သတင်းဌာနတွေအပါအဝင် ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေ Update ကြည့်မရမှု ဖြစ်ပွားခဲ့

ဇန်နဝါရီ ၃၀

သတင်းဌာနတွေရဲ့ဖေ့ဘွတ်စ်ပေ့ချ်တွေအပါအဝင် ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေကို မိုဘိုင်းဖုန်းနဲ့ ဝင်ရောက်ကြည့်ရှုရမှာ နောက်ဆုံးတင်ထားတဲ့ Update တွေကို ကြည့်ရှုမရတာမျိုး ယမန်နေ့က ဖြစ်ပွားခဲ့ပြီး ယနေ့မနက် ဇန်နဝါရီ ၃ဝ ရက်မှာတော့ ပို့စ်တွေကို Update ပြန်ကြည့်လို့ရပြီဖြစ်တယ်လို့ သိရပါတယ်။

ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်၊မွန်းလွဲပိုင်း အချိန်ကစလို့ အခြားသော ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေ အပါအဝင် ပြည်တွင်း၊ပြည်ပက သတင်းဌာနတွေရဲ့ ဖေ့ဘွတ်စ်ပေ့ချ်တွေဟာ Update ကြည့်လို့မရတော့ပဲ ၂ဝ၂၃ ခုနှစ်က ပို့စ်တွေပဲ ပြန်တက်နေ ကြည့်လို့ရတာကနေ ဒီကနေ့ ဇန်နဝါရီ ၃ဝ ရက်နေ့မှာတော့ မူလအတိုင်း ဖေ့စ်ဘွတ်ခ်ပေ့တွေကိုပြန်ကြည့်လို့ရခဲ့တာဖြစ်ပါတယ်။

အခုလိုဖြစ်ပေါ်ခဲ့မှုဟာ ပြည်တွင်းက အင်တာနက်လိုင်းတွေ မကောင်းမွန်မှုနဲ့ Facebook Error အချို့ကြောင့် ဖြစ်နိုင်တယ်လို့ အိုင်တီပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

"ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေ ကျသွားတယ်။Update မဖြစ်တော့ဘူးဆိုတာ ဒါကဖေ့စ်ဘွတ်ခ်ဘက်က Error ကြောင့်ပဲလို့ သုံးသပ်ရပါတယ်။အကြောင်းအရင်းကတော့ ဘာကြောင့်ဖြစ်လဲဆိုတာ သေချာတော့ မသိရသေးဘူးပေါ့။ဖြစ်နိုင်ချေများတာကဖေ့စ်ဘွတ်ခ် Error ကြောင့်ပါပဲ"လို့ ပြည်တွင်းက အိုင်တီပညာရှင် တယောက်က VOM ကို ပြောပါတယ်။

ယခင်ကလည်း ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေ ခဏ ခဏ ကျတာနဲ့ ပျက်တာကို ပြည်တွင်း ဖေ့ဘွတ်စ် အသုံးပြုသူတွေမှာကြုံခဲ့ရသလို အခုလို
ဖြစ်ပေါ်မှုဟာ ဖေ့စ်ဘွတ်ခ်ရဲ့ပေါ်လစီအချို့ကို စမ်းသပ်နေမှု(သို့မဟုတ်) ဆာဗာချို့ယွင်းမှုကြောင့်လည်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေတာဖြစ်ပါတယ်။

"ဖေ့စ်ဘွတ်ခ်ဘက်က Error တခုကြောင့်လည်းဖြစ်နိုင်သလို ပြည်တွင်းက အင်တာနက်လိုင်းတွေ ကြောင့်လည်းဖြစ်နိုင်ပါတယ်။အဓိက ကျွန်တော်ထင်တာကတော့ ပြည်တွင်းက အင်တာတက်လိုင်းတွေကြောင့်လည်းပါသလိုဖေ့စ်ဘွတ်ခ်Error ကြောင့်လည်းဖြစ်နိုင်ပါတယ်"လို့ မြန်မာနိုင်ငံသား အိုင်တီသမားတယောက်က ထပ်လောင်း ပြောပြပါတယ်။

