15 w - Translate

💡အကျော့တခုရဲ့ နောက်ဆုံး ၃ ကြိမ်ကို မျက်နာမပျက်နေဘဲ တည်တည်ငြိမ်ငြိမ်လှလှလေးနဲ့ လုပ်နိုင်နေတယ်ဆိုရင် အလေးတိုးဖို့ လိုနေပါပြီ။
🏋🏽 ကြွက်သားအုပ်စုတခုကို တပတ်မှာ နှစ်ကြိမ် လေ့ကျင့်ပါ။
🍗🥩၄ နာရီတခါ အသားဓါတ် ၂၅ ဂရမ်ဝန်းကျင်စားပေးပါ။
🍳 အသားဓါတ်က ကြွက်သားတည်ဆောက်ပေမယ့်
🍠 ကစီဓါတ်က အလေး heavy မ ဖို့ ခွန်အားဖြစ်စေပါတယ်။
🏋🏼‍♀️ ၁၂ ကြိမ်ထိ ပုံစံမှန်မှန်လုပ်နိုင်ပြီဆိုရင် ၆ ကြိမ်ကနေ ၈ ကြိမ်အတွင်းပဲ မ နိုင်မယ့်အလေးဝန်ကို တိုးပါ။
🛌 မိနစ် ၃၀ ပိုအိပ်လိုက်ခြင်းက
🏋🏿‍♂️ မိနစ် ၃၀ လေ့ကျင့်ခန်း ပိုလုပ်ခြင်းထက်
💪🏾 ကြွက်သားတည်တောက်ဖို့ကို ပိုပြီး အထောက်ကူ ဖြစ်စေပါတယ်။
❌ ခန္ဓာကိုယ် နာကျင်ကိုက်ခဲနေတိုင်းကြွက်သားတည်ဆောက်နေတာ မဟုတ်ပါဘူး။
✅ ပိုသန်မာလာပြီး အလေးဝန်ပိုတိုးနိုင်လာတာက ကြွက်သားတည်ဆောက်စေတာပါ။
💧ကြွက်သားမှာ ရေဓါတ်က ၇၅% ဖြစ်ပါတယ်။ ရေလုံလောက်အောင်သောက်ပါ။
📍အသားဓါတ်လုံလုံလောက်လောက်စားနေရင် bcaa သောက်တာက ပိုက်ဆံဖြုန်းနေတာပါပဲ။
✅ Creatine သောက်ခြင်းက ပိုက်ဆံဖြုန်းတာ မဟုတ်ပါဘူး။ ကြွက်သားတည်ဆောက်ဖို့ သုတေသန အများဆုံးလုပ်ထားတဲ့ ဖြည့်စွက်စာ တခု ဖြစ်ပါတယ် 💯
🥃🍺အရက် ဘီယာ က recovery ကို ပိုကြန့်ကြာစေပါတယ်။ ကြွက်သားတည်ဆောက်ဖို့ တကယ် serious ဖြစ်တယ်ဆိုရင် ဖြတ်လိုက်ပါ ဒါမှ မဟုတ် လျှော့ချလိုက်ပါ။
📆 ၂၀၂၅ ခုနှစ်ရောက်နေတာမှန်ပေမယ့်လည်း gym ထဲမှာ နေရာကွက်ကြား အဆီချလို့မရပါဘူး။
🙅🏽‍♂️ နေရာကွက်ကြား အဆီချဖို့ ကြိုးစားမနေပါနဲ့တော့။
✅ တကျော့နဲ့ တကျော့ကြား ၂ မိနစ်ကနေ ၃ မိနစ်ထိနားတာက ကြွက်သားတည်ဆောက်ဖို့ကို ပိုပြီးအထောက်ကူဖြစ်စေပါတယ်။
➰ Isolation လေ့ကျင့်ခန်းတွေကို နောက်မှ လုပ်ပါ။ (လက်မောင် အရှေ့၊အနောက်၊ ပခုံးဘေး.. စသဖြင့်)

