13 ပတ် - ဘာသာပြန်ပါ။

နှစ်မကုန်ခင် Khao Yai မှာ ဓာတ်ပုံသွားရိုက်ဖို့ နေရာတစ်ခုတိုးလာပါတော့မယ် 📸🤳
✈️ နောက်ဆုံးပေါ် လန်းဒ်မာ့ခ်အသစ်ကို မိတ်ဆက်လိုက် Take Me Home Pake Khaoyai 🌷
ပန်းခင်း အလည်မှာ ထူးခြားဆန်းသစ်တဲ့ လေယာဉ်ကဖေ ပန်းခြံကြီးဟာ ၄၀ ဧကကျော်ရှိပြီး ခေါင်းယိုင်မြို့၊ Pak Chong မှာရှိပါတယ်။
ဒီနေရာမှာ 👉
💐 ထိုင်း + နိုင်ငံခြားမှာ အလှဆုံး ပန်းမျိုးပေါင်းစုံတွေ စုစည်းထားပြီး (Event Zone & Concert Area )– ဂီတပွဲကြီးများ၊ အစုံအလင် Event တွေ အတွက် အဆင်သင့်ပါ။
• 🏕️ Camping Zone – တောင်တန်းရှုခင်းအလှနဲ့အတူ Camping Tam ထိုးပြီး အနားယူနိုင်မယ့်နေရာတွေလည်းရှိပါတယ်။
• 🚗 Car Park – ကားအများအပြား အဆင်ပြေစွာထားနိုင်မယ့် ပါကင်ကြီးနဲ့ ဘေမှာလည်း လမ်းက ခေါင်းယိုင်မှာ အကျယ်ဆုံးလမ်းကြောင်းလို့တောင်ပြောလို့ရပါတယ်။
🌸 လတ်တလောတော့ ဆောက်လုပ်နေဆဲဖြစ်ပြီး နိုဝင်ဘာလ မှ စတင်ဖွင့်လှစ်သွားမယ်လို့တော့ ခန့်မှန်းထားပါ။
အလှပဆုံးပုံရိပ်တွေကို ဖမ်းဆုပ်ချင်သူတွေ ကြိုတင်စီစဉ်ထားလိုက်ပါနော် 💛

📸 Credit : Take Me Home Pake Khaoyai
#bkkguideformm
#ခေါယိုင် #ပါချောင် #ခရီးသွား #မြန်မာခရီးသွား

