Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရော်နယ်ဒို ကလပ်အသင်းနိုင်ပွဲ ၇၀၀ ပြည့်ခဲ့
-----------------------
ကြာသပတေးညက ကစားခဲ့တဲ့ဆော်ဒီပရိုလိဂ်ပွဲမှာ အယ်နာဆာအသင်းနဲ့အတူ နိုင်ပွဲရရှိခဲ့ပြီးနောက် ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းမှာ ကလပ်အသင်းနိုင်ပွဲ ၇၀၀ ပြည့်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အယ်ရိဒ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ရော်နယ်ဒိုဟာ အယ်နာဆာအသင်း အတွက် ၁ ဂိုးသွင်းယူပြီး ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ် ရော်နယ်ဒိုဟာ ပရိုကစားသမား ဘဝမှာ စပို့တင်းအသင်းနဲ့ နိုင်ပွဲ ၁၃ ပွဲ၊ မန်ယူအသင်းနဲ့ နိုင်ပွဲ ၂၁၄ ပွဲ၊ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နိုင်ပွဲ ၃၁၆ ပွဲ၊ ဂျူဗင်တပ်အသင်းနဲ့ နိုင်ပွဲ ၉၁ ပွဲ၊ အယ်နာဆာအသင်းနဲ့ နိုင်ပွဲ ၆၆ ပွဲအထိ ရထားခဲ့တာဖြစ်ပြီး စပိန်သတင်းစာ မာကာက ဘောလုံးသမိုင်းမှာ ကလပ်အသင်းနိုင်ပွဲ ၇၀၀ ပြည့်တဲ့ ပထမဆုံးနဲ့ တစ်ယောက်တည်းသော ကစား သမားဆိုပြီး ဖော်ပြခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ် နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရထားတဲ့ အယ်နာဆာအသင်း ဟာ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားရပ်တည်မှုနဲ့ ဇယားထိပ်ဆုံးက အယ်ဟီလယ်အသင်းနဲ့ ၅ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ရော်နယ်ဒိုရဲ့ အယ်နာဆာအသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် တနင်္လာ ညမှာ ယူအေအီးကလပ် အယ်လ်ဝက်စ်အသင်းနဲ့ အာရှချန်ပီယံလိဂ်ပွဲကို ကစားရမှာဖြစ်ပါတယ်။