အခုလိုဖြစ်ပေါ်ရတာဟာ ဖေ့စ်ဘွတ်ခ်ကို ပံ့ပိုးပေးထားတဲ့ ဂူးဂဲလ် Service အချို့ကြောင့်လည်းဖြစ်နိုင်တယ်လို့ ပြည်တွင်းက သတင်းသမားတယောက်က သူရဲ့ အမြင်ကို ဆက်ပြီး သုံးသပ်ပြောပြပါတယ်။

"ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေကျတာ ဂူးဂဲလ်ကြောင့်လို့လည်း ပြောနေကြတယ်။နောက်တချက်က ပေါ်လစီ အမျိုးမျိုးဖြစ်နေတယ်။သူရဲ့ပေါ်လစီတွေကလည်း အမျိုးမျိုးပြောင်းနေတယ်။တချို့ဟာတွေက ဖေ့ဘွတ်စ်က ပိုက်ဆံပေးမှ ပေးမြင်တော့တာမျိုးရှိတယ်။အခုဖြစ်တာကလည်း ဖေ့ဘွတ်စ်က ပိုက်ဆံတောင်းချင်တဲ့ သဘောလား မသိဘူး။မနေ့က ပေ့ချ်တော်တော်များများ Update မဖြစ်ဘူး။ဒီကနေ့ မနက် ကျွန်တော်ပြန်ကြည့်တော့ တော်တော်များများ Update ဖြစ်တာကို ပြန်တွေ့ရပါတယ်"လို့ သူ ကြုံတွေ့ခဲ့ရတာကို ပြောပြပါတယ်။

ယခုလိုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်ခ်ဘက်က သတင်းတစုံတရာ ထုတ်ပြန်ထားခြင်းမျိုးတော့မတွေ့ရပါဘူး။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
47 w - Translate

ဪ မင်းက အဲလိုလား
အတော်ဆိုးနေပြီ

47 w - Translate

လူတွေနဲ့ရှိချိန် တိရစ္ဆာ-န်လေးတွေနဲ့
မိမိ ရှိချိန်မိမိ

image
47 w - Translate

လူတွေနဲ့ရှိချိန် တိရစ္ဆာ-န်လေးတွေနဲ့
မိမိ ရှိချိန်မိမိ

image
47 w - Translate

လူတွေနဲ့ရှိချိန် တိရစ္ဆာ-န်လေးတွေနဲ့
မိမိ ရှိချိန်မိမိ

imageimage

image

ချန်ပီယံလိဂ်ဖလားကို မန်စီးတီးရမယ်လို့မထင်ကြောင်း ဂွာဒီယိုလာပြော

ဇန်နဝါရီ ၃၀

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်မှာ ကလပ်ဘရုဂျက်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပေမယ့် နည်းပြဂွာဒီယိုလာက သူ့ရဲ့အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မယ်လို့ မ
ထင်ကြောင်း ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “အခုပုံစံနဲ့ ချန်ပီယံလိဂ်ဖလားကို ကျနော်တို့ ရယူနိုင်မယ်လို့ မထင်ပါဘူး။ ကျနော်က အလွန် လက်တွေ့ ကျတဲ့သူပါ။ သူတို့တွေဟာ ကျနော်တို့ထက် ပိုအတွေ့အကြုံရှိပြီး မက်ဒရစ်ဆိုရင် နောက်ဆုံးပွဲတွေမှာ ပြန်လာနိုင်ခဲ့သလို ဘိုင်
ယန်မြူးနစ်အသင်းဟာ ကွန်ပနီနဲ့အတူ မယုံနိုင်စရာကောင်းတဲ့ ရာသီတစ်ခုကို ရရှိထား ပါတယ်။ မနက်ဖြန်မှာ ကစားရင် ခက်ခဲနိုင်မှာ ဖြစ်ပေမယ့် လာမယ့် နှစ်ပတ်အတွင်းမှာ ကျနော်တို့ဟာ ပွဲကောင်း နှစ်ပွဲကို ကစားနိုင်ဖို့မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ကလပ်ဘရုဂျက်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် အမှတ်ပေးဇယား အဆင့် ၂၂ နေရာ ရပ်တည်ကာ ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပလေးအော့ဖ်အဆင့်မှာ အဆင့် ၁၁ နဲ့ ၁၂ နေရာ ရပ်တည်ခဲ့တဲ့ ရီးရယ်လ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ ၂ သင်းထဲက ၁ သင်းနဲ့ တွေ့ဆုံရမှာပါ။

