Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Microsoft Word မှာ စာရိုက်နေတုန်း မသိမ်းမိပဲ ပိတ်မိတဲ့အခါ ပြန်ရယူနည်း။💾
AutoRecover Feature ကို အသုံးပြုနည်း ♻️
1. Word ကိုပြန်ဖွင့်ပါ။
- Microsoft Word ကိုပြန်ဖွင့်လိုက်ပါ။
- ဘယ်ဘက်ခြမ်းက "Document Recovery" pane ပေါ်လာပါလိမ့်မယ်။
2. Recover လုပ်မည့်ဖိုင်ကိုရွေးပါ။
- ဆုံးရှုံးသွားတဲ့ စာရွက်စာတမ်းတွေကို စာရင်းလိုက်မြင်ရပါမယ်။
- ကိုယ်ပြန်လိုချင်တဲ့ ဖိုင်ကို နှိပ်ပါ။
3. သိမ်းဆည်းပါ။
- ဖိုင်ပြန်ရတဲ့အခါ ချက်ချင်း Save As လုပ်ပြီး သိမ်းဆည်းပါ။
#လက်ရှိဖိုင်နေရာကိုကြည့်နည်း 🔍
1. File > Open > Recent ကိုသွားပါ။
2. Recover Unsaved Documents ကိုနှိပ်ပါ။
- ဒီခလုတ်ကို စာရွက်စာတမ်းများစာရင်းရဲ့ အောက်ဆုံးမှာတွေ့နိုင်ပါတယ်။
#manual ရှာဖွေနည်း 🔍
AutoRecover ဖိုင်တွေကို လက်တို့ရှာကြည့်ချင်ရင်:
1. File > Options > Save ကိုသွားပါ။ 🏃
2. AutoRecover file location မှာ path ကိုကူးယူပါ။
3. Windows Explorer ဖွင့်ပြီး အဲဒီ path ကိုသွားပါ။
4. .asd (extension) ပါတဲ့ ဖိုင်တွေကိုရှာပါ။
#နောက်တစ်နည်း - Temp Files ကနေရှာနည်း။🔍
1. Windows + R နှိပ်ပြီး `%temp%` ရိုက်ထည့်ပါ
2. Temp folder ထဲမှာ `~` နဲ့စတဲ့ Word temporary files တွေကိုရှာပါ။
3. .tmp ဖိုင်တွေကို Word နဲ့ဖွင့်ကြည့်ပါ။
#ကာကွယ်နည်းများ။?️
ဒီပြဿနာမျိုး ထပ်မကြုံရအောင်:
- AutoSave ကို On ထားပါ (File > Options > Save)
- AutoRecover time interval ကို 5-10 minutes အထိထားပါ။
- စရိုက်တိုင်း Ctrl + S နှိပ်သိမ်းတတ်တဲ့အကျင့်လုပ်ပါ။
ကြောင်လေးတွေကို မုန်လာဥနီကျွေးလို့ရလား❓
ရပါတယ်။ အများအပြားကျွေးစရာတော့မလိုပါဘူး။
ကျွေးတဲ့အခါ သတိထားရမယ့် အချက်တွေကတော့-
✅ အနည်းငယ်သာ ကျွေးပါ။ များများကျွေးရင် အစာအိမ်ပြဿနာဖြစ်မှာ စိုးရိမ်ရလို့ပါ။
✅ မုန်လာဥနီ အစိမ်းကျွေးနိုင်သလို ပြုတ်ပြီးလည်းကျွေးနိုင်ပါတယ်။ ဆီ၊ ဆား၊ ဟင်းခတ်အမွှေးအကြိုင်များ လုံးဝမထည့်ဘဲ ကျွေးပါ။
✅ စားတဲ့အခါ လည်ချောင်းမှာ မနင်အောင်အတုံးသေးသေးလေးတွေ လှီးပြီးမှ ကျွေးပါ။
✅ မတည့်တာမျိုးရှိမှာဆိုးတဲ့အတွက် ပထမဆုံးအကြိမ်ကျွေးတဲ့အခါ အခြေအနေကို သတိထားကြည့်ပါ။ ဝမ်းပျက်တာ၊ အော့အန်တာ စတာတွေ ဖြစ်ရင် ထပ်မကျွေးပါနဲ့တော့။
မုန်လာဥနီကို သင့်တင့်စွာ ကျွေးမွေးခြင်းက ကြောင်လေးတွေအတွက် အစာချေစနစ်ကို ကူညီပေးနိုင်ပါတယ်။
န်မဟင်း (ခွကပလိုပ်) ချက်ပြန်ပြီး 😋
မွန်ရိုးရာ ငါးနှပ် မရမ်းပြားချက်နည်း
ပါ၀င်ပစ္စည်းများ......
