Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဗုဒ္ဓသရဏံ ဂစ္ဆာမိ သီချင်းကို ကလပ်မှာ DJ တီးခတ်ဖျော်ဖြေခဲ့တဲ့ DJ Violet သံဃနာယကအဖွဲ့ဆီမှာ ဝန်ချတောင်းပန်မယ်
စက်တင်ဘာ ၁၁
ဓမ္မတေး သီချင်းဖြစ်တဲ့ ဗုဒ္ဓသရဏံ ဂစ္ဆာမိ သီချင်းကို ကလပ်မှာ DJ တီးခတ်ဖျော်ဖြေခဲ့တဲ့ အပေါ် DJ Violet အနေနဲ့ လူမှုကွန်ယက်မှပြန်လည်တောင်းပန်ခဲ့သလို သက်ဆိုင်ရာ သံဃနာယကထံမှာလည်း ဝန်ချတောင်းပန်ရမှာဖြစ်တယ်လို့ သိရပါတယ်။
" နီးစပ်ရာ သံဃနာယကရုံးမှာ တောင်းပန် ဝန္ခ်
ကန်တော့သွားမယ့် အကြောင်း ညက မိမိနဲ့ ဖုန်းဆက်ဆွေးနွေးခဲ့တယ်။မိမိမှလည်းဆုံးမ စကား အနည်းငယ်ပြောပြီးလုပ်ရိုး လုပ်စဉ် ထုံးနည်း ညွန်ကြားကာကျန်းမာ ချမ်းသာကြပါစေလို့ မေတ္တာပို့သပေးခဲ့တယ်။ဗုဒ္ဓဘာသာ ရဟန်းရှင်လူအများ အနေနဲ့လည်း ဒကာမေလးမွ သံဃာ့နာယကထံ တောင်းပန်ပြီးပါကနားလည် ခွင့်လွှတ်ပေးကြစေကြောင်း " ဆိုပြီး မစိုးရိမ်ဖေးမလက်တွဲ ဆရာတော်က သူ့ရဲ့လူမှုကွန်ယက်ကနေ အသိပေးထားပါတယ်။
DJ Violet အနေနဲ့ "ဗုဒ္ဓသရဏံ ဂစ္ဆာမိ " ဓမ္မတေးသီချင်းကို ကလပ်မှာ DJ Remix လုပ်ပြီး ဖွင့်ကာ ကခုန်ပျော်ပါးနေတဲ့ ရုပ်သံဖိုင်ကြောင့် အများပြည်သူအကြားမှာ ဝေဖန်မှုမြင့်တက်လာပြီးနောက် DJ Violet က စက်တင်ဘာ ၁၀ ရက်မှာ သူ့ရဲ့လူမှုကွန်ယက်ကနေ တောင်းပန်ကြောင်း စာရေးသားခဲ့ပါတယ်။
" ကျွန်မကိုယ်တိုင်လဲဗုဒ္ဓဘာသာကိုစော်ကားရင်အမြတ်ထွက်သလိုအားလုံးဖြစ်မယ်ဆိုတာကိုလဲသိ့ပါတယ်။ ကျွန်မကိုအားရပါရပြောကြပါ။အဲထက်ကြီးတဲ့အပြစ်တွေရှိရင်လဲပေးကြပါ ။တကယ်အနူးအညွတ်တောင်းပန်ပါတယ်။တမင်ရည်ရွယ်ပီးလုပ်ခဲ့တာမဟုတ်ပါဘူး။တောင်းပန်တဲ့စကားလုံးထက်ကောင်းတဲ့စကားရှိရင်လဲပြောပီးတောင်ပန်ချင်ပါတယ်။စိတ်အအနှောက်ယှက်ပေးမိ့ခဲ့လိုလဲတောင်းပန်ပါတယ်။ကိုယ်ကိုတိုင် ဗုဒ္ဓဘာသာ ဖြစ်နေပါရက်နဲ့ သတိမပြုမိ့ဘဲ လုပ္မိ့တဲ့ အမှားအတွက် အားလုံးကိုအနူးအညွန့်တောင်းပန်ပါတယ်ရှင်။နောက်နောင် အဲလိုအမှားမျိုးမဖြစ်အောင် ဆင်ခြင်ပါ့မယ်ရှင်။" ဆိုပြီး တောင်းပန်ကြောင်းရေးသားထားပါတယ်။
DJ Violet ဘက်မှတောင်းပန်ခဲ့ပေမယ့်လည်း
ဓမ္မတေးသီချင်းကို ကလပ်မှာဖွင့်လှစ်ပြီးကတဲ့အပေါ် ပြည်သူအများစုကတော့ မလုပ်သင့်တဲ့ကိစ္စဖြစ်ကြောင်း ဝေဖန်မှုဆက်ရှိနေပြီး အရေးယူပေးဖို့ ပြောဆိုသူတွေလည်းရှိနေတာတွေ့ရပါတယ်။
