15 ပတ် - ဘာသာပြန်ပါ။

TERRIFIER 2 | Bloodbath at the Clown Cafe (2022) Movie CLIP HD

မိမိမှာ စု ချင်သော်လည်း မှ- န်ထဲက က ၊ မ က အာ: နေ အင်္ကျီ ပဲ ဝ- ယ်ချင်နေသောအခါ

image
15 ပတ် - ဘာသာပြန်ပါ။ - Youtube

The Mime 4 | Short Horror Film

ဖုန်းအာ: သွ- င်းနေချိန်ဆို ဘာလု- ပ်လ`
Me :

image

နင်ဘယ်လော- က် အ ပျ- င်: ကြီ: လဲ ?
Me :

image
15 ပတ် - ဘာသာပြန်ပါ။ - Youtube

Charlie Charlie | Short Horror Film

ဒီ အပင်ကိုရှာနေတာ ၃ နှစ် ၃ မိုး ရှိပါပေါ့…။
ဇီးပင်ပေါ်မှာသာ ပေါက်တဲ့ရွှေနွယ်ရိုး ပင်လေး ထခုန်မိပါသေး...

အပင်ကို ၃ ခွက် ၁ ခွက်တင်ကျိူသောက်ရင်ဗိုက်ကြီးပူ ပြီးရေတွေ စုတ်ထုတ်နေရတဲ့တနေ့ တသိန်းလောက်ကုန်ပြီး ဆရာဝန်တွေလက်လျှော့နေရတဲ့ ရောဂါ ရေဖျဉ်းရောဂါ ပျောက်ပါတယ်

ဆီးချိူ သွေးချိူ နဲ့ ကင်ဆာ ရောဂါ ပျောက်ပါတယ် အားလုံး ကျန်းမာ ချမ်းသာကြပါစေ…။

ဂုဏ်နှင့်စွမ်းရည်
၎င်းဆေးရွှေနွယ်သည် ချို၏ ။ ထက်မြက်၏။ သည်းခြေနှင့်စပ်လျဉ်းသော ရောဂါများကို နိုင်နင်း၏..။

#ရောဂါအလိုက်အသုံးပြုပုံ
အသည်းရောင်ခြင်း/ အသည်းကြီးခြင်း/အသည်းမာကြောကြမ်းတမ်းခြင်းတို့အတွက်၎င်းဆေးရွှေနွယ်ကို ပြုတ်၍ သောက်ခြင်း။
ဝမ်းဗိုက်ကို လိမ်းပေးခြင်း ပြုလုပ်မူ အထက်ပါရောဂါများ ပျောက်ကင်း၏။
အသည်းအားနည်း/အားပျော့ခြင်းအတွက် ၎င်းရွှေနွယ်ကို ပြုတ်၍ ၎င်းပြုတ်ရည်သက်သက်ကို၎င်း ။ အခြားဆေးဘက်များနှင့်၎င်းသောက်မူ အသည်းကို များစွာအားပေး၏။

# သွေးဖောက်ပြန်ရောဂါ
၎င်းဆေးရွှေနွယ် ၅-ကျပ် ။ တွင်းနက်ကတိုးမြစ် ၅-ကျပ် ။ ရေ ၆၀-ကျပ်သားနှင့် ထက်ဝက်ခန်းအောင် ကျို၍ ၎င်းဆေးတွင် ပျားရည်သင့်တော်ရုံစပ်၍
တခွက်စာ ကြွေဇွန်းကြီး ၃-ဇွန်းမျှ တနေ့ ၃-ကြိမ်သောက်ပါမူ သွေးဖောက်ပြန်သောရောဂါများ ပျောက်ကင်း၏။

# ဝမ်းရောင် ဝမ်းကြောတင်းရောဂါ
ဝမ်းရောင် ဝမ်းကြောတင်း အစာမကြေ လေချဉ်တက်ခြင်းဖြစ်မူ ၎င်းဆေးရွှေနွယ်ကို ကျက်ကျက်ကျို၍ ဝမ်းဗိုက်ကို လိမ်းပေးမူ ဖော်ပြပါရောဂါများနှင့်တကွ ဝမ်းဗိုက်နာကျင်ခြင်းများ ပျောက်ကင်း၏။

# မကျက်နိုင်သောအနာဟောင်းများ
ဆေးရွှေနွယ်မှုန့် ချင်းခြောက်မှုန့် ၂-မျိုး ဆတူပြုပြီးလျှင် ထောပတ်နှင့်ဖျော်၍ အနာအို အနာဟောင်းများသို့ လိမ်းပေးမူ အသားနုများတက်၍ အနာများအကျက်မြန်လိမ့်မည်။

# ယားနာမျိုးစုံ
၎င်းဆေးရွှေနွယ်ကို ညက်စွာကြိတ်၍ ရေနှင့်မပျစ်မကျဲ ဖျော်၍ ယားနာများကို လိမ်းပေးမူ မြန်စွာပျောက်ကင်း၏။

# အရေပြားလိမ်းဆေး
အရေပြားရောဂါများ အခြားအတွင်းဆေးများစားသော်၎င်း။ မစားသော်၎င်း အဆိုပါရွှေနွယ်ကို ပြုတ်၍ ရေချိုးပေးခြင်း လူးပေးလိမ်းပေးခြင်း ပြုလုပ်ပါမူ များစွာအကျိုးရှိ၏။