15 w - Translate

အိပ်စက်ခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်း ဆက်နွယ်မှု
အိပ်မပျော်ရင် ကိုယ်အလေးချိန် ဘယ်တော့မှ မကျဘူး
ဘာကြောင့်လဲဆိုတော့ Raptin Hormone ကြောင့်ပဲ။
-Raptin=နှစ်ခြိုက်စွာ အိပ်ပျော်ချိန်မှာသာ ထွက်တဲ့ အသစ်ရှာဖွေတွေ့ရှိသော ဟော်မုန်း
-ဗိုက်ဆာတာကို လျော့ချပေးနိုင်တယ်၊ အစာချေခြင်းကိုနှေးကွေးစေတယ်၊ အဆီလောင်ကျွမ်းမှုကို ပုံမှန်ထိန်းပေးတယ်
-ဦးနှောက်ရဲ့ hypothalamus နှင့် အစာအိမ်ကို သက်ရောက်
နိုင်ပီး၊အစားအစာ တောင့်တမှုကို လျှော့ချပေးနိုင်တယ်
-အရေးကြီးတဲ့ metabolism signaling (PI3K-AKT pathway) ကို activate လုပ်ပေးတယ်
-အအိပ်နည်း = Raptin နည်း = အမြဲဗိုက်ဆာ + အဆီပိုစု
လိုတိုရှင်းပြောရရင် အအိပ်က ဇိမ်ခံတာမဟုတ်ပါ။ metabolism အတွက် မဖြစ်မနေ လိုအပ်ချက်တစ်ခုပါ။**
လက်တွေ့အကြံပြုချက်များ-
- တစ်နေ့လျှင် အနည်းဆုံး ရ-၉ နာရီ အိပ်ပါ
- အိပ်ချိန် ပုံမှန်ထားပါ
- အိပ်ရာဝင်မီ ၂ နာရီအရင် အစာမစားပါနဲ့တော့
- အိပ်ခန်းကို မှောင်မိုက်အေးမြအောင် လုပ်ထားနိုင်ရင်
ပိုကောင်းတယ်။

