1 y - Translate

ဘာကြောင့် စက်ဝိုင်းပုံ တံတား တည်ဆောက်ရသလဲ
ဒီတံတားကို အဖြောင့်အတိုင်း ဆောက်လိုက်ရင် ရနေတာ ဘာလို့ စက်ဝိုင်းပုံ ဆောက်ထားတာလဲဆိုပြီး မှတ်ချက်ပေးကြတယ်။ တကယ်တော့ ဒီတံတားကို ဒီဇိုင်းဆွဲတဲ့ ဗိသုကာပညာရှင်က တံတားရဲ့ ခိုင်ခံ့မှု၊ မြင်ကွင်းလှပမှု၊ ရှုခင်းကြည့်ရှုနိုင်မှု ဆိုတဲ့ အချက်(၃)ချက်ကို ထည့်သွင်းစဉ်းစားပြီး စက်ဝိုင်းပုံ ဒီဇိုင်းဆွဲခဲ့တာပါ။
အခုမြင်ရတဲ့ တံတားက ဥရုဂွေးနိုင်ငံ၊ လာဂူနာဂါဇွန်ရေကန်ကြီးကို ဖြတ်သန်းတည်ဆောက်ထားတဲ့ တံတားပါ။ Laguna Garzón Bridge လို့ ခေါ်တယ်။ နယူးယော့ခ်မြို့မှာ အခြေချတဲ့ ဥရုဂွေးဗိသုကာဒီဇိုင်းပညာရှင် ရာဖေးဗီနိုလီ(Rafael Viñoly) က ဒီဇိုင်းဆွဲပေးခဲ့တာပါ။ တံတားပေါ် ရောက်တာနဲ့ သတ်မှတ်အမြန်နှုန်းကို လျှော့ချမောင်းနှင်စေပြီး ရှုခင်းကြည့်နိုင်အောင် လူသွားစင်္ကြံလမ်းတွေ ထည့်သွင်းပေးထားတယ်။
တံတားကို အဖြောင့်အတိုင်း ဆောက်လုပ်တာထက်စာရင် စက်ဝိုင်းပုံ တည်ဆောက်တာဟာ ဖိအားတွေကို တစ်နေရာတည်းမဟုတ်ဘဲ အညီအမျှ ခွဲဝေသက်ရောက်စေသလို ဖြစ်တာကြောင့် structural integrity ( ဖွဲ့စည်းပုံ ခိုင်မာအားကောင်း)ဖြစ်စေပါတယ်။ ပြီးတော့ ရေကန်ကြီးထဲမှာ နောက်ထပ်စက်ဝိုင်းပုံ ရေကန်တစ်ခုကို မြင်ရသလို မြင်ကွင်းလှပမှုကိုလည်း ခံစားရစေပါတယ်။
ရာဖေးဗီနိုလီရဲ့ ဒီဇိုင်းတွေက ထူးခြားပါတယ်။ လန်ဒန်မြို့က Walkie Talkie မိုးမျှော်အဆောက်အအုံကိုလည်း သူပဲ ဒီဇိုင်းဆွဲခဲ့တာပါ။
Ref: Laguna Garzón Bridge, Rafael Viñoly
Credit to Team ( ရိုးရာလေး)

image

အီရန် MMA fighter Heibati က ပွဲမစခင် ring girl ရဲ့ 🍑 ကို လှမ်းကန်လိုက်တယ်။ သူ့ရဲ့ပြိုင်ဖက် က တစ်ပွဲလုံး Heibati ကို အမဲဖျက် သလို ဗျုန်းတယ်။ ရှုံးပွဲပြီးတော့ စီစဉ်သူတွေက ဒီကောင့်ကို MMA sport ထဲက ရာသက်ပန် ban လိုက်တယ်။ 😁

image
1 y - Youtube

1 y - Translate

"ကားနှင့်ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန်များ”

၁။ ကားစက် စနှိုးမယ် ဆိုရင် ၃ ခါထက်ပိုပြီး မရမချင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်ထရီ ကြောင့်လား starter motor ကြောင့်လား ဆီကုန်နေတာလား သိတဲ့လူနဲ့ တိုင်ပင်ပါ။
အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။ (ဟွန်းတော့ကောင်းရမယ်😁😁)

၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက္ကန့်) လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။ အကြောင်းရင်း ကတော့ အင်ဂျင်ဝိုင်တွေ အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။ ပြီးရင်လည်းလီဗာ(accelerator) ကို တန်းပြီး တရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွားအောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။

၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့ ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင် ထိုးမရပ်မချင်းစီးတော့တာပါပဲ။ owner manual / service manual စတဲ့ စာအုပ်လေးတွေ ကားမှာ ပါရင်ပါ မပါရင် online ကနေရှာ ဖတ်လို့ရပါတယ်။ ဒီမှာက ကိုက်ညီတဲ့ octane number သိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ် 92 နဲ့ 95 ပဲထည့်ရတာပါပဲ။

၄။ အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့် 3000 km တစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား ကောင်းရင် ကောင်း သလို 5000 km ထိရတာလည်းရှိပါတယ်။ အဓိက ကတော့ သတ်မှတ် level (lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော်များများ က customer အကြိုက် အင်ဂျင်ဝိုင်ပုံး အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်များခြင်းဟာ နည်းခြင်းနဲ့ ဆိုးကျိုးအတူတူပါပဲ။ အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါတယ်။

၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။ over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါတယ်။ ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့ dip stick ထုတ်ပြီး အဲ့အပေါက်ကနေ ပိုက်ထိုးပြီး (ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။ အရေးကြီးတာ ကတော့ ATF နဲ့ CVTF မမှားဖို့ပါပဲ။ Theory အရ ATF ကို CVT မှားထည့်တာထက် CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။ ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။ ဥပမာ Honda GD1 ဆိုရင် HMMF CVT ပါ။ Mitsubishi Colt ဆိုရင် dip stick မှာ ATF (original) ရေးထားပေမယ့် CVT ဂီယာဘောက်စ် ပါ။

၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေ ကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။ ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေးသလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့ အသားကုန်ခြစ်ခြင်းဟာ မှားပါတယ်။ plug ဆေးတဲ့ဆေးရည်သုံးပြီး သွားပွတ်တံ လေးနဲ့ပဲ ဆေးရမှာပါ။ ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံးပါ။

၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး ကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။ (ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင့်ပါနှင့်) အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် ရေသန့်လေးဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင် ပြန်ဖွင့်ကြည့်ပါ။ လျော့နေရင် leakage ဖြစ်နေတာပါ။ တစ်ပတ်တစ်ခါ ပြည့်နေရင်တော့ မလိုပါ။

၈။ တာယာလေပေါင်ကို driver door နောက်မှာ ကပ်ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်တဲ့ ကိရိယာလေး ဝယ်ထားပါ (၃၀၀၀ ကျပ်) တချို့ဆိုင်တွေက လေပေါင်တော်တော်များပါတယ်။ အကြောင်းက လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက အသုံးများတော့ ဂျီးကပ်ပြီး ဖိအား မတက်တာပါ။ သတိထားပါ။ တာယာတွေကတော့ Theory မှာ ၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး ၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။ တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း ၆ နှစ်ပဲဆိုတာ သတိထားပါ။

၉။ ကားကို ခရီးဝေးသွားတော့မယ်ဆို အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။

၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကတော့ ပြောဖို့ လိုမည်မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။ ဒီ ၁၀ ချက်ကတော့ ကားဝယ်စီးပြီး ဘောနပ်ဖုံး တစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။😊😊😊

တစ်ဆက်ထဲ အခေါ်အဝေါ် အမှားလေးတွေပါ ရေးပါရစေ။

Swift, Vitz, Fit, Ractis, Demio, Colt, Passo စတဲ့ တံခါး ၅ ပေါက်ပါတဲ့ ကားတွေက Hatchback အမျိုးအစားပါ။

Axio, Belta, Premio, Allion, Latio စတဲ့ တံခါး ၄ ပေါက်ပါတဲ့ကားတွေက Saloon (Sedan) ကားတွေပါ။

