#ဒံပေါက်ချက်နည်း
************************
၁။ ကြက်သားဟင်း
၂။ ထမင်း
၃။ ဥနီ,ပဲစိမ်း,သီဟိုစေ့,စပျစ်စေ့,ဆီချက်,အရောင်
ဒါလေး ၃ ခုသာ လုပ်ဖို့ လိုပါတယ်။
______________________________________________________
၁။ ကြက်သားဟင်း ချက်ရန်
*************************
ဒယ်အိုးထဲကို ကြက်သွန်နီ ဆီသတ်ဆီ,ဂီးထောပတ်ရည်
ဆတူ ထည့်၍ ဆီဆူလာလျှင်
နှပ်ထားသောကြက်သား နှင့် ဆီချက်ဖပ်ကို ထည့်လုံးပါ။
ကြက်သားကို 90% နူးအောင်ချက်၍ အဖုံးအုပ်ထားပါ။
၂။ ထမင်းချက်ရန်
****************
ထမင်းပေါင်းအိုးနဲ့ ချက်လျှင်
👉 ဆား နဲ့ သကြားထည့်ပါ။
👉 လေးညှင်း,ဖာလာ,သစ်ဂျပိုး,ကရဝေးရွက်
ရေဆေးပီး အားလုံး တခါတည်း ရောထည့်၍ ချက်လိုက်ပါ။
ထမင်းအိုး နွှေးခလုတ်တက်သွားတာနဲ့ တပြိုင်နက်
ကြက်သားဟင်းပေါ် ထမင်းတွေသွန်ချလိုက်ပါ။
( သို့မဟုတ် )
ထမင်း ရေငှဲ့ချက်လျှင် ရေထဲကို ဆန်ထည့်ပီး
👉 ဆား နဲ့ သကြားထည့်ပါ။
👉 လေးညှင်း,ဖာလာ,သစ်ဂျပိုး,ကရဝေးရွက်
ရေဆေးပီး အားလုံး တခါတည်း ရောထည့်လိုက်ပါ။
ထမင်း ၈၀% ခန့်ကျက်ရင် ဇကာနဲ့ရေစစ်ပီး
ကြက်သားဟင်းပေါ် ထမင်းတွေသွန်ချလိုက်ပါ။
၃။ မုန်လာဥနီ,ပဲစိမ်း,သီဟိုစေ့,စပျစ်စေ့,ဆီချက်,အရောင်ထည့်ရန်
***************************************************
ဥနီ,ပဲစိမ်း,သီဟိုစေ့,စပျစ်စေ့,ဆီချက်,အရောင်တို့ကို
ထမင်းပေါ် တင်အုပ်လိုက်ပီး ထောပတ်ဆီ ဇွန်းကြီးတစ်ဇွန်းထည့်၍
အဖုံးပြန်အုပ်ထားလိုက်ပီး မီးအေးအေးနဲ့ ၃၅ မိနစ်ခန့်
မီးဖိုပေါ်တင်နှပ်ထားပီးရင်တော့
အလွယ်ဆုံးနဲ့ အရသာအရှိဆုံး ဒံပေါက်ထမင်းကို စားသုံးနိုင်ပါပြီ။
______________________________________________________
ပြင်ဆင်ထားရန်
**************
ကြက်သားကို
👉 အချိုမှုန့်,ဆား
👉 ဂျင်းထောင်း, ကြက်သွန်ဖြူထောင်း,
👉 ဒံပေါက်မဆလာ, ဆနွင်း,အရောင်တင်မှုန့်
👉 ဒိန်ချဉ်
အားလုံးထည့်နယ်၍ ရေခဲသေတ္တာထဲ တစ်ည နှပ်ထားပါ။
အချိန်မရလျှင် တစ်နာရီနှပ်ထားပါ။
ကြက်သွန်နီ ဆီချက်သတ်ထား၍ ဆီချက်ဖပ်တွေက်ို
( ဆား,သကြား,အချိုမှုန့်,ဒံပေါက်မဆလာ )နဲ့နယ်ထားပါ။
အရောင် မန်ကျည်းစေ့ခန့်ကို ရေနဲနဲရောထားပါ။
များလွန်းရင် အရောင်တောက်တောက်ကြီးဖြစ်သွားပါတယ်။
______________________________________________________
ဘာစမာတီ ( သို့ ) ပေါ်ဆန်းမွှေးနဲ့ ချက်ပါ။
ဘာစမာတီ ကတော့ ဆန်သားပိုလှပါတယ်။
ဂီးထောပတ်,ဒံပေါက်မဆလာ,ပဲစိမ်း,စပျစ်စေ့,သီဟိုရ်စေ့,အရောင်
အားလုံး City Mart မှာဝယ်လို့ရပါတယ်။
အားလုံးပဲ အလွယ်တကူ ချက်စားလို့ ရကြပါစေ။
______________________________________________________
ဒီ့ထက်လွယ်တဲ့ ဒံပေါက်ချက်နည်း မရှိတော့ပါဘူး။
အရင်တင်တဲ့ ဒံပေါက်ချက်နည်းကို
နည်းနည်းခက်တယ်လို့ ထင်ကြသူများအတွက်နဲ့
ချက်စားဖို့ အဆင့်ဆင့် မလုပ်နိုင်သူများအတွက်ပါ။
ဒီနည်းက အကောင်းဆုံးပါပဲ။
ဆန်သားပျော့မှာ, မာမှာ မပူပင်ရတော့ပါဘူး။
နောက်ဆုံးကျတော့လည်း
အရသာ အတူတူပဲမို့ အားလုံးအတွက်
ဝေမျှပေးလိုက်ပါတယ်။
အားလုံးပဲ အလွယ်ကူဆုံး အရိုးရှင်းဆုံး
အိမ်မှာပဲ ချက်စားနိုင်ပီလို့ ထင်ပါတယ်။
Crd
ဟင်းချက်နည်းကောင်းများလေ့လာနိုင်ရန် pageကို like & follow လုပ်ထားပါ။

image
25 w - Translate

Reminder: One Punch Man Season 3 ကနောက်လထဲမှာ ထွက်ရှိမှာပါ။

image
25 w - Translate

Obsessed

image
25 w - Translate

ကိုယ်ဝန် (၈) လထဲ ရောက်နေပါပြီ ဖန်ပြွန်သန္ဓေသားနဲ့ ကိုယ်ဝန် ဆောင်ခဲ့ တာပါကိုယ်ဝန်ရင့်လာတော့ အမျိုးသားက အိမ်ထဲကနေ အိမ်ပြင်ကို ပေးမထွက်တော့ဘူး။ အမျိုးသားနဲ့ တူတဲ့ ကိုယ်ပွားလေး လိုချင်တာဆိုတဲ့ နန်းစန္ဒာလှထွန်း

image
25 w - Translate

Reference tattoo ideas

image
25 w - Translate

Reference tattoo ideas

image
25 w - Translate

Reference tattoo ideas

image
25 w - Translate

Reference tattoo ideas

image
25 w - Translate

Reference tattoo ideas

image
25 w - Translate

Reference tattoo ideas

image