15 w - Translate

အိပ်မပျော်ခြင်း = ဇီဝဖြစ်စဉ်ရောဂါစုံ
အားနေရင် အိပ်ဖို့ဘာလို့ပြောနေလဲသိချင်ရင် ဆက်ဖတ်ပါဗျာ။
ကိုယ်တွင်း စွမ်းအင်ထုတ်လုပ်မှု ပျက်စီးခြင်း
- ATP ထုတ်လုပ်မှု လျှော့နည်းခြင်း၊ အာရုံစိုက်မှု၊ သိမြင်မှု ကျဆင်းခြင်း
- Mitochondria ပျက်စီးခြင်း၊ ROS တိုးခြင်း၊ ဆဲလ်တွေ ပျက်စီးခြင်း
ဂလူးကို့စ် ဇီဝြဖစ်စဉ် ရှုပ်ထွေးခြင်း
- တစ်ညလောက် အိပ်ရေးပျက်ရင်၊တစ်ကိုယ်လုံး အင်ဆူလင်ခံနိုင်မှု ကျဆင်းခြင်း
- ဂလူးကို့စ် ဆဲလ်တွင်းသို့ မဝင်နိုင်ခြင်း၊ စွမ်းအင်မရှိခြင်း
- အထူးသဖြင့် ဦးနှောက်ဆဲလ်များ အပေါ် ပြင်းထန်သက်ရောက်မှု
ကြွက်သားအပေါ် သက်ရောက်မှုများ
ပရိုတင်းဖွဲ့စည်းမှု ပျက်စီးခြင်း-
- ကြွက်သားများ ကျုံလှီခြင်း (Atrophy)
- ခွန်အား လျှော့နည်းခြင်း
- Mitochondria ပျက်စီးခြင်း
အဆီဇီဝဖြစ်စဉ် ရှုပ်ထွေးမှုများ-
အဆီဆဲလ်များ (Adipocytes) တွင်
- အင်ဆူလင်ခံနိုင်မှု ကျဆင်းခြင်း
- ဂလူးကို့စ်နှင့် fatty acids များ မစုပ်ယူနိုင်ခြင်း
- သွေးတွင် အဆီများ ပိုလျှံခြင်း
- နှလုံး၊ ကြွက်သား၊ အသည်းတွင် အဆီစုပုံခြင်း
Circadian Rhythm ပျက်စီးမှုများ
- ကိုယ်အလေးချိန် တိုးခြင်း
- အင်ဆူလင်နှင့် လက်ပ်တင် ပမာဏ မြင့်တက်ခြင်း
- ဦးနှောက်ကွန်နက်ရှင်များ ပြောင်းလဲခြင်း
- စိတ်ကျန်းမာရေး ကျဆင်းခြင်း
ဖြစ်နိုင်ခြေရှိသော ရောဂါများ
- ဆီးချိုရောဂါ
- နှလုံးသွေးကြောရောဂါများ
- အာရုံကြောပျက်စီးမှုရောဂါများ
- နာတာရှည် နာကျင်မှုများ
သတိပြုရမဲ့ကိန်းဂဏာန်းများ-
အရွယ်ရောက်ပီးသူများ၏ ၁/၃ ပုံခန့်သည် နှစ်ခြိုက်စွာမအိပ်ပျော်ခြင်း ခံစားနေရပြီး၊ ဤအချက်သည် **အားကစားစွမ်းဆောင်ရည်၊မတော်တဆ ဒဏ်ရာရနိုင်ချေ ကာကွယ်မှု၊ ပြန်လည်ကုသမှုမှ စ၍
အထွေထွေ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။
Sleep Quality ခေါ် အိပ်စက်မှု အရည်အသွေးသည် ကြွက်သား၊ ဦးနောက်၊ ဇီဝဖြစ်စဉ် အားလုံးအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး၊ ကျန်းမာရေးဦးစားပေး အချက်များတွင် ထိပ်ဆုံးတွင် ထားသင့်ပါသည်။

