Yellow Plumeria 💛
တရုတ်စကားအဝါရောင်လေးတွေဟာ ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ဘဝသစ်တစ်ဖန် မွေးဖွားခြင်းကို ကိုယ်စားပြုပါတယ်တဲ့။
#flowers




Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Yellow Plumeria 💛
တရုတ်စကားအဝါရောင်လေးတွေဟာ ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ဘဝသစ်တစ်ဖန် မွေးဖွားခြင်းကို ကိုယ်စားပြုပါတယ်တဲ့။
#flowers




လူတွေက သူတိုတန်ဖိုးထားချင်တဲ့
သူကိုပဲတန်ဖိုးထားပြီး တန်ဖိုးမထားချင်တဲ့သူကိုဆို ဘယ်လိုပဲတောင်းဆို" တန်ဖိုးမထားဘူးနော် ။
ဘယ်အချိန်က ဝမ်းနည်းဖို အကောင်းဆုံးလဲသိလား..
ငါခက်ခဲ"တောင်းဆိုရင်တောင် မရခဲ့တဲ့
အရာအားလုံးကို တခြားတစ်ယောက်ကတော့
လွယ်လွယ်ကူကူလေးနဲ့ရသွားတဲ့ အချိန်မျိုးပဲ ။
#စာတို
𝟐𝟐 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝟐𝟎𝟐𝟓
𝐓𝐡𝐞 𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐑𝐚𝐧𝐠𝐨𝐨𝐧 - 𝐓𝐇𝐎𝐑 မှာကျင်းပသွားမဲ့ 𝐑𝐈𝐓𝐌𝐀𝐃𝐀 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥
🔊 RITMADA ဟာဆိုရင် February လ 22 နေ့မှာကျင်းပသွားမယ့် Baile Funk Festival ပဲဖြစ်ပါတယ် 🇧🇷
Baile Funk Music ကိုအသားပေးပြုလုပ်သွားမဲ့ မြန်မာပြည်ရဲ့ပထမဆုံး Baile Funk Festival တစ်ခုပဲဖြစ်ပါတယ် 🇧🇷
RITMADA မှာပါဝင်ဖျော်ဖြေသွားမယ့် Artists တွေကတော့ (in alphabetical order)
CREWBASS
DREWCHENZO
JAGM33T
JAY
LOKO
LOSTFIRE
OTIYAS
PAST12
ST3VN
Y3llO
တို့ပဲဖြစ်ပါတယ် 🔊
#evententertainment #festival
#ritmada
#echo
No One Gets Out Alive
==================
ဒီ Horror ဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ဆောင်ကတော့ အမ်ဘာလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ပါဘဲ။သူက ရည်မှန်းချက်အိပ်မက်တွေနဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့် အမေဖြစ်သူရဲ့ ကျန်းမာရေးကြောင့် အကောင်အထည်ဖော်ဖို့နှေးကွေးခဲ့ရတယ်။
အမ်ဘာဟာ သူ့အနာဂတ်အတွက် ကြံစည်ရင်း တရားမ၀င်မှတ်ပုံတင်နဲ့ အမေရိကန်ကိုရောက်လာခဲ့ပြီး မိန်းကလေးအဆောင်တစ်ခုမှာ နေဖို့ ဖြစ်လာခဲ့တယ်။အဆောင်ပိုင်ရှင်ကလည်း ထူးဆန်းတဲ့ အဘိုးကြီးတစ်ယောက် အိမ်ကလည်း သိပ်ကောင်းမနေလှတဲ့ အိမ်အိုအိမ်ဟောင်းတစ်လုံးပေမယ့် တရားမ၀င်နေထိုင်သူဖြစ်တဲ့ အမ်ဘာအဖို့ ရွေးချယ်စရာမရှိလှပေ။
အဲ့ထက်ဆိုးသည်မှာ အဲ့အိမ်ကိုရောက်လာတဲ့သူတိုင်းဟာ အိမ်မက်ဆိုးတွေ မက်လေ့ရှိပြီး ပရလောကသားတွေကိုလည်းထင်ယောင်ထင်မှားသလိုလို၊ တကယ်မြင်တွေ့ရသလိုလိုတွေနဲ့ ခဏခဏကိုတွေ့မြင်နေရတာပေါ့။
နောက်ပြီး ဒီအိမ်ကြီးရဲ့ထူးဆန်းမှုတွေ အဆောင်ပိုင်ရှင်အဘိုးကြီးရဲ့ လျှို့ဝှက်ချက်တွေကိုလည်း အမ်ဘာတစ်ယောက် တစ်စတစ်စသိလာခဲ့ပြီးနောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့.....
