Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Type-C Adapter Micro USB Female to USB C Male Connector Data Sync Fast Charging
စျေးနုန်း ၂၀၀၀ကျပ်။
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
www.shop.com.mm/shop/zaycho
The Jester (2023)
မိမိနားမှာ ရောဂါတစ်ခုလို စွဲကပ်နေရင်း တခြားသူတွေကို လိုက်ဒုက္ခပေးတတ်တဲ့ မကောင်းဆိုးဝါး Jester အကြောင်းကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားလေးဖြစ်ပါတယ်။
~ ဇာတ်လမ်းအညွှန်း ~
ငယ်ငယ်တည်းက ဖခင်ကပစ်သွားလို ဖခင်အပေါ် မုန်းတဲ့စိတ် ဒေါသတွေနဲ့ ကြီးပြင်းလာရတဲ့ အမ်မာတစ်ယောက် တစ်နေ့ ဖခင်က ဆက်သွယ်လာရာကနေ စကားပြောဖို ငြင်းဆိုလိုက်ရာကနေ ဟော်လိုးဝင်းတစ်ညလုံး မြိုသေးလေးတစ်မြိုနီးပါးကို ဝါးမျိုသွားတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့သွားရတာတွေကို ရိုက်ကူးတင်ဆက်ပေးထားတဲ့ သည်းထိတ်ရင်ဖိုကားလေးပဲဖြစ်ပါတယ်။
#horror
စစ်ကိုင်းနှင့်ရှမ်းမှ သကြားစက်များ ပြန်လည်လည်ပတ်လာသဖြင့် သကြားဈေးကွက် ကျဆင်းလာနိုင်
ဇန်နဝါရီ ၃၁
ယခုနှစ် ကြံရာသီ၌ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်မြောက်ပိုင်း)မှ သကြားစက်များ အပြည့်အဝလည်ပတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းအတွင်း မောင်းကုန်းသကြားစက်၊ MEC သကြားစက်၊ Ever Green သကြားစက်၊ ရှမ်းမြောက်ဒေသမှ ငွေရည်ပုလဲ သကြားစက်၊ ရှမ်းတောင်ဒေသမှ မြဘုရင်သကြားစက်တို့ အပြည့်အဝလည်ပတ်မည်ဟု အထက်ပါအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ပြည်တွင်းသကြား အထွက်နှုန်း လျော့ကျစရာမရှိသလို သကြား အထွက်တိုးလာပါမယ်”ဟု အသင်းတာဝန်ရှိသူက ဆက်ပြောသည်။
(၂၀၂၄-၂၀၂၅)ခုနှစ်ထုတ် ပြည်တွင်းသကြားဈေးနှုန်း မှာ တည်ငြိမ်နေပြီး တစ်ပိဿာ (၄၈၀ဝ)မှ (၅၁၀ဝ)ကျပ်အထိ ပေါက်ဈေးရှိသည်။ ယခုနှစ်အတွက် ကြံတစ်တန်ပေါက် ဈေးမှာ (၁၈၀ဝဝဝ)မှ (၂၀ဝဝဝ၀)ကျပ် သတ်မှတ်ပြီး စက်ရုံ များမှတစ်ဆင့် ဝယ်ယူနေကြခြင်းဖြစ်သည်။
လက်ရှိ ပြည်တွင်းသကြားအရောင်းအဝယ်မှာ ကျဆင်းမှုမရှိဘဲတည်ငြိမ်နေပြီး လာမည့် လများအတွင်း သကြား အသစ်များထွက်ရှိလာချိန်တွင် ပြည်တွင်းဈေး အနည်းငယ်ကျဆင်းနိုင်ကြောင်းလည်း ကုန်သည်အသိုင်းအဝိုင်းမှ ခန့်မှန်းထားသည်။
ယခင်နှစ် ကြံရာသီတွင် ပြည်ပကို သကြား တန်ချိန် (၅၀ဝဝဝ - ၆၀ဝဝဝ) ခန့်သာ တင်ပို့နိုင်ခဲ့ပြီး တင်ပို့နိုင်မှု လျော့ကျခဲ့ကြောင်းသိရသည်။
လက်ရှိ နိုင်ငံတကာသကြားပေါက်ဈေးမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ (၅၄၀) ဈေးရှိပြီး ပြည်တွင်းဈေး ထက်လျော့ကျနေကြောင်း သကြားကုန်သည်များထံမှ သိရသည်။
#centralnewsnaypyitaw
#ပူစီနံ
ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်တဲ့။
မိတ်ဆွေများ လိုသလို အသုံးပြုနိုင်ကြပါစေ.....