15 w - Translate

သင့်ရဲ့ ကျန်းမာကြံ့ခိုင်မှုကို အကဲဖြတ်နိုင်မဲ့ နည်းလမ်း ၃၀
သင်ဘယ်နှခုလုပ်နိုင်ပီလဲ ဆန်းစစ်ကြည့်ပါ
နှလုံးနှင့် အဆုတ်ကျန်းမာရေး
1. အသက်ရှူခြင်းကိုထိန်းထားခြင်း
၁၀-၃၀ စက္ကန့် ကြာအောင် အသက်အောင့်ထားနိုင်ရင်
2. ခပ်သွက်သွက် လမ်းလျှောက်ခြင်း
မိနစ် ၃၀-လောက်ခပ်သွက်သွက် လမ်းလျှောက်နိုင်ရင်
3. Jogging
၁၅ မိနစ် ဆက်တိုက် jogging ပြေးနိုင်ရင်၊
11. ရေကူးခြင်း
မီတာ ၅၀၀ မရပ်ဘဲ ရေကူးနိုင်ရင်၊
12. စက်ဘီးနင်းခြင်း
အလယ်အလတ်အရှိန်နဲ့ တစ်နာရီ စက်ဘီးနင်းနိုင်ရင်၊
16. ၁-မိုင်ပြေးခြင်း
တစ်မိုင်ကို ၈ မိနစ်အောက်တွင် ပြေးနိုင်ရင်၊
ခန္ဓာကိုယ် အပေါ်ပိုင်းခွန်အား
3. Push-ups (ဒိုက်ထိုး)လေ့ကျင့်ခန်း
တရစပ် push-up အချက် ၂၀ လုပ်နိုင်ရင်၊
13. Pull-ups (တန်းခို)လေ့ကျင့်ခန်း
Pull-up ၁၀ ချက် လုပ်နိုင်ရင်၊
23. Tricep Dips လေ့ကျင့်ခန်း
tricep dip ၁၀ ချက် လုပ်နိုင်ရင်၊ fine
26. Chin-ups လေ့ကျင့်ခန်း
Chin-up ၁၀ ချက် လုပ်နိုင်ရင်၊ အပေါ်ပိုင်း ကြွက်သားအား ကောင်းမွန်
အောက်ပိုင်းခွန်အား
5. လှေကားတက်ခြင်း
မနားဘဲ လှေကားထစ် လေးဆယ်လောက် တက်နိုင်ရင်၊
9. Squat လေ့ကျင့်ခန်း
body weight squat အချက် ၂၀ လုပ်နိုင်ရင်၊
14. Wall Sit လေ့ကျင့်ခန်း
Wall sit ကို ၉၀ စက္ကန့်ထိန်းနိုင်ရင်
19. Lunges လေ့ကျင့်ခန်း
ခြေထောက်တစ်ဖက်စီ lunge ၁၅ ချက် မယိမ်းယိုင်ဘဲ လုပ်နိုင်ရင်၊
25. Calf Raises လေ့ကျင့်ခန်း
calf raise အချက် ၂၀ လုပ်နိုင်ရင်၊
28. Squat Jumps လေ့ကျင့်ခန်း
Squat jump ကို ၁၅ စက္ကန့် ဆက်တိုက်လုပ်နိုင်ရင်၊ explosive power ok
30. Box Jumps လေ့ကျင့်ခန်း
box jump ၁၀ ချက် လုပ်နိုင်ရင်၊
Core ခွန်အားနှင့် ဟန်ချက်
7. ခြေတဖက်ထဲနဲ့ စက္ကန် ့၃၀ ရပ်နိုင်ရင်
8. Plank လေ့ကျင့်ခန်း
၆၀ စက္ကန့် plank ထောက်နိုင်ရင်၊
17. Sit-ups လေ့ကျင့်ခန်း
တစ်မိနစ်အတွင်း sit-up ၃၀ ချက် လုပ်နိုင်ရင်၊
21. Mountain Climbers အချက် ၂၀လုပ်နိုင်ရင်
24. Leg Raises လေ့ကျင့်ခန်း ၁၅ ချက် လုပ်နိုင်ရင်
29. Side Planks လေ့ကျင့်ခန်း ၂၀ စက္ကန့် လုပ်နိုင်ရင်
ပျော့ပြောင်းမှုနှင့် ဟန်ချက်
6. ခြေချောင်းထိခြင်း
ဒူးမကွေးဘဲ ခြေချောင်းကို ထိနိုင်ရင်၊
22. Yoga Pose တစ်ခုကို တစ်မိနစ်ခန့်ထိန်းထားနိုင်ရင်
ရေရှည်ခံနိုင်ရည်
10. Burpees လေ့ကျင့်ခန်း ၁၅ ချက် လုပ်နိုင်ရင်
15. Jumping Jacks လေ့ကျင့်ခန်းအချက် ၅၀ လုပ်နိုင်ရင်
18. တောင်တက်ခြင်း နှစ်နာရီ တောင်တက်နိုင်ရင်၊ (mountain ပြောတာနော်)
20. ကြိုးခုန်ခြင်း-၅ မိနစ် ဆက်တိုက် ကြိုးခုန်နိုင်ရင်၊
27. High Knees လေ့ကျင့်ခန်း ၃၀ စက္ကန့် အရှိန်မလျှော့ဘဲ လုပ်နိုင်ရင်၊
ဒါလေးတွေက ယေဘူယျအချက်တွေပါ။ဒါလေးတွေတောင်
သင်မလုပ်နိုင်သေးဘူးဆိုရင် သင့်ကျန်းမာကြံ့ခိုင်မှုအနေအထားဟာ
ဂရုစိုက်ရမဲ့အနေအထားရောက်နေပါပီ။
ကျန်းမာကြပါစေ။

