ထိုင်းနိုင်ငံ​ရောက်ရင် ဝင်​ရောက်ဖူး​မျှော်သင့်တဲ့ မယ်ဆိုင်မြို့က ဦးအောင်ဇေယျ တည်ခဲ့သောဘုရား 🙏🙏🙏
#သွားမယ်&တည်းမယ်

image

ထိုင်းနိုင်ငံ​ရောက်ရင် ဝင်​ရောက်ဖူး​မျှော်သင့်တဲ့ မယ်ဆိုင်မြို့က ဦးအောင်ဇေယျ တည်ခဲ့သောဘုရား 🙏🙏🙏
#သွားမယ်&တည်းမယ်

image

ထိုင်းနိုင်ငံ​ရောက်ရင် ဝင်​ရောက်ဖူး​မျှော်သင့်တဲ့ မယ်ဆိုင်မြို့က ဦးအောင်ဇေယျ တည်ခဲ့သောဘုရား 🙏🙏🙏
#သွားမယ်&တည်းမယ်

image

ထိုင်းနိုင်ငံ​ရောက်ရင် ဝင်​ရောက်ဖူး​မျှော်သင့်တဲ့ မယ်ဆိုင်မြို့က ဦးအောင်ဇေယျ တည်ခဲ့သောဘုရား 🙏🙏🙏
#သွားမယ်&တည်းမယ်

imageimage
+10

ယူကရိန်းစစ်ပွဲ မရပ်ရင် ရုရှားကို အရေးယူပိတ်ဆို့ပြီး အခွန်တွေတိုးကောက်မယ်လို့ ဒေါ်နယ်ထရန့် သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ ၂၃

ယူကရိန်းစစ်ပွဲ အဆုံးမသတ်ဘူးဆိုရင် ရုရှားကို စီးပွားရေး အရေးယူပိတ်ဆိုမှုတွေနဲ့ အခွန်တွေ တိုးကောက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးပြောကြားလိုက်ပါတယ်။

ရုရှားအနေဖြင့် ဒီရယ်စရာကောင်းတဲ့ စစ်ပွဲကိုအဆုံးသတ်ရမှာဖြစ်ပြီး မဟုတ်ပါက ရုရှားက အမေရိကန်နဲ့ တခြားနိုင်ငံတွေကို ရောင်းချနေတဲ့ ဘယ်ပစ္စည်းကိုမဆို အရေးယူပိတ်ဆို့မှုတွေ အခွန်တွေကောက်ဖို့ကလွဲပြီး တခြားရွေးစရာမရှိဘူးလို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။

ထရန့်ရဲ့ သတိပေးမှုနဲ့ပတ်သက်ပြီး ရုရှားက တစုံတရာ တုံ့ပြန်တာမျိုးမရှိသေးပေမယ့် အမေရိကန်အစိုးရသစ်လက်ထက်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့က အခွင့်အလမ်းအနည်းငယ်သာရှိတယ်လို့ အကြီးတန်းအရာရှိတယောက် မကြာသေးမီရက်ပိုင်းအတွင်းက ပြောပါတယ်။

၂၀၁၄ ခုနှစ်မှ စတင်ခဲ့တဲ့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးရန် ပြင်ဆင်ထားကြောင်း ပူတင်က ထပ်တလဲလဲပြောကြားခဲ့ပေမယ့် လက်ရှိမှာတော့ ယူကရိန်းနယ်မြေ ၂၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီး ယူကရိန်းကို နေတိုးအဖွဲ့ထဲ ဝင်ရောက်ရန်ကိုလည်း ကန့်ကွက်ထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ပူတင်နဲ့ မကြာခင်ဆွေးနွေးဖို့ရှိနေပြီး စစ်ပွဲအဆုံးသတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေမလုပ်ရင် အရေးယူပိတ်ဆို့မှုတွေ ထပ်ကျင့်သုံးမယ်လို့ သတိပေးထားပါတယ်။