image

imageimage
+5

- အကယ်၍ ကျမတို့ ပြန်ဆုံဖြစ်ကြရင် -
အဲဒီနေ့မှာ ကောင်းကင်ကြည်လင်သည်ဖြစ်စေ ၊
မကြည်လင်သည်ဖြစ်စေ တွေ့ကြမယ် ။
ကျမ မချစ်မနှစ်သက်တဲ့ မိုးသည်းသည်းတွေ
မည်းနေပါစေ တွေ့ကြမယ် ။
မခံနိုင်အောင် နေရောင်ပြင်းပြင်းတောက်နေပါစေ
တွေ့ကြမယ်။
နှစ်ယောက်လုံး ငရဲက လွတ်လာသူတွေမို့
ဘယ်နတ်ဆိုးမှ တိုက်ခိုက်နိုင်မှာ မဟုတ်တော့ဘူး ။
ကိုယ့်အမြစ်ဆီ ကိုယ်ပြန်လာကြတဲ့ သစ်ပင်တွေမို့
ဘယ်လိုရာသီဆိုးမျိုးမှ တားနိုင်မှာမဟုတ်တော့ဘူး။
ကျမတို့ ပန်းတွေယူလာကြမယ်။
ကျမတို့ အင်းလျားကန်ဘောင်မှာ တွေ့ကြမယ်။
ကျမတို့ ရွှေတိဂုံတောင်ဘက်မုခ်မှာ တွေ့ကြမယ်။
ကျမတို့ ဦးထွန်းလင်းခြံလမ်းမှာ တွေ့ကြမယ်။
ကျမတို့ လောကနတ်မှာ တွေ့ကြမယ်။
ကျမတို့ လက်ဖက်ရည်သောက်မယ်။
ကျမတို့ ပဲနံပြားစားမယ်။
ကျမတို့ တစ်ယောက်သတင်းတစ်ယောက် မေးကြမယ်။
ကျမတို့ တစ်ယောက်နဲ့တစ်ယောက်
လက်ချောင်းလေးတွေနဲ့ ထိတွေ့ကြည့်ကြမယ်။
မျက်လုံးက အနီးအဝေးမှန်သေးရဲ့လား။
နှာခေါင်းဖျားလေးက ဝင်လေထွက်လေ
ခွဲခြားတတ်သေးလား ။
နှုတ်ခမ်းက အနမ်းတွေကို မှတ်မိသေးရဲ့လား ။
နားတွေ ၊ နားသပ်စပ်တွေ ၊ ဆံပင်တွေ ၊
မွှေးညှင်းပေါက်တွေရော
သူတို့ကောင်းကောင်းကျန်းမာနေသေးရဲ့လား ။
ကျမတို့ မျက်နှာချင်းဆိုင်ပြီး နှဖူးချင်းထိကပ်ထားမယ် ။
ကျမတို့ တစ်ယောက်နဲ့တစ်ယောက်
မဆုံးနိုင်အောင် လွမ်းကြမယ်။
တစ်ယောက်ကျောရိုးမကိုတစ်ယောက်
ပွတ်သပ်ချော့မြူကြမယ်။
တစ်ယောက်ကိုယ်ထဲတစ်ယောက်
ဖောက်ဝင်သွားတဲ့အထိ ဖက်ထားကြမယ်။
ကျမတို့ကိုယ်တွင်းထဲ ချုပ်နှောင်ထားခဲ့ရတဲ့ အသံတွေကို ဘေးမဲ့လွှတ်ပေးကြမယ် ။
ကျမတို့ သယ်ဆောင်လာခဲ့ရတဲ့ မှတ်ဉာဏ်တွေကို
ရွှေ့ဆိုင်းချမယ်။
ကျမတို့ ရွှေ့ပြောင်းတောင်ပံတွေကို ပင်စင်ပေးမယ်။
ကျမတို့ ဘန်ကောက်ကို သွားဖို့မလိုဘူး။
ကျမတို့ ဆိုးလ်မြို့ကို သွားဖို့မလိုဘူး။
ကျမတို့ မြောက်ဘက်အလင်းတန်းတွေဆီ သွားဖို့မလိုဘူး။
ကျမတို့ ဘာဆိုဘာမှ မြန်မြန်လုပ်ဖို့မလိုတော့ဘူး။
နှေးနှေးလေးပဲ ရွေ့မယ်။
ဖြေးဖြေးလေးပဲ တွေးမယ်။
နည်းနည်းလေးပဲ ယူမယ်။
ရှင်က အိမ်ပြန်လာပါပြီ ပြောမယ်။
ကျမက အိမ်ကနေ ကြိုဆိုပါတယ် ပြောမယ် ..... ။
- မြကျေး -

image
13 ပတ် - ဘာသာပြန်ပါ။

တစ်ချိန်က Tupperware ဟာ လူတိုင်းအသုံးပြုကြတဲ့ အိမ်သုံးပစ္စည်းနာမည်တစ်ခုဖြစ်ခဲ့ပြီး မိသားစုအဆက်ပေါင်းများစွာ လက်ဆင့်ကမ်းသုံးနိုင်လောက်အောင် တာရှည်ခံတဲ့ ထုတ်ကုန်တွေကြောင့် နာမည်ကျော်ခဲ့ပါတယ် သူတို့ရဲ့ လေလုံဘူးတွေဟာ အစားအသောက်တွေကို နှစ်ပေါင်းများစွာ လတ်ဆတ်နေအောင် ထိန်းသိမ်းပေးနိုင်ပြီး အရည်အသွေးပိုင်းမှာလည်း ဘယ်သူမှ မယှဉ်နိုင်ခဲ့ပါဘူး
ဒါပေမဲ့ ကံဆိုးစွာဘဲ ဒီအားသာချက်ဟာ သူတို့ရဲ့ ကျဆုံးခန်းအတွက် အကြောင်းအရင်းတစ်ခု ဖြစ်လာခဲ့ပါတယ် ဘာကြောင့်လဲဆိုတော့ ပစ္စည်းတွေဟာ အရမ်းတာရှည်ခံတာကြောင့် လူတွေဟာ အသစ်ပြန်ဝယ်ဖို့ မလိုအပ်တော့ပါဘူး
နောက်ပြီး ကုမ္ပဏီအများစုက သက်တမ်းတိုတဲ့ပစ္စည်းတွေထုတ်လုပ်ပြီး အမြတ်ရှာနေကြတဲ့ အချိန်မှာ Tupperware ကတော့ သူတို့ရဲ့ စီးပွားရေးပုံစံထက် ပိုပြီး သက်တမ်းရှည်တဲ့ ပစ္စည်းတွေကို ဖန်တီးနေမိခံ့ပါတယ် ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေနဲ့ ဈေးသက်သာတဲ့ ပြိုင်ဘက်အမှတ်တံဆိပ်တွေရဲ့ ယှဉ်ပြိုင်မှုတွေ ပေါင်းစပ်လာတဲ့အခါမှာတော့ ဒီကုမ္ပဏီဟာ ရုန်းကန်လာရပါတော့တယ်
ဒီအချက်ဟာ ထူးဆန်းပြီး ဝမ်းနည်းစရာ စီးပွားရေးသင်ခန်းစာတစ်ခု ဖြစ်ပါတယ် တစ်ခါတလေ ကိုယ့်လုပ်ငန်းမှာ "အရမ်းကောင်းနေတာ" က ကိုယ့်ရဲ့ အကြီးမားဆုံး အားနည်းချက် ဖြစ်လာနိုင်တယ်ဆိုတဲ့ သင်ခန်းစာဘဲဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image
13 ပတ် - ဘာသာပြန်ပါ။

