Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
“အန်ကယ်(ဦးခင်မောင်ဆွေ)ကတော့ ငဲ့ညှာသနားတဲ့ စာလေးတင်စေချင်တယ်”
◾️NDF ပါတီ တွဲဖက်ဥက္ကဌဦးထက်အောင်ကျော် နှင့်ဆက်သွယ်မေးမြန်းခြင်း
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီအပါအဝင် နိုင်ငံရေးပါတီလေးခုကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၉ ရက်တွင်ထုတ်ပြန်ခဲ့သည်။
NDF ပါတီက သတ်မှတ်ပါတီဝင်အင်အား မပြည့်မီခဲ့သလို ကျန်သည့် နိုင်ငံရေးပါတီသုံးမှာပါတီရုံးခန်းများ သတ်မှတ်အရေအတွက် မပြည့်၍ဖျက်သိမ်းခြင်းဖြစ်ကြောင်း ကော်မရှင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်နိုင်ငံလုံး၌ ရွေးကောက်ပွဲဝင်ပြိုင်မည့် NDF ပါတီသည် နိုင်ငံရေးပါတီများမှတ်ပုံတင် ဥပဒေအရ ပါတီဝင်အင်အား ငါးသောင်းကိုကော်မရှင်ထံတင်ပြရန်လိုအပ်ပြီး ပါတီဘက်က ကော်မရှင်သို့ ပါတီဝင်စာရင်း ကိုးသောင်းနီးပါးပေးပို့ခဲ့သော်လည်း ပါတီဖျက်သိမ်းခံလိုက်ရခြင်းဖြစ်သည်။
အဆိုပါအခြေအနေများနှင့်ပတ်သက်၍ NDF ပါတီ တွဲဖက်ဥက္ကဌ ဦးထက်အောင်ကျော်ကို စက်တင်ဘာ ၁၀ ရက်တွင် စံတော်ချိန်ဒစ်ဂျစ်တယ်က ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။
မေး - ပါတီဝင်အင်အားစာရင်းနဲ့ပတ်သက်ပြီး ဘာတွေလိုအပ်သွားတာလဲ။ဘာတွေလွဲသွားတယ်ဆိုတာ သိထားရပြီလား။
ဖြေ - ကျွန်တော်တို့ကတော့ (ပါတီဝင်စာရင်း)အဲ့ဒီလောက်တင်လိုက်တယ်ပေါ့။ကိုးသောင်းနီးပါးပေါ့။ ကိုယ့် ဘက်ကလည်း error တွေကရှိပါတယ်ဗျ။ typing error တွေရှိတယ်။ လဝက code error ဖြစ်သွားတာတွေရှိတယ်။ပြီးရင်မွေးသက္ကရာဇ်တို့ဘာတို့မျိုးစုံပေါ့လေ၊ဒါတွေကဖြစ်တတ်ပါတယ်။
ဒါပေမဲ့တစ်ခုပဲ။ ကျွန်တော်တို့ကတော့ နောက်ဆုံးအကြိမ်မှာ ထပ်တင်လိုက်တဲ့ဟာ ၆ရက်နဲ့၇ရက်နှစ် ရက် ပေါင်း သုံးသောင်းကျော်ထပ်တင်လိုက်တဲ့အခါမှာ အဲ့ဒီလူစာရင်းကိုထည့်တောင်မစဉ်းစားတော့ဘူး။ အဓိ ကက ကိုယ်စားလှယ်လောင်းအပြည့်ရရေးကိုပဲ အာရုံစိုက်လိုက်တာ။ကျွန်တော်တို့က ကိုယ်စားလှယ် လောင်းတွေထပ်လာပူးပေါင်းဖို့ ဗီဒီယိုလေးတစ်ခုတောင်ရိုက်ပြီးတင်ဖို့လုပ်နေတာ၊ညရှစ်နာရီမှာ အဲ့ဒီလို ဖြစ်သွားတာပေါ့။
ဒီလိုဖြစ်သွားတော့ ဘာဆက်လုပ်ရမလဲ။ မနေ့ကတညလုံးစဉ်းစားပါတယ်။အိပ်လို့တောင်မရဘူး။
မေး -တင်တဲ့စာရင်းကိုးသောင်းနီးပါးကို အခုကသတ်မှတ်ချက် မပြည့်ဘူးဆိုတော့ ကော်မရှင်ဘက်က ဖြတ်ချတာတွေရှိတဲ့သဘောလား။
