1 y - Translate

စကားတွေကြောင့် ကြွေလွင့်သွားခဲ့ကြရတဲ့ ကြယ်ပွင့်တွေအများကြီးပဲဆိုတဲ့ ချမ်းမြေ့မောင်ချို 🥹
ချမ်းမြေ့မောင်ချိုကတော့ သူတို့တွေဟာ အနုပညာပြည့်တန်ဆာတွေဖြစ်ကြတယ်လို့ဆိုပါတယ်။ ပရိသတ်တချို့ရဲ့ ပြင်းထန်တဲ့ဝေဖန်ချက်တွေ၊ ထွက်လာတဲ့စကားတွေကြောင့် သူမက ကြောက်စရာကောင်းကြောင်းပြောပါတယ်။ ဦးနှောက်နဲ့ပါးစပ်ဟာ ဆက်သွယ်မှုမရှိချိန်မှာ ထွက်လာတဲ့စကားတွေဟာ ကြောက်စရာကောင်းကြောင်း သူမကဆိုပါတယ်။ အမေတွေ၊နှမတွေမရှိသလို မိန်းမတွေရှားနေသလိုပြောဆိုနေကြခြင်းတွေအပေါ်ကိုလည်း သူမက ပြောခဲ့တာပါ။ ဒီလိုစည်းမရှိတဲ့ မှတ်ချက်တွေကြောင့် ကြွေလွှင့်သွားတဲ့ ကြယ်ပွင့်တွေအများကြီးပဲလို့ပြောပါသေးတယ်။ ချမ်းမြေ့မောင်ချိုဟာ မကြာသေးခင်ကပဲ သူမရဲ့ ချစ်သူကောင်မလေးနဲ့ ၁၁ လပြည့်သွားခဲ့ပြီဆိုတဲ့အကြောင်း သူမက တင်ခဲ့ပြီးနောက် ဝေဖန်မှုတွေက ဆိုးဝါးခဲ့တာပါ။

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
image
image
image
image

ထမင်းပေါင်း
***********

အိုးထဲဆီထည့်၍ ဆီဆူလာရင်
နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူ ထည့်မွှေပီးတာနဲ့
အသား ထည့်မွှေပါ။
အသား ကျက်ရင် အသီး အရွက်များ ထည့်မွှေပါ။

