46 w - Translate

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲမှာ ပွဲတက်ရောက်လာတဲ့ မြန်မာ့ရုပ်ရှင် အနုပညာရှင် ၄ ဦးကို Myanmar Academy Fashion Award ဆုပေးအပ်မည်

ဖေဖော်ဝါရီ ၂

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲမှာ ပွဲတက်ရောက်လာတဲ့ မြန်မာ့ရုပ်ရှင် အနုပညာရှင် ၄ ဦးကို Myanmar Academy Fashion Award ဆုပေးအပ်မှာဖြစ်ပါတယ်။

“ကျွန်တော်တို့ အကယ်ဒမီပွဲတက်ရောက်လာကြတဲ့ အနုပညာတွေက ည ၆ နာရီခွဲ နောက်ဆုံးထား တက်ရောက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ မနှစ်ကဆိုရင် ပွဲတက်ရောက်လာတဲ့ အနုပညာရှင်တို့ရဲ့ ပွဲတက်ဖက်ရှင် အတော်များများကို အမှတ်ပေးအကဲဖြတ်ဘုတ်အဖွဲ့က နှစ်သက်ပြီး ဆုပေးချင်ပေမဲ့ အမှတ်ပေးလို့ရတဲ့အချိန်ကျော်လွန်သွားတာကြောင့် ဘယ်လိုမှ မတတ်နိုင်ဘူးဖြစ်ခဲ့ရတယ်။ ဒါကြောင့် အခုလာမယ့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကို အချိန်စောစွာ တက်ရောက်ပေးဖို့အနုပညာရှင်တွေအားလုံးကို တောင်းဆိုချင်ပါတယ်” လို့ Myanmar Academy Fashion Award ဆုပေးရေး အကဲဖြတ် ကိုဂျွန်လွင်(Star & Model International) က M ပြောပါတယ်။

အဆိုပါ ဆုတွေအတွက် အကဲဖြတ်ဒိုင်အနေနဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ဆွေဇင်ထိုက်၊ ကိုဂျွန်လွင်(Star & Model International)၊ ဒီဇိုင်နာပြည်စိုးအောင်၊ မိတ်ကပ်ခင်စန်းဝင်းနဲ့ ဓာတ်ပုံကိုနိုင်(R2) တို့က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Myanmar Academy Fashion Award မြန်မာ့အကယ်ဒမီဖက်ရှင်ဆုတွေကတော့ အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှုအကြီးတန်းဆု၊ အကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ယင်မှုအကြီးတန်းဆု၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှုအမျိုးသားဆု၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှုအမျိုးသမီးဆု စတဲ့ ဆု ၄ ဆုကို ပေးအပ်သွားမှာဖြစ်ပါတယ်။

မြန်မာ့အကယ်ဒမီဖက်ရှင်ဆုကို ဒီဇိုင်နာတွေအနေနဲ့ လူတကာငေးမောကြည့်ရှုနိုင်မှု၊ မြင်သူတိုင်းနှစ်သက်စရာကောင်းတဲ့အဆင်ဒီဇိုင်းဆန်းသစ်ပြီး ကာလာ လိုက်ဖက်မှုရှိနေတဲ့ ဝတ်စုံဝတ်ဆင်လာရမယ်လို့ သိရပါတယ်။ ဒါ့အပြင် သတ်မှတ်ချက်အနေနဲ့ ဆန်းသစ်တီထွင်ထားတဲ့ မြန်မာဝတ်စုံဖြစ်ဖို့ မြန်မာ့ယဉ်ကျေးမှုစံချိန်နဲ့အညီ ချုပ်လုပ်ထားသော ဝတ်စုံဖြစ်ဖို့ အထူးသတိပြုဖို့ ခန္ဓာကိုယ်အသားပေးချုပ်လုပ်ထားတဲ့ ဝတ်စုံမျိုး လုံးဝမဖြစ်ရပါဘူး။

မြန်မာ့အကယ်ဒမီဖက်ရှင်ဆုတွေအတွက် Like နဲ့ Love တွေရဲ့ React ပေးသူတွေကို Count လုပ်သွားမှာဖြစ်ပြီး Angry နဲ့ Sad တွေ React ပေးသူများကို Uncount လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Myanmar Academy Fashion Award ဆုရရှိတဲ့သူများကိုတော့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၇ နာရီတိတိမှာ အကဲဖြတ်ဒိုင်လူကြီး‌တွေက အကုန်လုံးအမှတ်ပေါင်းပြီး ဆုပေးမှာဖြစ်ပါတယ်။