ဖြေ - ဟုတ်ပါတယ်။UEC အမှားလည်းမဟုတ်ပါဘူး၊ UEC မှားနေတယ်လို့ပြောတာလည်း မဟုတ်ဘူးလေနော်။ ကျွန်တော်တို့ဘက်က typing error၊ code မှားတာတွေရှိတယ်။ code ပြင်လိုက်ရင်ကိုရတာ တွေလည်းရှိတယ်။ ဒါပေမဲ့ အနိစ္စပဲပေါ့။လူတောင် သေတတ်ပျောက်တတ်တာပဲလေ။ဘာတတ်နိုင်မှာလဲပေါ့။
မေး - ပါတီဖျက်သိမ်းတဲ့စာမထွက်ခင်အထိ ပါတီဝင်အင်အားစာရင်းနဲ့ပတ်သက်ပြီး ကော်မရှင်ဆီက သတိပေးချက်မရခဲ့ဘူးလို့ နားလည်ရမလား။
ဖြေ - ဒီလိုဗျာ။ တိုင်းပြည်မှာ ဟိုလူ့ကို blame လိုက် ဒီလူ့ကို blame လိုက်၊ ကိုယ်ဖြစ်သွားတဲ့ဟာမှာ ဟိုလူ့ အပြစ်ပုံချ ဒီလူ့အပြစ်ပုံချဆိုတဲ့ နိုင်ငံရေးအခင်းအကျင်းကို မလုပ်တော့ပါဘူးလို့ ကျွန်တော် အတိအလင်း ပြောထားတာ၊ဒါကြောင့် ဒီဟာက ဟိုလူ့ကြောင့်ပါ ဒီလူ့ကြောင့်ပါဆိုတာကျွန်တော် ပြောစရာအကြောင်း မရှိဘူး။
မေး - အခုအခြေအနေနဲ့ပတ်သက်ပြီး ဦးခင်မောင်ဆွေကရော ဘာညွှန်ကြားတာရှိလဲ။
ဖြေ - အန်ကယ်ကတော့ညွှန်ကြားပါတယ်။ကျွန်တော်တို့ကတော့ CEC မီတင်ထိုင်လိုက်တော့ ကျွန်တော်တို့ ဥပဒေတွေလည်းတောက်လျှောက်ဖတ်၊ RECOVER ဘာရှိလဲပေါ့၊ ဘာမှမတွေ့ဘူး။ ဘာမှမတွေ့တော့ ကျွန်တော်ကအားလုံးကိုပြောလိုက်တယ်။ဘာမှမရှိတော့ဘူး။ဘာမှမရှိတော့ပေမဲ့ ကျွန်တော်တို့ရပ်တည် ချက်ကမပြောင်းလဲဘူး၊အဲ့ဒီရပ်တည်ချက်အတိုင်းပဲဆက်သွားမယ်။ဒီလူထုထွက်ပေါက်ဖြစ်တဲ့ရွေး ကောက်ပွဲကြီးကို ကျွန်တော်တို့ ဘယ်လို SUPPORT လုပ်မလဲ။ ကျွန်တော်တို့ဝင်မပြိုင်ရပေမဲ့ ဘယ်လိုများ ကောင်းအောင်ဘာဆက်လုပ်လို့ရမလဲဆိုတာပဲ စဉ်းစားရတော့မှာပေါ့။
အန်ကယ်ကတာ့ ငဲ့ညှာသနားတဲ့ စာလေးတင်စေချင်တယ်ပေါ့၊ ဒီလောက်လုပ်လာခဲ့ပြီပေါ့၊အဲ့ဒီအတွက် ကြောင့် ဒါလေးတင်လိုက်ရင်တော့ဖြစ်မယ်ထင်တယ်ပေါ့၊ အန်ကယ်မရဘူး၊နောက်ထပ်ကိစ္စတွေကရှိဦး မှာဆိုတာလည်း ကျွန်တော်ကပြောပါတယ်။ အန်ကယ်ကတော့ ပါတီတည်ထောင်သူလည်းဖြစ်တယ် ဆိုတဲ့အခါကျတော့ အန်ကယ့်စကားကိုလေးစားလိုက်နာတဲ့အနေနဲ့ အသနားခံစာတင်မယ်ပေါ့။
ဒါပေမဲ့ ကျလာလည်းအချိန်ကသိပ်မကျန်တော့ဘူးလေ။ ကျွန်တော်ကေကျု(ဦးကိုကိုကြီး) နဲ့လည်း ပြောတယ်။ကျန်တဲ့သူတွေနဲ့လည်း စကားတွေအများကြီးပြောဖြစ်တယ်။ပြောဖြစ်တော့ ကျွန်တော် တို့ကိုယ်စားလှယ်တွေ ကိုယ်နဲ့နီးစပ်ရာပေါ့၊ကျွန်တော်တို့ကတော့ ဟိုလူ့ဆီသွားပါ၊ဒီလူ့ဆီသွား ပါလို့ တော့ ပြောပိုင်ခွင့် မရှိဘူးလို့ ယူဆတယ်။ ဒီအတွက်ကြောင့် ကိုယ့်ဟာကိုယ်တစ်သီးပုဂ္ဂလသော် လည်း ကောင်း မိမိနဲ့ သဘောမျှတဲ့ ပါတီတွေကိုသော်လည်းကောင်းပေါ့ ဒီမိုကရေစီအရွေ့ကို ဝိုင်းဝန်းပြီး ရွှေ့ ကြပါလို့ပဲပြောလိုက်တာပေါ့။