သူမ္မတဖြစ်နေရင် စတင်ဖြစ်မှာမဟုတ်တဲ့ ဒီစစ်ပွဲအဆုံးသတ်ရေးအတွက် လွယ်တဲ့နည်း ၊ ခက်တဲ့နည်းတွေနဲ့ လုပ်ဆောင်နိုင်ပြီး လွယ်ကူတဲ့နည်းက အမြဲပိုကောင်းတာကြောင့် သဘောတူညီချက်တခု လုပ်ရမယ့်အချိန်တန်ပြီလို့ ဒေါ်နယ်ထရန့်က ပြောဆိုပါတယ်။

Ref:BBC
Photo:AP

#centralnewsnaypyitaw

image

လက်ရှိအခြေအနေ

image

နာမည်ကြီးအနုပညာရှင်တွေတက်ရောက်ခဲ့ကြတဲ့ OPPO Reno13 Series Launch Event ပွဲ

ဇန်နဝါရီ ၂၃

OPPO Reno13 Series Launch Event ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Melia' Hotel မှာ ကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

"Oppo Reno 13 Series ရဲ့ Product Lunch ပွဲကိုတက်ဖြစ်တာပါ။ ထိပ်က လူငယ်လည်းဖြစ်တော့လေ။ ဖုန်းအသစ်တွေထွက်လာရင် အကုန်လုံးကို လေ့လာပြီး လုပ်ကြည့်ဖြစ်ပါတယ်။ သူတို့ပါဝင်တဲ့ Feature ဘာတွေပါလဲ ကလိကြည့်ဖြစ်တယ်။ ရေအောက်မှာ ရိုက်ကူးလို့ရတဲ့ အရာတွေပါတော့ အဆင်ပြေတယ်။AI အထူးပြုလုပ်ချက်တွေလည်း ပါတယ်လေ။ အလှကြိုက်တဲ့ မိန်းကလေးတွေအတွက် လိပ်ပြာပုံစံလေးပါတော့ သဘောကျပါတယ်။ အရမ်းလည်း ကြိုက်ပါတယ်လို့ ပြောချင်ပါတယ်။ ထိပ်က ဖုန်း အရောင်နုနုလေးတွေ ကြိုက်တယ်" လို့ သရုပ်ဆောင် စံထိပ်ထားဦးက ပြောပါတယ်။

အဆိုပါ အခမ်းအနားကို Oppo Brand Ambassador ပိုင်တံခွန်၊ Lu Hpring၊ ရှိုင်း၊ စံထိပ်ထားဦး၊ တေဇာလင်းရောင်၊ ထက်အောင်ရှိုင်း၊ Ashley Kokoe၊ ဆုလာဘ်ရတနာ၊ နေနွယ်ဇင်လင်း၊ ဂူဂူး၊ လင်းအောင်ခေတ်၊ စုထက်၊ ပြည်ညိမ်းဟန်၊ Rain စတဲ့ အနုပညာရှင်တွေတက်ရောက်ခဲ့ကြပြီး Oppo Reno 13 Series တွေအကြောင်းတွေ ရှင်းလင်းပြောဆိုချပြသလို ဈေးနှုန်းအသီးသီးကို ဖော်ပြပေးခဲ့ကြပါတယ်။

Credit - MT Entertainment

#သတင်းဟင်းလေးအိုးကြီး

imageimage
+6
41 w - Translate

Pil (2021)

