မိဘရဲ့ကိစ္စက ကိုယ့်ကိစ္စဆိုတာ
သိလာတယ်👨👩👧👦
မိဘရဲ့ဝန်တွေက ကိုယ်လည်း
မျှဝေထမ်းရတော့မယ်လို့ အတွေးဝင်လာတယ်🤲
မိဘဝမ်းနည်းရင် ကိုယ်လည်း
စိတ်မကောင်းဖြစ်ရတယ်။
မိဘအဆင်ပြေနေရင်
ကိုယ်လည်း ဝမ်းသာတတ်လာတယ်။
အရွယ်ရောက်လာတာနဲ့အမျှ
သိတတ်ခြင်းက အလိုလိုဝင်လာတယ်🌱
မိသားစုနဲ့ပတ်သက်ပြီး
အစက ဘာမှစိတ်မဝင်စားခဲ့တာတွေကို
သိလာအောင် သင်ယူခဲ့ရတယ်
မိသားစု အရေးကိစ္စတွေမှာ
ကိုယ်တိုင် ဝင်ပါလာရတယ်။
တခြားသူစိမ်းတွေနဲ့တာ
ကိုယ်လွတ်ရုန်းလို့ရနိုင်ပေမယ့်
မိသားစုနဲ့ပတ်သက်လာရင်တော့
မရှောင်လွှဲရက်ခဲ့ဘူး။
ကိုယ့်ကြောင့်
မိဘနှစ်ပါးကို
ဝန်ပေါ့စေချင်တယ်။
လိုအပ်တာတွေ ဖြည့်ဆည်းပေးချင်တယ်💝
အရာရာ ထောက်ပံ့ပြီး
သက်သာစွာ နေထိုင်စေလိုတယ်။
သိတတ်သူတွေရဲ့ကမ္ဘာမှာတော့
မိဘက ဦးစားပေးဖြစ်ခဲ့တယ်။