ကြည့်ရန်နှိပ်ပါ👇
https://t.me/movieforhorror/628
Main channel
t.me/addlist/43SAvNGGjGExNWVl
#မနက်စောစောနိုးနိုးခြင်းရေသောက်တတ်တဲ့အကျင့်ဖြစ်အာင်လုပ်ထားကြပါနော်
မနက်စောစောအိပ်ယာကနိုးတာနဲ့ ရေသောက်ခြင်း၏ အကျိုးကျေးဇူးများ
မနက်ခင်းနိုးထခြင်းမှာ ရေသောက်ရမယ်ဆိုတာ များသောအားဖြင့် သိကြမှာပါ။ ဒါပေမဲ့ သေချာမသိကြသေးတဲ့သူတွေ ရှိကြပါသေးတယ်
ရေဆိုတာ ခန္ဓာကိုယ်အတွက် နေ့စဉ်နှင့်အမျှ အဓိကလိုအပ်နေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ရေအသက်တစ်မနက်ဟူ၍ ဆိုရိုးစကားပင် ရှိပါသည်။ ရေသောက်ခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးများ ရရှိနိုင်သည်ကို ကြည့်ကြပါစို့
1 အူလမ်းကြောင်းကိုသန့်ရှင်းစေပါသည်
မနက်နိုးထလာတာနဲ့ ရေသောက်ခြင်းကြောင့် အညစ်အကြေးများစွန့်ပစ်ဖို့ အားပေးပါတယ်။ ဝမ်းချုပ်တတ်သူများ မနက်နိုးတာနဲ့ ရေများများ သောက်ဖို့ အကြံပေးချင်ပါတယ်။
2 ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်
အဆိပ်အတောက်များကို ဖယ်ရှားပေးတာကြောင့် အသားအရေများ စိုပြည်လာပြီး မျက်နှာလေးဟာ ရွှေလိုဝင်းပြီး တောက်ပလာမှာဖြစ်ပါတယ်။
အရွယ်တင်ခြင်း ၊ အချိန်မတန်ခင် ပါးရေတွန့်ခြင်းတွေကလည်း ကာကွယ်ပေးပါသေးတယ်။
3 ခေါင်းကိုက်ခြင်းမှ ကာကွယ်ပေးတယ်
ခေါင်းကိုက်စေတဲ့ အဓိကအကြောင်းရင်းက ရေပုံမှန်မသောက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ပါးစပ်ကနေ အနံ့ဆိုးထွက်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။
4 ဗိုက်ဆာစေတယ်
မနက်စောစော ရေသောက်ခြင်းဟာ အညစ်အကြေးများကို စွန့်ထုတ်ပေးပြီး သင့်ကိုဗိုက်ဆာစေပါတယ်။
5 အင်အားတိုးစေတယ်။
ခန္ဓာကိုယ်ထဲမှ သွေးနီဥထုတ်လုပ်မှုကို ပိုမိုမြန်ဆန်စေလို့ အားအင်တွေလည်း တိုးပွားစေပါတယ်။
6 ဝိတ်ကျစေပါတယ်
ရေများများသောက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲက ကယ်လိုရီလောင်ကျွမ်းမှုကို ပိုမိုမြန်ဆန်စေတဲ့အတွက် ဝိတ်ချရန် အကောင်းဆုံးနည်းလမ်းအဖြစ် အသုံးပြုလို့ရပါတယ်။
7 ဆံနွယ်လေးတွေ ကျန်းမာသန်စွမ်းစေပါတယ်
ရေများများသောက်ခြင်းကြောင့် ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်ရမှာပါ။ ရေသောက်နည်းမယ်ဆိုလျှင် ဆံပင်တွေကျွတ်တာ ၊ အားနည်းတာတွေ ၊ အရောင်မတောက်ဘဲ ခြောက်ကပ်ကပ် ဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။
8 ကျောက်ကပ် ကျောက်တည်ခြင်းမှ ကာကွယ်ပေးပါတယ်
9 ကိုယ်ခံအားကိုလည်း မြင့်တက်စေပါသေးတယ်
ဒါကြောင့်မနက်စောစောနိုးထတာနဲ့ ရေတစ်ခွက်သောက်ပေးခြင်းဖြင့် အထက်ပါ အကျိုးကျေးဇူးများကို ဒီနေ့ပဲ စတင်ခံစားလိုက်ကြရအောင်
ပြောင်းဖူးသုပ် (သက်သတ်လွတ်)
ပြောင်းဖူးပြုတ် ၂ဖူး
ကြက်သွန်နီ ၂လုံး
ခရမ်းချဉ်သီး ၂လုံး
သံပုရာသီး ၁လုံး
ဆား အနည်းငယ်
အချိုမှုန့် အနည်းငယ်
နံနံပင်
ငရုပ်သီးစိမ်း
(ပုစွန်ခြောက်
