Memory တွေ ပြန်တက်လာတော့ တချို့လူတွေ ကိုယ့်အနားမရှိတော့ဘူး ။ ဘယ်လိုအကြောင်းကြောင့် နှုတ်ဆက်လမ်းခွဲခဲ့ကြလဲ သိပ်တောင် မမှတ်မိချင်တော့ဘူး တစ်ခုပြောရဲတာက ကိုယ့်ကြောင့် မနာကျင် ၊ မထိခိုက်ဘူးဆိုတာပဲ ။ ကိုယ်ကသာ နာကျင်ခဲ့မယ် ၊ ထိခိုက်ခဲ့မယ် ။ ဘဝထဲ ဆုံတွေ့မိတဲ့ လူတိုင်းကိုတော့ အတတ်နိုင်ဆုံး ပျော်စရာတွေပေးခဲ့တယ် ။ အတတ်နိုင်ဆုံး အထိအရှ နည်းစေခဲ့တယ် ။ ဒီအရာမှာတော့ လိပ်ပြာသန့်တယ် ။
အချိန်တွေ အကုန်မြန်နေတယ် ။ လူတွေလည်း ပြောင်းလဲနေတယ် ။ ဘဝထဲ လူတွေ ဝင်လိုက် ၊ ထွက်လိုက် ဖြစ်နေတုန်း ။ မေတ္တာမပျက်အောင် ကြိုးစားနေထိုင်ဆဲ ။ ဘယ်သူဝင်လာပါစေ ကိုယ်ကတော့ စစ်မှန်စွာ ချစ်ခင်မြတ်နိုး ပေးဖို့ အမြဲ အဆင်သင့်ပါ ။ တစ်ခုတော့ သင်ယူနိုင်ခဲ့တယ် ။ မေတ္တာတွေ ပေးသင့်တဲ့သူကို ပေးဖို့ ။ ချစ်သင့်တဲ့သူကို ချစ်ဖို့ ။ ဒါကို ကောင်းကောင်း နားလည် သဘောပေါက်လာပြီ ။
#နူးနူးအောင်

image