အိန္ဒိယ အစားအစာတွေထဲမှာရော အတို့အမြုပ် အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံ စားရုံနဲ့ လေ့ကျင့်ခန်းတွေ ထူးထူး ထွေထွေ သိပ်လုပ်စရာ မလိုပဲ ကိုယ်အလေးချိန် ကောင်းကောင်း လျော့ချနိင်ပါတယ်။ ပူစီနံက သင့်ကို ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေ ဖြစ်စေပါသလဲ။
(၁) အစာကြေစေတယ်
- ခံတွင်းကိုလည်း ရှင်းစေတယ်၊ အစာကိုလည်း ကြေစေတယ်၊ အစာမာ စားတာ များရင်၊ ဒါမှမဟုတ် အစာမကြေ ဖြစ်နေရင် ပူစီနံ နည်းနည်းလောက် စားပေးရုံနဲ့ အစောကြေ အဆင်ပြေစေပါလိမ့်မယ်။
(၂) အာရုံကြော အားကောင်းစေတယ်၊ ခေါင်းကိုက်ပျောက်ကင်းစေတယ်
- ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက အာရုံကြော အားကောင်းစေတာ တွေ့ရသလို ခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ် ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ပျေက်ကင်းစေတာ တွေ့ရပါတယ်။
(၃) ချွဲကျစေတယ်၊ ချောင်းဆိုးပျောက်စေတယ်
- ချောင်းဆိုးပျောက်ဆေး အများစုမှာ ပူစီနံရဲ့ ဓါတ်ကို ထည့်သွင်း ထုတ်လုပ်ထားတာ တွေ့နိုင်သလို အနည်းငယ် ပူရှိန်တဲ့ ဓါတ်ကြောင့် ချွဲကျစေသလို ချောင်းဆိုလည်း ပျောက်ကင်းစေတာ တွေ့ရပါတယ်။
(၄) ပန်းနာရင်ကျပ်လည်း သက်သာစေနိုင်တယ်
- အများဆုံးသော ပန်းနာရင်ကျပ် သမားတွေရဲ့ လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်က ပူစီနံပါ၊ လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။
(၅) မိခင်များ နို့ထွက်ကောင်းစေတယ်
- နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်း ပူစီနံ အနည်းငယ် ပုံမှန် စားသုံးပေးသင့်ပါတယ်။ နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။
(၆) အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်
- ပူစီနံရွက်ထဲမှာ ပါရှိတဲ့ ပူရှိန်တဲ့ ဓါတ်ဟာ သွေးထဲက အဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
(၇) အသားရေစိုပြေစေတယ်
- အရွယ်ကို ပုံမှန် စားသုံးပေးခြင်းက အရေပြားကို စိုစွတ် အေးမြစေတယ်၊ စိုပြေစေတယ်၊ နေပူဒဏ် ခံနိုင်စေတယ်၊ ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြား လိမ်းဆေးတွေက အရေပြား ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
(၈) သတိမေ့ခြင်းကို သက်သာစေနိုင်တယ်
- အသက်အရွယ် ကြီးမားလာခြင်း အတွက်ရော စိတ်ဖိစီးမှု များခြင်းကြောင့် သတိမေ့ခြင်းကို ပူစီနံက ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာ တွေ့ရပါတယ်။
(၉) ကိုယ်အလေးချိန် မှန်စေတယ်
- အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ၊ အ၀လွန်နေသူတွေကိုလည်း သွေးထဲက အဆီတွေဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။
(၁၀) ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်တယ်
- အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်တာ မဟုတ်ပေမယ့် နောက်ဆုံး လေ့လာတွေ့ရှိချက်တွေ အရတော့ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေ ဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓါတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာ တွေ့ရပါတယ်။
ဖားကန့်က ကျောက်တူးဖော်ရေးလုပ်ငန်းခွင်မှာ မြေပြိုကျမှုကြောင့် အလုပ်သမား ၃ ဦး သေဆုံးပြန်
ဇန်နဝါရီ ၃၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဘဇံချောက်ကျေးရွာအနီးမှာရှိတဲ့ ကျောက်တူးဖော်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဇန်နဝါရီ ၃၀ ရက်၊ ည ၁၀ နာရီခန့်အချိန်ခန့်က မြေပြိုကျမှုဖြစ်ပေါ်ပြီး အလုပ်သမား ၃ ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသဆိုင်ရာသတင်းတွေအရ သိရပါတယ်။