ကြက်ဥပြုတ် ၁လုံး)သက်သတ်လွတ်ဆို မထည့်နဲ့နော်😁
နှမ်း အနည်းငယ်
ရောသုပ်လိုက်ရုံပဲ
#crdဆွေဇင် 🌸
သဲကန္တာရထဲက စက်ဝိုင်းပုံ စိုက်ခင်းကြီးများ
ကောင်းကင်မြင်ကွင်းကနေ ကြည့်လိုက်ရင် အာရေဗျသဲကန္တာရကြီးထဲမှာ အစိမ်းရောင်စက်ဝိုင်းကြီးတွေ အများကြီးကို တွေ့ရပါလိမ့်မယ်။ ဒါတွေက ဆော်ဒီအာရေဗျနိုင်ငံရဲ့ နည်းပညာသုံး စိုက်ပျိုးရေးစနစ်တွေပဲ ဖြစ်ပါတယ်။
ဒီစနစ်ကို Center Pivot Irrigation လို့ခေါ်ပါတယ်။ စက်ဝိုင်းပုံ စိုက်ခင်းတွေရဲ့ အလယ်ဗဟိုမှာ ရေပိုက်တိုင်တစ်ခု ထောင်ထားပြီး အဲဒီကနေ ဘီးတပ်ထားတဲ့ ရေဖြန်းစက်ကြီးက စက်ဝိုင်းပတ်လည် လှည့်ပတ်ပြီး ရေဖြန်းပေးတဲ့ စနစ်ပါ။ တစ်ခုချင်းစီရဲ့ အချင်းဝက်က မီတာ ၅၀၀ လောက်အထိ ရှိတတ်ပါတယ်။
ဆော်ဒီအာရေဗျလို သဲကန္တာရနိုင်ငံမှာ စိုက်ပျိုးမြေနဲ့ ရေရှားပါးတာကြောင့် ဒီလိုနည်းပညာတွေကို အသုံးပြုပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတာပါ။ မြေအောက်ရေတွေကို စုပ်ယူသုံးစွဲပြီး ဂျုံ၊ အာလူး၊ ခရမ်းချဉ်သီး စတဲ့ သီးနှံတွေကို စိုက်ပျိုးကြပါတယ်။
ဒါပေမယ့် ဒီစနစ်က ရေကို အများကြီး သုံးစွဲရတာကြောင့် ရေရှည်မှာ မြေအောက်ရေတွေ ခန်းခြောက်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါ့အပြင် သဲကန္တာရထဲမှာ စိုက်ပျိုးရေးလုပ်တာဟာ ကုန်ကျစရိတ်လည်း အတော်များပါတယ်။
ဒီလိုအခက်အခဲတွေ ရှိပေမယ့် ဆော်ဒီအစိုးရက စားနပ်ရိက္ခာဖူလုံရေးအတွက် ဒီလိုနည်းပညာတွေကို ဆက်လက်အသုံးပြုနေရပါတယ်။ နောက်ပိုင်းမှာ ရေသုံးစွဲမှု ပိုမိုထိရောက်အောင် ဆော်ဒီတွေဟာ ရေပြန်လည်သုံးစွဲတဲ့စနစ်တွေ၊ မိုးရေစုဆောင်းတဲ့စနစ်တွေကိုပါ တွဲဖက်အသုံးပြုလာကြပါတယ်။
အခုဆိုရင် Google Earth ကနေ ကြည့်လိုက်ရင် ဆော်ဒီရဲ့ သဲကန္တာရထဲက စိမ်းလန်းနေတဲ့ စက်ဝိုင်းပုံစိုက်ခင်းတွေဟာ လူသားတွေရဲ့ နည်းပညာအင်အားကို ပြသနေတဲ့ သက်သေတစ်ခုလို ဖြစ်နေပါပြီ။ ဒါဟာ သဘာဝတရားနဲ့ နည်းပညာကို ဟန်ချက်ညီညီ အသုံးချနိုင်မှု၊ စိုက်ပျိုးရေးနည်းပညာ တိုးတက်မှုတွေရဲ့ သာဓကကောင်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
ဒေါပုံရဲစခန်းမှာ အချုပ်ခန်းဖောက်ပြီး အချုပ်သားလေးယောက် ထွက်ပြေးလွတ်မြောက်
ဖေဖော်ဝါရီ ၁၀
ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်ရဲစခန်းမှာ အချုပ်ခန်းဖောက်ဖျက်ပြီး အချုပ်သားလေးယောက်ထွက်ပြေးမှု ဖေဖော်ဝါရီ ၉ ရက်နေ့မနက်အစောပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
" မနက် ၂ နာရီကျော်လောက်မှာ တာဝန်ကျရဲအရာရှိက အချုပ်ခန်းကိုလာစစ်ဆေးတော့မှ အချုပ်ခန်းဖျက်ပြီး ထွက်ပြေးသွားတာကိုသိကြတာ။ထွက်ပြေးတာလေးယောက်လို့သိရတယ်။ယောကျ်ားလေးတွေချည်းပါပဲ။ ထွက်ပြေးတဲ့အထဲမှာ ဒေါပုံမှာနေတဲ့သူကသုံးယောက်ပါတယ်။ကျန်တယောက်ကလှိုင်သာယာကပါ။ " လို့ရဲစခန်းနဲ့နီးစပ်သူဒေသခံကပြောပါတယ်။