စောစောသိထားတော့ စိတ်မညစ်ရတော့ဘူးပေါ့…

#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ အယ်ဟီလာသို့ပြောင်းရွှေ့ရန် ရော်နယ်ဒို သဘောတူညီလိုက်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာ
အယ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုသည် ဆော်ဒီပရိုလိဂ်ပြိုင်ဘက် အယ်ဟီလာသို့ပြောင်းရွှေ့ရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာတစ်ခု၏ ဖော်ပြချက်အရသိရှိရသည်။
ရော်နယ်ဒို၏ အယ်နာဆာသည် လာမည့်ဇူလိုင်လတွင်ကျင်းပမည့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်နှင့်လွဲချော်ခဲ့ပြီးနောက် ပေါ်တူဂီတိုက်စစ်မှူးမှာ အဆိုပါပြိုင်ပွဲတွင်ပါဝင်နိုင်ရေး ဆန္ဒပြင်းပြနေပြီး ဇွန်လတွင် ကုန်ဆုံးမည့်၎င်း၏စာချုပ်ကို သက်တမ်းတိုးမြှင့်ခြင်းမပြုဘဲ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာ၍ အသင်းပြောင်းရွှေ့ရန်ပြင်ဆင်နေခြင်းလည်းဖြစ်သည်။
မူလကမူရော်နယ်ဒိုသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည့် ဘရာဇီးကလပ်တစ်သင်းသင်းသို့ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သေးသော်လည်း ယခုအခါတွင်မူ ဆော်ဒီအာရေဗျအခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် Okaz က အယ်ဟီလာသို့ပြောင်းရွှေ့ရန် သဘောတူညီချက်ရရှိခဲ့ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါသတင်းဌာန၏ ဖော်ပြချက်များအရ အယ်ဟီလာ၏ ဘုတ်အဖွဲ့ဝင်များကြား ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ရော်နယ်ဒိုကိုခေါ်ယူရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ယခုအခါ ကစားသမားအနေဖြင့်လည်း အဆိုပါ ကမ်းလှမ်းချက်ကို သဘောတူညီခဲ့ပြီး စာချုပ်ပါ အသေးစိတ်အချက်အလက်များကို ပြင်ဆင်နေပြီဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။
အယ်ဟီလာသည် နေမာထွက်ခွာသွားပြီးနောက် ပြယုဂ်ကစားသမားတစ်ဦးကိုခေါ်ယူရန် စိတ်အားထက်သန်နေကာ အယ်နာဆာတွင် စုစုပေါင်း ၁၁၁ ပွဲတွင် ၉၉ ဂိုး အထိ သွင်းယူပေးထားနိုင်သော ရော်နယ်ဒိုကိုပစ်မှတ်အဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။

image
15 w - Translate

🔸1 Progressive Overload!
အလေး/အကြိမ်ရေ တိုးလုပ်တာ
🔸2 အသားဓါတ်များများစားပေးခြင်း
ကိုယ့်ခန္ဓာကိုယ်ရဲ့ ကိုယ်အလေးချိန်ပမာဏ အတိုင်းစားပါ။
🔸3 တည်ငြိမ်မှုအရှိဆုံးနဲ့ အခြေခံအကျဆုံး လေ့ကျင့်ခန်းတွေ ရွေးချယ်ခြင်း။
ဥပမာ ရိုးရိုးဘားတန် အလွတ်နဲ့ ရင်အုပ်တွန်းတာထက် Smith Machine တို့ Chest Press Machine တို့ကို အသုံးပြုပါ။
🔸4 လုံလောက်စွာ အနားယူခြင်း။
ကြွက်သား အုပ်စုတခုကို Hard Set သုံး၊ လေးကျော့ လုပ်ပြီးရင် ၄၈ နာရီလောက်ထိ အနားပေးပါ။
🔸5 Caloric Surplus တစ်နေ့တာလိုအပ်တာထက် ပိုစားပေးခြင်း။ (အနည်းငယ်)
🔸6 ညဘက် အိပ်ရေးဝအောင် အိပ်ခြင်း။
တညကို အနည်းဆုံး ၇ နာရီ မှ ၉နာရီထိ အိပ်ချိန်ရအောင် အိပ်ပေးပါ။