# ရေငတ်ရောဂါ
အဖျားအားကြီး၍ ရေငတ်ခြင်း ကျောက် ဝက်သက်စသောရောဂါ ဝမ်းရောဂါဖြစ်၍၎င်း ရိုးရိုးရေငတ်ရောဂါများကို၎င်း ရွှေနွယ်ကို ပြုတ်၍ ရေသဘောသောက်မူ ရေငတ်ရောဂါများ ပျောက်ကင်း၏။

# သွေးဆိုးပွားရောဂါ
သွေးသားမစင်ကြယ်ခြင်း ယားယံခြင်းတို့အတွက် ရွှေနွယ်ကို ကျို၍သောက်မူ သွေးသားစင်ကြယ်စေ၏။

# ဝမ်းဗိုက်ထိုးကျင်ခြင်း
အောက်သို့ လေမစုန်ဘဲ ဝမ်းဗိုက်တင်းကြပ်နာကျင်မူ ရွှေနွယ်ကိုကျို၍ ဝမ်းဗိုက်တွင် လိမ်းပေး၍ အဝတ်နှင့်ပတ်ထားမူ အောက်သို့လေစုန်၍ ဝမ်းဗိုက်နာခြင်း ပျောက်ကင်း၏။

Credit Original Write
#crd

image

🌿 မာလကာရွက် ရဲ့အသုံးဝင်ပုံ ( ၁ရ ) ချက်

၁။ ခန္ဓာကိုယ်ရဲ့အလေးချိန်ကို လျော့နည်းစေပါတယ်။ လက်ဖက်ခြောက်လို ခတ်သောက်လို့ရတဲ့ မာလကာရွက် ရေနွေးကြမ်းက အစာ ခဏခဏစားချင်တဲ့စိတ်ကို အဓိက ထိန်းပေးလို့ ကိုယ်အလေးချိန် လျှော့ချချင်တဲ့သူတွေအတွက်တော့ အထူးသင့်လျော်ပါတယ်။

၂။ မာလကာရွက် ခတ်ထားတဲ့ ရေနွေးကြမ်းကို ပုံမှန် သောက်သုံးပေးခြင်းအားဖြင့် ဆီးချိုဝေဒနာကို သက်သာစေပါတယ်။

၃။ အဲဒီမာလကာရွက် ရေနွေးကြမ်းက သင့်ရဲ့ ကိုလက်စထရော (cholesterol) ကျစေဖို့အတွက် အထောက်အကူ ပြုပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေကိုပဲ ဖယ်ထုတ်တာဖြစ်ပြီး အကျိုးပြုတဲ့ ကိုလက်စထရောတွေကိုတော့ ကောင်းကောင်း ချန်ထားပါတယ်။

၄။ မာလကာရွက် ရေနွေးကြမ်းက ဝမ်းပျက် ဝမ်းလေှျာနဲ့ ဝမ်းကိုက်ရောဂါတွေကိုလည်း သက်သာစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မာလကာရွက်ဟာ မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

၅။ ထိုနည်းတူစွာ ၄င်းရေနွေးကြမ်းက အစာအိမ်အောင့်ခြင်းနဲ့ အစာ အဆိပ်သင့်ခြင်း စတာတွေကိုလည်း သက်သာစေပါတယ်။

၆။ မာလကာရွက်ကို စားခြင်းဖြင့် လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေကိုလည်း ပျောက်ကင်း စေနိုင်ပါတယ်။

၇။ မာလကာရွက်ကို ၀ါးစားပေးရင် ခံတွင်းနာခြင်း ၊ သွားဖုံးရောင်ခြင်း ၊ သွားကိုက်ခြင်းတွေကိုလည်း သက်သာစေပါတယ်။

၈။ မာလကာရွက် ရေနွေးကြမ်းက သာမန်အဖျားရောဂါတွေကိုလည်း ကုသနိုင်ပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ မာလကာရွက် ကိုးရွက်ခန့်ကို ရေငါးခွက်စာထဲမှာ ထည့်ပြုတ်ပြီးတော့ သောက်ပါက အအေးမိ ဖျားနာ ကူးစက်ခြင်းကိုလည်း သက်သာစေပါတယ်။

၉။ ဒါအပြင် မာလကာရွက် ရေနွေးကြမ်းက ယောကျ်ားလေးအတွက် အရေးကြီးတဲ့ ယောကျာ်းအားကိုလည်း တိုးပွားစေပါတယ်။

၁ဝ။ ထိခိုက်ရှနာပွန်းပဲ့ ဒဏ်ရာတွေ အပေါ်မှာလည်း မာလကာရွက်ကို ချေပြီးအုံလိုက်ရင် မကြာမီ သိသိသာသာ ပျောက်ကင်းသက်သာသွားစေပါတယ်။