မှတ်ချက်အနေနဲ့ Fashion Award ဆုအနေနဲ့ အငြင်းပွားမှုတစ်စုံတစ်ရာရှိပါက တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အတည်ဖြစ်တယ်လို့ သိရပါတယ်။

#celecele

image

အင်းစိန်တွင် ယနေ့နံနက် လောင်ကျွမ်းသောမီးကြောင့် နေအိမ် ၇ လုံး ဆုံးရှုံး

ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မုဒိတာအိမ်ယာ (၂) အနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက်၊ နံနက် ၆ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် နေအိမ် ၇ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။

“အခုကတော့ ဘာကြောင့် မီးလောင်တယ်ဆိုတာကို စစ်ဆေးတုန်းပဲ ရှိသေးတယ်။ လူ ထိခိုက်တာမရှိဘူး” ဟု မီးလောင်ပြင်သို့သွားရောက်ကူညီခဲ့သည့် တွဲလက်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က Level 1 မီးသတ်ယာဉ်အုပ်စု၊ အင်းစိန်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ သွားရောက် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားချိန်မှာ နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကာ နံနက် ၆ နာရီခွဲခန့်တွင် မီးငြိမ်းသွားပြီး မီးလောင်မှူ နာရီဝက်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ပုံစာ။ ရွာမအနောက်ရပ်ကွက်၊ မုဒိတာအိမ်ယာ (၂) အနီး ယနေ့နံနက် မီးလောင်မှုမြင်ကွင်း (ဓာတ်ပုံ – တွဲလက်လူမှုကူညီရေးအဖွဲ့)

#သတင်းဟင်းလေးအိုးကြီး

imageimage
+7

ရွှေကုက္ကိုဒေသက ကျားဖြန့်လုပ်ငန်းသုံး ကွန်ပျူတာများအပါအဝင် လက်ကိုင်ဖုန်း ဆင်းကတ်အမြောက်အမြား ယနေ့ သယ်ယူလာစဉ် ကင်းလှည့်နေသည့် ထိုင်းတပ်မတော်နှင့်တည့်တည့်တိုး၍ ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ရွှေကုက္ကိုဒေသက ကျားဖြန့်လုပ်ငန်းသုံး ကွန်ပျူတာများအပါအဝင် လက်ကိုင် ဖုန်း ဆင်းကတ် အမြောက်အများသယ်ယူလာစဉ် ကင်းလှည့်နေသည့် ထိုင်းတပ်မတော်နှင့်တည့်တည့်တိုး၍ အဖမ်းခံရကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်က နံနက် ၁၁ နာရီ မိနစ် ၂၀ အချိန်ခန့်က ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မယ်လမတ်မြို့ နယ်၊ မယ်လမတ်ကျေးရွာအနီးတွင် ကင်းလှည့်နေသည့် ထိုင်းတပ်မတော် ဦး‌ဆောင်သည့် ပူးပေါင်းအဖွဲ့က အဖြူရောင် ထရပ်ကားဖြင့်သယ်လာသော အဆိုပါပစ္စည်းများကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော ပစ္စည်းများမှာ ကွန်ပျူတာ (၁၉) စုံ၊ လက်ကိုင်ဖုန်း (၁၂၅၁) လုံး၊ ဖုန်း Sim Card (၂၇၄) ကတ် ဖြစ်ကြောင်း၊ အဆိုပါ ပစ္စည်းများကို မယ်လမတ် မြို့ပေါ်ရှိ ပုဂ္ဂလိကပို့ဆောင်ရေးကုမ္ပဏီတစ်ခုကတစ်ဆင့် စလကဲ့ယောက်ခရိုင်၊ ဝပ်ထနာနခွန်မြို့နယ်၊ ဝပ်ထနာကျေးရွာရှိ နေအိမ်တစ်လုံးသို့ ပို့ဆောင်ပေးရန် ကားခ ဘတ် ၅၀၀၀ ပေးသောကြောင့် ထိုင်းနိုင်ငံသား အသက် ၄၅ နှစ်အရွယ် ယာဉ်မောင်း Mr. Thit အနေဖြင့် ထိုင်း-မြန်မာနယ် စပ်၊ သောင်ရင်းမြစ်ကမ်းအနီးက သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသား ယာဉ်မောင်းမှာ မယ်လမတ်ရဲစခန်း၌ ထိန်းသိမ်းထားပြီးနောက် ကွင်းဆက်တရားခံများကို ဆက်လက်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

