12 ပတ် - ဘာသာပြန်ပါ။

ပင့်ကူတွေမှာ ခြေထောက်တွေကို ဆန့်ထုတ်ဖို့ ကြွက်သားတွေ မရှိပါဘူး အဲဒီအစား သူတို့ရဲ့ သွေးထဲက ဖိအား (hydraulic pressure) ကို အသုံးပြုကြပါတယ် ဒါကြောင့် ပင့်ကူတွေ ေxသဆုံးသွားတဲ့အခါ အဲ့ဒီဖိအားတွေ ဆုံးရှုံးသွားတဲ့အတွက် ခြေထောက်တွေကို ဆက်မဆန့်နိုင်တော့ဘဲ အတွင်းဘက်ကို ကွေးညွတ်သွားကြတာ ဖြစ်ပါတယ်
#knowledge #ဗဟုသုတ

image
12 ပတ် - ဘာသာပြန်ပါ။

ခုနောက်ပိုင်း တရုတ်အန်နီမေးရှင်း ရုပ်ရှင်တွေဟာ
အတော်ကြီးကို ဇတ်လမ်းတည်ဆောက်ပုံနဲ့

ရုပ်ထွက်တွေက ကောင်းလာပါတယ်…
အဲ့ဒီထဲမှာ မှ ကောင်းတဲ့ ဇတ်လမ်းလေးတစ်ကားကို Fan တွေ အတွက် တင်ဆက်ပေးလိုက်ပါတယ်
လူသားတွေဟာ တောတောင်တွေကို တစ်ဖြေးဖြေးနယ်ချဲ့ရင်း
လူနေအိမ်တွေဆောက် စက်ရုံတွေဆောက်ပြီး
တောထဲက တိရိစ္ဆာန်လေးတွေပါ နေစရာရှားပါးလာပါတယ်
အဲ့ဒီထဲမှာ ရှောင်ဟိုင် ဆိုတဲ့
 
အနက်ရောင် ကြောင်လေးတစ်ကောင်လဲ
ပါပါတယ်…
 
ရှောင်ဟိုင် ဟာ တောထဲ မှာ
 
နေစရာမရှိတဲ့နောက် လူတွေရဲ့
လမ်းကြို လမ်းကြားတွေမှာ
 
သွားရောက်နေထိုင်ပေမဲ့
ရက်စက်တဲ့ လူတွေက
 
ဒီကြောင်လေးတစ်ကောင်ကိုတောင်
လိုက်ပြီး ဖမ်းဆီးနှောက်ယှက်ကြပါတယ်…
 
အဲ့ဒီမှာပဲ ဖုန်ချီ ဆိုတဲ့ ကောင်လေး ဟာ ရှောင်ဟိုင်ကို
ကယ်တင်ပြီး နေထိုင်စရာ နေရာလေး တစ်ခုပေးခဲ့တယ်
 
ရှောင်ဟိုင် ရော ဖုန်ချီ ရောဟာ မွန်းစတားတွေ ဖြစ်ပြီး
ပုံမှန်အချိန်မှာ အကောင်လေးတွေ အဖြစ် ရှိပြီး
စွမ်းအားရှိတဲ့ အကောင်တွေ
 
အဖြစ်လဲ ပြောင်းလဲနိုင်ပါတယ်
 
ဒီလို မွန်းစတားတွေကို ဖမ်းဆီးနေတဲ့
 
အထက်က ဂိုဏ်းတစ်ခုလဲရှိတယ်
သူတိုက လူသားနဲ့ မွန်းစတားတွေ
 
ကြားက အခြေအနေကိုထိန်းသိမ်းတဲ့
အဖွဲဖြစ်ပြီး ထိပ်တန်း က
 
အကြမ်းစား ဖမ်းဆီးသူကတော့ ဝူရှန် ပါ
ဒီလိုအေးချမ်းနေတဲ့ ဖုန်ချီ တို
 
ရှောင်ဟိုင် တို ဘ၀ ထဲကို
မုန်တိုင်းဆန်မယ့် ဝူရှန်
 
ဝင်ရောက်လာခဲ့သော အခါမှာတော့…

The Legend of Hei (2019)

ဇာတ်ကားလင့်
https://t.me/c/2186686827/446

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
12 ပတ် - ဘာသာပြန်ပါ။

Happy Feet (2006)