The Nun 1 ပြီးသွားရင်တော့ ဒီတစ်ခါက Annabelle creation ပါ။
ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူ
ကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်း
ကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။
တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာ
ဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီး
ဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက်ဆမ်မြူရယ်တို
ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတိုနှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက်မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို နေစရာမရှိဖြစ်နေတဲ့
သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကို
ယာတောအိမ်ကြီးမှာ လာနေဖို ခွင့်ပြုခဲ့ပါတယ်။အဲဒီအိမ်ကြီးကို မိန်းကလေးတွေ ရောက်လာပြီးနောက်မှာတော့ထူးဆန်းတဲ့ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး
နောက်တော့ တစ်ယောက်ပြီးတစ်ယောက်အိမ်ကြီးထဲက ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ၊အခြောက်အလှန့်တွေကြုံခဲ့ပြီးသေသွားတဲ့အန်နာဘဲလ်က
ဘယ်လိုအဆက်အစပ်တွေရှိနေတာလဲ၊
သီလရှင်နဲ့ မိဘမဲ့မိန်းကလေးတွေ အမှောင့်ပယောဂဝင်နေတဲ့
သစ်သားရုပ်ရဲ့ လက်က လွတ်မြောက်နိုင်ပါ့မလား၊

image
13 ပတ် - ဘာသာပြန်ပါ။

ဘဝမှာ ငွေမရှိရင် ဘယ်လောက် ဒုက္ခရောက်တယ်ဆိုတာ လူတိုင်းသိပါလိမ့်မယ်။
ကိုယ့်ဘဝရဲ့ ရာခိုင်နူန်း (၈၀) လောက်က ငွေကထိန်းချုပ် ထားတာပါ ။
ငွေမရှိလို့ အနေဆင်းရဲ၊အစားဆင်းရဲ၊လူတောမတိုးရဲကြဘူး။
တချို့လူတွေ ပြောကြတယ်...
ငွေမရှိရင်ဘာမှမဖြစ်ဘူး စိတ်ချမ်းသာဖို့က အဓိကတဲ့။
ဒါအမှန်တရား မဟုတ်ပါဘူး...။
ငွေကပဲလူတွေရဲ့ စိတ်ချမ်းသာမှုကို ဖန်တီးပေးပါတယ် (၁၀၀) ရာခိုင်နူန်းတော့ မဟုတ်ပါဘူး။
ငွေမရှိရင် ကျန်းမာရေး ၊ လူမှုရေး အားလုံး အားနည်းနိုင်ပါတယ် ။
ငွေကိုတန်ဖိုး ထားပါ။ ငွေကို အကျိုးရှိရှိ အသုံးပြုပါ။
ငွေရဲ့ တန်ဖိုးက ငွေမရှိတဲ့အချိန် အရမ်းသိရပါတယ်။
သုံးရတာလွယ်သလောက် ရှာရတာ အရမ်းခက်ခဲပါတယ်။
Credit