#centralnewsnaypyitaw

image
image
image
image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၂

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၉၈ ဒေါ်လာ

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၅၀ ကျပ်
ဝယ်ဈေး - ၄၄၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၂၆၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၀၀ ကျပ်
ဝယ်ဈေး - ၄၅၇၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂၃ ကျပ်
ဝယ်ဈေး - ၁၃၀.၇၂ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၆ ကျပ်
ဝယ်ဈေး - ၉၉၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၅ ကျပ်
ဝယ်ဈေး - ၆၀၉ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၂၁ ကျပ်
ဝယ်ဈေး - ၂၈.၄၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၃၅ ကျပ်
ဝယ်ဈေး - ၅၀.၉၈ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၁ ကျပ်
ဝယ်ဈေး - ၃.၀၃ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၁၅ ကျပ်
ဝယ်ဈေး - ၅၄၇၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၁၅ ကျပ်
ဝယ်ဈေး - ၂၇၄၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၂၀ ကျပ်
ဝယ်ဈေး - ၃၀၄၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၂ ကျပ်
ဝယ်ဈေး - ၅၆၆ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၃၄ ကျပ်
ဝယ်ဈေး - ၁၂၀၁ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image

ဆိုင်မှာသွားမေး၀ယ်တော့ ကု၊န်သွားပြီတဲ့
လ၊က်စ၊သ၊တ်တော့ သူအကု၊န်၀ယ်သွားတာကိုး😏

image

မန်ချက်စတာစီးတီးအသင်းအနေနဲ့ အက်ဖ်စီပေါ်တိုအသင်းကွင်းလယ်ကစားသမားနီကိုဂွန်ဇာလက်ချ်ကိုအသင်းကွင်းလယ်ပိုင်းဆီခေါ်ယူအားဖြည့်ရေးအတွက်ခေါ်ယူရန်စဉ်းစားသုံးသပ်နေတယ်လို့သတင်းတွေကဖော်ပြခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ အက်ဖ်စီပေါ်တိုအသင်းရဲ့ကွင်းလယ်ကစားသမားနီကိုဂွန်ဇာလက်ချ်ကိုအသင်းဆီခေါ်ယူဖို့စဉ်းစားသုံးပ်နေပြီး ဒီတကြိမ်ကစားသမားအပြောင်းအရွှေ့စျေးကွက်မှာတော့မန်စီးတီးအသင်းအနေနဲ့အသင်းကွင်းလယ်ပိုင်းမှာခေါ်ယူအားဖြည့်ချင်နေတယ်လို့ ဒေးလီးမေးလ်သတင်းကဘဖော်ပြခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်နီကိုဂွန်ဇာလက်ချ်ဟာဘာစီလိုနာလူငယ်အသင်းကနေပေါက်ဖွားလာခဲ့ပြီးသူ့အနေနဲ့ ကွင်းလယ်ပိုင်းနေရာတွေမှာကစားနိုင်ခဲ့ကာ ဒီရာသီကာလမှာအက်ဖ်စီပေါ်တိုအသင်းနဲ့ခြေစွမ်းပြကစားနိုင်ခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့ပြိုင်ပွဲစုံ ၂၉ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၇ ဂိုးသွင်းပြီး ၆ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

နီကိုဂွန်ဇာလက်ချ်မှာအေးဂျင့်ရှိပြီးအဆိုပါကစားသမားရဲ့ပြောင်းရွှေ့ကြေးကိုယူရိုသန်း ၆၀ သတ်မှတ်ထားပေမဲ့မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီထက်နိမ့်တဲ့ငွေပမာဏနဲ့ဆွေးနွေးမှုရယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image

တရုတ်မှ ရန်မစလျှင် အမေရိကန်ဒုံးကျည်များကို ဖယ်ရှားမည်ဟု ဖိလစ်ပိုင်ပြော

မနီလာ၊ ဖေဖော်ဝါရီ ၂

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် တရုတ်ဘက်မှ ရန်လိုပြီး အနိုင်ကျင့်သည့် အပြုအမှုများကို ရပ်တန့်မည်ဆိုပါက ဖိလစ်ပိုင်ကလည်း နိုင်ငံအတွင်းရှိ အမေရိကန်ဒုံးကျည် စနစ်များအား ဖယ်ရှားပေးမည်ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က ပြောကြားခဲ့ကြောင်း Nagaland Post မှ ဖော်ပြခဲ့သည်။

