1 နှစ် - ဘာသာပြန်ပါ။

Pirates Of The Caribbean ရုပ်ရှင်သစ်နဲ့ပတ်သက်လို့ ကျွန်တော်တို့နောက်ဆုံးရရှိခဲ့တဲ့သတင်းဟာ ၂၀၂၄ ဒီဇင်ဘာတုန်းကပါ..အဲ့ဒီတုန်းကဆိုရင် ထုတ်လုပ်သူ Jerry Bruckheimer အနေနဲ့ Pirates Of The Caribbean ရုပ်ရှင်သစ်မှာ ဇာတ်ညွှန်း ၂ ခုရှိနေကြောင်း အတည်ပြုခဲ့ပါတယ်..ပထမတစ်ခုက Johnny Depp ကို ပြန်ခေါ်နိုင်မဲ့ဇာတ်ညွှန်းဖြစ်ပြီး နောက်တစ်ခုကတော့ ဦးတည်ချက်နောက်တစ်မျိုးနဲ့ရှေ့ဆက်ရနိုင်မဲ့ ဇာတ်ညွှန်းမျိုးပဲဖြစ်ပါတယ်။
Pirates Of The Caribbean ရုပ်ရှင်တွေမှာ မင်းသားကြီး Johnny Depp အနေနဲ့ Captain Jack Sparrow ဇာတ်ကောင်အဖြစ် အမြဲတစေပုံသေပါဝင်ခဲ့တာဖြစ်ပြီး ရုပ်ရှင်သမိုင်းရဲ့ Iconic အဖြစ်ဆုံးဇာတ်ကောင်တွေထဲကတစ်ဦးအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်..သို့သော် Johnny Depp နဲ့ ဇနီးဟောင်းဖြစ်သူ Amber Heard တို့ရဲ့ လင်မယားချင်းခွါပြဲမှုမှာ Johnny Depp ရဲ့အပြုအမူတွေကြောင့် ဆက်လက်လက်တွဲဖို့မဖြစ်နိုင်တော့ဘူးဟု အလျင်စလိုကောက်ချက်ချကာ ရုပ်ရှင်စတူဒီယိုကြီးများက ထုတ်ပယ်ခဲ့ကြပါတယ်..ဒါကြောင့်ပဲ Disney ရဲ့ Pirates Of The Caribbean အပြင် Warner Bros. ရဲ့ Fantastic Beasts တို့မှာ ဆက်လက်ပါဝင်ခွင့်မရခဲ့ပါဘူး။
အချိန်ကာလသိပ်မကြာလိုက်ပဲ Johnny Depp ဘက်ကလည်း အသရေဖျက်မှုနဲ့တရားပြန်ရင်ဆိုင်ခဲ့သလို သက်သေများနဲ့အတူပြန်လည်အနိုင်ရရှိခဲ့တာကြောင့် စတူဒီယိုကြီးတွေရဲ့ဆုံးဖြတ်ချက်ဟာ ကိုယ့်ရှုးကိုယ်ပတ်မိသလိုဖြစ်ခဲ့ရပါတော့တယ်..အထူးသဖြင့် Disney ရဲ့ Pirates Of The Caribbean ရုပ်ရှင်သစ်အနေနဲ့ အစီအစဉ်ရှိနေခဲ့တာကြာမြင့်နေခဲ့ပေမဲ့ ရှေ့ဆက်တိုးဖို့ စုပ်လည်းစူး စားလည်းရူးအခြေအနေဖြစ်ခဲ့ရပါတယ်..အထူးသဖြင့် Johnny Depp အနေနဲ့ သူ့အပေါ် အလျင်စလိုတုံ့ပြန်ခဲ့တဲ့သူတွေနဲ့ ငွေကြေးတွေအများကြီးပုံပေးရင်တောင် ပြန်လက်မတွဲဘူးလို့ပြောခဲ့တာကြောင့်ပါပဲ။
အခုနောက်ဆုံးကြားသိထားရတဲ့ The Disinsider ရဲ့ အတွင်းသတင်းအရ Disney ဟာ Johnny Depp အား အတော်လေးကိုအောက်ကျို့တောင်းပန်ခဲ့ပုံပါပဲ..လာမည့် Pirates Of The Caribbean ရုပ်ရှင်မှာ Johnny Depp ကိုမရမကပြန်ခေါ်ကာ Johnny ပြန်လာခွင့်ရှိတဲ့ ဇာတ်ညွှန်းကိုသာ ဆက်လက်ပုံသွင်းသွားဖို့ရှိနေတာပဲဖြစ်ပါတယ်..ဒါတင်မက ထုတ်လုပ်ရေးလည်း မကြာခင်စတင်နိုင်တယ်လို့သိရပါတယ်။
ဟိုးအရင်တုန်းက ကောလဟာလတွေအရတော့ Pirates Of The Caribbean ရုပ်ရှင်သစ်မှာ အမျိုးသမီးဦးဆောင်တဲ့ဇာတ်လမ်းနဲ့ Reboot ဇာတ်လမ်းဆိုပြီးသိခဲ့ရတာမျိုးတော့ရှိပါတယ်..ဒါပေမဲ့ Johnny ပြန်လာနိုင်တာ ဘယ်ဇာတ်ညွှန်းလဲတော့ အသေးစိပ်မသိရသေးပါဘူး..လောလောဆယ်မှာ ကောလဟာလအဆင့်လောက်သာရှိသေးတာမို့ တရားဝင်ကြေညာချက်တွေကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
ပရိတ်သတ်ကြီးရော Johnny ပြန်လာသင့်တယ်လို့ထင်ပါသလား..ကျွန်တော့်အတွက်ကတော့ သူမပါပဲရှေ့ဆက်ပြီး အရသာမရှိတဲ့ပင်လယ်ဓားပြတွေကိုကြည့်နေရတာထက်စာရင် Johnny နဲ့ Pirates Of The Caribbean ကိုတွဲမြင်ရတာ ပိုကျေနပ်မိမှာပါ..မပါရင်တော့ ဆက်မထုတ်တာအကောင်းဆုံးပါပဲ။