Won 1 Oscar. Another 19 wins & 26 nominations
442
IMDb – 6.4/10_Rotten – 76%

Happy Feet ကို 90Kids တွေ မှတ်မိအုံးမှာပါသီချင်းမဆိုတက်ပေမယ့် အက ကျွမ်းကျင်တဲ့ပင်ဂွင်း ငှက်ကလေး ရဲ့ စွန့်စားခန်း ခရီးစဉ်တစ်ခုကိုပေါ့ဒီ Animation ရုပ်ရှင်ဟာ လူတော်တော်များများကိုသဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ပတ်သက်ပြီးအသိပညာတွေ ပေးပါတယ်ကျနော် ကိုယ်တိုင် ဒီဇတ်ကားရဲ့နောက်ဆုံးတစ်နေရာမှာ ရင်ထဲ ဆိုနင့်ပြီးမျက်ရည်ကျလောက်အောင် ဝမ်းသာမိဖူးတယ်(ငယ်ငယ်တုန်းကပါ) 😀ဇတ်လမ်းလေး အစ မှာတော့ ပင်ဂွင်းတွေ ဟာ ဖူးစာဖက် ရရှိဖိုသီချင်းအဆိုကောင်းရပါတယ် ပင်ဂွင်းမ ကို ပိုးပန်းဖိုပင်ဂွင်းအထီးတွေက သီချင်းဆိုပြရတယ် မကြိုက်ရင်ပင်ဂွင်းမ ချေတာ ခံရမှာ ဖြစ်ပြီးအသံ ပါဝါ ကောင်းကောင်း နဲ့ ခံစားချက် ကောင်းကောင်းနဲ့ညိုငင်စွာ သီချင်းဆိုတက်တဲ့ ဘဲကြီး (ပင်ဂွင်းအထီး) တွေကတော့စော်ကြည်ဘဲ တွေပါပဲ….ဒီလိုနဲ့ နာမည်ကျော် အဆိုကောင်း အသံကောင်းတဲ့ပင်ဂွင်း အထီး နဲ့ အမ ညားပါလေရောသူတိုဆီမှာ အစာရေစာ ရှားပါးလွန်းတော့ဥထားတဲ့ ဥတွေကို အထီးတွေက ဝပ်ပေးရပြီးအစ်မတွေကတော့ ရာသီတစ်ခုမှာလနဲ့ချီပြီး အစာရှာထွက်ရပါတယ်အဲ့ဒီမှာပဲ ဥ ကလေး တစ်လုံး ဟာလွဲချော်စွာ နဲ့ မွေးဖွားလာခဲ့ပြီးထို ပင်ဂွင်းလေး နာမည်ကတော့မန်ဘယ် ဖြစ်ပါတယ်မန်ဘယ် လေးဟာ မွေးကတည်းကဘရိတ်ဒန့် တွေ ဆွဲပြီး က နေလိုပင်ဂွင်းခေါင်းဆောင် (သမ္မတပေါ့ဗျာ) ကသန္ဓေမအောင်တဲ့ ကောင်လို သက်မှတ်ပြီးအစဉ်အလာ ကို ချိုးဖျက်လို ပင်ဂွင်းအုပ်တွေထဲကနေမောင်းထုတ် ပယ်ထားလိုက်ပါတော့တယ်…ဒီနောက်ပိုင်းမှာတော့ မန်ဘယ် တစ်ယောက်ခပ်ပြောင်ပြောင် ခပ်နောက်နောက်ပင်ဂွင်းအပု မျိုးနွယ်တွေနဲ့ ပေါင်းပြီးဂန္ဓဝင်တွင်မယ့် ကိစ္စကြီး တစ်ခုကိုစတင်အကောင်အထည်ဖော်ပါလေတော့သည်….

ဇာတ်ကားလင့်
https://t.me/c/2186686827/447

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
12 ပတ် - ဘာသာပြန်ပါ။

လေချူ အပင်သည် အပူပိုင်း သစ်ပင်တစ်မျိုးဖြစ်ပြီး ၎င်း၏အသီးမှာ စား၍ ရသည်။ အပူပိုင်းဒေသတွင်ပေါက်ရောက်သော ကျိချွဲသည့် အသီးပျော့မျိုးရင်းဝင်ဖြစ်ပြီး လူသိများသည့် အပင်တစ်မျိုးဖြစ်သည်။ မူရင်းပေါက်ရောက်ရာဒေသမှာ အာရှတိုက်တောင်ပိုင်းဒေသ ဖြစ်သည်။ သိပ္ပံ အမည်မှာ Dimocarpus longan ဖြစ်သည်။
လေချူ အသီးမှာ လိုင်ချီးသီးနှင့် ဆင်တူပြီး “လိုင်ချီးသီး၏ညီ” ဟုပင် တင်စားခြင်းခံရသည်။ လိုင်ချီးသီးထက် အနည်းငယ်သေးပြီး လိုင်ချီးသီး အခွံထက် ပို၍ချောမွေ့သော အညိုဖျော့ရောင် ရှိသည်။ အရသာမှာ လိုင်ချီးသီးနှင့် ဆင်တူသည်။
(၁) အာဟာရပါ၀င်မှု
(အစေ့အလေးချိန်၁၀၀ဂရမ်တွင်ပါဝင်မှုဖြစ်သည်)
ကယ်လိုရီ - ၆၀ဂရမ်
အဆီ - ၀.၁ဂရမ်
ဆိုဒီယမ် -၀ ဂရမ်
ပိုတက်ဆီယမ် -၂၂၆မီလီဂရမ်
ကာဘိုဟိုက်ဒြိတ် - ၁၅.၁၄ဂရမ်
ကျေညက်သောအမျှင် - ၁.၁ဂရမ်
ပရိုတင်း - ၁.၃၁ဂရမ်
ဗီတာမင်အေ - ၀%
ဗီတာမင် - ၁၄၀%
ကယ်လစီယမ် - ၀%
သံဓာတ် - ၁%
*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။
(၂) ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး
လေချူပင်ကိုအစာအိမ်ရောဂါ၊ အိပ်မပျော်ခြင်း၊ မကြာခဏသတိမေ့ခြင်းနှင့် ရေဖျဉ်းရောဂါများသက်သာစေရန်သုံးစွဲကြသည်။
၎င်းကိုပုံမှန်စားသုံးခြင်းဖြင့် သာမန်စွမ်းအားဖြည့် အားဆေးများထက်အကျိုးကျေးဇူး ပိုမိုရရှိနိုင်ပါသည်။
လေချူသီးသည် နှလုံးနှင့် သရက်ရွက်ကို ကျန်းမာသန်စွမ်းစေပြီး သွေးအားကောင်းမွန်ခြင်းနှင့်အာရုံကြောစနစ်ကိုကောင်းမွန်စေပါသည်။
ဗီယက်နမ်နိုင်ငံတွင်လေချူအစေ့၏ မျက်စိကို မြွေကိုက်ဒဏ်ရာတွင် အုံပေးခြင်းဖြင့် မြွေဆိပ်များကို စုပ်ယူနိုင်သည်ဟု လက်ခံ ယုံကြည်ကြသည်။
လေချူသီး အသားနှင့် သကြားကို ဆတူရော၍ ရေနှင့်ရောကာ ပျစ်ချွှဲသည်အထိ ကျိုပေးပြီး တစ်နေ့တစ်ဇွန်း သုံးစွဲနိုင်ပါသည်။
လေချူသီး အသား အခြောက်နှင့် ပြုလုပ်ထားသော အားဆေးကို အိပ်မပျော်ခြင်း၊ အာရုံကြော အားနည်းခြင်းနှင့် စိတ်ကျရောဂါများကုသရာတွင် သုံးကြသည်။
လေချူအစေ့သည် အလွန်အမင်းချွေးထွက်ခြင်းကို ကုသနိုင်ပါသည်။ အမှုန့်ကြိတ်ထားသောအစေ့တွင် saponin၊ tannin နှင့် အဆီပါဝင်ပြီး သွေးထွက်လွန်ခြင်းကို ဟန့်တားပေးနိုင်ပါသည်။