အမေရိကန်သည် ပြီးခဲ့သည့် ဧပြီလက ပူးတွဲစစ်ရေး လေ့ကျင့်မှုအဖြစ် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် Typhon တာလတ်ပစ် ဒုံးကျည်စနစ်များကို တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

တရုတ်ကမူ ထိုဒုံးကျည်များကို ဖယ်ရှားရန် ဖိလစ်ပိုင်ကို ထပ်တလဲလဲ တောင်းဆိုခဲ့ပြီး ထိုဒုံးကျည် စနစ်များသည် ပထဝီနိုင်ငံရေး ထိပ်တိုက်တွေ့မှုနှင့် လက်နက်ပြိုင်ဆိုင်မှုများကို ဖြစ်ပွားစေနိုင်ကြောင်း ပြောကြားခဲ့သည်။

မားကို့စ်ကမူ သူသည် တရုတ်၏ သဘောထားကို နားမလည်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဖိလစ်ပိုင်သည် တရုတ်၏ ဒုံးကျည်စနစ်များနှင့်ပတ်သက်ပြီး မည်သည့်မှတ်ချက်မျှ ပြောခဲ့ခြင်း မရှိကြောင်း၊ တရုတ်၏ ဒုံးကျည် စနစ်များသည် ဖိလစ်ပိုင်၏ ဒုံးကျည်များထက် အဆပေါင်း ၁၀၀၀ ခန့် ပြင်းထန်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ကျနော်တို့ နယ်နိမိတ်ကို ပိုင်ဆိုင်ကြောင်း ကြေညာ တာ၊ ကျနော်တို့ ငါးဖမ်းသမားတွေကို နှောင့်ယှက်တာ၊ ကျနော်တို့ လှေတွေကို ဝင်တိုက်တာ၊ ကျနော်တို့လူတွေကို မီးသတ်ပိုက်တွေ၊ လေဆာရောင်ခြည်တွေနဲ့ ထိုးတာတွေ၊ ရန်လိုပြီးဗိုလ်ကျတဲ့ အပြုအမူတွေကို ရပ်တန်းကရပ်ပါ။ အဲဒါဆိုရင်တော့ ကျနော်တို့လည်း Typhon ဒုံးကျည်တွေကို ဖယ်ရှားပေးမှာပါ”ဟု မားကို့စ်က စီဘူး (Cebu) ပြည်နယ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်ဒုံးကျည်စနစ်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်နှင့် ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့များ၊ ရေတပ်များအကြား ထိပ်တိုက်တွေ့သည့် နေရာနှင့် နီးသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အမည်မဖော်လိုသော ဖိလစ်ပိုင်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Typhon ဒုံးကျည်စနစ်ဖြင့် ပစ်လွှတ်နိုင်သည့် Tomahawk ဒုံးကျည်များသည် မိုင် ၁၀၀၀ ကျော် ပျံသန်းနိုင်ပြီး တရုတ်၏ ကုန်းမြေများသည် ထိုဒုံးကျည် ရောက်ရှိနိုင်သည့် အကွာအဝေးအတွင်းတွင် ရှိနေသည်။

ထိုဒုံးကျည်စနစ်သည် ဖိလစ်ပိုင်နိုင်ငံတွင် ဆက်ရှိနေလိမ့်မည်ဟု ဖိလစ်ပိုင်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) ကမူ ဖိလစ်ပိုင်သည် အမေရိကန် ဒုံးကျည်စနစ်များကို ၎င်း၏ နယ်နိမိတ်အတွင်း ထားရှိခွင့်ပြုခြင်းအားဖြင့် ဒေသတွင် တင်းမာမှုကို မြင့်တက်စေ ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

Source: Nagaland Post

ပုံ - ဖိလစ်ပိုင်သမ္မတ မားကို့စ်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

မလေးရှားကို ခိုးဝင်မည့် မြန်မာ ၅၀ ကျော် လိုက်ပါလာသော ကုန်ကားက လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်မိ၍ အားလုံး အဖမ်းခံရမှု ထိုင်းတောင်ပိုင်းတွင် ဖြစ်ပွား