ဒီဘက်မှာတော့ အန်ကယ်ဆွေရဲ့ မေတ္တာရပ်ခံချက်အရကိုက ကျွန်တော်တို့ကလည်း ကြိုးစားစရာရှိတာ လေးတော့ကြိုးစားမယ်ပေါ့၊ဒါပေမယ့် ကျွန်တော်တို့ မမျှော်လည်းမမျှော်လင့်ပါဘူး။
ဒါပေမဲ့တစ်ခုပဲရှိတယ်။နိုင်ငံရေးဆိုတာ process ပါ။ ပါတီရှိခြင်း မရှိခြင်းတွေထက် ကျွန်တော်တို့ တကယ်ကို နိုင်ငံရေးဆက်လုပ်မယ်ပေါ့ဗျာ။ဒီစုဖွဲ့မှုမပျက်ဘူးပေါ့။ဒါလေးနဲ့ဆက်သွားကြမယ်ပေါ့ဗျာ။ ဒါလေးကတော့ ဒီနေ့ဆုံးဖြတ်ချက်လည်းဖြစ်တယ်။
မေး - အခုပါတီကဖျက်သိမ်းခံလိုက်ရတာဆိုတော့ ပါတီရှင်သန်ရေးကိုရောဘယ်လိုဆက်လုပ်မှာလဲ။
ဖြေ - ကျွန်တော်တို့ကအကြမ်းဖက်တဲ့နည်းလမ်းတွေကိုမယုံကြည်ဘူး၊နိုင်ငံရေးနည်းလမ်းကိုပဲယုံကြည်တယ်။ဒီလမ်းကိုပဲကျွန်တော်တို့ဆက်လျှောက်မယ်။ဒီလမ်းဒီဟာရွေးချယ်ခဲ့ပေမယ့် ဒါမဖြစ်ဘူး။မဖြစ်တော့လည်း ကိုယ့်လိုအပ်ချက်ပဲပေါ့နော်။ဒီလိုပဲမှတ်ယူတယ်။ရှေ့ဆက်သွားမယ်ပေါ့ဗျာ။နိုင်ငံရေးက PROCESS ပါပဲ။ လုပ်စရာရှိတာတွေဆက်လုပ်ရမှာပေါ့။
ဆက်သွယ်မေးမြန်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#အင်တာဗျူး
◼ ထရန့်၏မဟာမိတ်ကွန်ဆာဗေးတစ်တက်ကြွလှုပ်ရှားသူပစ်ခတ်လုပ်ကြံခံရ
အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏အရင်းနှီးဆုံးမဟာမိတ်ဖြစ်ပြီးထင်ရှားသောကွန်ဆာဗေးတစ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူချာလီကာ့ခ်သည်Utah Valley တက္ကသိုလ်နယ်မြေ၌ ကျင်းပသည့် အခမ်းအနားတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
ကွန်ဆာဗေးတစ်ကျောင်းသားများအဖွဲ့ Turning Point USA ၏ ပူးတွဲတည်ထောင်သူလည်းဖြစ်သူ ချာလီကာ့ခ်သည် ယမန်နေ့ညနေပိုင်း(မြန်မာစံတော်ချိန်ယနေ့နံနက်အစောပိုင်း)တွင် Utah Valley တက္ကသိုလ်ကျောင်းဝင်းအတွင်းပရိသတ်များနှင့်အတူဆွေးနွေးဟောပြောနေစဉ်လည်ပင်းအား သေနတ် ဖြင့်တစ်ချက်တည်းပတ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။
FBI နှင့်အတူ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေသည့် ယူတားပြည်နယ် ပြည်သူ့လုံခြုံရေးဌာန၏အဆိုအရ သေနတ်သမားသည် အနီးနားရှိအဆောက်အဦခေါင်မိုးပေါ်မှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ယူဆရသည်။