ရွှေလီဆောစ့်ထည့်ပါ။

ကော်မှုန့်ကို ရေနဲ့ ဖျော်ပြီး ထည့်မွှေပါ။

အရည်ပျစ်ချွဲချွဲလေး ဖြစ်လာရင်

ရွှေပဲသီး နဲ့ တရုတ်နံနံထည့်မွှေ

ငုံးဥပြုတ်လေး ထည့်ပြီးရင်တော့

ထမင်းပေါ် လောင်းချပြီး

ထမင်းပေါင်းပူပူလေး သုံးဆောင်နိုင်ပါပြီ။

image

ဒီရုပ်ရှင်ကို အခုမှ ကြည့်မိတဲ့ ကိုယ့်အတွက်ကတော့ နောက်ကျမှ ကြည့်မိလေခြင်းလို့တောင် ခံစားရစေပါတယ်။Oscar သုံးခုရ ရုပ်ရှင်တစ်ခုဖြစ်တဲ့အပြင် ဖြစ်ရပ်မှန်ရုပ်ရှင်လည်းဖြစ်တာမလို့ လူတိုင်း ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ အဓိက သရုပ်ဆောင်နှစ်ယောက် ဒွန် နှင့် တိုနီ တို့ရဲ့ နယ်လှည့်ဖျော်ဖြေရေးခရီး အကြောင်းပဲဖြစ်ပါတယ်။၁၉၆၂နောက်ပိုင်းကို အခြေပြု ရိုက်ကူးထားပြီး အဲ့အချိန်တုန်းက အ‌သားရောင် အဖြူအမဲ ခွဲခြားမှုတွေက အနည်းနဲ့အများ လွှမ်းမိုးမှုရှိနေသေးတာပေါ့။တိုနီကတော့ အီတီလီယန် လူဖြူ တစ်ယောက်ဖြစ်ပြီး သူက ပိုက်ဆံရရင် အကုန်လုပ်တဲ့ ကျပန်းအလုပ်သမားတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် သူလုပ်ပေးရမယ့် အလုပ်ကိုတော့ နည်းနည်းလေးမှ မလစ်ဟင်းဘဲ မရရအောင် တိတိကျကျ လုပ်ပေးတဲ့ လူစားမျိုးဖြစ်ပါတယ်။တိုနီ အလုပ်လုပ်တဲ့ ကော်ပါးဆိုင် က ယာယီပိတ်သွားတော့ တိုနီလည်း အလုပ်လက်မဲ့ဖြစ်သွားပါတယ်။ဒီလို အလုပ်လက်မဲ့ ဖြစ်နေတဲ့ အချိန်မှာ အလုပ်ပေးဖို့ဖြစ်လာတဲ့သူကတော့ ဒွန် ဖြစ်ပါတယ်။ဒွန်ကတော့ လူမဲ ဒေါက်တာဘွဲ့ရ တစ်ယောက်ဖြစ်ပြီးတော့ စန္ဒယား ပညာရှင် တစ်ယောက်ဖြစ်ပါတယ်။တိုနီက ဒွန်ရဲ့ ၈ ပတ်ကြာ နယ်လှည့်ဖျော်ဖြေပွဲကို တစ်ပွဲမှ မလွတ်ဘဲ အချိန်မှီအောင် ကားမောင်းလိုက်ပို့ပေးရမှာဖြစ်ပါတယ်။တိုနီလည်း အလုပ်မရှိ ပိုက်ဆံရတာလည်းမဆိုးတော့ လူမဲ တစ်ယောက်ကို လူဖြူတစ်ယောက်က ကားမောင်းလိုက်ပို့ဖို့အကြောင်းဖန်လာပါတော့တယ်။ဒီလိုနဲ့ ဒွန်ကို တိုနီက ကားမောင်းပို့ပေးရင်း ဇာတ်လမ်းလေးကို အစပျိုးထားပါတယ်။ဒွန်က လူမဲတစ်ယောက်ဖြစ်ပေမယ့် လူဖြူတစ်ယောက်လို နေထိုင်ပြီး တိုနီကတော့ လူဖြူဆိုပေမယ့် လူမဲနေသလို ဖြစ်သလိုနဲ့ လွှတ်လွှတ်လပ်လပ် နေတဲ့ လူစားမျိုးပါ။ပြီးတော့ တိုနီက ဒေါသကို ရှေ့တန်းတင်ပြီး ပြသာနာတွေကို လက်နဲ့ပဲ ဖြေရှင်းတတ်တဲ့လူစားမျိုးဖြစ်ပေမယ့် ဒွန်ကတော့ စကားအပြောအဆိုကအစ ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေနဲ့ သည်းခံစိတ် အားကောင်းတဲ့ လူမဲတစ်ယောက်ဖြစ်ပါတယ်။တိုနီတစ်ယောက် ဒွန်ရဲ့ ဖျော်ဖြေပွဲတွေကို အချိန်မှီ လိုက်ပို့ပေးနိုင်ဖို့ လမ်းမှာတွေ့မယ့် ပြသနာတွေကို ဘယ်လိုဖြေရှင်းမလဲ... ဒွန်ရဲ့ နောက်ဆုံးဖျော်ဖြေပွဲအပြီး တိုနီတစ်ယောက် သူ့မိသားစုစီကို ခရစ်စမတ်နေ့အမှီရော အိမ်ပြန်ရောက်နိုင်မလားဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာဖြစ်ပါတယ်။

