Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ငံပြာရည် ချက်....
ပါဝင်ပစ္စည်း များ.....
ငါးငံပြာရည် အချို.အကြမ်းပန်းကန်တစ်လုံး...
ပုဇွန်ခြောက်မူန့် ထမင်းစားဇွန်း နှစ်ဇွန်း...
ငရုတ်သီး အကြမ်းဖတ်.ထမင်းစားဇွန်း တစ်ဇွန်းခွဲ.. ...
ဆနွင်း မုန့်အနည်းငယ်
ဆီအနည်းငယ် .. ..အချိုမူန့်အနည်းငယ်.(မထည့်လည်းရသည်....)
ကြက်နီဥအလတ်နှစ်လုံး ပါးပါးလှီးထား.. ..
ကြက်ဖြူသုံးမွှာကို ပါးပါးလှီးထား.. .
ရေအကြမ်းပန်းကန်နှစ်ခွက်....တို့လိုအပ်တယ်....
ချက်နည်း.. ....
ချက်မဲ့အိုးထဲမှာ အရင်ဆုံးဆီပူအောင်တည်.ပူလာရင်ကြက်နီ
ဖြူပါးပါးလှီးထားတာထည့်ဆီသတ်.ဆနွင့်းမူန့် ထည့်.မတူးစေနဲ့..အနံ့မွေးရင် ပုဇွန် ခြောက်မူန့်ထည့်ပြီး
ဆက်ကြော်မယ်..ပုဇွန်ခြောက်အနံ့မွှေးရင်ငရုတ်သီးအကြမ်း
ဖတ်ထည့်ကြော်..ငရုတ်သီးအနံ့အစိမ်းနံပျောက်ပီးမွှေးရင်
ငံပြာရည် ထည့် ရေထည့်မယ်...ဒီနေရာမှာဘာလို့ငံပြာရည်
တခွက်ရေနှစ်ခွက်ထည့်ခိုင်းရသလဲဆိုတော့..ငံပြာရည် ချည်း
ပဲထည့်ပြီးရေမထည့်ရင်အရမ်းငံပြီးစားမရ...ရေထည့်တာများရင်လည်းပေါ့ရွှတ်ရွှတ်နဲ့မကောင်း...သူ့အချိုးက.ငံပြာရည် တစ်ခွက်ရေတခွက်ဆတူရောရင်အပေါ့အငန်အတော်ပဲ..နှစ်ခွက်ထည့်ခိုင်းတာ.ငံပြာရည်အစိမ်းနံ့ပျောက်ဖို့ဆက်တည်ရ
အုံးမယ်လေ..ရေတခွက်လောက်ပိုမထည့်ရင်ရေခမ်းကုန်ပီး
ငန်သွားမယ်..ဒါကြောင့်တခွက်ပိုထည့်ခိုင်းတာပါ....ရေတခွက်စာလောက်ခမ်းသွားတဲ့အချိန်ဆိုမီးပိတ်ပီးအိုးချလိုက်တော့
အပေါ့အငန်အတော်ပဲ...အချိုမူန့်ကတော့ကြိုက်ရင်အနည်း
ငယ်ထည့်နိုင်ပါတယ်....