သေဆုံးသူအလုပ်သမားတွေက မြိုင်နဲ့ အရာတော်မြို့နယ်တို့ကနေ လာရောက် အလုပ်ကိုင်သူတွေဖြစ်ကြတယ်လို့ သိရပြီး သူတို့ဟာ မြေပြိုတဲ့အထဲကို မြေတူးစက် သုံးစီးနဲ့အတူ ပါသွားခဲ့ရာကနေ သေဆုံးသွားခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီသေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဒီနေ့မနက်ပိုင်းမှာမှ ရှာဖွေတွေ့ရှိခဲ့တာလို့ သိရပြီး ယင်းဖြစ်စဥ်အတွင်း ပျောက်ဆုံးသူအရေအတွက်ကို အတိအကျ မသိရသေးပေမယ့် ရှာဖွေရေးလုပ်ငန်းတွေကိုတော့ ဆက်လက်ဆောင်ရွက်နေဆဲပဲလို့ သိရပါတယ်။
အခုမြေပြိုတဲ့ ဘဇံချောက်လုပ်ကွက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်မှာ နွံကန်ပြိုကျလို့ လူ ၃၁ ယောက် သေဆုံးခဲ့တဲ့ စပေ့ါရွာနားမှာရှိတာလို့လည်း ဒေသခံတွေရဲ့ပြောဆိုမှုတွေအရ သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး



Micro to C
Type-C Adapter Micro USB Female to USB C Male Connector Data Sync Fast Charging
စျေးနုန်း ၂၀၀၀ကျပ်။
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
www.shop.com.mm/shop/zaycho
မက္ကဆီကိုကလပ် မွန်တာရေးနဲ့ ရာမို့စ်ဆွေးနွေး
ဖေဖော်ဝါရီ ၁
ရီးရယ်လ်အသင်းခေါင်းဆောင်ဟောင်း ရာမို့စ်ဟာ ဖြစ်နိုင်ဖွယ်ရှိတဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မက္ကဆီကို ကလပ် မွန်တာရေးအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။
RG Deportiva က ရာမို့စ်ဟာ တစ်နှစ်လုပ်ခလစာဒေါ်လာ ၄ သန်းရရှိမယ့် မက္ကဆီကိုကလပ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ လမ်းဖွင့်ထားတယ်လို့ ဖော်ပြထားတာပါ။
ဒါပေမယ့် ရာမို့စ်ဟာ စာချုပ်ထဲမှာ ထည့်သွင်းချင်နေတဲ့ စွမ်းဆောင်မှုအပေါ်မူတည်တဲ့ အပိုဆုကြေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုပြုလုပ်တာမှာ အနည်းငယ် အခက်အခဲတွေရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင် ရာမို့စ်ရဲ့ကိုယ်စားလှယ်တွေဟာ သူ့ရဲ့ကစားသမားကို ၂ နှစ် စာချုပ်ချုပ်ဖို့ တွန်းအားပေးနေပေမယ့် မွန်တာရေးအသင်းက ၁ နှစ်စာချုပ်သာချုပ်ဖို့ ဆန္ဒရှိနေတာပါ။
မွန်တာရေးအသင်းအကြီးအကဲ အန်တိုနီယိုနိုရီဂါက ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ ကလပ်အသင်းစဉ်းစားနေတဲ့ ရွေးချယ်စရာတွေထဲမှာ တစ်ဦးအနေနဲ့ပါဝင်တယ်လို့ အတည်ပြုထားပါတယ်။
မွန်တာရေးအသင်းနည်းပြ ဒီမစ်ချယ်လစ်ကတော့ ရာမို့စ်အသင်းထံလာရင် ကြိုဆိုသွားမှာဖြစ်ပြီး မက္ကဆီကိုလိဂ်အတွက်ရော အသင်း အတွက်ဂုဏ်ယူစရာဖြစ်မယ်လို့ ပြောထားတာပါ။
ရာမို့စ်အတွက်တော့ ဥရောပပြင်ပမှာရှိနေတဲ့ ကလပ်အသင်း တွေရဲ့ချိတ်ဆက်မှုကိုခံရတာက ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။
ရာမို့စ်ဟာ မေဂျာလိဂ်ကလပ် ဆန်ဒီယေဂိုအသင်းနဲ့ ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်ခဲ့သလို ဆော်ဒီကလပ်အသင်းတွေရဲ့ ချိတ်ဆက်မှုတွေကိုလည်း ရရှိခဲ့တာပါ။
ရာမို့စ်ဟာ ပြီးခဲ့တဲ့နွေရာသီက ငယ်ဘဝ ကလပ် ဆီဗီလာအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးကတည်းက အသင်းသစ်မရရှိသေးတာဖြစ်ပါတယ်။
စပိန် နောက်ခံ လူဟောင်းဟာ ရီးရယ်လ်အသင်းရဲ့ခံစစ်ဒဏ်ရာအကျပ်အတည်းကြောင့် အသင်းဟောင်းထံ ပြန်လာချင်ပေမယ့် ရီးရယ်လ်အသင်းက သူ့ကိုခေါ်ယူခဲ့ခြင်းမရှိတာပါ။
ရာမို့စ်ဟာ ရီးရယ်လ်အသင်းမှာ ၂၀၀၅ ကနေ ၂၀၂၁ ခုနှစ်အထိ ကစားခဲ့ပြီး စပိန်လာလီဂါဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှုအများအပြားရရှိခဲ့ပါတယ်။
ရာမို့စ်ဟာ ရီးရယ်လ် အသင်းကနေ ထွက်ခွာပြီးနောက် ပီအက်စ်ဂျီအသင်းမှာ ၂ ရာသီကြာကစားခဲ့ကာ မနှစ်ကရာသီက ဆီဗီလာ အသင်းအတွက် တစ်ရာသီကြာပါဝင်ကစားခဲ့တာဖြစ်ပါတယ်။
Source:Goal
#ဘောလုံးသတင်းစုံ