image
1 နှစ် - ဘာသာပြန်ပါ။

ဂင်းနစ် ကမ္ဘာ့ စံချိန်တင်သွားတဲ့ ဟိုက်ဒရိုဂျင် ကား
============================
ဟိုက်ဒရိုဂျင် ကားတွေဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိဘဲ ရေကိုပဲ စွန့်ထုတ်ပါတယ်။ အဲဒီအတွက် ဟိုက်ဒရိုဂျင် ကားနည်းပညာဟာ လူသားတွေအတွက် များစွာ အကျိုးပြုလာမှာ ဖြစ်ပါတယ်။
အခုတော့ H2Rescue ထရပ်ကားဟာ ဟိုက်ဒရိုဂျင် တိုင်ကီ တစ်လုံးထဲနဲ့ ၁,၈၀၆ မိုင် (၂,၉၀၆ ကီလိုမီတာ)ကို မောင်းနှင်ပြီး ဂင်းနစ် ကမ္ဘာ့ စံချိန်တင်သွားပါတယ်။ တစ်နာရီကို ၅၀ ကနေ ၅၅ မိုင် ( ၈၀ ကနေ ၈၉ ကီလိုမီတာ) အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။
လောင်စာဆီ ကားတွေနဲ့ ယှဉ်ရင် ကာဘွန်ဒိုင်အောက်ဆိုက် 664 lbs (301 kg) လျှော့ချပေးနိုင်ပါတယ်။ နှစ်စဉ် လောင်စာဆီ ၁,၈၂၅ ဂါလန်ကို လျှော့ချပေးနိုင်ပါတယ်။ ထရပ်ကားမှာ 175 kg (386 lb) တိုင်ကီထဲမှာ 168 kg (370 lb) ဟိုက်ဒရိုဂျင်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင် ထပ်ဖြည့်စရာ မလိုဘဲ ၇၂ နာရီကြာ မောင်းနှင်နိုင်ပါတယ်။
အဲဒီကားကို DOE ရဲ့ အကူအညီနဲ့ Accelera (Cummins) က တည်ဆောက်ထားတာ ဖြစ်ပြီး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနဲ့ အရေးပေါ် အခြေအနေတွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ပါချုပ်ဆရာတော်ဘုရားကြီးကို မိသားစုလိုက် ဖူးမြော်ခွင့်ရခဲ့တဲ့ ရွှေထူးတို့ ဇနီးမောင်နှံ 🙏🙏🙏

