VOA နဲ့ RFE သတင်းဌာနတွေ ပိတ်ပစ်ဖို့ အီလွန်မတ်ခ် တောင်းဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၂

အမေရိကန်အစိုးရက ထောက်ပံ့ပေးထားတဲ့ Voice of America နဲ့ Radio Free Europe သတင်းဌာနတို့ကို ပိတ်ပစ်ဖို့ အမေရိကန်အစိုးရဌာနတွေရဲ့ စွမ်းဆောင်ရည်ဆိုင်ရာဌာနကို ဦးဆောင်နေတဲ့ ဘီလျံနာ အီလွန်မတ်ခ်က တောင်းဆိုလိုက်ပါတယ်။

ဥရောပဟာ လက်ရှိမှာ လွတ်လပ်နေပြီဖြစ်တဲ့အတွက် သူတို့ထုတ်လွှင့်တာတွေကို ဘယ်သူမှ နားမထောင်တော့ကြောင်းနဲ့ အမေရိကန်ပြည်သူတွေရဲ့ အခွန်ထမ်းငွေ တနှစ်ကိုဒေါ်လာ ၁ ဘီလီယံကို မီးရှို့နေတယ်လို့ အီလွန်မတ်ခ်က သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

Voice of America သတင်းဌာနဟာ ဝါရှင်တန်ဒီစီမှာရုံးစိုက်ပြီး ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို ဘာသာစကား ၄၇ မျိုးနဲ့ ထုတ်လွှင့်နေပါတယ်။ Radio Free Europe ဟာလည်း ပုဂ္ဂလိက အကျိုးအမြတ်မယူတဲ့ မီဒီယာအဖွဲ့အစည်းဖြစ်ပြီး အမေရိကန်က ထောက်ပံ့ပေးထားပါတယ်။

အွန်လိုင်းနဲ့ ရေဒီယိုထုတ်လွှင့်တင်ဆက်မှုတွေလုပ်ဆောင်နေပြီး ကမ္ဘာတဝန်းမှာ ဗျူရို ၂၃ ခုရှိပြီး သတင်းထောက် ၁၄၀၀ ကျော်နဲ့ လည်ပတ်လုပ်ကိုင်နေပါတယ်။ Politico ၊ Associated Press နဲ့ The New York Times စတဲ့သတင်းဌာနတွေကို အမေရိကန်အစိုးရက ထောက်ပံ့ပေးမှုတွေကိုလည်း အီလွန်မတ်ခ်က ဝေဖန်ခဲ့ပါတယ်။

ဒီလို မီဒီယာအဖွဲ့အစည်းတွေကို ထောက်ပံ့မှုတွေမှာ အခွန်ထမ်းအမေရိကန်ပြည်သူတွေရဲ့ ရန်ပုံငွေကိုအပေါ် ထိရောက်စွာအသုံးပြုမှုကို သူက ဝေဖန်ခဲ့ပြီး ဒါတွေကို ရုပ်သိမ်းဖို့ တိုက်တွန်းထားပါတယ်။

အီလွန်မတ်ခ်ဟာ အမေရိကန်နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီ (USAID) ရဲ့ ထောက်ပံ့မှုတွေကို ရပ်ဆိုင်းပြီး ဌာနကိုပိတ်သိမ်းဖို့လုပ်ဆောင်မှုတွေကြောင့် သတင်းသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအကြား စိုးရိမ်ပူပန်မှုတွေ ရှိနေစဉ်မှာ Voice of America နဲ့ Radio Free Europe သတင်းဌာနတို့ကို ပိတ်ပစ်ဖို့ အီလွန်မတ်ခ်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။

Ref:Musk’X
Photo: Getty Images

#centralnewsnaypyitaw

image

ဒေါပုံရဲစခန်းက အချုပ်ခန်းဖောက်ပြီးထွက်ပြေးတဲ့ အချုပ်သားလေးယောက်လုံးပြန်ဖမ်းမိ

ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်ရဲစခန်းက အချုပ်ခန်းဖောက်ဖျက်ပြီးထွက်ပြေးတဲ့ အချုပ်သား လေးယောက်လုံးကို ပြန်လည်ဖမ်းဆီးရမိပြီဖြစ်တယ်လို့ ရဲစခန်းနဲ့နီးစပ်သူစီကသိရပါတယ်။

ထွက်ပြေးသွားတဲ့အချုပ်သားတွေအားလုံးကို ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ လှည်းကူးမြို့၊ထောက်ကြံ့မြို့နယ်နဲ့ ဧရာဝတီတိုင်းဘက်မှာ ပြန်လည်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

" ထွက်ပြေးတဲ့လေးယောက်လုံးပြန်မိပြီ။ဒီနေ့ညနေမှာ အကုန်လုံးကိုပြန်မိတာလို့သိရတယ်။
ပြေးတုန်းကတော့အချုပ်ခန်းသံတိုင်ကို ဖျက်ပြီးပြေးကြတာ။အသက်တွေက ၂၀ အရွယ်လည်းပါတယ်။၁၇လည်းပါတယ်။၃၃ နှစ်ပါတယ်။၂၈နှစ်ပါတယ်။ ဧရာဝတီမှာမိတာကတော့အဲဒီ ဘက်ကိုသွားတာမိတာ" လို့ ရဲစခန်းနဲ့နီးစပ်သူက ပြောပြပါတယ်။

အချုပ်သားလေးယောက်က ဖေဖော်ဝါရီ ၉ ရက်နေ့မနက် ၂ နာရီကျော်လောက်မှာ အချုပ်ခန်းသံတိုင်ကို လွှနဲ့ဖြတ်ပြီး ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

အချုပ်ခန်းဖောက်ပြီးထွက်ပြေးခဲ့သူတွေကခန့်ထည်ဝါထွန်း၊ ညီညီခန့်၊ ဝေယံအောင် (ခ) သင်္ဘောသီး၊ သူရဇော်(ခ)အောင်ရဲလင်းဆိုသူတို့ဖြစ်ပြီး မူးယစ်ဆေးးဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အမှုမှ ရမန်နဲ့ ချုပ်နှောင်ထားသူကနှစ်ယောက်ပါပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့အမှုဖွင့် ခံထားရသူက နှစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့နယ်ရဲစခန်းမှာ အချုပ်သားတွေနဲ့တာဝန်ကျရဲအရာရှိတွေအကြားပစ်ခတ်မှုဖြစ်ပွားပြီး အချုပ်သား လေးယောက်ထွက်ပြေးလွတ်မြောက်သွားပြီး ဒုရဲအုပ်အပါသုံးယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။

Photo - CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
52 w - Translate

ကျွန်တော် အရမ်းချမ်းသာချင်တယ်
ကျကျနန ဇိမ်ခံချင်လိုတော့ မဟုတ်ပါဘူး
ရက်ရက်ရောရော ပေးကမ်းချင်လို ။
🤍🌻
#စာတို

钦 မင်းတပ်မြို。

image

钦 မင်းတပ်မြို。

image

钦 မင်းတပ်မြို。

image

钦 မင်းတပ်မြို。

image

钦 မင်းတပ်မြို。

image

钦 မင်းတပ်မြို。

image

钦 မင်းတပ်မြို。

image