image
13 ပတ် - ဘာသာပြန်ပါ။

ထိုင်း ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်မယ့် နည်းလမ်း အဆင့်ဆင့်
ထိုင်းနိုင်ငံရဲ့ ၃၁ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်တဲ့ Paetongtarn Shinawatra ကို ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှု အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ရာထူးကနေ ဖယ်ရှားခဲ့ပြီး ဝန်ကြီးအဖွဲ့တစ်ဖွဲ့လုံးလည်း ဖျက်သိမ်းခံခဲ့ရပါတယ်။ အခုဆိုရင် ဝန်ကြီးချုပ်အသစ် ရွေးချယ်တင်မြှောက်ဖို့အတွက် မဲခွဲဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
ခုံရုံးရဲ့အမိန့်ကြောင့် ရာထူးလစ်လပ်သွားတဲ့အခါ ဝန်ကြီးချုပ်အသစ်တစ်ယောက်ကို ရွေးချယ်တင်မြှောက်ရမယ့် လုပ်ငန်းစဉ်က ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၁၆၀(၄) နဲ့ ၁၆၀(၅) အရ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ်အသစ် ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ်
၁။ ဒုတိယဝန်ကြီးချုပ်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး ဝန်ကြီးအဖွဲ့ကလည်း ဝန်ကြီးအဖွဲ့အသစ် တာဝန်မယူခင်အထိ အိမ်စောင့်အစိုးရအဖြစ် ဆက်လက်တာဝန်ယူရပါတယ်။ ဝန်ကြီးချုပ်က ခန့်အပ်ထားတဲ့ နိုင်ငံရေးရာထူးတွေနဲ့ အရာရှိတွေကတော့ ရာထူးကနေ ချက်ချင်းထွက်ပေးရပါတယ်။ ဒါပေမယ့် ဝန်ကြီးတွေက ခန့်အပ်ထားတဲ့ ဝန်ကြီးအကြံပေးတွေ၊ ဝန်ကြီးတွေရဲ့ အတွင်းရေးမှူးတွေနဲ့ လက်ထောက်အတွင်းရေးမှူးတွေလို အရာရှိတွေကတော့ ဝန်ကြီးအဖွဲ့အသစ် ကျမ်းသစ္စာမကျိန်ဆိုခင်အထိ အိမ်စောင့်အနေနဲ့ ဆက်လက်တာဝန်ယူရပါတယ်။
၂။ အောက်လွှတ်တော်က ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ဖို့ အစည်းအဝေးခေါ်ယူပါတယ်။ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကော်မရှင် (EC) မှာ မှတ်ပုံတင်ထားတဲ့ သူတို့ရဲ့ ဝန်ကြီးချုပ်လောင်းစာရင်းတွေထဲကနေ တင်သွင်းနိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၉ အရ အမတ်စုစုပေါင်း ၄၉၂ ယောက်ထဲက အနည်းဆုံး ၂၄၇ ယောက်၊ ဆိုလိုတာက လွှတ်တော်အမတ်အားလုံးရဲ့ ထက်ဝက်ကျော်ရဲ့ ထောက်ခံမဲကို ရတဲ့ ကိုယ်စားလှယ်လောင်းက ဝန်ကြီးချုပ် ဖြစ်လာမှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်လောင်း တင်သွင်းထားတဲ့ ပါတီတွေ
ဝန်ကြီးချုပ်လောင်း တင်သွင်းထားတဲ့ ပါတီတွေကတော့-
💢Pheu Thai Party: Chaikasem Nitisiri
💢Bhumjaithai Party: Anutin Charnvirakul
💢United Thai Nation Party: Gen Prayut Chan-o-cha နဲ့ Pirapan Salirathavibhaga
💢Democrat Party: Jurin Laksanawisit
အောက်လွှတ်တော် ဥက္ကဋ္ဌက ကိုယ်စားလှယ်လောင်းတစ်ယောက် လိုအပ်တဲ့မဲအများစုရရှိတဲ့အထိ ဝန်ကြီးချုပ်ရွေးချယ်ဖို့ အစည်းအဝေးတွေကို အချိန်စာရင်းဆွဲပြီး ခေါ်ယူပေးသွားမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒီလုပ်ငန်းစဉ်အတွက် အချိန်ကာလ အတိအကျ သတ်မှတ်ထားတာမျိုး မရှိပါဘူး။
Ref : Nation Thailand
#crd #ထိုင်းဝန်ကြီးချုပ်

