1 y - Translate

AI လူတူစက်ရုပ်တွေ ထုတ်လုပ်မယ့် Meta
=========================
လူတူစက်ရုပ် ပြိုင်ပွဲမှာ အကြိတ်အနယ် ရှိလာတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Apple ဟာ လူတူစက်ရုပ်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။
အခုတော့ Facebook ရဲ့ မိခင် ကုမ္ပဏီ Meta ကလည်း AI လူတူစက်ရုပ်တွေ ထုတ်လုပ်မယ်လို့ သတင်းထွက်လာပါတယ်။ Meta ဟာ Reality Labs ကနေ လူတူစက်ရုပ်တွေကို ထုတ်လုပ်မယ်လို့ ကုမ္ပဏီ အတွင်းပိုင်းက သတင်းထွက်လာတာ ဖြစ်ပါတယ်။
အဲဒီ လူတူစက်ရုပ်တွေမှာ Meta ရဲ့ Llama AI Model ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ Meta ဟာ ကိုယ်ပိုင် လူတူစက်ရုပ် ဟာ့ဒ်ဝဲတွေကို ဖန်တီးမှာ ဖြစ်ပြီး တခြား Third-party စက်ရုပ် ကုမ္ပဏီတွေအတွက် AI , Sensor နဲ့ Software တွေကို ဖန်တီးမှာ ဖြစ်ပါတယ်။
Bloomberg က Meta ဟာ လူတူစက်ရုပ် ထုတ်လုပ်ဖို့အတွက် Figure AI နဲ့ Unitree Robotics တို့လို စက်ရုပ် ကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတယ်လို့ ရေးသားထားပါတယ်။