image
12 ပတ် - ဘာသာပြန်ပါ။

ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းသည့် စနစ်တစ်ခုဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာ Analog forestry က စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်နိုင်တဲ့ အခြေအနေတစ်ရပ်ကိုလည်း ဖော်ဆောင်ပေးနိုင်ပါတယ်။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
သီရိလင်္ကာနိုင်ငံရဲ့ အမြဲစိမ်းသစ်တောကြီးတွေဟာ လက်ဖက်၊ ဆီအုန်းစတဲ့ စီးပွားဖြစ်သီးနှံတွေကို တစ်မျိုးချင်းစီ အုံနဲ့ကျင်းနဲ့စိုက်ပျိုးခြင်း (monoculture) ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အဲဒီလို စီးပွားဖြစ် သီးနှံတွေကို တအုပ်တမစိုက်ပျိုးထားတဲ့ စိုက်ခင်းကြီးတွေဟာ သီရိလင်္ကာနိုင်ငံရဲ့ ဇီဝမျိုးကွဲစုံလင်မှု (biodiver-sity) ကို ပျက်ယွင်းစေပြီး ဘယ်နေရာကြည့်ကြည့် စိုက်ပျိုးထုတ်လုပ်တဲ့ အပင်တစ်မျိုးထဲကိုပဲတွေ့နိုင်တာမို့ အစိမ်းရောင်ကန္တာရ (green desert) တွေလို့တောင် တင်စားခေါ်ဆိုကြပါတယ်။ ဒါပေမယ့် အဲဒီအစိမ်းရောင် ကန္တရာကတွေမှာ ဇီဝမျိုးကွဲတွေ စုံလင်တဲ့ အိုအေစစ်လေးတွေပေါ်ထွန်းလာဖို့ ရှိနေပါတယ်။ အဲဒီအိုအေစစ်လေးတွေကိုတော့ Analog Forestry (သစ်တောပုံတူ စိုက်ခင်းတည်ထောင်ခြင်း)လို့ပဲ ခေါ်ကြည့်ကြပါစို့။
သမိုင်းအစ🇱🇰
၁၉၈၀ မတိုင်ခင်ကတည်းက Analog forestry ဆိုတဲ့ သဘောတရားကို ဂေဟဗေဒပညာရှင်တွေကြားမှာ ပြောဆိုလာကြပေမယ့် လက်တွေ့လုပ်ဆောင်သူတော့ မရှိခဲ့ပါဘူး။ ကမ္ဘာမြေအတွက် Analog forestry ကို လက်တွေ့မိတ်ဆက်ပေးခဲ့သူကတော့ သီရိလင်္ကာနိုင်ငံသား ဂေဟဗေဒပညာရှင် ဒေါက်တာရာနေးလ် (Dr. Ranil Senanayake) ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ခေါင်းဆောင်လည်းဖြစ်၊ ပထမဆုံး ဝန်ကြီးချုပ်လည်းဖြစ်တဲ့ မစ္စတာဒွန်စတီဖင် (Don Stephen Senanayake) ရဲ့ တူတော်သူ ဖြစ်ပါတယ်။ Analog forestry ကို မစခင်တုန်းက ဂေဟဗေဒပညာရှင်အသိုင်းအဝိုင်းမှာ သူ့ကို Snake man (မြွေဆရာကြီး) လို့ လူသိများပါတယ်။
သစ်တောတွေထဲမှာ မြွေတွေရှာရင်း သုတေသနတွေလည်း ပြုလုပ်ရင်း ဒေါက်တာရာနေးလ် သတိထားမိခဲ့တာကတော့ မြွေတွေ လျော့နည်းလာတယ် ဆိုတဲ့အချက်ပါ။ ဘာကြောင့် မြွေတွေ လျော့နည်းလာတယ်ဆိုတာကို လေ့လာကြည့်တဲ့အခါ မြွေတွေနေထိုင်ကျက်စားဖို့နေရာတွေ လျော့နည်းလာလို့ ဖြစ်တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဇီဝမျိုးကွဲစုံလင်မှုဟာ ကမ္ဘာမြေရဲ့ ရေရှည်တည်တံ့မှုအတွက် မရှိမဖြစ်အရေးကြီးပြီး ဇီဝမျိုးကွဲတွေ စုံလင်နေဖို့အတွက် သူတို့နေထိုင် ရှင်သန်ကျက်စားစရာနေရာ (habitat)တွေ ရှိနေဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို ဒေါက်တာရာနေးလ် ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။ သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းပြီး သီးနှံတစ်မျိုးချင်းစီ တအုပ်တမ စိုက်ပျိုးတဲ့အခါ သစ်တောထဲမှာ သဘာဝအတိုင်း ရှိနေခဲ့တဲ့ ဇီဝမျိုးကွဲ မျိုးစိတ်တွေအတွက် နေစရာမရှိတော့ဘဲ ပျောက်ကွယ်သွားရပါတယ်။ ဒါကပဲ လူသားတွေနဲ့အတူ လောကကြီး တစ်ခုလုံးအတွက် ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေတာပါ။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ သစ်တောတွေကို ပြန်လည်ပျိုးထောင်ယူရမယ်ဆိုတဲ့ အချက်ကို ဒေါက်တာရာနေးလ် ခိုင်ခိုင်မာမာ ယုံကြည်ခဲ့ပါတယ်။