အဲဒါကြောင့် မန်စီးတီးအသင်းဟာ ပလေးအော့ဖ်အဆင့်မှာ ခက်ခဲတဲ့ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ ပလေးအော့ဖ် ပွဲစဉ်မတိုင်ခင်မှာ ကစားသမားသစ်တွေ၊ ဒဏ်ရာ ရနေတဲ့ ကစားသမားတွေ ပြန်လာနိုင်မှာဖြစ်လို့ သူတို့တွေသာ ပြန်ပါဝင်နိုင်ရင် ချန်ပီယံလိဂ်ပြိုင်ပွဲကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်
လို့ ပြောခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ ပလေး‌အော့ဖ်အဆင့်မှာ မန်စီးတီးအသင်းနဲ့ တွေ့ဆုံနိုင်ဖွယ် ရှိနေပေမယ့် ဂိုးသမား ကော့တွိုက်စ်က သူတို့ဟာ ဘယ်အသင်းကိုမှ ကြောက်နေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ချန်ပီယံလိဂ် ပလေးအော့ဖ် အဆင့်အတွက် မဲခွဲမှုကို ဇန်နဝါရီ ၃၁ ရက်မှာ ပြုလုပ်သွားဖို့ရှိနေပြီး ဒီပွဲတွေကို ဖေဖော်ဝါရီအတွင်းမှာ ကျင်းပသွားမှာပါ။

မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN

ပုံ - ဂွာဒီယိုလာကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

Breaking News---

အမေရိကန်မှာ ခရီးသည်တင်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်ဝင်တိုက်မှု ဖြစ်ပွား၊ အသေအပျောက် မသိရသေး

ဝါရှင်တန်၊ ဇန်နဝါရီ ၃၀

အမေရိကန်လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစင်းနဲ့ စစ်တပ် ရဟတ်ယာဉ်တစင်းတို့ ဝါရှင်တန်ဒီစီမှာ ဒီကနေ့တိုက်မိမှု ဖြစ်ပွားခဲ့တယ်လို့ အမေရိကန်လေကြောင်း အာဏာပိုင်တွေက အတည်ပြုပြောကြားပါတယ်။

ဒီမတော်တဆမှုဟာ ဝါရှင်တန်ဒီစီကို ဖြတ်သွားတဲ့ ပိုတိုမက်မြစ်ပေါ်မှာ ဖြစ်ပွားခဲ့တာလို့ မီးသတ်ဌာနက ဆိုပါတယ်။ ခရီးသည်တင်လေယာဉ်ပေါ်မှာ ခရီးသည် ၆၀ နဲ့အမှုထမ်းလေးယောက် ပါဝင်ပြီး စစ်ရဟတ်ယာဉ်ပေါ်မှာတော့ တပ်ဖွဲ့ဝင် သုံးယောက်ပါတယ်လို့ ပြောပါတယ်။

ရေငုပ်သမားနဲ့ ကယ်ဆယ်ရေးစက်လှေတွေဟာ အခင်းဖြစ်ရာမြစ်ထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို အပူတပြင်း ရှာဖွေနေကြပါတယ်။ မတော်တဆမှုဟာ ဒေသစံတော်ချိန်ည ၉ နာရီမှာ ရေဂင်ဝါရှင်တန်လေဆိပ်ရှိ ပြေးလမ်း ၃၃ ကို ချဉ်းကပ်စဉ်မှာ ဖြစ်ပွားခဲ့တာပါ။

လူအသေပျောက်နဲ့ ထိခိုက်ဒဏ်ရာရမှုအခြေအနေနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ အသေးစိတ် မသိရသေးပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တော့ အလွန်ဆိုးရွားတဲ့ မတော်တဆမှုအတွက် တုန်လှုပ်ရကြောင်းနဲ့ ကယ်ဆယ်ရေးသမားတွေရဲ့ အားထုတ်မှုတွေအရှိန်မြှင့်ဖို့ ညွှန်ကြားထားပါတယ်။ လူလေးယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့လည်း သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Ref:BBC
Photo:Reuters