AD van, Mark II Blit တို့လိုက Station wagon (van) တွေပါ။

တံခါး ၅ပေါက်မှာမှ suzuki Rplus လို နောက်တံခါးက အဖြောင့်ဆိုရင် Wagon ပါ။

Wish တို့ Ipsum တို့ က MPV (Multipurpose vehicle) ပါ။

စကွိုင်လာ မဟုတ်ပါဘူး စပွိုင်လာ (spoiler) ပါ။

ဖောက်ကလပ်မီး မဟုတ်ပါ ဖောက်လိုက် (Fog light)ပါ။

Demio 2009 modelကစပြီး rpm ခွက်ပါတာပါ။2 rpm မဟုတ်ပါ။

Swift 2006 ထိ 1.3 များပြီး နောက်ပိုင်း model တွေက 1.2 များပါတယ်။

March, Latio, Note ပုံပြောင်းလေးတွေက 1.2 ပါ 1.3 မဟုတ်ပါ။

ကားစ မောင်းထွက်တဲ့အချိန် exhaust line ရဲ့အအေးကြောင့် စထွက်တဲ့ exhaust gas ထဲက ရေငွေ့ ဟာ ငွေ့ရည်ဖွဲ့ (condensation) ဖြစ်ပြီး exhaust ကနေ ကားတိုင်း ရေထွက်ပါတယ်။

Thermostat ကို မထုတ်ကြပါနဲ့။ Catalyst convertor ကို မဖြတ်ထုတ်ပါနဲ့။
လိုအပ်လို့ထည့်ပေးထားတာပါ။

ကဲ ဘာရှိသေးလဲဗျာ ???
ကားနဲ့ပတ်သက်သူများ ကားကြောင့်
စိတ်မညစ်ရပါစေနဲ့လို့ဆုတောင်းရင်း

image
1 y - Translate

Never cry for the person who doesn’t know the value of your tears…

image
1 y - Translate

"Some days we fight, some days we cried but, what really matters is we’re always there for each other"

image
1 y - Translate

🌧️

image
1 y - Translate

ဆက်ဆံရေးတစ်ခုမှာ
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားတန်ဖိုးထားမှု( Mutual Respect )က မရှိမဖြစ် လိုအပ်ပါတယ်။

မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ အလုပ်ရှင်နှင့် အလုပ်သမား၊ ခေါင်းဆောင်နှင့် ငယ်သား၊ လင်နှင့်မယား၊ ချစ်သူရည်းစား၊ မိတ်ဆွေသူငယ်ချင်း၊ ညီကိုမောင်နှမ၊ လုပ်ဖောက်ကိုင်ဖက် အချင်းချင်းတွေကြား Mutual Respect ထားကို ထားရပါမယ်။

ငါက မိဘပဲ သားသမီးကို လေးစား‌ဖို့ လိုသလား.
ငါက ဆရာပဲ..ငါက အလုပ်ရှင်ပဲ..ငါက အိမ်ထောင်ဦးစီးပဲ၊ ငါက ခေါင်းဆောင်ပဲဆိုတဲ့ အတ္တတွေကြား Mutual Respect ပါးပါးလေးတောင် ရှိမထားဘူးဆိုရင် အဲဒီဆက်ဆံရေးဟာ တစ်နေ့တခြား ဆိုးသထက်ဆိုးလာတာကိုပဲ တွေ့ရမှာဖြစ်ပါတယ်။

မိသားစုတွေ မစည်းလုံးကြဘူး..ညီကိုမောင်နှမတွေ စိတ်ဝမ်းကွဲကြတယ်..လုပ်ဖော်‌ကိုင်ဖက် အချင်းချင်းတွေ မတည့်ကြဘူး..မိတ်ဆွေသူငယ်ချင်းတွေ အဆင်မပြေကြဘူး..လင်မယား‌တွေ မကြာမကြာ ရန်ဖြစ်ကြတယ်.. ချစ်သူရည်းစားတွေ ခဏခဏ စိတ်ဆိုးကြတယ်။

ဒါတွေရဲ့ အဓိက အကြောင်းအရင်းက
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှုမရှိခြင်းက စတင်တာပါပဲ..တစ်ဦးရဲ့စကားကို တစ်ဦးက မလေးစားဘူး..တစ်ဦးရဲ့ဆန္ဒကို တစ်ဦးက အသိအမှတ်မပြုဘူး..တစ်ဦးရဲ့ ခံစားချက်ကို တစ်ဦးက အလေးမထားဘူး။