ဒါပေမယ့် တစ်ဖက်မှာက စီးပွားဖြစ်သီးနှံစိုက်ခင်းတွေနေရာမှာ သဘာဝသစ်တောအုပ်တွေပြန်ပြီး အစားထိုး စိုက်ပျိုးဖို့ဆိုတာ စီးပွားရေးအရ မဖြစ်နိုင်ပါဘူး။ တကယ်လို့ စိုက်ခင်းတွေနေရာမှာ သစ်တောတွေကို အစားထိုးစိုက်ပျိုးနိုင်မယ်ဆိုရင်တောင် ပျက်စီးဆုံးရှုံးသွားတဲ့ သဘာဝသစ်တောတွေနဲ့တူတဲ့ သစ်တောတွေဖြစ်လာအောင် ဘယ်လိုပျိုးထောင်ယူမလဲဆိုတဲ့ ပြဿနာရှိနေပြန်ပါတယ်။ ဒါ့အပြင် သစ်တောတွေ ပြန်လည်စိုက်ပျိုးပြီးရင်တောင်မှ တောအုပ်ကြီးဖြစ်လာအောင် နှစ်ပေါင်းများစွာ ရေရှည်ထိန်းသိမ်းပြုစုရမယ့် ပြဿနာက ရှိနေပြန်ပါသေးတယ်။ အဲဒီပြဿနာတွေကို တပြိုင်နက်တည်း ဖြေရှင်းနိုင်မယ့်နည်းလမ်းကတော့ Analog Forestry ဖြစ်တယ်လို့ ဒေါက်တာရာနေးလ်ကယူဆပြီး သူ့အယူအဆကို တင်ပြခဲ့သလို လက်တွေ့လည်း သက်သေပြခဲ့ပါတယ်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
အခြေခံအယူအဆ🍁
ဒေသတစ်ခုမှာ သစ်တောပြန်လည်ထူထောင်ရေး (forestry restoration) လုပ်တော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ အဲဒီဒေသမှာရှိတဲ့ သဘာဝသစ်တောများ၏ သဘာဝကို လေ့လာရမယ်လို့ ဒေါက်တာရာနေးလ်က ယူဆပါတယ်။ အဲဒီသဘာဝသစ်တောအုပ်တွေထဲမှာ ပေါက်ရောက်ရှင်သန်တဲ့ အပင်အမျိုးအစားတွေ၊ အဲဒီအပင်အမျိုးမျိုးရဲ့ပါဝင်မှု အချိုးအစား၊ ဖွဲ့စည်းပုံ၊ ပေါက်ရောက်ပုံစတဲ့ ဂေဟဗေဒဆိုင်ရာ အချက်အလက်တွေကို စေ့ငုလေ့လာရမှာ ဖြစ်ပါတယ်။ အဲဒီလိုလေ့လာပြီးမှ လေ့လာထားတဲ့ သဘာဝတောအုပ်တွေကို အတုယူပြီး သစ်တောပျိုးထောင်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ပြန်လည်ထူထောင်မှုများ လုပ်ဆောင်ရမယ်လို့ သူကယူဆပါတယ်။
အဲဒီလို သဘာဝသစ်တောတွေကို လေ့လာ၊ ပုံစံတူကူးယူပြီး မိမိတို့ရဲ့ လက်ရှိစိုက်ခင်းတွေမှာ အခြားသင့်လျော်သည့် သီးနှံပင်တွေကို ထည့်သွင်းစိုက်ပျိုးခြင်းအားဖြင့် လူသားတွေအတွက် စိုက်ပျိုးသီးနှံတွေကို ထုတ်လုပ်ရုံမျှသာမက သဘာဝပတ်ဝန်းကျင်ကိုပါ ပြန်လည်တည်ဆောက်ယူနိုင်ပြီး ဇီဝမျိုးကွဲစုံလင်မှုကို ပြန်လည်ယူဆောင်ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒါဟာ Analog forestry ရဲ့ အခြေခံ အယူအဆပါပဲ။
လက်တွေ့စတင်လုပ်ဆောင်ခြင်း👩‍🌾
ဒေါက်တာရာနေးလ်ဟာ ၁၉၈၁ ခုနှစ်မှာ ဗန္ဓရာဝေလ (Bandarawella)က ၁၇ ဧက ကျယ်ဝန်းတဲ့ လက်ဖက်ခြံပျက်ပေါ်မှာ Analog forestry ကို ကိုယ်တိုင်တည်ထောင်ပြီး Analog forestry ရဲ့ အကျိုးရှိပုံကို လက်တွေ့ပြနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီ Analog forestry သရုပ်ပြစိုက်ကွက်ဟာ အခုအခါမှာတော့ Belipola Arboretum ဟု လူသိများတဲ့ ဂေဟဗေဒသင်တန်းကျောင်းတစ်ခု ဖြစ်လာပါပြီ။ အဲဒီ ၁၇ ဧက ကျယ်ဝန်းတဲ့ Analog သစ်တောအုပ်ကလေးဟာလည်း သဘာဝအမြဲစိမ်းတောကြီးနဲ့မခြား သစ်ပင်မျိုးစိတ်တွေသာမက တောရိုင်းတိရစ္ဆာန်အချို့အတွက်ပါ နေစရာတွေ ပေးထားတဲ့အပြင် လူသားတွေအတွက် စားသုံးဖို့ ရောင်းချဖို့ သီးနှံအချို့ကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။
ဒါ့အပြင် ဒေါက်တာရာနေးလ်ရဲ့ သင်ကြားပေးမှုနဲ့အတူ သီရိလင်္ကာနိုင်ငံရဲ့ လက်ဖက်စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍမှာ Analog Forestry ကို လက်တွေ့ထည့်သွင်းအသုံးချ စိုက်ပျိုးလာနေကြပြီ ဖြစ်ပါတယ်။