image

#နိုင်ငံတကာသတင်း
◼ တရုတ်ကျောင်းသားများ၏ဗီဇာအမေရိကန်ရုပ်သိမ်းတော့မည်
တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်နွှယ်မှုရှိသူ သို့မဟုတ် အရေးပါသောနယ်ပယ်များတွင် ပညာသင်ကြားနေသူများအပါအဝင် တရုတ်ကျောင်းသားများ၏ ပြည်ဝင်ခွင့်ဗီဇာကို အမေရိကန်က အပြင်းအထန်ရုပ်သိမ်းတော့မည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယို က ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။
အမေရိကန်ပြည်ထောင်စုရှိ သိန်းနှင့်ချီသောတရုတ်တက္ကသိုလ်ကျောင်းသားများ၏ ကျယ်ပြန့်သောအပိုင်းအခြားအပေါ်ကျင့်သုံးမည်ဆိုပါက အဆိုပါ လုပ်ရပ်သည် အမေရိကန်ကျောင်းများအတွက် အဓိက ၀င်ငွေရင်းမြစ်တစ်ခုနှင့် အမေရိကန်နည်းပညာကုမ္ပဏီများအတွက် အရေးပါသော စွမ်းဆောင်ရည်များကို ထိခိုက် စေနိုင် ကြောင်းရိုက်တာသတင်းကဆိုသည်။
၎င်း၏သဘောထားတင်းမာသော လူဝင်မှုကြီးကြပ်ရေးအစီအစဉ်ကို အားဖြည့်ရန် ကျယ်ပြန့်သော ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ပြည်နှင်ဒဏ်ပေးခြင်းများကို အရှိန်မြှင့်ရေးနှင့် ကျောင်းသားဗီဇာများကို ရုပ်သိမ်းရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့က ကြိုးပမ်းနေသည်။
ယင်းနှင့်အတူ တရုတ်နိုင်ငံနှင့် ဟောင်ကောင်တို့မှ ဗီဇာလျှောက်ထားမှုအားလုံးကို စိစစ်မှုတိုးမြှင့်ရန် ဗီဇာစံနှုန်းများကို နိုင်ငံခြားရေးဌာနက ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ရူဘီယိုက ပြောကြားသည်။
"အမေရိကန် နိုင်ငံခြားရေးဌာနဟာ တရုတ်ကျောင်းသားတွေအတွက် ဗီဇာတွေကို အပြင်းအထန် ရုပ်သိမ်းဖို့ အမိမြေလုံခြုံရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်။" ဟု ၎င်းက ပြောသည်။
ယင်းနှင့်ပတ်သက်၍မှတ်ချက်ပေးရန်ရိုက်တာ၏တောင်းဆိုမှုကို ဝါရှင်တန်ရှိ တရုတ်သံရုံးက ချက်ခြင်းမတုံ့ပြန်သေးပေ။
ဟားဗတ်တက္ကသိုလ်၏ နိုင်ငံခြားသားကျောင်းသားများကို ကျောင်းဝင်ခွင့်အား ရုပ်သိမ်းရန်ထရန့်အစိုးရက ကြိုးပမ်းခဲ့ပြီးနောက် ပြည်ပရောက် ၎င်း၏ ကျောင်း သားများ၏တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို အခိုင် အမာကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ယခင် ကတိပြုခဲ့သည်။
ဘဏ္ဍာရေးဈေးကွက်များ အုံကြွလာပြီး ထောက်ပံ့ရေးကွင်းဆက်များ ရပ်တန့်ကာ ကမ္ဘာတစ်ဝှမ်း စီးပွားရေးကျဆင်းမှု၏ အန္တရာယ်များအား မီးတောက်ပေါ်ဓာတ်ဆီလောင်းနေသည့် ထရန့်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲ၏ ဗဟိုချက်၌လည်း တရုတ်နိုင်ငံက ရောက်ရှိနေသည်။
