အမြန်လမ်းမကြီးပေါ်တွင် ခရီးသည်တင် ယာဥ်တိမ်းမှောက်မှုဖြစ်ပွား
*********************
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၄၆/၀) ဖာလုံအနီးတွင် ယနေ့နံနက် ၄ နာရီ ၄၀ မိနစ်အချိန်ခန့်က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ယာဥ်တိမ်းမှုဖြစ်ပွားသည့်နေရာသို့ စကားအင်း အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် စကားအင်း အမြန်လမ်းရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော YUTONG အမျိုးစား ဖြူဝါနီရောင် Express ခရီးသည်တင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် ယာဉ်မောင်းမှအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းအားဝင်ရောက်တိုက်မိကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ် မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်း ၂ ဦး ယာဉ်နောက်လိုက် ၃ ဦး ခရီးသည် ကျား ၃ ဦး၊ မ ၁၈ ဦး၊ ပေါင်း ၂၆ ဦးအနက်၊ ကျား ၁ ဦး၊ မ ၈ ဦး၊ ပေါင်း ၉ ဦး၊ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့်၊ EMS 192 လူနာတင်ယာဉ်ဖြင့် တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီးပေးခဲ့ကြောင်း သိရသည်။

