1 နှစ် - ဘာသာပြန်ပါ။

ဒီဇာတ်ကားကို ကြည့်ပြီးရင် တကယ့် ဖြစ်ရပ်မှန်ဆိုတာကို ယုံကြည်ဖို့ ခက်ပါတယ်။ဒါပေမယ့်လည်း ကိုယ်တွေ နိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက ကောင်လေးတစ်ယောက်ဖြစ်နေတော့ မယုံလို့လည်းမရပါဘူး။ယုံဖို့ခက်တယ်ဆိုတာကလည်း ဇာတ်ကားထဲမှာတောင် သူ့အတွက် ဒီလောက်ရုန်းကန်ခဲ့ရတာဆိုတော့ တကယ့်အပြင်ဘက်မှာ ဒါထက် ပိုကြိုးစားခဲ့ရမယ်ဆိုတာ ပြောစရာတောင်မလိုလောက်ပါဘူး။

ဇာတ်လမ်းကတော့ ထိုင်းနိုင်ငံက အထက်တန်းကျောင်းသား အီတီပတ် ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။အထက်တန်းကျောင်းသားဆိုပေမယ့် စာကိုစိတ်မ၀င်စားဘဲ ဂိမ်းဆော့ရတာ ကြိုက်နှစ်သက်တဲ့ကောင်လေးပေါ့။တစ်ရက် သူ့ Game ထဲက item ကို အခြားတစ်ယောက်က အပြင်က တကယ့်ပိုက်ဆံ နဲ့ ၀ယ်သွားပါတယ်။အဲ့ကတည်းက အီတီပတ် တစ်ယောက် ဂိမ်းပဲ ထိုင်ဆော့နေခဲ့ပြီး Game Items တွေရောင်းကာ ကား၀ယ်စီးနိုင်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။သူ့တို့မိသားစုကလည်း ပိုက်ဆံ တအားကြီး အဆင်ပြေတဲ့သူတွေ မဟုတ်ပေမယ့် အီတီပတ်ကိုတော့ အထက်တန်းအောင်ပြီး တက္ကုသိုလ် တက်‌စေချင်တာပါ။လိုလိုတောင် ကျောင်းစာကို စိတ်မ၀င်စားတဲ့ အီတီပတ်ကတော့ ပိုက်ဆံရလာတော့ စာကို လုံး၀ကို ဂရုမစိုက်တော့ပါဘူး။သိပ်မကြာလိုက်ဘဲ သူ့ဂိမ်းအကောင့်ကို Game Company က Ban လိုက်ပါတယ်။ဂိမ်းထဲက ပိုက်ဆံမရတော့ အီတီပတ်က သစ်အယ်သီး ရောင်းဖို့ အကြံရလာပြန်ပါတယ်။ရောင်းအားကောင်းတယ်ဆိုပေမယ့်လည်း သူတို့ဆိုင်က မီးခိုးတွေထွက်တော့ Shopping Mall လိုနေရာနဲ့ အဆင်မပြေတာကြောင့် ဆိုင်ပိတ်ခဲ့ရပါတယ်။ ပြီးတော့ သူ့ကောင်‌မလေးကလည်း အထက်တန်း အောင်အောင် လုပ်ခိုင်းလွန်းလို့ အီတီပတ်လည်း အထက်တန်းအောင်သွားပြီး တက္ကုသိုလ်ရောက်သွားပါတယ်။ဒါပေမယ့်လည်း အီတီပတ်က ကျောင်းစာကို စိတ်မ၀င်စားဘဲ နောက်ထပ် ရေညှိ မုန့်ထုပ် ကိုရောင်းဖို့အကြံရသွားပြန်ပါတယ်။ရေညှိ မုန့်ထုပ်ကိုရောင်းဖို့ လေ့လာ‌နေတုန်းမှာဘဲ သူ့အိမ်မှာ အကြွေးတွေ ဝိုင်းနေပြီဆိုတာ သူ့မိဘတွေ ပြောလို့ သိလိုက်ရပါတယ်။အကြွေးတွေ ပြန်မဆပ်နိုင်တာမလို့ တစ်မိသားစုလုံး သူ့တို့ သားအကြီးရှိတဲ့ တရုတ်ကိုပြောင်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမယ့် အီတီပတ်ကတော့ သူ့ရဲ့ ရေညှိ မုန့်ထုပ် လုပ်ငန်းဆက်လုပ်ဖို့အတွက် တက္ကုသိုလ်ဆက်တက်ချင်သေးတယ်ဆိုပြီး သူ့မိဘတွေကို လိမ်ကာ သူ့ဦးလေးနဲ့အတူ ထိုင်းနိုင်ငံမှာဘဲ နေခဲ့ကြတယ်။ဒီလိုနဲ့ 19 နှစ်ပဲရှိသေးတဲ့ အီတီပတ် နှင့် သူဦးလေး တို့ သူ့မိဘတွေ တင်နေတဲ့ အကြွေး သန်းလေးဆယ်ကို ပြန်ဆပ်ဖို့ ရေညှိ မုန့်ထုပ် လုပ်ငန်းကို ကြိးစားရုန်းကန်ပြီး ဘယ်လိုအောင်မြင်အောင်လုပ်ပြသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်ကားက တကယ့်ဖြစ်ရပ်မှန် ဖြစ်တာကြောင့်မလို့ သူရဲ့ ရေညှိမုန့်ထုပ်ကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၀ယ်ယူလို့ရပါတယ်။