image
12 ပတ် - ဘာသာပြန်ပါ။

စိန်မိုးတွေရွာနေတဲ့တိမ်တွေ လို့ခန့်မှန်းထားကြပါတယ်။

Neptune ကို ပထမဆုံး မြင်တွေ့ခဲ့ရတာကတော့ ၁၈၄၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့ မှာ ဂျာမန်နက္ခတ္တဗေဒပညာရှင် Johann Galle နဲ့ Urbain Le Verrier တို့က တယ်လီစကုပ်နဲ့ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ နေအဖွဲ့အစည်းထဲမှာ သင်္ချာနည်းအရ တွက်ချက်ပြီးမှအရင် ရှာဖွေတွေ့ရှိခဲ့တဲ့ တစ်ခုတည်းသော ဂြိုဟ် ဖြစ်ပါတယ်။

Uranus (ယူရေးနပ်စ်) ဂြိုဟ်ရဲ့ ပတ်လမ်းမှာ မှန်းဆမရတဲ့ မူမမှန်မှုတွေကြောင့် အခြားဂြိုဟ်ကြီးတစ်လုံးက ဆွဲအားသက်ရောက်နေတယ်လို့ ယူဆပြီး တွက်ချက်ရှာဖွေခဲ့ကြခြင်း ဖြစ်ပါတယ်။

image
12 ပတ် - ဘာသာပြန်ပါ။

၁၉၈၉ ခုနှစ်မှာ Voyager 2 က တွေ့ရှိခဲ့တဲ့ Great Dark Spot ဟာ ကမ္ဘာကြီးရဲ့ အရွယ်အစားနီးပါး ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီမုန်တိုင်းတွေဟာ ကြာသပတေးဂြိုဟ်က မုန်တိုင်းတွေလို ရေရှည်တည်တံ့မှုမရှိဘဲ နှစ်အနည်းငယ်အတွင်း ပျောက်ကွယ်သွားပြီး ချက်ချင်းအသစ်တွေ ပြန်ပေါ်လာတတ်ပါတယ်။