၏လက်ရှိတွင်လုပ်ကြံသူကိုလိုက်လံရှာဖွေနေဆဲဖြစ်ပြီးအစောပိုင်းတွင် သံသယရှိသူဟု ယူဆရသည့် လူနှစ်ဦးအားဖမ်းဆီးခဲ့သော်လည်းပစ်ခတ်မှုနှင့်ဆက်နွှယ်မှုမရှိဟုဆိုကာနောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း အဆိုပါဌာနက ပြောသည်။
လက်ရှိတွင်ချာလီကာ့ခ် လုပ်ကြံခံရမှုအပေါ်ဒီမိုကရက်နှင့်ရီပတ်ဘလီကန်နှစ်ဖက်စလုံးမှ ပြစ်တင်ရှုတ်ချမှုများ ထွက်ပေါ်လျက်ရှိသည်။
ကာ့ခ်သေဆုံးမှုအပေါ် "အမေရိကန်၏မှောင်မိုက်သောအခိုက်အတန့်" အဖြစ်သမ္မတဒေါ်နယ်ထရန့်က ဖော်ပြခဲ့ပြီးနိုင်ငံရေးအကြမ်းဖက်မှုကိုနှိမ်နင်းရန်ပိုမိုကျယ်ပြန့်သောအစီအစဉ်ကိုသုံးသပ်ခဲ့သည်။
၎င်းလုပ်ကြံခံရမှုအား စုံစမ်းစစ်ဆေးမှုတွင် လူသတ်မှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်၊ ဓာတ်ပုံနှင့်ရုပ်သံဖိုင် ရှိသူတိုင်းအွန်လိုင်းမှတစ်ဆင့်မျှဝေရန်ယူတားပြည်နယ်ရှိ ဒေသတွင်းနှင့် ပြည်နယ် တရား ရေးဆိုင်ရာ လက် တွဲဖက်များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် FBI ကတိုက်တွန်းထား သည်။
အသက်(၃၁)နှစ်သာရှိသေးသည့်ချာလီကာ့ခ်တွင်ရင်သွေးနှစ်ဦးရှိကာပြီးခဲ့သည့်နိုဝင်ဘာရွေးကောက်ပွဲ၌ဒေါ်နယ်ထရန့်အတွက်မဲဆွယ်စည်းရုံးမှုများတွင်အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့ပြီးအိမ်ဖြူတော်သို့အဝင်အထွက်ရှိသူလည်းဖြစ်သည်။
ကာ့ခ်၏တွန်းအားပေးလှုံ့ဆော်မှုနှင့်အတူ၎င်းအားလူငယ်မဲဆန္ဒရှင်များမဲပေးခဲ့ကြကြောင်းသမ္မတဒေါ်နယ်ထရ့န်ကအသိအမှတ်ပြုထားသည်။
သတင်း-လင်းခေတ်
ကိုးကား-CNN
#နိုင်ငံတကာသတင်း
◼ ဒေါက်တာအေးမောင်အား ပြစ်မှုနှင့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုဟုထုတ်ပြန်
ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင် အပေါ် ပြစ်မှုထင်ရှားစီရင်ထားသည့် ပြစ်မှုနှင့်ပြစ်ဒဏ်များကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် ယနေ့ (စက်တင်ဘာ ၁၁ ရက်)တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်လိုက်သည်။