ကျောင်းစာကို စိတ်မ၀င်စားတဲ့ 19 နှစ်ကောင်လေး၊ခေါင်းမာမာနဲ့ သူယုံကြည်ရာကိုပဲ မိဘတွေပြောတာတောင်နားမထောင်ဘဲ တစ်စိုက်မတ်မတ် လုပ်တတ်တဲ့ အီတီပတ် ရဲ့ ဘ၀ ဇာတ်ကြောင်းလေးကို ကြည့်ရင်း စိတ်ခွန်အား ရစေဖို့အတွက် "The Ballionoire" ဆိုတဲ့ ထိုင်းဇာတ်ကားကောင်းလေးကို ကျွန်တော်တို့ DHM က ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။

image
1 နှစ် - ဘာသာပြန်ပါ။

Anime ထွက်ရှိဖို့ကြေညာသွားတဲ့ I Want to Love You Till Your Dying Day

image
1 နှစ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂါဇာပြန်လည်တည်ဆောက်ရေး ဒေါ်လာ ၅၃ ဘီလီယံအသုံးပြုရန် အာရပ်ခေါင်းဆောင်များ အတည်ပြု
ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာ ၅၃ ဘီလီယံအသုံးပြုမည့်အစီအစဉ်ကို အီဂျစ်တွင်ပြုလုပ်သော အာရပ်ခေါင်းဆောင်များ၏ အရေးပေါ်အစည်းအဝေးအတွင်း မတ် ၄ ရက်က အတည်ပြုလိုက်သည်။
ယင်းမှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ဂါဇာကိုလက်လွှဲရယူပြီး ပါလက်စတိုင်းနှစ်သန်းကျော်ကို နှင်ထုတ်ပြီး ပြန်လည်တည်ဆောက်မည့် အစီအစဉ်နှင့်အပြိုင်ဖြစ်ပြီး အီဂျစ်နိုင်ငံက အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
အီဂျစ်၏အစီအစဉ်သည်လက်ရှိတွင် အာရပ်၏အစီအစဉ်တစ်ခုဖြစ်ကြောင်း အာရပ်အဖွဲ့ချုပ်အတွင်းရေးမှူးချုပ်က အစည်းအဝေး အပြီးတွင် ပြောသည်။
ထရန့်၏ အစီအစဉ်များကိုရည်ညွှန်းခြင်းမရှိသော်လည်း အာရပ်အဖွဲ့ချုပ်သည် အတင်းအကျပ်ရွှေ့ပြောင်းခြင်းများကို ဆန့်ကျင်သည်ဟုဆို၏။
လက်ရှိတွင် ဂါဇာအပစ်အခတ်ရပ်စဲရေး ပထမအဆင့် ပြီးဆုံးသွားသော်လည်း အပစ်ရပ်ဒုတိယအဆင့်ဆွေးနွေးရန် အစ္စရေးနှင့် ဟားမားစ်တို့အကြား သဘောထားကွဲလွဲနေဆဲဖြစ်သည်။ ဂါဇာမှ အစ္စရေးတပ်များ အလုံးစုံဆုတ်ခွာရေးကို ဟားမားစ်က လိုလားနေသည်။
အစ္စရေးကလည်း အပစ်ရပ်ဒုတိယအဆင့်ကို တက်ရောက်ရန် ငြင်းဆိုထားပြီး ပထမအဆင့်ကို ဧပြီ ၂ဝ ရက်အထိ သက်တမ်းတိုးရေးအဆိုပြုထားကာ ဂါဇာသို့ဝင်ရောက်နေသည့် အကူအညီများကို ပိတ်ဆို့မည်ဟုကြေညာခဲ့သည်။
ဘီဘီစီ

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

“ ငါအကြာကြီးရှင်သန်ခဲ့ပြီးပြီ အခုတော့ပျော်ရွှင်မှုအတွက် ဘာလိုအပ်တယ်ဆိုတာကို ငါသိပြီထင်တယ် ကျေးလက်ဒေသရဲ့ လူသူကင်းဝေးပြီးတိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာလေးမှာကောင်းတာလုပ်တတ်သူတွေနဲ့ ကောင်းတာလုပ်ဖို့ကျင့်သားမရသေး သူတွေအတွက် အသုံးဝင်တဲ့လူတစ်ယောက် အဖြစ်နဲ့ပေါ့ ပြီးတော့ဘယ်မျှော်လင့်ချက်မျိုးက အသုံးဝင်မလဲဆိုတာကိုရှာဖွေရင်းနဲ့ပေါ့ "
" အနားယူခြင်းရယ်၊သဘာဝရယ်
စာအုပ်တွေရယ်၊ဂီတသံတွေရယ်
ပတ်ဝန်းကျင်ကအရာတွေကို
ချစ်တတ်တဲ့စိတ်ရယ်
ဒါဟာ ငါရဲ့ပျော်ရွှင်မှုအပေါ်ခံယူချက်ပဲ "
ကျွန်တော်တို့လူအဖွဲ့အစည်းတွေရဲ့ စံနှုန်းတွေ၊ဖိအားတွေကြားထဲ ရုန်းကန်နေရတဲ့ ကျွန်တော်တို့လို လူငယ်တွေအတွက် စိတ်ထွက်ပေါက်တစ်ခုအဖြစ်လို့တောင် တင်စားခံစားထားရတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ခုကို ပြောပြချင်ပါတယ်။လူငယ်တွေကြည့်သင့်တဲ့ ရုပ်ရှင်၊လူတိုင်း ကြည့်သင့်တဲ့ရုပ်ရှင်တွေ ရွေးကြတဲ့အခါ ဒီရုပ်ရှင်လေးက မပါမဖြစ်ပါပဲ။ဒီတော့ ဇာတ်လမ်းက ဘယ်လိုလဲ...ကိုယ်ကိုတိုင်အဖြေရှာကြည့်ဖို့တိုက်တွန်းပါတယ်။

image