image

ပေပင်ဆေ:ဘက်ဝင်ပုံ ဖတ်ချိန်တမိနစ်
+++++++++++++

"ပေတစ်သီး၊ ကျီးတစ်သား"ဆိုသလို တစ်သက်တွင် တစ်ကြိမ်သာ အသီးသီးတဲ့ ပေသီးပင်

ပေပင်သည် မြန်မာနိုင်ငံတွင် အပူပိုင်းဒေသများတွင်သာ ပေါက်ရောက်လေ့ရှိပါသည်။ ရှေးယခင်အခါက မြန်မာများစာပေရေးသားရာတွင် ပေရွက်၊ ထန်းရွက်ပေါ်တွင်သာ ရေးခဲ့ကြသော အလေ့အထရှိကြပါသည်။

ပေပင်သည် တစ်သက်တွင် တစ်ကြိမ်သာ အသီးသီးပြီး ထပ်မသီးတော့သော အပင်တစ်မျိုးဖြစ်သည်။ သက်တမ်းမှာ နှစ်(၃၀-၈၀)အတွင်းရှိကြသည်။ "ပေတစ်သီး၊ ကျီးတစ်သား" ဆိုသည့် စကားပုံအတိုင်း အသီးတစ်ကြိမ် သီးပြီးလျှင် သွေ့ခြောက်ကာ ‌ေ.သသွားတတ်ပါသည်။

ပေပင်သည် ထန်းပင်ထက် လုံးပတ်ကြီး၍ အရွက်လည်း ပိုကြီးပါသည်။ ပေပင်မှလည်း ပေရည်ထွက်ပြီး ငန်သော အရသာ ရှိသည်။

ပေသီးမှာ ထန်းသီးထက် ပိုသေးပြီး ထန်းသီးထက် အရသာပိုကောင်းပါသည်။ ပေသီးအဆံက ပိုနုပါသည်။ ပေသီး၏ ပင်ကိုယ်သဘာဝက ချွဲချွဲလေးဖြစ်နေသည့်အတွက် ရေဆေ:စားစရာမလိုဘဲ သဘာဝအတိုင်း စားသုံးနိုင်ပါသည်။ ပေသီးကို နို့ဆီ၊ သကြား၊ ရေခဲ တို့ဖြင့် ပေသီးသုပ် လုပ်စားနိုင်သလို ရေခဲခြစ်၊ ဖာလူဒါ၊ ရေခဲမုန့်၊ နို့သစ်ခွတို့တွင်လည်း ထည့်၍ စားသုံးနိုင်ပါသည်

သို့သော် "သပြေ ထန်းလျက်၊ ပေနဲ့ ဝက်" ဆိုသည့် စကားပုံလေးအတိုင်း ပေသီးနှင့် ဝက်သားသည် တွဲဖက်မစားသင့်သော အစားအစာဖြစ်ပြီး ခေါင်းကို*က်မူးဝေတတ်သောကြောင့် ပေသီးစားပြီး ဝက်သားမစားသင့်ပါချေ။

ပေပင်၏ ဆေ:ဖက်ဝင်ပုံ

အသည်း၊ အဆုတ်ရောဂါကြောင့် ဗိုက်ဖောင်းကားပြီး ရေဖျဥ်းစွဲကာ ဗိုက်ထဲမှ ရေများဖေါက်ထုတ်နေရသော ဝေဒနာရှင်များကို 'ပေအရွက်စိမ်းစိမ်း'ကို ထုထောင်း၊ ညှစ်ပြီး ရရှိလာသောအရည် လက်ဖက်ရည်အကြမ်းပန်းကန်တစ်လုံးစာကို လူနာအား တိုက်ပေးပါက ရောဂါသက်သာပျောက်ကင်းစေသည်ဟု မှတ်ရဖူးပါသည်။ ဆေ:ဖက်လည်းဝင်၊ အရသာလည်းကောင်းမွန်ထူးခြားပြီး တစ်ပင်လုံး အသုံးဝင်သည့်ပေပင်များ ဖြစ်ကြပါသည်။

image