" ဒါက ဘုရားစာလေ။ဘုရားကိုပူဇော်တဲ့သီချင်းပါ။ဒါကို Remix လုပ်တာအထိလက်ခံလို့ရသေးတယ်။ မူးရူးကခုန်နေတဲ့ ကလပ်မှာ ဘုရားသီချင်းဖွင့်ပြီးကတာကတော့ မလုပ်သင့်တဲ့အရာပါ။အသိစိတ်လွတ်တယ်ပြောရအောင်လည်း လက်အုပ်ချီပြီးတောင်ကနေကြတာ မြင်ရတာပဲလေ။ထိရောက်တဲ့အရေးယူမှုတော့လုပ်ဖို့လိုတယ်လို့ကျွန်တော်ထင်ပါတယ်။ခုလိုပြောတာ ချစ်ခြင်းမုန်းခြင်းမရှိပါဘူး။ " လို့ ပြည်သူတယောက်က ပြောပါတယ်။
ဗုဒ္ဓသရဏံ ဂစ္ဆာမိ ဓမ္မတေးသီချင်းက အဆိုတော်ပိုးအိစံမှ သရဏဂုံသုံးပါးကို ပူဇော်တဲ့အနေနဲ့ သီဆိုထားတဲ့ တေးသီချင်းဖြစ်ကြောင်း ၊ ဓမ္မတေးသီချင်းကို DJ Remix ပြုလုပ်သူကိုလည်း အရေးယူဖို့လိုကြောင်း ပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကလည်း ရန်ကုန်မြို့ ၊ရွှေတောင်ကြားလမ်းမှာ ဖွင့်လှစ်တဲ့ V gasto bar ရဲ့ကြော်ငြာဆိုင်းဘုတ်မှာ ဗုဒ္ဓရုပ်ပုံတော်ကို နားကြပ်တပ်ပြီး ကြေငြာခဲ့တာကြောင့် ဆိုင်ကိုပိတ်သိမ်းခံခဲ့ရတဲ့အပြင် ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းနှစ်ယောက်ကိုလည်း ဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ခဲ့မှုရှိခဲ့ပါတယ်။
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
ပိုင်ရှင်အလွှဲအပြောင်းသတင်းများထွက်ပေါ်အပြီး အူရီဒူးမြန်မာမှ U9 အဖြစ်ပြောင်းလဲ
စက်တင်ဘာလ ၁၁
မြန်မာနိုင်ငံ၏ မိုဘိုင်းအော်ပရေတာတစ်ခုဖြစ်သည့် အူရီဒူးမြန်မာသည် ပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်သည့် သတင်းများထွက်ပေါ်မှုအပြီး ယခုအခါ ယခင်အူရီဒူးမြန်မာမှသည် U9 အမည်သို့ တရား၀င်ကူး ပြောင်းလိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။
U9 သို့ တရား၀င် အမှတ် တံဆိပ်အသစ်တစ်ခု ကူး ပြောင်းခြင်းကို ယခု စက်တင်ဘာလ (၂၀) ရက်နေ့ မွစ၍ ပြုလုပ်သွားမည်ဟု အူရီဒူးမြန်မာက သတင်းထုတ်ပြန်လာသည်။
လာမည့် ရက်သတ္တပတ်များအတွင်း လက်လီအရောင်းဆိုင်များ၊ ရုံးခန်းများနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် U9 ၏ တက်ကြွလန်းဆန်းသော အသွင်အသစ်ကို မြင်တွေ့ရတော့မည်ဟု ပေးပို့သည်။