၁၁။ ပိုးကြောင့်ဖြစ်တဲ့ နားရောဂါများကိုလည်း အအေးခံထားတဲ့ မာလကာရွက် ရေနွေးကြမ်းနဲ့ နားထဲကို အစက်ချ ပေးလိုက်လျှင် သက်သာသွားစေပါတယ်။

၁၂။ ဓာတ်မတည့်လို့ ဖြစ်တဲ့ အရေပြား ယားနာတာတွေကိုလည်း မာလကာရွက် ချေပြီးတော့ အုံရင် များစွာ သက်သာစေပါတယ်။

၁၃။ ချေထားတဲ့ မာလကာရွက်ကလည်း ပိုးကောင် ကိုက်ထားတဲ့ အဖုအပိမ့်တွေ၊ အနာတွေကို ကောင်းကောင်း သက်သာစေပါတယ်။

၁၄။ ဒါအပြင် မာလကာရွက်ကို ညက်အောင်ထောင်းပြီးတော့ ၀က်ခြံဖုတွေ အပေါ်မှာ အုံပေးလိုက်ရင် ၀က်ခြံဖြစ်နေတာတွေ ပျောက်ကင်းစေနိုင်ပါတယ်။

၁၅။ မျက်နှာမှာ တကယ်လို့ အမည်းစက်တွေ ဖြစ်နေရင် မာလကာရွက်ကို ရေအနည်းငယ် ရောကာ ညက်အောင် ထောင်းပြီးတော့ ရလာတဲ့ အရည်နဲ့ မျက်နှာကို ချေးချှတ်နိုင်ပါတယ်။

၁၆။ အထက်ပါ အရည်ကိုလည်း မျက်နှာ ပေါင်းတင်ပေးရင် အိုမင်းရင့်ရော်မှုကို အထိုက်အလျောက် ကောင်းကောင်း တားဆီးပေးနိုင်ပါတယ်။

၁၇။ ရေထဲ ထည့်ပြုတ်ထားတဲ့ မာလကာရွက်တွေကို အအေးခံပြီးတော့ ဦးရေပြားမှာ ပွတ်ချေနှိပ်နယ် ပေးခြင်းဖြင့်လည်း ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်ပါတယ်။
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

Credit original writter
#crd

image

🎋 "အညာမှာတော့ ထန်းနိူ့ချောင်း အရမ်းပေါ၏ မသုံးတတ်လို့မသိတာ"

ကျနော်ခပ်ငယ်ငယ်က ကျနော့တူမလေးတစ်ယောက် ထိပ်ကပ်နာ လို့ခေါ်တဲ့နှာခေါင်းထိပ်ပိတ်နှာစေးနှာပိတ်ဝေဒနာကိုတော်တော်ပြင်းပြင်းထန်ထန်ခံစားရပါတယ်။

ကြာလာတော့ အနံ့အသက်ပါထွက်လာတယ်။ သူ့ဝေဒနာနောက်ဆုံး အရှင်းပျောက်ခဲ့တာတော့ ပုံမှာပြထားတဲ့ ထန်းနို့ခြောက်(ထနို့ခြောက်)ရှုပေးတာ သုံးလေးရက်အတွင်းမှာလုံးဝပျောက်သွားခဲ့ပါတယ်။

ပြုလုပ်ပုံကတော့...

ပုံမှာပြထားတဲ့ ထနိ့ခြောက်ကိုအမှုန့်ဖြစ်အောင်ထောင်းရပါတယ်။ အဲ့ဒီနောက် ဆေးပေါ့လိပ်တစ်လိပ်ကိုထိပ်ဖွင့်ပြီး အတွင်းက ဆေးသားများကုန်စင်အောင်ထုတ်ပါ။ ထနို့ခြောက်မှုန့်ကိုပြန်ထည့်ပြီး ဆေးပေါ့လိပ်ဖွာသလို ဖွာပြီးနှာခေါင်းထဲမှအငွေ့ပြန်ထုတ်ရပါတယ်။
ဆေးလိပ်သောက်သလိုရှိုက်ဖို့မလိုပါ အငွေ့နှာခေါင်းထဲမှပြန်ထုတ်ရင်ရပါပြီ။ ကျနော့ဖရင်းထဲက ကလေးမတစ်ယောက် ထိပ်ကပ်နာဖြစ်ပြီး အသက်ရှုလမ်းကြောင်းပိတ်ကာ ခွဲစိတ်ရမယ်ပြောလို့ ကျနော်ဒီနည်းလေးပေးလိုက်တာ ၁ရက်ထဲမှာပဲ ပိတ်ဆို့နေတဲ့အစိုင်အခဲတွေ အရည်ပျော်ကျပြီး အသက်ရှုရလွယ်ကူသွားပြီဖြစ်ပါတယ် လေးငါးရက်ဆက်တိုက်လုပ်ပါက လုံးဝပျောက်ကင်းတာလက်တွေ့မို့ လက်တို့လိုက်ခြင်းဖြစ်ပါတယ်။
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

Credit original writter
#crd

image
15 ပတ် - ဘာသာပြန်ပါ။ - Youtube

ယောင်လို့တောင်မစသင့်တဲ့သူကို စမိသောအခါ... 😱👻