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

imageimage
+4

ဒါပဲ

သတ္တိဆိုတာ ငယ်ငယ်ရွယ်ရွယ်ကတည်းက တဖြည်းဖြည်းချင်း မွေးယူမှရတယ်။ ငယ်ငယ်ကတည်းက သတ္တိမရှိဘဲနဲ့ ကြီးလာကာမှ ချက်ချင်း သတ္တိကို မွေးပါဆိုလို့ မရတော့ဘူး။ ဦးကျိုးသလို ဖြစ်သွားတာကိုး။
ကလေးဟာ ငယ်တုန်းမှာတော့ သူ့ဘဝထဲကို မိဘတွေက နေရာအပြည့်ဝင်ယူထားရတယ်။ သူ့အတွက် အစစအရာရာ အကုန် လုပ်ပေးရတယ်။ ဒါပေမယ့် ဒီကလေးဟာ တဖြည်းဖြည်း တဖြည်းဖြည်း ကြီးလာတဲ့အခါ မိဘက ယူထားတဲ့နေရာကို လျှော့ပေးရတော့မယ်။ သားသမီးရဲ့ဘဝထဲမှာ နေရာအပြည့်ကြီး ဝင်ယူထားလို့ မဖြစ်တော့ဘူး။ ကလေးဟာ သူ့ဘဝနဲ့သူ ဖြစ်ရတော့မှာ။ ကိုယ့်စိတ်နဲ့သူ့ကိုယ် နေသွားလို့ မဖြစ်ဘူး။ သူ့စိတ်နဲ့သူ့ကိုယ် နေသွားရတော့မှာ။
ကလေးတွေရဲ့သဘာဝကို သေသေချာချာကြည့်ရင် ကလေးတွေဟာ နဲနဲလေးကြီးလာပြီဆိုတာနဲ့ သူတို့ကိုယ်တိုင် လုပ်ချင်တယ်၊ စားတာသောက်တာကအစ ဇွန်းလေး ပန်းကန်လေး ပေးလိုက်ရင် သူတို့ဟာသူတို့ စားချင်တယ်။ သွားစရာရှိရင် သူတို့ခြေထောက်နဲ့သူတို့ သွားချင်တယ်။
ဒီထက်နဲနဲကြီးလာပြီဆိုရင် (အထူးသဖြင့် ၁၄-၁၅ နှစ်အရွယ်) လူကြီးဆန်ချင်လာပြီ။ မိဘတွေပြောတိုင်း နားမထောင်ချင်ဘူး။ နဲနဲ အာခံချင်တယ်လို့ ဆိုရမယ်နော်။ အမှန်တော့ မိဘတွေက အာခံတယ်လို့ အဓိပ္ပာယ်ကောက်တာပါ။ တကယ်‌တော့ အာခံတာ မဟုတ်ပါဘူး၊ လူကြိးဖြစ်ချင်တာပါ။ ဒါဟာ သဘာဝပဲ။
မိဘတွေက ဒါကောင်းတယ်ဆိုရင် သူက မကောင်းဘူးလို့ ပြောချင်ပြောမှာပဲ။ မိဘက မသွားနဲ့လို့ ပြောရင် သူသွားချင်မှာပဲ။ ဒီလိုဖြစ်လာတာဟာ သူ့ရဲ့လွတ်လပ်မှု၊ ကိုယ့်အားကိုယ်ကိုးနိုင်မှုကို ရ‌အောင် ကြိုးစားနေတာပါ။ လွှမ်းမိုးမှုအောက်ကနေ လွတ်မြောက်ဖို့ ကြိုးစားနေတာပါ။ ဒါဟာ အင်မတန်သဘာဝကျတယ်။ အင်မတန် ဖြစ်သင့်ပါတယ်။
ဒီလိုပြောလို့ ဘုန်းကြီးက မိဘကိုအာခံတာ ကောင်းတယ်လို့ ပြောနေတယ်လို့ မယူဆစေချင်ဘူး။ သူ့လွတ်လပ်မှု သူရှာနေတာကို မိဘတွေက မေတ္တာကရုဏာအပြည့်နဲ့ ကောင်းတဲ့နည်းနဲ့ အထောက်အကူ ပေးလိုက်ပါ။ ဒါကြောင့် တကယ်ချစ်ရင် လူကြီးဖြစ်ခွင့်ပေးရမယ်။ သူ့အတိုင်းအတာလေးနဲ့သူ တဖြည်းဖြည်း လူကြီးဖြစ်လာအောင် နည်းမျိုးစုံနဲ့ အကူအညီပေးရမယ်။
တစ်နေ့ မိဘတွေ မရှိတော့တဲ့အခါမှာ သူ့အားသူကိုးပြီးတော့ သူ့အသိဉာဏ်နဲ့သူ စဉ်းစားပြီး ဆုံးဖြတ်ပြီး သူ့စားဝတ်နေရေး၊ သူ့မိသားစု စားဝတ်နေရေးကို သူ့ဟာသူ လုပ်သွားရမှာ။ အဲဒါကို ဘယ်အချိန်ကစပြီး ပြင်ဆင်ရသလဲဆိုတော့ အဲ့ဒီ ၁၄-၁၅ နှစ်အရွယ်က စပြီး ပြင်ဆင်လိုက်ရတာပဲ။
တကယ်စဉ်းစားတတ်လာအောင်၊ သွားရဲလာရဲအောင်၊ သွားသင့် မသွားသင့် စဉ်းစားတတ်အောင်၊ ဆုံးဖြတ်တတ်အောင်၊ ပြောရဲဆိုရဲ ဖြစ်အောင် သင်ပေးပါ။ ကလေးကို အပြစ်မတင်ပါနဲ့။ ဦးကျိုးသွားမယ့်စကားတွေ မပြောမိပါစေနဲ့။ အဲ့ဒီလို သင်ပေးမှသာ မေတ္တာအစစ်လို့ ပြောလို့ရမှာ။ စိတ်မချလို့၊ မယုံကြည်လို့ မသွားရဲ မလာရဲအောင် လုပ်နေရင် မေတ္တာအစစ် မဟုတ်တော့ဘူး။
***တကယ်ချစ်ရင် လူကြီးဖြစ်ခွင့်ပေးရမယ်***
#ဆရာတော်ဦးဇောတိက
#မဟာမြိုင်တောရ

image