၁။ ငါးနှပ် ၅၀ ကျပ်သား
၂။ မရမ်းပြား ၅ ကျပ်သား
(၃) ငရုတ်သီးစိမ်း (မိုးမျှော်သီး) အနည်းငယ်
၄။ ကြက်သွန်နီ ၃ ဥ
၅။ ကြက်သွန်ဖြူ ၁ ဥ
၆။ နနွင်းမှုန့် အနည်းငယ်
၇။ ငါးပိ အနည်းငယ်
၈။ ရှမ်းနံနံပင် အနည်းငယ် စသည်တို့ လိုအပ်ပါတယ်။
ချက်ပြုတ်ပုံ အဆင့်ဆင့်.......
* ပထမ ဦးဆုံး ငါးကို ဦးခေါင်းပိုင်းနဲ့ ၀မ်းပိုင်းကို သန့်စင်ဖယ်ရှားပြီ ရေစင်အောင် ဆေးကြောပြီ ဟင်းချက်အိုးထဲ ထည့်ရပါမယ်။
* ထို့နောက် ငြုတ်သီးစိမ်း၊ မရမ်းပြား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးပိ၊ နနွင်းမှုန့်၊ ရှမ်းနံနံပင် (ရှမ်းနံနံ အစား နံနံပင် စပါးလင် မိမိ ကြိုက်နှစ်သက်ရာ အသုံးပြု နိုင်ပါတယ်။) တို့ကို တခါတည်း ရောထောင်းပြီ အနည်းငယ် ရောစပ်ညက်သွား ပါက အိုးထဲ ခပ်ထည့်ပြီး ငါးတွေနဲ့ သမအောင် နယ်ရပါမယ်။ ထို့နောက် ရေအနည်းငယ်ထည့်ပြီး မီးဖိုပေါ်တင်ကာ ချက်လို့ရပါပြီး.....။
ဆယ်မိနစ်လောက် တည်ပြီလျင် နံနံပင်နဲ့ ငရုတ်သီးစိမ်းအနံ့ တထောင်းင်းထနေတဲ့ ငါးနှပ်ဟင်းအိုးလည်း ပွက်ပွက်ဆူနေပါပြီး။ အပေါ့ အငန်မြည်းကြည့် လိုအပ်မှ ဆားထည့်ပါ။
ချက်ခါစမှာ ဆားမထည့်ပါနဲ့နော် (မရမ်းပြားမှာ ဆားပါပြီသားဖြစ်ပါသည်။)
မီးဖိုပေါ်ကချလို့ မိသားစု (သို့မဟုတ်) အပေါင်းအဖေါ်တွေနဲ့ ရှူရှဲရှူရှဲနဲ့ ချို ချဉ် ငန်း စပ် အလွန် အရသာရှိတဲ့ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ဆီမပါ ငါးနှပ် မရမ်းပြားချက် နည်းကို တင်ပြရင်း ယှဉ်ပြိုင် ပါတယ်ရှင်.......။
(ကင်းမွန် ပုစွန် တခြားသော မိမိ နှစ်သက်ရာ အသားငါးများကိုလည်း သည်နည်းအတိုင်း ချက်ပြုတ် နိုင်ပါတယ်နော်)
▪️ကောင်းတဲ့ အလုပ်ပဲ လုပ်လုပ်...
