41 ပတ် - ဘာသာပြန်ပါ။

"Comeback ပြန်လာတဲ့ သင်ဇာဝင့်ကျော်ရဲ့ပထမဆုံးကြော်ငြာပုံရိပ်များ" အရင်လိုပဲလှနေတုန်း😍

#updatenews
#photocredit
#thinzarwintkyaw

image
image
image
41 ပတ် - ဘာသာပြန်ပါ။

Hair designs

image
41 ပတ် - ဘာသာပြန်ပါ။

Hair designs

image
41 ပတ် - ဘာသာပြန်ပါ။

Hair designs

image
41 ပတ် - ဘာသာပြန်ပါ။

Hair designs

image
41 ပတ် - ဘာသာပြန်ပါ။

Hair designs

image
41 ပတ် - ဘာသာပြန်ပါ။

Hair designs

image
image
image
image
image
41 ပတ် - ဘာသာပြန်ပါ။

ချစ်သူကို နှိပ်ပေးရင်းနဲ့ နှိပ်ခအဖြစ် အသားယူတဲ့ဗီဒီယိုကြောင့် ပရိသတ်တွေ ဝေဖန်မှတ်ချက်ပေးတာခံနေရတဲ့ မိုးအောင်ရင်

မိုးအောင်ရင်က သူ့ရဲ့ Tik Tok အကောင့်မှာတင်ထားခဲ့တာပါ။ ချစ်သူက နှိပ်နှယ်ခိုင်းတာကို နှိပ်နယ်ပေးရာမှ နှိပ်ခအဖြစ်ဟုဆိုကာ ချစ်သူရဲ့ ခန္ဓာကိုယ်အား အသားယူထားတဲ့ ဗီဒီယိုကြောင့် ပရိသတ်တွေက ဝေဖန်မှတ်ချက်ပြုနေကြတာပါ။ မိုးအောင်ရင်နဲ့သူ့ချစ်သူတို့ နှစ်ဦးရဲ့ပွင့်လင်းချစ်စရာကောင်းမှုကို ပရိသတ်အတော်များများက သဘောကျကြသော်လည်း အချို့ပရိသတ်တွေကတော့ ဆိုးရွားတဲ့ မှတ်ချက်ပေးမှုတွေရှိနေကြပါတယ်။

#celecele

image

မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော် နီးကပ်လာချိန် ရန်ကုန်မြို့က တရုတ်တန်း မြင်ကွင်းပုံရိပ်များ

ဇန်နဝါရီ ၂၁

မြွေနှစ်တရုတ်နှစ်သစ်ကူးပွဲတော် နီးကပ်လာတာနဲ့အမျှ ရန်ကုန်မြို့၊လသာမြို့နယ်အတွင်းမှာ တည်ရှိတဲ့ နာမည်ကျော်တရုတ်တန်း မြင်ကွင်းတွေကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ အခုလို မြင်တွေ့ရမှာဖြစ်ပါတယ်။

လသာမြို့နယ်အတွင်းမှာ တည်ရှိတဲ့ တရုတ်တန်းမှာတော့ တရုတ်နှစ်ကူးရိုးရာပစ္စည်းရောင်းချနေတဲ့ဆိုင်တွေနဲ့ အမှတ်တရလက်ဆောင်ပစ္စည်းပေးဖို့ တရုတ်မုန့်ချို ရောင်းချနေကြတဲ့ဆိုင်တွေမှာ ဝယ်ယူသူတွေ
အများအပြားနဲ့ စည်ကားနေတာကိုလည်း တွေ့မြင်ရပါတယ်။

ဒါအပြင် လသာမြို့နယ်အတွင်းက နှစ်ပေါင်းကြာရှည်ပြီဖြစ်တဲ့ နာမည်ကျော် တရုတ်ဘုံကျောင်းမှာလည်းလာရောက်ဝတ်ပြုဆုတောင်းကြသူတွေ အများအပြားရှိနေတာကို တွေ့ရပါတယ်။

တရုတ်ရိုးရာ ပြက္ခဒိန်အရ နဂါးနှစ်ကနေ
မြွေနှစ်ကို ကူးပြောင်းရောက်ရှိတဲ့ ယခုတရုတ်နှစ်သစ်ကူးနေ့ကို အစိုးရက အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပါတယ်။

ဒါအပြင် ယခုမြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့က လသာတရုတ်တန်းမှာ ဈေးရောင်းပွဲတော်တွေကိုလည်း ထည့်သွင်းပြုလုပ်မယ်လို့ သိရပြီးနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ တရုတ်ရိုးရာ ခြင်္သေ့နဂါးအလှ အကပြိုင်ပွဲတွေကိုလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+9
41 ပတ် - ဘာသာပြန်ပါ။