Credit to လိူင် လိူင်
ဟင်းချက်နည်းကောင်းများလေ့လာရန် pageကို like & follow လုပ်ထားပါ။
🌳Marimo Moss Ball Care Guide🌳
တကယ်လို့သင်သာ အလှမွေးငါးလေးတွေမွေးယုံသာမက သက်ရှိအပင်ကန်လေးတွေပါ စတင်စိုက်ပျိုးချင်သူတစ်ယောက်ဆိုရင်တော့ ခု ဒီ Marimo Moss Ballလေးအကြောင်း စိတ်ဝင်စားမှာအသေအချာပါပဲ
ဒီ မာရီမို ရေညှိ ဘောလုံးလေးတွေဟာ သက်ရှိအပင်တစ်မျိုးပဲဖြစ်ပါတယ်
သူတို့ဟာ ရေညှိအမျိုးအစားထဲပါဝင်ကြပါတယ် သူတို့တွေကို မြစ်ချောင်းတွေရဲ့ ကြမ်းပြင်မှာတွေ့ရှိကြပါတယ်
ဒီ “Marimo” ဆိုတဲ့နာမည်လေးကို ဂျပန်လူမျိုး ရုက္ခဗေဒပညာရှင် Tatsuhiko Kawakami က 1898 မှာ စတင်တွေ့ရှိပြီးအမည်ပေးခဲ့ပါတယ်
အဓိပ္ပာယ်ကတော့ “Mari” ဆိုတာက ဂျပန်လို “လုံးဝန်းသော” (ဘောလုံးသဏ္ဌာန်) လို့ အဓိပ္ပာယ်ရပြီး “mo” ဆိုတာကတော့ “ရေညှိ”ဆိုတဲ့အဓိပ္ပာယ်ရပါတယ်
ဒီ Marimo Moss Ballလေးတွေဟာ ဂျပန်နိုင်ငံအတွက် “National Tressure” အဖြစ်သတ်မှတ်ကြပြီး ” Love Plant❤️ ” လို့လဲ ခေါ်ဝေါ်ကြပါတယ်
ဒီ မာရီမိုဘောလုံး လေးတွေကို ကိုယ်ချစ်ခင်နှစ်သက်သူတွေစီလက်ဆောင်ပေးခြင်းအားဖြင့် သူတို့ရဲ့ ချစ်ခင်ဂရုစိုက်မှုကိုဖော်ပြကြပါတယ် ❤️❤️❤️
အဲ့တော့ ဒီလိုသမိုင်းအစဉ်အလာကြီးမားတဲ့ Marimo Moss Ballလေးတွေကို လိုချင်သွားပြီး / လက်ဆောင်ပေးတဲ့သူလဲရှိပြီဆိုရင် ဘယ်လိုဆက်ပြီး မွေးမြူရမလဲ ထိန်းသိမ်းရမလဲ သိချင်ရင် အောက်ပါအချက်အလက်တွေကို ဆက်ပြီးလေ့လာကြည့်ကြရအောင်လားဗျာ😚😚😚
* မူလဇာတိ = ဒီ Marimo Moss Ball လေးတွေက ဂျပန်နိုင်ငံရဲ့ Akan Lake ရဲ့ကြမ်းပြင်မှာစတင်တွေ့ရှိခဲ့ကြပါတယ်
ဒါပေမဲ့ သူတို့တွေဟာ အခြားအေးခဲသောရာသီဥတုရှိတဲ့ Icelandဒေသမှာရှိတဲ့ Myvatn Lake / Estonia နဲ့ scotland စတဲ့ ဒေသတွေရဲ့ မြစ်ချောင်းကြမ်းပြင်တွေမှာ တွေ့ရပါတယ်
* ရေအမျိုးအစား = အေးခဲသောရေချိုမြစ်ချောင်း ကြမ်းပြင်တွေမှာ ပေါက်ဖွားရှင်သန်ကြပါတယ်
* အပူချိန် / ph = အပူချိန် 60-86°F ( 17 – 23 °C ) နဲ့ ph 6 – 8.5 အတွင်းမှာ ရှင်သန်နေထိုင်နိုင်ကြပါတယ်
* အကြီးဆုံးရောက်နိုင်သောဆိုဒ် = ယခု ကမ္ဘာအကြီးဆုံး Marimo Moss Ballက 95cm ရှိပါတယ်
ဒါပေမဲ့ ပုံမှန်ကြီးထွားတာကတော့ 8″ – 12″ ( 20 – 30 cm ) အထိကြီးထွားနိုင်ပါတယ်
ဒါပေမဲ့ အလွန့်အလွန့်ကို အချိန်ကြာမြင့်မှရရှိနိုင်မှာပါ
သူတို့ဟာ တစ်နှစ်ကို 5mm လောက်ပဲ ကြီးထွားမှုရှိပါတယ်