image
12 ပတ် - ဘာသာပြန်ပါ။

အရိပ်တစ်ဝက်တစ်ပျက်ကျတဲ့နေရာ၊ ရေရှိတဲ့နေရာကို ရွေးချယ်ရမှာဖြစ်ပြီးတော့ ကိုယ်စိုက်မဲ့ရေကန်ထဲမှာ ချွန်ထက်တဲ့အရာတွေမရှိအောင်၊ ထိမိခိုက်မိမဲ့ ပစ္စည်းတွေရှိ မရှိဆိုတာကို စစ်ဆေးပြီးတော့ ရှင်းလင်းထားပေးရပါမယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
အေဇိုလာကို .. စိုက်ပျိုးနိုင် တွေ့နိုင်တာတွေကတော့ ကန်တွေ၊ မြောင်းတွေမှာ တွေ့နိုင်ပါတယ်။ သမပိုင်းနဲ့အနွေးပိုင်းတွေမှာဆိုရင် တွေ့နိုင်ပါတယ်။ စိုက်မယ်ပျိုးမယ်ဆိုရင် အရိပ်တော့လိုပါတယ်။ အရိပ်နဲ့အလင်းပါ (အလင်းက (၃၀)ကနေ (၅၀)ရာခိုင်နှုန်းလိုအပ်ပါတယ်။ ပြီးတော့ သူက ရေထဲမှာပေါက်တဲ့အပင် ဖြစ်တဲ့အတွက်ကြောင့် ရေလည်းလိုအပ်တာပေါ့။ အနည်းဆုံး (၅)လက်မ အနက်တော့ရှိရမှာဖြစ်ပါတယ်။ လိုအပ်တဲ့အပူချိန်ကတော့ ၂၀ ကနေ ၃၅ ဒီဂရီဆဲလ်စီးယပ်ပါ။ ၃၆ ထက်ကျော်သွားရင်တော့ ပြဿနာတက်မှာဖြစ်ပါတယ်။ အထွက်ကောင်းဖို့ဆိုရင်တော့ ချဉ်ငံကိန်းက ၅.၀ ကနေ ၇.၀ ပါ။ စိုထိုင်းဆကတော့ (၈၀) ကနေ (၉၀)ရာခိုင်နှုန်းဖြစ်ရမှာပါ။
စိုက်ပျိုးခြင်း
🌲🌲🌲🌲
🍀တည်နေရာ။ ။ အဓိကအရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ အရိပ်တစ်ဝက်တစ်ပျက်ကျတဲ့နေရာ၊ ရေရှိတဲ့နေရာကို ရွေးချယ်ရမှာဖြစ်ပြီးတော့ ကိုယ်စိုက်မဲ့ရေကန်ထဲမှာ ချွန်ထက်တဲ့အရာတွေမရှိအောင်၊ ထိမိခိုက်မိမဲ့ ပစ္စည်းတွေရှိ မရှိဆိုတာကို စစ်ဆေးပြီးတော့ ရှင်းလင်းထားပေးရပါမယ်။
🍀စိုက်ဖို့ ကန်။ ။ အရွယ်အစားက (၆)ပေ (၄)ပေ ကန်တစ်ကန်ကနေ တစ်နေ့ကို တစ်ကီလိုလောက် ပြန်ထောက်ပံ့ပေးနိုင်ပါတယ်။ ကိုယ့်ဘာသာစိုက်မယ်ဆိုရင် အုတ်နံရံနဲ့လုပ်လို့ရပါတယ်။ ပလတ်စတစ်ခင်းပြီးမှ ရေမစိမ့်အောင် လုပ်ချင်တယ်ဆိုရင်လည်းရပါတယ်။ အရိပ်အောက်ဖက်မှာလုပ်မယ်ဆိုရင်တော့ အမှိုက်တွေမကျအောင် စီမံထားပါ။ အရိပ်မရနိုင်ဘူးဆိုရင်လည်း အစိမ်းရောင်၊ အနက်ရောင်ပိုက်နဲ့ ကာထားပေးလို့ရပါတယ်။ ကန်နဲ့ပတ်သက်ပြီး ဉာဏ်ထွက်သလို စီစဉ်နိုင်ပါတယ်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