မကောင်းတဲ့ အလုပ်ပဲ လုပ်လုပ်...
ကိုယ်လုပ်လိုက်တဲ့ အရာတိုင်းက ကိုယ့်ဆီကို တန်ပြန်လာမှာပါ...
▪️မုန်းလို့လည်း မကျိန်နဲ့...
ချစ်လို့လည်း မကျိန်နဲ့...
သံသရာက သူ့အလုပ်သူလုပ်သွားမှာပါ...
▪️ဘဝမှာ ကိုယ်ကောင်းရင် ကိုယ့်ခေါင်းဘယ်မှမရွေ့သလို ကိုယ့်အရိပ်က ကိုယ့်နောက်ကို ထပ်ချပ်မကွာလိုက်နေတာပါ...
▪️မကောင်းမှုဆိုသည်မှာ သံသရာအတွက်"ဝဋ်ကြွေး"တွေပါ ပမာဏများရင်များသလို ကိုယ့်အနောက်ကို လိုက်နေမှာပါ
ဒါကြောင့် ဘာလေးပဲလုပ်လုပ် သူများ မသိခင် ကိုယ်တိုင်သိပြီး အရင်ပူလောင် နေခြင်းကိုပဲ ဆင်ချင်ဖို့ကောင်းနေပါပြီ...
ကိုယ်ကာယနဲ့ ပိုက်ဆံရှာရင် ရိုးသားပါ။
ဦးနှောက်နဲ့ ပိုက်ဆံရှာရင် ပါးနပ်ပါ။
ပိုက်ဆံကို ပိုက်ဆံနဲ့ ရှာရင် ပြတ်သားပါ၊ တိကျပါ။
လက်အောက်ငယ်သားတွေနဲ့ ပိုက်ဆံရှာရင်
ပွင့်လင်းပါ ။
သင်ဘယ်လောက်ချမ်းသာနေပါစေ။
ဒီစာကို ဖတ်ဖြစ်အောင် ဖတ်ပါ။
အိမ်မက်ထဲအထိ စွဲမြဲနေအောင် မှတ်သားထားပါ။
ပိုက်ဆံစုဆောင်းခြင်းက ပိုက်ဆံရှာခြင်းထက် ပိုခက်ခဲပါတယ်။
တစ်သိန်းစုမိဖို့ဆိုတာ မိုးပေါ်တက်ဖို့ထက် ခက်ခဲပေမဲ့ တစ်သိန်းသုံးလိုက်ဖို့က ရေသောက်တာထက် ပိုလွယ်ပါတယ်။
ဒါကြောင့် သုံးလို့ရနေသေးတဲ့ဖုန်းကို မကြာမကြာ အသစ်မလဲချင်နဲ့။
အိမ်မှာစားလို့ရတဲ့ အစားအသောက်ကို အပြင်ထွက် မစားနဲ့။
ပိုက်ဆံရှာဖို့ ခက်ခဲလာတဲ့ ခေတ်ကြီးမှာ ချွေတာသင့်တာကို ချွေတာပါ၊ မသုံးသင့်တာကို မသုံးပါနဲ့။
စုထားတဲ့ ငွေရဲ့ ကိန်းဂဏန်းတွေ တိုးလာလေလေ သင့်ရဲ့မနက်တိုင်းဟာ ကြည်လင်စွာ နိုးထနိုင်လေလေပါ။
ဒါကြောင့် သင့်ရဲ့ ငွေသုံးချင်တဲ့လက်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခြင်းဟာ သင့်ရဲ့ အကောင်းဆုံး အရည်အချင်းတစ်ခုပါပဲ။