* သက်တမ်း = ကမ္ဘာ့အကြီးဆုံး Marimo Mossသက်တမ်းက နှစ် 200 နီးပါးရှိပါပြီ
သူတို့လေးတွေက မွေးမြူသူပေါ်မူတည်ပြီး သက်တမ်းလဲ အလွန်ရှည်ကြပါတယ်
* လိုအပ်သောမြေဩဇာ = ဒီ moss ball လေးတွေရဲ့ အားသာချက် မြေဩဇာ အထူးတလည်မလိုအပ်ခြင်းပဲဖြစ်ပါတယ်
တချို့သော ထိန်းသိမ်းသူတွေကတော့ အားဆေးရည်များထည့်၍မွေးမြူကြပါတယ်
* Suitable Planted Fish/shrimp = moss ball လေးတွေကို အခြား အပင်ကန်ငါးပုဇွန်များနှင့် တွဲထက်မွေးမြူနိုင်ပါတယ်
ဒါပေမဲ့ ရေညှိကိုအလွန်အကြူးစားသော catfish , molly , anglerfish etc…. စတဲ့ငါးတွေနဲ့တော့တွဲမမွေးသင့်ပါဘူး
* ထိန်းသိမ်းဂရုစိုက်မှု = Marimo Moss Ball လေးတွေက သူတို့ချည်းသီးသန့် မွေးမြူမယ်ဆိုရင် 2ပါတ် တစ်ခါ လောက် ရေပုံမှန်လှယ်ပေး သင့်ပါတယ် ရေလှဲတဲ့အခါမှာလဲ moss ball ကို လက်နဲ့အသာအယာ ညှစ်၍ ကန်ဟောင်းရေနဲ့ ဆေးကြောပေးရပါမယ်
အခြား အပင်ငါးများနှင့်ထိန်းသိမ်းမွေးမြူပါက moss ball အပေါ်မှာ အညစ်အကြေးမှုန်များနှင့်အစာကြွင်းကျန်များ ကပ်ညှိလာတိုင်း လက်နဲ့ အသာအယာညှစ်ဆေးကြောပေးရပါမယ်
* မျိုးပွားယူမှု = Marimo Moss Ball လေးတွေကို မျိုးပွားယူနိုင်ပါတယ်
အရွယ်အစားကြီးမားတဲ့ moss ball ကို မိမိလိုချင်တဲ့ အရေအတွက် ရောက်အောင် ခွဲခြမ်းပြီး ရယူခြင်းဖြစ်ပါတယ်
ဒါပေမဲ့ ဒီနည်းကတော့ အခန့်မသင့်ရင် အပင်သေနိုင်တဲ့အတွက် အန္တရာယ်ရှိပါတယ်
သဘာဝမှာတော့ အလုံးကြီးများမှ အပိုင်းအစများကွဲထွက် ပြုတ်ထွက်ပြီး ထို အရာလေးတွေက ဆက်ပြီးရှင်သန်ခြင်းအားဖြင့် ပေါများခြင်းဖြစ်ပါတယ်
* ဆောင်ရန်ရှောင်ရန် = ဒီ moss ball လေးတွေကို အစားကြူးသောငါးကြီးငါးငယ် ပုဇွန်များနှင့်တွဲမမွေးသင့်ပါဘူး
နောက်ပြီး နေရောင်ဆိုးဝါးစွာကျရောက်သောနေရာမှာ ကန်ကျဉ်းကျဉ်းနဲ့မွေးမြူပါက အပင်သေသည်အထိ ထိခိုက်နိုင်ပါတယ်
ဒီmoss ball လေးတွေဟာ ထိန်းသိမ်းဂရုစိုက်မှုမပေးနိုင်ရင် ပုံစံပျက်တတ်ကြပါတယ်
ဒါကြောင့် လုံးဝိုင်းသော အရွယ်အစား အမြဲရရှိနေအောင် ပုံမှန် သန့်ရှင်းရေးလုပ်တိုင်း လက်နဲ့အသာအယာ လုံးဝန်းနေအောင်လိမ့်ပေးရပါမယ်
#မှတ်ချက် ။ ။ ဒီ Marimo Moss Ball လေးတွေဟာ အလှမွေးငါးဝါသနာပါသူမဟုတ်လဲ မွေးမြူနိုင်ပါတယ်
သဘာဝကိုလဲချစ်တယ် အလုပ်တွေလဲအရမ်းရှုတ်နေပါတယ်ဆိုတဲ့သူတွေအတွက် ကရိကထအနည်းဆုံးနဲ့စိတ်ကျေနပ်မှုပေးနိုင်တဲ့အတွက်ကြောင့် လူတိုင်းကိုမွေးစေချင်ပါတယ်