အချုပ်ခန်းဖောက်ပြီးထွက်ပြေးသွားသူတွေမှာ မူးယစ်ဆေးးဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အမှုမှ ရမန်နဲ့ ချုပ်နှောင်ထားသူကနှစ်ယောက်ပါဝင်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့အမှုဖွင့် ခံထားရသူနှစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ ထွက်ပြေးအချုပ်သားတွေကို ဖမ်းဆီးရမိရေး စစ်ဆေးရှာဖွေမှုတွေလုပ်နေပေမယ့် ခုချိန်ထိတော့ ပြန်လည်ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။
အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတဲ့အချုပ်သားတွေက အသက် ၁၇ နှစ်အရွယ် ခန့်ထည်ဝါထွန်း၊ ညီညီခန့်၊ ဝေယံအောင် (ခ) သင်္ဘောသီး၊ သူရဇော်(ခ)အောင်ရဲလင်းဆိုသူတို့ဖြစ်တယ်လို့ ရဲစခန်းနဲ့နီးစပ်သူ ဆီကသိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့နယ်ရဲစခန်းမှာ အချုပ်သားတွေနဲ့တာဝန်ကျရဲအရာရှိတွေအကြား ပစ်ခတ်မှုဖြစ်ပွားပြီး အချုပ်သား လေးယောက်ထွက်ပြေးလွတ်မြောက်သွားပြီး ဒုရဲအုပ်အပါသုံးယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။
Photo - CJ
#centralnewsnaypyitaw




သီရီလင်္ကာမှာ မျောက်တကောင်ကြောင့် တနိုင်ငံလုံး မီးပျက်နေ
ကိုလံဘို၊ ဖေဖော်ဝါရီ ၁၀
သီရိလင်္ကာနိုင်ငံတဝန်းမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့ပြီး မီးစက်တွေအရေးပေါ်အသုံးပြုနေရတဲ့ ဆေးရုံတွေအပါအဝင် နေရာအချို့မှာတော့ တဖြည်းဖြည်း ပြန်လည်ရရှိနေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အခုလို လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုပြန်လည်ကောင်းမွန်ဖို့ နာရီအနည်းငယ်ကြာမြင့်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုထားပြီး ဆေးဘက်ဆိုင်ရာ အဆောက်အအုံနဲ့ ရေသန့်စင်စက်ရုံတွေကို ဦးစားပေးနေတယ်လို့ ဆိုပါတယ်။
စွမ်းအင်ဝန်ကြီး ကူမူရာဂျာရာကိုဒီကတော့ မျောက်တကောင်ကြောင့် အခုလိုလျှပ်စစ်ဓါတ်အား ပြတ်တောက်မှုဖြစ်တာလို့ ပြောပါတယ်။ အဲဒီမျောက်နဲ့ ပါဝါထရန်စဖော်မာထိတွေ့ရှော့ခ်ဖြစ်ခဲ့ပြီး ဓါတ်အားစနစ် ချို့ယွင်းခဲ့တာလို့ သူကပြောပါတယ်။
ကိုလံဘိုမြို့တောင်ဘက် ဓါတ်အားခွဲရုံတခုမှာ အရေးပေါ်အခြေအနေကြောင့် လျှပ်စစ်ဓါတ်အား ပြတ်တောက်ခဲ့တာလို့ လျှပ်စစ်ဖြန့်ဖြူးမှုကို တာဝန်ယူနေတဲ့ စီအီးဘီကုမ္ပဏီက ပြောပါတယ်။ ကျွန်းနိုင်ငံတဝန်းမှာ ဓါတ်အားပြတ်တောက်မှုကို အမြင်္နဆုံး ပြန်လည်ရရှိဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ပါတယ်။
လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာမှာ အခုလို မီးပျက်မှုတွေကြောင့် ဆေးရုံနဲ့ စီးပွားရေးလုပ်ငန်းတွေအပါအဝင် လုပ့်ငန်းတွေမှာ မီးစက် သို့မဟုတ် အင်ဗာတာတွေကို အသုံးပြုနေကြရပါတယ်။ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်းကလည်း လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
#သတင်းဟင်းလေးအိုးကြီး