တန်ဖိုးထားမှု၊ လေးစားမှု၊ အ‌လေးထားမှုတွေကို လူကြီးတွေပဲ သိနားလည်ကြတာ မဟုတ်ဘူး။လူကြီး‌တွေပဲ ခံစားမိကြတာ မဟုတ်ဘူး..ကလေးငယ်လေးတွေက အစ နားလည်ခံစားတတ်ကြတယ်။ လေးစားမှုကို လိုချင်ကြတယ်။

တလောက fbပေါ် စာတစ်ပုဒ်တင်မယ်ဆိုပြီး ဖုန်း Galleryထဲကနေ စာနဲ့လိုက်ဖက်မဲ့ ပုံလေးတစ်ပုံ ရှာနေချိန် ၅နှစ်အရွယ် တူလေးတစ်ယောက်ထံမှ ဖုန်းဝင်လာတယ်..တူလေးက စကားအလွန်တတ်တော့
သူပြောချင်တာတွေကို တရစပ်ပြောနေတယ်..ကိုယ်ကလည်း ဖုန်းGalleryထဲမှာ အာရုံကရောက်နေတော့
သူပြောသမျှကို "အင်း..အင်း..အင်းအင်း.."လို့ပဲ လိုက်နေမိတော့တယ်။

ခဏကြာတော့ " တအင်းအင်းနဲ့ အဲဒါတွေ မကြိုက်တာပဲ..တော်ပြီ..တီတီနဲ့ ဖုန်းမပြောတော့ဘူး.."တဲ့.. ဖုန်းကို ချသွားလေရဲ့..အိမ်ကို‌ နေ့တိုင်းဖုန်းခေါ်ပေမဲ့
အဲဒီနေ့ကစပြီး ဒီနေ့ထိ ကိုယ့်ဖုန်းကို မခေါ်တော့ဘူး။ ကလေးဆိုပြီး ကလေးတစ်ယောက်ရဲ့စိတ်ကို အထင်သေးမိတာ..မလေးမစား ဆက်ဆံမိတာလေ။

ကိုယ်တိုင်လည်း ခဏခဏ ကြုံဖူးပါတယ်..
အပြင်မှာပဲဖြစ်စေ ဖုန်းနဲ့ပဲဖြစ်စေ ကိုယ်ကစကားပြောနေတဲ့အခါ တစ်ဖက်က ကြားတစ်ချက် မကြားတစ်ချက်လုပ်နေတာ "အင်း အဲ" မလိုက်တာ..
အစောက ဘာပြောတာလည်း မေးခံရတာတွေလောက် စိတ်တိုတာ မရှိဘူး။

ဖုန်းခေါ်ရင် ပြန်မခေါ်တာ..စာပို့ရင် reply မပြန်တာ..
ဘာပဲပြောပြော အင်း..အင်း..လိုက်နေတာ..
တစ်ခုခု ခိုင်းထားရင် မေ့နေတာ..
တစ်ခါတစ်ခါဆိုရင်တော့ တစ်ခုခုကြောင့်ဆိုပြီး နားလည်‌ပေးလို့ရပေမဲ့ အခါခါဆိုရင်တော့
ဒါဟာ တစ်ဖက်လူအပေါ် လေးစားမှု မရှိတာပါပဲ။

ကိုယ်က အမှုမဲ့အမှတ်မဲ့ဆိုပေမဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုအတွက် အကြီးမားဆုံး ဆိုးကွက်ပါပဲ..ဆက်ဆံရေးတစ်ခု ရေရှည်ကောင်းမွန်ဖို့အတွက်ဆိုရင် Mutual Respect ထားပါ..
အပြန်အလှန် လေးစားပါ..အပြန်အလှန် ချစ်ခင်ပါ..အပြန်အလှန် တန်ဖိုးထားပါ.."သူ့နေရာမှာ ငါသာ"ဆိုတဲ့ ကိုယ်ချင်းစာစိတ် မွေးပါ ။

image