အမေရိကန်-တရုတ် ကုန်သွယ်ရေးအငြင်းပွားမှု မကြာသေးမီက ခေတ္တရပ်တန့်ထားသော်လည်း တရုတ်ကျောင်းသားဗီဇာကို ပယ်ဖျက်မည့်ယခု ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်ရှိနိုင်ငံတကာ ကျောင်းသားများ အနက် အိန္ဒိယနှင့် တရုတ် ကျောင်းသားများက ၅၄ ရာခိုင် နှုန်းအထိရှိပြီး ၂၀၂၃ ခုနှစ်တွင် အမေရိကန်စီးပွားရေးကဏ္ဍအတွက် ဒေါ်လာ ၅၀ ဘီ လီယံ ကျော် ဖြည့် ဆည်းပေးခဲ့ကြောင်း အမေရိကန်ကုန်သွယ်ရေးဌာနထံမှ သိရသည်။
ဗီဇာထုတ်ပေးခြင်းနှင့် ပြန်လည်ရုပ်သိမ်းရန် အမေရိကန်နိုင်ငံခြားရေးဌာနတွင် ကျယ်ပြန့်သော အခွင့်အာဏာရှိထားသည်။
ပြည်ပကျောင်းသားများ ကျောင်းအပ်နှံခွင့်ကို ရုပ်သိမ်းသည့် အကြောင်းရင်းများစွာထဲမှ ဟားဗတ်တက္ကသိုလ်နှင့် တရုတ်နိုင်ငံ ဆက်ဆံရေးအပေါ် ထရန့်အစိုးရဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်တွင် ထောက်ပြခဲ့ပြီး ယင်းရုပ်သိမ်းမှုကို အမေရိကန် တရားသူကြီးတစ်ဦးက ယာယီတားမြစ်ထားသည်။
နိုင်ငံခြားရေးဝန်ကြီးရူဘီယို ၏ ထုတ်ပြန်ချက်တွင် ဗီဇာ ရုတ်သိမ်းခြင်းအား မည်ကဲ့သို့ အကျယ်တဝင့် ကျင့်သုံးမည်ကို အသေးစိတ် ဖော်ပြထားခြင်းတော့ မရှိပေ။
သို့ရာတွင် အရေအတွက်အနည်းငယ်မျှပင်လျှင် ကွန်မြူနစ်အုပ်ချုပ်သော တရုတ်နိုင်ငံမှ အမေရိကန်တွင် အဆင့်မြင့်ပညာရေးကို ရှာဖွေနေသည့် တရုတ်ကျောင်းသားများ၏ ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းကတည်းက စတင်ခဲ့သော စီးဆင်းဝင်ရောက်မှုကို အတားအဆီးဖြစ်စေနိုင်သည်။
မကြာသေးမီ ဆယ်စုနှစ်များအတွင်း တရုတ်၏ ပြိုင်ဆိုင်မှုပြင်းထန်သော တက္ကသိုလ်ပညာရေးစနစ်နှင့် အမေရိကန်ကျောင်းများ၏ ကျော်ကြားမှုကို ဆွဲဆောင်နိုင်ခြင်းကတရုတ်ကျောင်းသားများအတွက် အမေရိကန်က ရွေးချယ်စရာနေရာတစ်ခု ဖြစ်လာခဲ့သည်။
အများအားဖြင့် ထိုကျောင်းသားများသည် အမေရိကန်တက္ကသိုလ်များ၏ ကုန်ကျစရိတ်ကြီးမြင့်မှုကို တတ်နိုင်သော ချမ်းသာသော မိသားစုများမှ လာရောက်ကြခြင်းဖြစ်သည်။
၎င်းတို့ထဲမှ အများအပြားသည် ဘွဲ့ရပြီးနောက်တွင်လည်း ဆက်လက်နေထိုင်ခဲ့ကြပြီး အမေရိကန် သုတေသနစွမ်းရည်နှင့် လုပ်ငန်းခွင်အင်အားအတွက်အထောက်အကူဖြစ်မှုဖြင့် အသိအမှတ်ပြုခြင်းခံရသည်။
အမေရိကန်ရှိ တရုတ်ကျောင်းသားဦးရေသည် ၂၀၂၄ ခုနှစ်တွင် ၂၇၇,၀၀၀ ခန့်အထိ ကျဆင်းသွားသော်လည်း ၂၀၁၉ ခုနှစ်တွင် ၃၇၀,၀၀၀ ဝန်းကျင်အထိမြင့်တက်ခဲ့ကာ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံနှစ်ခုကြား တင်းမာမှုများ ကြီးထွားလာပြီး အမေရိကန်အစိုးရ၏ တရုတ်ကျောင်းသားများအား စစ်ဆေးမှုနှင့် COVID-19 ကပ်ရောဂါတို့ကြောင့် လျော့ကျသွားခဲ့ခြင်းဖြစ်သည်။
သတင်း-လင်းခေတ်
ကိုးကား-Reuters