U9 အနေဖြင့် လက်ရှိဖုန်းနံပါတ်များနှင့် SIM ကတ်များ တစ္စုံတရာ ပြောင်းလဲမှုရှိမည်မဟုတ်ဟု ဆိုသည်။
ထိုကဲ့သို့ပင် အသုံးပြုနေသော အစီအစဉ်များ၊ လက်ကျန်ငွေများနှင့် ဝယ်ယူထားသော ဝန်ဆောင်မှုအစီအစဉ်များ ယခင်အတိုင်း ဆက်လက် အလုပ်လုပ်နေမည်ဖြစ်သည်ဟုလည်း သိရှိရသည်။
၎င်းအပြင် သုံးစွဲသူဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ်များနှင့် ဆိုင်လိပ်စာများ အားလုံးလည်း ယခင်အတိုင်းပင် ဆက်လက်ရှိနေမည်ဖြစ်ပါသည်။
U သည် ဤအသွင်ကူးပြောင်းမှု၏ ဗဟိုချက်တွင်ရှိသော ကြှနျုပျတို့၏ သုံးစြဲသူမ်ား၊ စီးပွားရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် လူမှုအသိုင်းအဝိုင်းများဖြစ်သည့်လူကြီးမင်း" တို့ကို ညွှန်းဆိုပါသည်ဟု သိရှိရသည်။
9 သည် ဆက်သွယ်ရေးနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ကတိကဝတ်များကို အသစ်တဖန် ပြန်လည်လုပ်ဆောင်ရင်း စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုများကို ညွှန်းဆိုပြန်သည်။
အခုလို အသွင်အသစ်ပြောင်းလဲမှုဟာ ကျွန်မတို့ ကုမ္ပဏီအတွက်သာမက ဆက်သွယ်ရေးနယ်ပယ်အတွက်ပါ အေရးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ် ဟု U9 ၏ အမှုဆောင်အရာရှိချုပ် (CEO) ဒေါ်ကာရိုလိုင်းယဉ်ယဉ်ဌေးက ပြောကြားခဲ့သည်။
ယခုနှစ်၊ ဇွန်လကုန်အထိ အူရီဒူးမြန်မာအနေနှင့် မိုဘိုင်းချိတ်ဆက်မှုပေါင်း ၈.၅ သန်းကျော်ရှိသည်ဟု သိရှိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှစ၍ သုံးစွဲသူများသည် U9 အက်ပလီကေးရှင်းအသစ်အား Apple App Store နှင့် Google Play တို့တွင် ရယူနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေနှင့် အူရီဒူးမြန်မာ App အသုံးပြုစဉ်က အကောင့်အချက်အလက်များအတိုင်း ပြန်လည် အသုံးပြုကာ ဝင်ရောက်နိုင်မည် ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။
U9 မိတ္ဆက္ပြဲအား ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှစ၍ သုံးစြဲသူမ်ားမွ 9999 အား Hello U9 ဟု စာတို ပေးပို့ပါက 9GB အထိ အခမဲ့ဒေတာ ရရှိနိုင်မည့် အခွင့်အရေးကိုပါ စီစဉ်ပေးထားသည်ဟု ဆိုသည်။
Credit - BETV
#centralnewsnaypyitaw