ဖေဖော်ဝါရီ ၂

မလေးရှားနိုင်ငံကို ခိုးဝင်မည့် မြန်မာ ၅၀ ကျော် လိုက်ပါလာသော ၆ ဘီး ကုန်တင်ကားက လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိရာမှ အားလုံးအဖမ်းခံရမှု ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃၁ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်စီထမရတ်ခရိုင်တွင် ကားတိုက်မှုဖြစ်ပွား၍ ကုန်ကားတစ်စီး လမ်းဘေးထိုးကျနေကြောင်း သက်ဆိုင်ရာက သတင်းအရ သွားရောက်စစ်ဆေးစဉ် အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဆေးချက်များအရ အဆိုပါကုန်ကားမှာ နဘွန်းဒေသ အမြန်လမ်းမကြီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမီးတိုင်ကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း၊ တာပေါ်လင်များဖုံးအုပ်ထားသည့် ကားနောက်ဘက်တွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၅၃ ဦး လိုက် ပါလာကြောင်းနှင့်ယင်းတို့ထဲတွင် တစ်ဦးမှာ ဦးခေါင်းကွဲဒဏ်ရာရကာ ကျန်သူများမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြကြောင်းလည်း သိရသည်။

ကားပေါ်ပါသူအားလုံးမှာ ထိုင်းဘာသာစကားမပြောတတ်သောကြောင့် ကြောက်လန့်နေကြကြောင်း၊ မလေးရှားနိုင်ငံသို့သွားရောက်အလုပ်လုပ်ရန် ပွဲစားကို တစ်ဦးလျှင် ထိုင်းဘတ် ၅၀၀၀၀ စီ ပေးခဲ့ရကြောင်း သက်ဆိုင်ရာက စကားပြန်ဖြင့် တစ်ဆင့်ခံစစ်ဆေးမှုအရ သိရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အဖမ်းခံရသူများအား ထိုင်းနိုင်ငံဥပဒေအရ အရေးယူသည့်လုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်ပြီးပါက အစိုးရ ချင်းချိတ်ဆက်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+5

ရေးရဲစခန်းမှာ အချုပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေပစ်ခတ်မှုဖြစ်ပြီး အချုပ်သားလေးယောက်ထွက်ပြေးသွား၊ ဒုရဲအုပ်အပါသုံးယောက်သေ

ဖေဖော်ဝါရီ ၂

မွန်ပြည်နယ်၊ ရေးမြို့ရဲစခန်းမှာ ချုပ်ထားတဲ့ အချုပ်သားလေးယောက်ထွက်ပြေးပြီး ဒုရဲအုပ်အပါသုံးယောက်သေနတ်နဲ့ပစ်ခံရပြီးသေဆုံးခဲ့မှု ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။

" မနက်၉နာရီလောက်ကဖြစ်သွားတာ။ ဒုရဲအုပ်နဲ့အဖွဲ့က ထမင်းလာပေးချိန်ကို အချုပ်သားတွေက သေနတ်တွေလုပြီး ပစ်လို့ဒုရဲအုပ်အပါသုံးယောက်သေသွားတယ်။ စခန်းမှူးကတော့ခုထိဆေးရုံမှာ။ရင်ဘတ်ကျည်ဖောက်သွားတာ သူလည်းစိုးရိမ်ရတယ်။အချုပ်သားက လေး​ယောက်လွတ်သွားတယ်သိရတယ်" လို့ ရဲစခန်းနဲ့နီးစပ်သူ ဒေသခံကပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားသူတွေက အဆိုပါရေးမြို့မရဲစခန်းမှ ဒုရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ဖြစ်ကြောင်း နေရာမှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အချုပ်သားအချို့ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ရေးမြို့မရဲစခန်းအတွင်း ကျန်ခဲ့တဲ့အချုပ်သားတွေနဲ့ ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စခန်းမှူးဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ကနဦး သိရပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားလေးယောက်ကို ပြန်လည်ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေညလုပ်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ၉ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊အောင်ပန်းရဲစခန်းရဲ့အချုပ်ခန်းမှာချုပ်ထားတဲ့အချုပ်သား ၁၀ ယောက် ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး နှစ်ယောက်ကိုတော့ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

Photo - CJ

#သတင်းဟင်းလေးအိုးကြီး

image

ယနေ့ ဖေဖော်ဝါရီလ ၂ ရက်မှစတင်၍ ၇၅ ရက်ကြာ ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေမှုမြင်ကွင်းများ

#centralnewsnaypyitaw

imageimage
+17