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image

အာဒိုဂန်နဲ့ အောင်လအန်ဆန်းတို့ရဲ့ပွဲကို One Championship ကြေညာ

ဇန်နဝါရီ ၃၀

One Championship က ဝိတ်တန်း ၂ ခု ချန်ပီယံဟောင်း အောင်လအန်ဆန်းနဲ့ အာဒိုဂန်တို့ မစ်ဒယ်ဝိတ်တန်းပွဲစဉ် အဖြစ် ONE 171 ပြိုင်ပွဲမှာ ယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့ပါတယ်။

အောင်လအန်ဆန်းနဲ့ အာဒိုဂန်တို့ဟာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆ ရက်က ONE 168 ပြိုင်ပွဲမှာ တွေ့ဆုံခဲ့ဖူးပြီး အာဒိုဂန်က အနိုင်ရရှိခဲ့တာပါ။

အဲဒါကြောင့် ဒီတစ်ကြိမ်တွေ့ဆုံမှုဟာ သူတို့နှစ်ဦးရဲ့ မကျေပွဲအဖြစ် ယှဉ်ပြိုင်မယ့်ပွဲ ဖြစ်ပါတယ်။

အောင်လအန်ဆန်းနဲ့ အာဒိုဂန်တို့ရဲ့ မကျေပွဲကို ဖေဖော်ဝါရီ ၂၀ ရက် ကာတာနိုင်ငံမှာ ကျင်းပသွားမှာပါ။

One Championship က အောင်လအန်ဆန်းအနေနဲ့ ဒီတွေ့ဆုံမှုမှာ ပြန်တုန့်ပြန်ပြီး နိုင်ပွဲရယူသွားမလား အာဒိုဂန်ကပဲ နောက်ထပ် နိုင်ပွဲရယူသွားနိုင်မလားဆိုတာ ကြည့်ရမယ်လို့ ဖော်ပြထားပါတယ်။

အောင်လအန်ဆန်းဟာ ONE Championship ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီး ဝိတ်တန်းတွေမှာ ချန်ပီယံ ခါးပတ်တွေကို ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ရိုင်နီယာကို အရေးနိမ့်ပြီး ချန်ပီယံခါးပတ်တွေကို ဆုံးရှုံးခဲ့ရတာပါ။

အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ နိုင်ပွဲတွေ ပြန်ရယူနိုင်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ်ထဲမှာ ထိုးသတ်ခဲ့တဲ့ တစ်ပွဲတည်းသောပွဲမှာ အာဒိုဂန်ကို အရေးနိမ့်ခဲ့ပါတယ်။

အာဒိုဂန်ဟာ MMA ပြိုင်ပွဲမှာ ၁၀ ပွဲထိုးသတ်ထားပြီး ၁၀ ပွဲစလုံး နိုင်ပွဲရယူထားတာ ဖြစ်ပါတယ်။

#centralnewsnaypyitaw

image
47 w - Translate

ယနေ့ချိန်ခါ ရက်ပိုင်းအတွင်း
[ ကျား/ မ ] အသက် အရွယ်မျိုးစုံ
ပျောက်ဆုံးနေကြောင်း သိရှိရပါသည်
မိမိ အိမ်တွင်နေထိုင်လျှင် လုံခြုံစွာ
နေထိုင် ကြပါ
ပြင်ပ သွားလာသည် လျှင်လည်း
တဦးတည်း မသွားဖို့
သတိ ပြုကြပါ
ခလေးများ လူကြီးများ ရွှေဝတ်ဆင်ခြင်း
မပြုကြ ပါနဲ့
ငွေကြေး သယ်ဆောင်သွားလာဖို့ ရှိပါက
လုံခြုံရေး စီစဥ်သွားလာကြပါ
ဆိုင်ကယ်နဲ့ တဦးတည်း သွားသူများ မျက်နှာ
မှန်ကါ ဦးထုပ်ဆောင်းကြပါ
မျက်နှာကို စပရေးဖျန်း၍ မူးမေ့​စေပြီး
လုယက်ကြသည့် သတင်းများကြား သိရလို့
ဖြစ်ပါတယ်
စပရေးဖျန်း လုယက်တဲ့ အန္တရာယ်က
မသေးပါ ဟု ယူဆ ရပါတယ်
ကါးနဲ့ တဦးတည်းသွားသူ
တဦးတည်း လမ်းလျှောက်သွားသူတွေ
အတွက်လည်း အန္တရာယ်ရှိနှိုင်ပါတယ်။

image