တိုင်းပြည်တစ်ပြည်ရဲ့မင်းကြီးနတ်ရွာလားသွားပြီးတဲ့နောက် အဲဒီတိုင်းပြည်က မင်းသားလေးအရွယ်မရောက်ခင်အထိ မှော်ဆရာတစ်ယောက်က ရင်ခွင်ပိုက်အုပ်ချုပ်ခဲ့ပါတယ်။ မင်းသားလေးအရွယ်ရောက်လို ထီးနန်းလွှပေးရမယ့်အချိန်ဟာာ မှော်ဆရာဟာ အရင်မင်းကြီးကို အဆိပ်ခတ်လုပ်ကြံခဲ့သလို မင်းသားလေးကို သတ်ဖိုကြံပါတယ်။ အဲဒီအချိန်မှာ Pil ဟာ အဆိပ်ဖော်တဲ့နေရာကို ခိုးဝင်လာပြီး ဆေးတွေကို ဗြောင်းဆန်အောင်လုပ်ပစ်တာမို မင်းသားလေးဟာ ဆေးသောက်မိတဲ့နောက် မသေသွားဘဲ ကြက်ကြောင်ဖြစ်သွားပါတယ်။ ကြက်ခေါင်း ကြောင်ကိုယ်နဲ့ ကြက်ကြောင်ပါ။
ဒီလိုနဲ့ ကူကယ်ရာမဲ့ ကချော်ကချွတ်ဖြစ်နေတဲ့ ကြက်ကြောင်ကြီးဟာ တောအုပ်ကြီးထဲ ကောင်းကောင်းကန်းကန်း ပြန်ဖြစ်အောင်လုပ်ပေးမယ့် စုန်းမကြီးဆီ ကတ်သီးကတ်သတ် ကတ်ဖိုးကတ်ဖဲ့ ကုတ်ကုတ်ကျစ်ကျစ်သွားကြပါတယ်။
ဇာတ်လမ်းက တော်တော်ကြည့်ပျော်ပါတယ်၊။ ရယ်လည်းရယ်ရပါတယ်။ ကယောင်ကချောင်နဲ့ ကမောက်ကမဖြစ်နေတဲ့ ကြောင်တိကြောင်တောင်ခေတ်ကြီးမှာ တစ်ခါငိုပြီးတိုင်း တစ်ခါပြန်ပြုံးနိုင်ဖို ကြည့်ထားသင့်တဲ့ ချစ်စရာကာတွန်းဟာသလေးပါ

image
41 w - Translate

ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အနီးနားတဝိုက်ဧရိယာတွေမှာ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတာကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရပြီး ရုံးပြင်ကန္နားတွေမှာလည်း WFH နေအိမ်ကသာ အလုပ်လုပ်ကြဖို့ သက်ဆိုင်ရာက နှိုးဆော်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
နောက်ပြီး ဘန်ကောက်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းဆုံးမြို့ကြီးတွေထဲမှာ အဆင့် ၉ အထိကို ရောက်ရှိလာပါတယ်။

image

ခရမ်းသီးမီးဖုတ်သုတ်
ဆောင်းရာသီဆို ခရမ်းသီးအလုံးကြီးကြီးတွေကို မီးဖုတ်ပြီး သုတ်စားကြတယ်နော်။
မီးဖုတ်ပြီးသား ခရမ်းသီးလေးတွေကို အခွံလေးတွေဖယ်ပါမယ်။
ကြက်သွန်နီ ပါပါး၊ ငရုတ်သီးစိမ်းပါးပါး ၊ နံနံပင်ပါးပါးလေးလှီးထည့်ပါဗျ။
ဆား၊ အရသာမှုန့်ထည့်ပါ။
(သံပရာရည်နဲ့ဆီ ) လိုအပ်သူ၊ ကြိုက်တဲ့သူအနည်းငယ် ထည့်ပေးပါ။
အားလုံးထည့်ပြီးရင် သေချာလေးနယ်ပေးပါဗျ။
ဒါဆိုရင်တော့ လတ်လတ်ဆပ်ဆပ်နဲ့မွှေးပြီး အရသာရှီလှတဲ့ ခရမ်းသီး မီးဖုတ်သုတ်လေး ရပါပြီဗျ။
တကယ်ကို အနံ့လေးမွှေးပြီး အတော်စားကောင်းပါတယ်။
လုပ်စားကြည့်ပါဦးနော်။
#မြိန်မြိန်

image