သူတို့ဇနီးမောင်နှံကတော့ ကျောင်းထိုင်ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးနဲ့ ပါချုပ်ဆရာတော်ကို ဖူးမြော်ခွင့်ရခဲ့တာလို့ဆိုပါတယ်။ ပါချုပ်ဆရာတော်ဘုရားကြီးဟာ ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူတွေရဲ့ ကြည်ညိုလေးစားမှုခံရတဲ့ ဆရာတော်တစ်ပါးပါ။ ဆရာတော့်ကိုဖူးမြော်ခွင့်ရဖို့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဆန္ဒတွေလည်းဖြစ်ပါတယ်။ ရွှေနှစ်ရွှေကတော့ ဆရာတော်ဘုရားကြီးကို ကြည်ညိုဖူးမြော်လိုက်ရလို့ ဝမ်းသာပီတိဖြစ်နေကြတာပါ။

#celenews

image
1 နှစ် - ဘာသာပြန်ပါ။

ဆွမ်းခံကြွတဲ့ ဆရာလေးတွေ အထူးသတိထားရမယ့် အဖြစ် (အရမ်း စိုးရိမ်ဖို့ ကောင်းပါတယ်၊ မန္တလေးမှာ ဖြစ်သွားတာပါ)
ပြီးခဲ့တဲ့ အဖိတ်နေ့ မန္တ​လေးဖြစ်စဉ်၊ ဖြစ်ပုံက ဒီလို သီလရှင်ကလေး ၃ ပါးကို ဒကာတယောက်က ဆရာလေး ဆရာလေးဆိုပြီး လှမ်းခေါ်တယ်။ ပိုက်ဆံ လှူချင်လို့ပါဆိုပြီး အနားရောက်တာနဲ့ တို့‌ေ-ဆးတို့ကာ ပီနံအိတ်ထဲ ဝင်ခိုင်းတယ်။ ကလေး၃ ပါးလုံးက ‌ေ-ဆးအတို့ခံရပြီဆိုတော့ ဘာမှမသိတော့ဘူး ခုန်ပြီးတောင် ဝင်လိုက်သေးတယ်ဆိုပဲ။
နောက်ဆုံးအကြီးလေးတပါး ဝင်မယ်လုပ်ရော၊ ကံကောင်းချင်တော့ ဟိုးအဝေးက ဒကာမတယောက်က သတိထားမိသွားတယ်။ ထူးဆန်းတယ်ပေါ့။ ဆရာလေးတွေ ပီနံအိတ်ထဲ ဝင်ခိုင်းတယ်ဆိုပြီး ကြံမိကြံရာ တွေးပြီး ဆရာလေးဆိုပြီး လှမ်းခေါ်တယ်။ တပည့်တော် ဆန်လောင်းမလို့ပါဆို ဘာလို့ မစောင့်တာလဲလို့ လှမ်းအော်မှ ဟိုတို့‌ေ-ဆးသမားတွေလည်း အိုးဝေအတင်းမောင်းပြေးကြတယ်။
ဒကာမကြီးလည်း က‌ေ-လးတွေအိမ်ခေါ် သံပရာရည်ကပ် သတိလည်အောင် လုပ်ပြီးမှတော့ တပါး ၅ ထောင်လှူမယ် ဒီနေ့တော့ ကျောင်းပြန်လိုက်တော့ဆိုပြီး လိုက်ပို့လိုက်တယ်တဲ့။ ဆရာလေးတွေ မပေါ့ဆဖို့ ခေါင်းဆောင်ပုဂ္ဂိုလ်တွေမှာ တာဝန်ရှိလာပါတယ်။
ကလေးတွေချည်း သီးသန့်ဆို မလွှတ်သင့်ပါ၊ တန်းဆွမ်းကြွတာက လုံခြုံမှုရှိပါတယ်။ အကြီးတပါးပါး မပါဘဲ အလှူမခံခိုင်းသင့်ကြောင်းပါ။ ဆရာလေး ၃ ပါး ပါသွားကြည့်ပါက နောက်ဆက်တွဲပြဿနာ မတွေးရဲစရာ အားလုံးသတိထားနိုင်ကြစေဖို့ မျှဝေခြင်းဖြစ်၏။

image
1 နှစ် - ဘာသာပြန်ပါ။

蒲甘 (ပုဂံမြေ)

image
1 နှစ် - ဘာသာပြန်ပါ။

蒲甘 (ပုဂံမြေ)

image
1 နှစ် - ဘာသာပြန်ပါ။

蒲甘 (ပုဂံမြေ)

image
1 နှစ် - ဘာသာပြန်ပါ။

蒲甘 (ပုဂံမြေ)

image
1 နှစ် - ဘာသာပြန်ပါ။

蒲甘 (ပုဂံမြေ)

image
1 နှစ် - ဘာသာပြန်ပါ။

蒲甘 (ပုဂံမြေ)

image