ဒေါက်တာအေးမောင်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာ ဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် နိုင်ငံတော်၏ ဦးတည်ချက်များအား အစဉ်တစိုက် မမှိတ်မသုန် စွဲမြဲစွာခံယူစောင့်ထိန်းသွားမည်ဟုသန္နိဋ္ဌာန်ပြုကာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရာမှာ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန် ကတိကဝတ်ပြုမှုအရ ပြစ်မှုထင်ရှားစီရင်ထားသည့် ပြစ်မှုနှင့်ပြစ်ဒဏ်များကို အမျိုးသား ကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေါက်တာ အေးမောင်သည် ၂၀၁၈ ခုနှစ်အတွင်းက စာပေဟောပြောတစ်ခု၌ ဟောပြောမှုများကြောင့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့် ဖမ်းဆီးခံရပြီးနောက် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ ဆွေးနွေး
အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး ရေကြောင်းဗိုလ်ချုပ်ကြီး တောင်ကျန်းတို့သည် စက်တင်ဘာ ၁ဝ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံနှင့်ပဋိပက္ခ မဖြစ်လိုကြောင်း စက်တင်ဘာ ၁ဝ ရက် ဖုန်းခေါ်ဆိုဆွေးနွေးပွဲတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးက တရုတ်ကာကွယ်ရေးဝန်ကြီးကို ပြောကြားခဲ့သည်။
သို့ရာတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် အာရှ-ပစိဖိတ် ဒေသရှိ အရေးပါသောအမေရိကန်အကျိုးစီးပွားများကို ကာကွယ်လိမ့်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် ဆွေးနွေးစဉ်အမေရိကန်ကာကွယ်ရေးဝန်ကြီးက အသိပေးခဲ့သည်။
ကုန်သွယ်ရေးမူဝါဒပြဿနာ၊ နည်းပညာနယ်ပယ်အငြင်းပွားမှု ပြဿနာ အပါအဝင်ပြဿနာအမျိုးမျိုးတို့ကြောင့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ဆက်ဆံရေးတင်းမာနေချိန်တွင် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများအကြား ဖုန်းခေါ်ဆိုဆွေးနွေးပွဲသည်ပွင့်လင်းမှုရှိခဲ့ပြီး အပြုသဘောဆောင်နေကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး၏ မေတ္တာရပ်ခံချက်အရ စက်တင်ဘာ ၁ဝ ရက် ဗီဒီယိုကွန်ဖရင့် ဆွေးနွေးပွဲဖြစ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်ထားသည်။
ရိုက်တာ
ဖောရက်စ်ကွင်းလယ်လူ အန်ဒါဆန်ကို ယူနိုက်တက် စိတ်ဝင်စား
စက်တင်ဘာ ၁၂
ယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းမှာ ခြေစွမ်းပြသနေတဲ့ အင်္ဂလန်ကွင်းလယ်လူ အန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းနဲ့ ဂိုးသမားနေရာကို အားဖြည့်နိုင်ခဲ့ ပေမယ့် လိုအပ်နေတဲ့ ကွင်းလယ်နေရာကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိတာပါ။
ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်း ကွင်းလယ်လူ ဘာလီဘာကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ဘရိုက်တန်အသင်းဘက်က သူ့ကိုရောင်းချမှာ မဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီမှာ ဘာလီဘာကို ခေါ်ယူဖို့ ထပ်ကြိုးစားလာနိုင်သလို အခြားပစ်မှတ် တွေကိုလည်း ရှာဖွေနေတာပါ။
TEAMtalk က ယူနိုက်တက်အသင်းဟာ ကွင်းလယ်နေရာအတွက် အားဖြည့်ဖို့ နော်တင်ဟမ်ဖောရက်စ်အသင်း ကွင်းလယ်လူ အန်ဒါဆန်ကို သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ အန်ဒါဆန်ကို ခေါ်ယူဖို့ ခက်ခဲနိုင်ပေမယ့် စိတ်ဝင်စားမှု ပိုပြီးများလာတယ်လို့ သိရပါ တယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ၂၀၂၉ နွေရာသီအထိ စာချုပ်ရှိနေတဲ့ အဓိကကွင်းလယ်လူ အန်ဒါဆန်ကို ရာသီဝက်ကာလမှာ လက်လွှတ်ဖို့ ဆန္ဒမရှိတာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နည်းပြနူနိုဆန်တိုကို ထုတ်ပယ်ပြီး စပါးအသင်း နည်းပြဟောင်း ပိုစတီကိုဂလူးကို နည်းပြသစ် ခန့်အပ်ထားတဲ့ အပြောင်းအလဲကြောင့် ယူနိုက်တက်အသင်းဟာ အန်ဒါဆန်ရဲ့အခြေအနေကို စောင့်ကြည့်နေတာဖြစ်ပါတယ်။
အန်ဒါဆန်ဟာ နည်းပြသစ် ပိုစတီကိုဂလူးရဲ့ အစီအစဉ်မှာ အဓိက အစိတ်အပိုင်း အနေနဲ့ မပါဝင်ရဘူးဆိုရင် ယူနိုက်တက်အသင်းဟာ သူ့ကိုကမ်းလှမ်းမှုပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေတာပါ။
အန်ဒါဆန်ဟာ နယူးကာဆယ်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက နော်တင်ဟမ်ဖောရက်စ်အသင်းမှာ အဓိက ကစားသမားအဖြစ် ရှိနေပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဥရောပ ယူ-၂၁ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အင်္ဂလန် ယူ-၂၁ အသင်းမှာ အဓိက ကစားသမား ဖြစ်ခဲ့သလို အင်္ဂလန်အသင်းကြီး နည်းပြတူချယ်လ်ဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲစလုံး သူ့ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့တာပါ။
အန်ဒါဆန်ရဲ့ လက်ရှိ ပုံစံကောင်းတွေကြောင့် ယူနိုက်တက်အသင်းဟာ သူ့ကို ဆောင်းရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ခက်ခဲနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source: Sportsmole
ပုံ - အန်ဒါဆန်ကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