9 ပတ် - ဘာသာပြန်ပါ။

El Clasico ပွဲစဉ်ကို လွဲချော်လာမယ့် ဘာစီလိုနာကွင်းလယ်လူဒါနီအိုလ်မို

အောက်တိုဘာ ၁၄

ဘာစီလိုနာက အလယ်တန်းကစားသမားဒါနီအိုလ်မိုမှာ စပိန်အသင်းတွင် ကစားစဉ် ခြေသလုံး ဒဏ်ရာရရှိကာ အနားယူလာရတော့မှာ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

ဒါနီအိုလ်မိုဟာ ကြာသပတေးနေ့တွင် ခြေသလုံးဝေဒနာ ခံစားရပြီးနောက် စပိန်ဆေးအဖွဲ့တွင် စစ်ဆေးမှု ခံယူပြီးနောက် လက်ရွေးစင်အသင်းမှ နုတ်ထွက်ကာ ကလပ်ဆေးအဖွဲ့ထံတွင် ဆေးစစ်မှု ခံယူခဲ့ပါတယ်။

ဘာစီလိုနာဆေးအဖွဲ့က ဒါနီအိုလ်မိုရဲ့ ဘယ်ဖက်ခြေသလုံးဒဏ်ရာကို စစ်ဆေးရာမှာတော့ တစ်ရှူးထိခိုက်ခြင်း မရှိပေမယ့် ဒဏ်ရာရရှိနေကြောင်း ဆိုသွားပါတယ်။ ဘာစီလိုနာဟာ ဒါနီအိုလ်မို ဘယ်တော့ ပြန်ကစားလာနိုင်မယ်ဆိုတာ ကြေညာသွားခြင်း မရှိပါဘူး။

ဒါပေမယ့် Mundo Deportivo က ဒါနီအိုလ်မိုမှာ ယင်းဒဏ်ရာကြောင့် သုံးပတ်ကြာ အနားယူလာရမှာ ဖြစ်ပြီး အောက်တိုဘာလ ၂၆ ရက်နေ့ ဘာနေဗျူးတွင် ရီးရဲလ်မက်ဒရစ်နှင့် ကစားမယ့် El Clasico ပွဲကိုပါ လွဲလာမယ်လို့ ဆိုလာပါတယ်။

ဘာစီလိုနာဟာ ဂါဗီ၊ ဖာရန်တောရက်စ်၊ ဂျိုအန်ဂါစီယာတို့ ဒဏ်ရာပြဿနာကြုံနေချိန်တွင် ဒါနီအိုလ်မိုလည်း ဒဏ်ရာရရှိလာမှုနှင့် ကြုံလာရတာပါ။

တဖက်တွင် လာမိန်းယာမဲလ်မှာလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။ ဒါပေမယ့် စပိန်ပါရမီရှင်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်နှင့်ပွဲအမီ ကြံ့ခိုင်မှု ပြည့်ဝလာမယ်လို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် ဘာစီလိုနာရဲ့ တိက်စစ်သမားများဖြစ်ကြတဲ့ ဖာမင်လိုပက်ဇ်နှင့် ရာဖင်ညာတို့မှာလည်း ကြံ့ခိုင်မှုပြဿနာရှိနေပါတယ်။

ခြေသလုံးဒဏ်ရာရရှိလာတဲ့ ဒါနီအိုလ်မိုဟာ ယခုအပတ်အကုန်တွင် ကစားရမယ့် ဂီရိုနာနှင့်ပွဲအပြင် အိုလံပီယာကို့စ်၊ ရီးရဲလ်မက်ဒရစ်တို့နှင့် ပွဲစဉ်တို့ကိုလည်း လွဲချော်လာပါမယ်။

#ဘောလုံးသတင်းစုံ

image