🍀စိုက်ပျိုးခြင်း။ ။ မြေနည်းနည်းသန့်သန့်ရယ်၊ နွားချေးရယ်ကို ရေကန်ထဲမှာ ညီညာအောင်ဖြန့်ပေးပါ။ ၆ ပေ ၄ ပေ ကန်အတွက်ဆိုရင် အေဇိုလာ (၁) ကီလိုဂရမ် ထည့်ပေးရပါမယ်။ ညီညီညာညာဖြန့်ပေးပြီးရင်တော့ ရေအနက် (၅) လက်မ ကနေ (၆) လက်မ အထိ ရှိနေအောင် စစ်ကြည့်ပေးပါ။ အကြီးမြန်ချင်တယ်ဆိုရင် မိုးရာသီမှာစိုက်ပေးတာက ပိုမြန်စေပါတယ်။ နောက်ထပ် အရေးကြီးတဲ့တစ်ချက်ကတော့ ဆားတွေမရှိဖို့ပါပဲ။ ရေငန်တယ်ဆိုရင် လုံးဝဖြစ်ထွန်းမှာ မဟုတ်ပါဘူး။ စီးပွားဖြစ်စိုက်မယ်ဆိုရင်တော့ ရေရဲ့အရည်အသွေးကို စစ်ဆေးကြည့်လိုက်တာ အကောင်းဆုံးဖြစ်မှာပါ။
🍀ထိန်းသိမ်းခြင်း။ ။ စိုက်ပျိုးနေတုန်းမှာ အပင်တွေကို လည်း နွားချေး (၁) ကီလို၊ ဖော့စဖိတ် (၁၀၀) ကနေ (၁၂၀) ဂရမ်ကို ၂ ပတ် တစ်ကြိမ်လောက် ကန်ထဲလိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ ကန်ထဲမှာပေါက်လာတဲ့ တစ်ခြားအပင်တွေကိုလည်း ဖယ်ရှားပေးရမှာဖြစ်ပါတယ်။ ကန်တစ်ကန်အတွက် ကြာချိန်ကတော့ (၆)လကနေ (၈)လပဲ ထားသင့်ပါတယ်။ လပြည့်ရင် ရေအသစ်လဲ၊ စိုက်တာတွေ အသစ်လဲပေးရင် အကောင်းဆုံးဖြစ်ပါတယ်။
🍀ရိတ်သိမ်းခြင်း။ ။ စစိုက်ပြီး (၂)ပတ်ကနေ (၃)ပတ်အကြာဆိုရင် ရိတ်သိမ်းဖို့ အသင့်ဖြစ်နေပါပြီ။ နေ့တိုင်းရိတ်သိမ်းနိုင်ပါတယ်။ ပလတ်စတစ်ဇကာနဲ့သိမ်းရင် ပိုလွယ်မှာပါ။ လက်နဲ့ဆိုရင် အပင်လေးတွေက သေးသေးလေးတွေဖြစ်တာကြောင့် အကြီးအသေး မညီတာမျိုး ဖြစ်တတ်တာမို့ပါ။
🍀ရိတ်သိမ်းပြီးရင်။ ။ အပင်လေးတွေကို နို့စားသတ္တဝါတွေ၊ ဆိတ်၊ သိုး၊ ဝက်၊ ကြက်၊ ယုန် စတဲ့အကောင်လေးတွေကို ဒီတိုင်းကျွေးတာဖြစ်ဖြစ်၊ တစ်ခြားတိရစ္ဆာန်စာနဲ့ရောပြီးတော့ကျွေးတာဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ မကျွေးခင်မှာတော့ ရေဆေးပေးဖို့ လိုပါလိမ့်မယ်။ အဲ့လိုဆိုရင်တော့ အစာကုန်ကျစရိတ်ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
🍀တွေးစရာအချက်တွေ။ ။ နွေရာသီတွင်း အရမ်းပူတဲ့အပူချိန်တွေ၊ အရမ်းအေးတဲ့အပူချိန်တွေ၊ ရေပြတ်လပ်မှုတွေ၊ စိုထိုင်းဆနည်းတာတွေမျိုး ရေအရည်အသွေးမကောင်းတာမျိုးတွေကြောင့်မို့ ကိုယ်စိုက်ပျိုးတဲ့ အေဇိုလာလေးတွေကို ထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။
🍀အနည်းဆုံး။ ။ အနည်းဆုံးတော့ စပါးခင်းထဲ အေဇိုလာလေးတွေထည့်ပေးလိုက်ရင် အေဇိုလာလည်းရ၊ စပါးခင်းအတွက်လည်း နိုက်ထရိုဂျင်ကိုလည်း ဖမ်းယူပေးနိုင်မှာဖြစ်ပါတယ်။
ကဲ အဲ့လိုဆိုရင်တော့ အေဇိုလာလေးတွေကို စိုက်ဖို့ အရမ်းမခက်တော့ လိုက်လုပ်ကြည့်ပြီးတော့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ ကုန်ကျစရိတ်တွေကို လျော့ချနိုင်ကြပြီး အမြတ်တွေလည်း တိုးနိုင်ကြပါစေ။