image
13 ပတ် - ဘာသာပြန်ပါ။

ပစ်နှစ်နေတဲ့ တိုဟူးနွေးလေးရယ် ....
💥 ဆန်စီးမျစ်ချဥ်ခေါက်ဆွဲနဲ့ ခေါပုတ်ကြော်လေး .....
ရန်ကင်းမှာ စားရအောင် 😍
ကျနော်သိသလောက်ဆိုရင်
ဒီဆိုင်ကဖွင့်ထားတာ နှစ်ပေါင်း ၂၀ ကျော်ပြီ ၊၊ �ရှမ်းခေါက်ဆွဲ အရသာကတော့ တခြားဆိုင်တွေမှာ ရနိုင်တဲ့ အရသာက သိပ်မကွာဘူးဆိုပေမယ့်
ခေါပုတ်ဆိုရင် အိမ်မှာဘဲ ထောင်းပြီး ကြော်ထားရယ် ...
“ တိုဟူးနွေးဆိုရင် အရမ်းလတ်ဆတ်ပြီး ပစ်ပစ်နှစ်နှစ်နဲ့ ထိမိနေအာင် စားလို့ကောင်းတာက ဒီဆိုင်ကို အကြိုက်ဆုံးအချက်ဘဲဗျ ၊၊
🔺 ၁ ပွဲကို ၅၅၀၀ ကျပ်ပေးရတဲ့ မျစ်ချဥ်ခေါက်ဆွဲဆိုရင် အစပ်လေးနည်းနည်းထည့်ပြီးစားတာ တစ်ခါစားပြီးတာနဲ့ တန်းကြိုက်သွားတာဘဲ ၊၊
၀က်သားလေးတွေ ပါ၀င်တာလည်းများတယ် ၊၊
�( အရသာအားဖြင့်လည်း မြစ်ကြီးနားဘက် ဒေသကနဲ့တူတယ် ) ��🍜 ၁ ပွဲ ၅၅၀၀ ကျပ်ပေးရတဲ့ တိုဟူးနွေးကတော့ အရသာကောင်းပေမယ့် ကျနော်လိုမျိုး ကောင်းတဲ့အရသာတွေ့ရင် များများစားချင်တဲ့သူတွေအတွက်ကတော့ ခေါက်ဆွဲထည့်ပေးတာနည်းလို့ မ၀ဘူး ။
ခေါပုတ်ကြော်လေးနဲ့ တွဲပြီးစားမှ ဗိုက်ပြည့်တယ် ၊၊
( ရှမ်းခေါက်ဆွဲကတော့ ၁ ပွဲကို ၄၀၀၀ ကျပ်ဘဲ ပေးရပါတယ် )
ဆိုင်က အိမ်ဆိုင်လေးဆိုတော့ Air Con တွေလည်းမရှိဘူးနော် ၊၊�🚘ကားပါကင်လည်း အဆင်ပြေသလိုထိုးပြီးစားခဲ့ရတာဘဲ ၊၊ သွားစားကြဖို့ ဆိုင်မှာ တခြားရနိုင်တာလေးတွေကိုလည်း ဓါတ်ပုံရိုက်ယူလာပေးပါတယ် ၊၊�
ဒီဆိုင်ရောက်ရင် မဖြစ်မနေစားရမှာတော့ ခေါပုတ်ကြော်လေးပါနော် ... လတ်လတ်ဆတ်ဆတ်နဲ့ အရမ်းကောင်း .. ထပ်လည်း သွားစားဦးမယ် ၊၊၊
ဆိုင်နာမည်က 🔺22 Noodle ပါ
🥰Google Map မှာဆိုရင်.... 22 Shan Noodle လို့ရှာပြီးသွားလို့ရပါတယ်
လိပ်စာက No. 22, Ariya Maggin Street, Kyauk Kone Rd, Yangon မှာရှိတာပါ။
( ညနေ ၅ နာရီဆိုရင်တော့ ဆိုင်ပိတ်ပြီ ထင်တယ်ဗျ )
ဆိုင်ကောင်းလေးမို့ လမ်းညွန်ပေးလိုက်ပါတယ်နော်
#foodinyangon ❤️
( ရန်ကုန်မြို့စားသောက်ဆိုင်လမ်းညွန် )