ သမီးရေ အိပ်မပျော်ရင် ရေနွေးထဲကို ပူတီနာအရွက် ၅ ရွက် ၆ ရွက်ကို ထည့်ပြီး ခပ်နွေးနွေးလေး အနေအထားရောက်ရင် သောက်ပြီး အိပ်ယာထဲ ဝင်လိုက်ပါတဲ့။ ခဏနေရင် အိပ်ပျော်သွားလိုက်မယ်တဲ့။
တကယ်ကို အဟုတ် အိပ်ဆေးကောင်းလေးပါ။ အခုတော့အိမ်မှာ ပူတီနာကို အခင်းဖြစ်အောင်စိုက်ထား လိုက်ပါတော့တယ်။ သြော် နောက်တစ်ခုက ပူတီနာ အရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်းကျစေပါတယ်တဲ့။
🥰 ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်တဲ့။
မိတ်ဆွေများ လိုသလို အသုံးပြုနိုင်ကြပါစေ.....
အိန္ဒိယ အစားအစာတွေထဲမှာရော အတို့အမြုပ် အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံ စားရုံနဲ့ လေ့ကျင့်ခန်းတွေ ထူးထူး ထွေထွေ သိပ်လုပ်စရာ မလိုပဲ ကိုယ်အလေးချိန် ကောင်းကောင်း လျော့ချနိင်ပါတယ်။ ပူစီနံက သင့်ကို ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေ ဖြစ်စေပါသလဲ။
(၁) အစာကြေစေတယ်
- ခံတွင်းကိုလည်း ရှင်းစေတယ်၊ အစာကိုလည်း ကြေစေတယ်၊ အစာမာ စားတာ များရင်၊ ဒါမှမဟုတ် အစာမကြေ ဖြစ်နေရင် ပူစီနံ နည်းနည်းလောက် စားပေးရုံနဲ့ အစောကြေ အဆင်ပြေစေပါလိမ့်မယ်။
(၂) အာရုံကြော အားကောင်းစေတယ်၊ ခေါင်းကိုက်ပျောက်ကင်းစေတယ်
- ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက အာရုံကြော အားကောင်းစေတာ တွေ့ရသလို ခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ် ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ပျေက်ကင်းစေတာ တွေ့ရပါတယ်။
(၃) ချွဲကျစေတယ်၊ ချောင်းဆိုးပျောက်စေတယ်
- ချောင်းဆိုးပျောက်ဆေး အများစုမှာ ပူစီနံရဲ့ ဓါတ်ကို ထည့်သွင်း ထုတ်လုပ်ထားတာ တွေ့နိုင်သလို အနည်းငယ် ပူရှိန်တဲ့ ဓါတ်ကြောင့် ချွဲကျစေသလို ချောင်းဆိုလည်း ပျောက်ကင်းစေတာ တွေ့ရပါတယ်။
(၄) ပန်းနာရင်ကျပ်လည်း သက်သာစေနိုင်တယ်
- အများဆုံးသော ပန်းနာရင်ကျပ် သမားတွေရဲ့ လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်က ပူစီနံပါ၊ လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။
(၅) မိခင်များ နို့ထွက်ကောင်းစေတယ်
- နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်း ပူစီနံ အနည်းငယ် ပုံမှန် စားသုံးပေးသင့်ပါတယ်။ နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။
(၆) အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်
- ပူစီနံရွက်ထဲမှာ ပါရှိတဲ့ ပူရှိန်တဲ့ ဓါတ်ဟာ သွေးထဲက အဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
(၇) အသားရေစိုပြေစေတယ်
- အရွယ်ကို ပုံမှန် စားသုံးပေးခြင်းက အရေပြားကို စိုစွတ် အေးမြစေတယ်၊ စိုပြေစေတယ်၊ နေပူဒဏ် ခံနိုင်စေတယ်၊ ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြား လိမ်းဆေးတွေက အရေပြား ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
(၈) သတိမေ့ခြင်းကို သက်သာစေနိုင်တယ်
- အသက်အရွယ် ကြီးမားလာခြင်း အတွက်ရော စိတ်ဖိစီးမှု များခြင်းကြောင့် သတိမေ့ခြင်းကို ပူစီနံက ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာ တွေ့ရပါတယ်။
(၉) ကိုယ်အလေးချိန် မှန်စေတယ်
- အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ၊ အ၀လွန်နေသူတွေကိုလည်း သွေးထဲက အဆီတွေဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။
(၁၀) ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်တယ်
- အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်တာ မဟုတ်ပေမယ့် နောက်ဆုံး လေ့လာတွေ့ရှိချက်တွေ အရတော့ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေ ဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓါတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာတွေ့ရပါတယ်

image