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တောင်ကိုရီးယားရေတပ် ပင်လယ်ရေကြောင်း ကင်းလှည့်လေယာဉ်တစ်စင်း ပျက်ကျ
တပ်ဖွဲ့ဝင်လေးဦး လိုက်ပါသွားသော တောင်ကိုရီးယားရေတပ်မှ ပင်လယ်ရေကြောင်း ကင်းလှည့်လေယာဉ်တစ်စင်းသည် မေ ၂၉ ရက်တွင် ပိုဟန်းမြို့ စစ်စခန်းတစ်ခုအနီးပျက်ကျခဲ့ကြောင်း သိရသည်။
ပီ-၃စီ အမျိုးအစားအဆိုပါ ပင်လယ်ရေကြောင်း ကင်းလှည့်လေယာဉ်သည် ပိုဟန်းမြို့လေတပ်စခန်းတစ်ခုမှ ပျံတက်ခဲ့ပြီး မကြာမီမှာပင် မည်သည့်အကြောင်းကြောင့် မသိရဘဲ တောင်ကုန်းဒေသတစ်ခုပေါ်သို့ ပျက်ကျခဲ့ရခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ပီ-၃စီ အမျိုးအစား ရေကြောင်းကင်းလှည့်လေယာဉ်ပျက်ကျခဲ့ရခြင်း အကြောင်းတရားကို အတည်ပြုနိုင်ရေးအတွက် တောင်ကိုရီးယားရေတပ်က ကြိုးပမ်းနေကြောင်း သိရသည်။
ယင်းလေယာဉ်နှင့်အတူ လိုက်ပါသွားသော တပ်ဖွဲ့ဝင်လေးဦး၏ ကံကြမ္မာကို မသိရသေးကြောင်း တောင်ကိုရီးယားရေတပ်ကသတင်းထုတ်ပြန်ထားသည်။
လေယာဉ်ပျက်ကျခဲ့ပြီးနောက် ပျက်ကျရာနေရာသို့ ရှာဖွေကယ်ဆယ်ရေးသမားများနှင့် မီးသတ်ယာဉ်များကို ပိုဟန်းမြို့ တာဝန်ရှိသူများက စေလွှတ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ဂျီဂျူး လေကြောင်းလိုင်း ခရီးသည်လေယာဉ်တစ်စင်း လေဆိပ်အဆင်းပျက်ကျခဲ့ရာ လိုက်ပါလာသူ ၁၈၁ ဦးအနက် နှစ်ဦးသာ အသက်ရှင်ခဲ့သည်။
ရိုက်တာ

image

နှလုံးသားရဲ့ကျမ်းစာ/ထူးအိမ်သင်