image
12 ပတ် - ဘာသာပြန်ပါ။

ကျွန်တော်တို့ ကမ္ဘာမြေပေါ်မှာ နေဝင်ချိန်ရောက်တဲ့အခါ ညနေကောင်းကင်ဟာ ရဲရဲနီတဲ့ အနီရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်စတဲ့ လှပတဲ့ အရောင်အသွေးတွေနဲ့ တောက်ပနေလေ့ရှိပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဂြိုဟ်တစ်လုံးဖြစ်တဲ့ အင်္ဂါဂြိုဟ် ပေါ်မှာကျတော့ သူရဲ့နေဝင်ချိန်ရဲ့ ကောင်းကင်ကိုကြည့်နိုင်မယ်ဆိုရင် ကမ္ဘာနဲ့မတူပဲ အပြာရောင် သန်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလို ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်တို့ရဲ့ နေဝင်ဆည်းဆာအရောင်တွေ ကွဲပြားခြားနားရတဲ့ အဓိကအကြောင်းရင်းကတော့ ဂြိုဟ်တစ်ခုချင်းစီရဲ့ လေထုဖွဲ့စည်းပုံနဲ့ သူတို့ဆီမှာပါဝင်တဲ့ အမှုန်အရွယ်အစားတွေ ပေါ်မှာ မူတည်နေတာကြောင့်ပါ။
ကမ္ဘာ့လေထုဟာ အင်္ဂါဂြိုဟ်ထက် ပိုမိုသိပ်သည်းပြီး အဓိကအားဖြင့် နိုက်ထရိုဂျင် (၇၈%) နဲ့ အောက်ဆီဂျင် (၂၁%) မော်လီကျူးတွေနဲ့ ဖွဲ့စည်းထားပါတယ်။
နေရောင်ခြည်ဟာ ကမ္ဘာ့လေထုကို ဖြတ်သန်းလာချိန်မှာ မူလရှိရင်းစွဲအဖြူရောင်အလင်းများ နဲ့ လေထုထဲက မောလီကျူး ၊အမှုန်များနဲ့ထိတဲ့အခါ အလင်းဖြန့်ကျက်ခြင်းဖြစ်ပေါ်ပါတယ်။
ဒီအခါ wavelength တိုတောင်းတဲ့ အပြာရောင်အလင်းတန်းများဟာ ကမ္ဘာလေထုမှာဖြန့်ကျက်သွားပြီး ကျန်ရှိတဲ့ အလင်းများဟာ ရှည်လျားတဲ့ wavelength အနီရောင်ဘက်သန်းတဲ့ အလင်းတန်းများအနေနဲ့ သာဝင်ရောက်လာပါတယ်။
ဒါကြောင့် နေ့ခင်းဘက်မှာ အပြာရောင်အလင်းတွေ ကောင်းကင်တစ်ခွင် ပြန့်ကျဲကုန်ပြီး ကမ္ဘာ့ကောင်းကင်က အပြာရောင်ဖြစ်နေတာပါ။
နေဝင်ချိန် ဒါမှမဟုတ် နေစထွက်ချိန် မှာ နေရောင်ခြည်ဟာ ကမ္ဘာ့လေထုကို ပိုမိုရှည်လျားတဲ့ လမ်းကြောင်း အတိုင်း ဖြတ်သန်းပြီးမှ ကျွန်တော်တို့ မျက်လုံးဆီကို ရောက်ရှိပါတယ်။ ဒီလို လမ်းကြောင်းရှည်ကြီး ဖြတ်သန်းလာတဲ့အခါမှာ လေထုထဲက လေမော်လီကျူးလေးတွေဟာ အပြာရောင်နဲ့ ခရမ်းရောင်အလင်းအများစုကို လုံးဝ ပြန့်ကျဲပစ်လိုက်ပြီး တခြားအရပ်မျက်နှာဘက်တွေကို ဖြန့်ထုတ်လိုက်ပါတော့တယ်။
ဒါကြောင့် ကျွန်တော်တို့ဆီ တိုက်ရိုက်ရောက်လာတဲ့ အလင်းရောင်က အနီရောင်၊ လိမ္မော်ရောင်နဲ့ အဝါရောင်လို လှိုင်းအလျားရှည်တဲ့ အလင်းတွေပဲ ကျန်ပါတော့တယ်။
ဒါကြောင့် ကမ္ဘာရဲ့ နေဝင်ချိန်တွေဟာ အနီရောင်သန်းနေရတာဖြစ်ပါတယ်။ဒီလိုဖြစ်ရပ်ကိုတော့ Ray Leigh scattering ဖြစ်စဉ်လို့ခေါ်ပါတယ်။
အင်္ဂါဂြိုဟ်မှာ နေဝင်ချိန်ရောက်တဲ့အခါ နေအနားက ကောင်းကင်ပြင်ဟာ အပြာရောင် ဖျော့တော့တော့လေး ပေါ်နေတတ်ပြီး၊ ကျန်တဲ့ မိုးကုပ်စက်ဝိုင်းတစ်လျှောက်ကတော့ အဝါရောင် ဒါမှမဟုတ် လိမ္မော်ရောင်အဖြစ် တောက်ပနေတာကို တွေ့ရနိုင်ပါတယ်။
အင်္ဂါဂြိုဟ်ရဲ့ လေထုက ကမ္ဘာထက် အဆပေါင်းများစွာ ပါးလွှာ ပါတယ်။ အဓိကအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့နဲ့ ဖွဲ့စည်းထားပြီး၊ အရေးကြီးဆုံးကတော့ သံဓာတ်ကြွယ်ဝတဲ့ ဖုန်မှုန့် အနုစားလေးတွေ အများအပြား ပါဝင်နေတာပဲ ဖြစ်ပါတယ်။
ကမ္ဘာ့လေထုထဲက လေမော်လီကျူးတွေက အလွန်သေးငယ်ပြီး အပြာရောင်ကို ပိုပြန့်ကျဲစေပေမယ့်၊ အင်္ဂါဂြိုဟ်က သံဓာတ်ပါတဲ့ ဖုန်မှုန့်လေးတွေ ကတော့ ကမ္ဘာ့လေမော်လီကျူးတွေထက် ပိုကြီးပါတယ်။
ဒီဖုန်မှုန့်လေးတွေဟာ အပြာရောင်အလင်းကို တခြားအရောင်တွေထက် ပိုမိုထိရောက်စွာ စုစည်းစေနိုင်တဲ့ အခြေအနေမှာ ရှိနေကြပြီး အပြာရောင်အလင်းကို နေရဲ့ ဦးတည်ရာ (နေနား) နားမှာပဲ စုစည်းနေစေပါတယ်။
အင်္ဂါဂြိုဟ်မှာ နေဝင်ချိန်ရောက်တဲ့အခါ နေရောင်ခြည်က သံဓာတ်ကြွယ်ဝနေတဲ့ဖုန်မှုန့်များတဲ့ လေထုကို ဖြတ်သန်းရပါတယ်။ အဲဒီအခါမှာ အပြာရောင်လှိုင်းအလျား (wavelengths) တွေဟာ အခြားအရောင်တွေထက် ပိုမိုထိရောက်စွာ ဖောက်ဝင်နိုင်ပြီး နေဝင်ချိန်မှာတော့ အပြာရောင်အလင်းဟာ နေနဲ့ပိုနီးတဲ့ ကောင်းကင်တစ်စိတ်တစ်ပိုင်းမှာ စုစည်းပေါ်သွားပြီး အင်္ဂါဂြိုလ်ပေါ်က ကျန်တဲ့ ကောင်းကင်ပြင်ကတော့ နေရောင်ခြည်ဖြတ်သန်းမှုနည်းတဲ့အတွက် အဝါရောင် သို့မဟုတ် လိမ္မော်ရောင် ဖျော့တော့တော့လေး ဖြစ်နေတတ်တာပါ။
အခုလို ဖြစ်စဉ်ကိုတော့ Mie scattering လို့ခေါ်ပါတယ်။
ဒီလို အင်္ဂါဂြိုလ်ပေါ်က အပြာရောင် နေဝင်ဆည်းဆာ မြင်ကွင်းတွေကို အင်္ဂါဂြိုဟ်ပေါ်က စူးစမ်းရေးယာဉ်တွေဖြစ်တဲ့ Spirit , Opportunity နဲ့ Perseverance တို့ကလည်း မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာဆိုရင် Perseverance စူးစမ်းရေးယာဉ်ဟာ ထင်ရှားတဲ့ အပြာရောင် အလင်းဝိုင်း (blue halo) နဲ့အတူ နေဝင်ဆည်းဆာတစ်ခုကို အောင်မြင်စွာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဒီလို ကွဲပြားတဲ့ နေဝင်ဆည်းဆာ အရောင်အသွေးတွေဟာ ဂြိုဟ်တစ်ခုစီရဲ့ လေထုက နေရောင်ခြည်နဲ့ ဘယ်လို အပြန်အလှန်ဆက်စပ်တယ်ဆိုတာကို ပြသနေတဲ့ သိပ္ပံပညာရဲ့ လှပတဲ့ သက်သေခံချက်တွေပဲ ဖြစ်ပါတယ်။