၂၀၀၈ အောက်က နိုင်ငံရေးဆွေးနွေးမှုကို ထောက်ခံဟု တရုတ်ပြော

ဇန်နဝါရီ ၂၁

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ နိုင်ငံရေးဆွေးနွေးမှုကို လျင်မြန်စွာ ဆောင်ရွက်လာဖို့ တရုတ်နိုင်ငံက ပြတ်ပြတ်သားသားထောက်ခံသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စစ်မော်နင်းက ပြော သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲ တွင် ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

မစ္စစ်မော်နင်းက “တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခြင်း၊ အချုပ်အခြာအာဏာ ပြည့်စုံခြင်း၊ တစ်ပေါင်းတစ်စည်းတည်းဖြစ်ခြင်း၊ နယ်မြေတည်တံ့ခြင်းကို ပြတ်ပြတ်သားသား ထောက်ခံပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းအေးချမ်းမှုနဲ့ တည်ငြိမ်မှု ထူထောင်လာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိလာအောင် ကြိုးစားခြင်းကို ပြတ်ပြတ်သားသား ထောက်ခံပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ နိုင်ငံရေးသင့်မြတ်မှု စောလျင်စွာ ရရှိလာပြီး ပြည်တွင်းနိုင်ငံရေး ဆွေးနွေးမှု လျင်မြန်စွာ ဆောင်ရွက်လာဖို့ ပြတ်ပြတ်သားသား ထောက်ခံပါတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် မြန်မာ့တပ်မတော်တို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆- ၁၇ ရက်များက တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဟိုင်ဂင်ဆွေးနွေးပွဲ (၇)ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက် ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြပြီး ဇန်နဝါရီ ၁၈ ရက်၌ စတင် အသက်ဝင်မည်ဖြစ်ကြောင်း တရုတ်ဘက်က ထုတ်ပြန်ခဲ့သည်။

မစ္စစ်မော်နင်းက “တရုတ်-မြန်မာ နှစ်နိုင်ငံဟာ အိမ်နီးချင်းကောင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စစ်ပွဲဖြစ်ပွားခြင်းနဲ့ မတည်မငြိမ် ဖြစ်စေခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင့်ပါတယ်။ သက်ဆိုင်ရာ ဘက် အသီးသီးက ဆွေးနွေးခြင်းဖြင့် အပစ်အခတ်ရပ်စဲတဲ့ လုပ်ငန်းစဉ်ကို ဆက်လက် ပြုလုပ်ပြီး ရရှိပြီဖြစ်တဲ့ သဘောတူ ညီချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံ မျှော်လင့်ပါတယ်။ ပြည်တွင်းတင်းမာမှု ဖြေလျှော့လာအောင် အပြုသဘောဆောင်ရွက်ပြီး ဆွေးနွေးခြင်းအားဖြင့် သက်ဆိုင်ရာကိစ္စများကို တစ်ဆင့်တိုး ဆက်လက်ဖြေရှင်းဖို့ တိုက်တွန်းပါတယ်”ဟု ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လက်နက်ကိုင် တိုက်ခိုက် ခြင်းဖြင့် မိမိတို့၏ ဆန္ဒကို တောင်းဆို၍ မရကြောင်း၊ လက်နက်စွန့်ပြီး နိုင်ငံရေးဆွေးနွေးရမည်ဖြစ်ကြောင်း ပြောကြားထားသည်။

နစကနှင့် မြန်မာ့တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်၍ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေး၍ မရကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားလက်နက်ကိုင် များက တိုက်ခိုက်ထားသော နယ်မြေများ အသိအမှတ်ပြုပေးခွင့်မရှိဘဲ ရွေးကောက်ပွဲကနေ တက်လာမည့် အရပ်သားအစိုးရ လက်ထက်ကျမှ ဆွေးနွေးရမည်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြ ကြသည်။

MNDAA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က AA၊ TNLA၊ PDFs၊ BPLA၊ KNDF၊ BNRA၊ MDY-PDF၊ PLA DPLA စသည့် လက်နက်ကိုင်အင်အားစုများဖြင့် ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်၍ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ခဲ့သည်။

အလားတူ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်‌ရေး ဒုတိယလှိုင်းကို ဖော်ဆောင်၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ခဲ့ရာ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)၊ လားရှိုးမြို့၊ ဖောင်းဆိုင်၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက် ကိုင်၊ ကုန်ကြမ်း၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)တို့ကို တိုက်ခိုက်ထိန်းချုပ်ထားသည်။

ပုံ - တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စစ်မော်နင်းကို တွေ့ရစဉ်

#cejtralnewsnaypyitaw

image