1 y - Translate

ဗိုက်အဆီကျဖို့အတွက် အသင့်တော်ဆုံးအချက်များ

(၁) ထမင်းမစားခင် ရေဖန်ခွက် တစ်ခွက်သောက်ပါ။

(၂) တစ်နေ့တာ အတွက် အသားငါးမျိုးလောက်ကို အနည်းငယ်ဆီ စားပါ။

(၃) ဖြည်းဖြည်းပဲ စားပါ။

(၄) ကိုယ့်ဝမ်းဗိုက် ဆန့်သလောက်ပဲ စားပါ။

(၅) ကိရိယာလွတ် လေ့ကျင့်ခန်းတွေကို တစ်နေ့ မိနစ် ၂၀ လုပ်ပါ။ တစ်ပတ်မှာ ၅ ရက်လုပ်ဖြစ်ပါစေ။

(၆) ကိုယ်နေ ဟန်ထားမှန်အောင် နေထိုင်ပါ။

(၇) ဝမ်းဗိုက် အကြောတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေကို ပိုလုပ်ပါ။

(၈) ချိုသော အစားအစာတွေကို ရှောင်ပါ။

(၉) အမြဲတမ်း ထိုင်မနေပါနဲ့။

(၁၀) အရက်သောက်ခြင်းနှင့် ဆားများများ စားခြင်းများကို ရှောင်ပါ။

image
1 y - Translate

လွန်ခဲ့တဲ့နှစ်(၂၀)က ရှုံးပွဲမရှိချန်ပီယံအသင်းကိုရာသီနောက်ဆုံးပွဲမှာ ဂုဏ်ပြုမယ့် အာဆင်နယ်

လွန်ခဲ့သည့်နှစ်(၂၀)ဖြစ်သည့် ၂၀၀၄ ခုနှစ်က တစ်ရာသီလုံးရှုံးပွဲမရှိ (The Invincible) ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သော အာဆင်နယ်အသင်းအား ယခုရာသီ နောက်ဆုံးပွဲတွင် အမှတ်တရဂုဏ်ပြုရန်အတွက် အာဆင်နယ်အသင်းတာဝန်ရှိသူများက စီစဉ်ထားကြောင်း သိရသည်။ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၃၈)ကို အိမ်ကွင်းဖြစ်သည့် အမ်းမရိတ်စ်ကွင်းတွင် အဲဗာတန်အသင်းနှင့်ကစားရမည်ဖြစ်ရာ အာဆင်နယ်အသင်းက နည်းပြဟောင်းအာဆင် ဗင်းဂါးအပါအဝင်(၂၀၀၃-၀၄)ရာသီမှ နည်းပြအဖွဲ့၊ကစားသမားများ၊ဝန်ထမ်းများကိုပါ ယင်းပွဲသို့ တက်ရောက်ရန်ဖိတ်ကြားထားခြင်းဖြစ်သည်။(၂၀၀၃-၀၄)ရာသီက အာဆင်နယ်အသင်းသည် တစ်ရာသီလုံး ပရီးမီးယားလိဂ်ပွဲ(၃၈)ပွဲ ကစားခဲ့ရာတွင် (၂၆)ပွဲအနိုင်ရပြီး (၁၂)ပွဲ သရေကျကာ ရှုံးပွဲမရှိခဲ့ဘဲ အမှတ်ပေးချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။

image

Stylehacks

Heartbroken ?

1 y - Translate

စိန်ပန်းနီ ( Royal Poinciana ) ♥️♥️♥️

image
1 y - Translate

စိန်ပန်းနီ ( Royal Poinciana ) ♥️♥️♥️

image
1 y - Translate

စိန်ပန်းနီ ( Royal Poinciana ) ♥️♥️♥️

image
1 y - Translate

စိန်ပန်းနီ ( Royal Poinciana ) ♥️♥️♥️

image
1 y - Translate

စိန်ပန်းနီ ( Royal Poinciana ) ♥️♥️♥️

image
image
image
image
1 y - Translate

ကလေးငယ် ၁၅၀ ကျော် မွေးစားခဲ့ပြီးဖြစ်ပေမဲ့ နောက်ထပ်မွေးစားဦးမယ်ဆိုတဲ့ အသက် ၈၀ ကျော် ဇနီးမောင်နှံ

ရောဘတ်နဲ့ မာဂရက်တို့ ဇနီးမောင်နှံဟာ အသက် ၈၀ ကျော်အရွယ် ရှိနေပြီး ကလေးငယ် ၁၅၀ ကျော်ကို မွေးစားခဲ့ပြီးဖြစ်ပေမဲ့ နောက်ထပ်ကလေးငယ်တွေ မွေးစားသွားဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံ လင်ကွန်းရှိုင်းယားကောင်တီမှာ နေထိုင်တဲ့ ရောဘတ်နဲ့ မာဂရက်တို့ဟာ ၁၉၇၈ ခုနှစ်က ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို စတင်မွေးစားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အဲဒီကလေးက သူ့မိဘအရင်းတွေဆီ ပြန်သွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူတို့ဟာ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုလုပ်ရမယ့် ကလေးငယ်တစ်ဦး အပါအဝင် ကလေးငယ်ရာချီကို မွေးစားခဲ့ကြတာပါ။ အဲဒီအထဲမှာ မွေးရာပါ ဒေါင်းဆင်ဒရုန်းရှိပြီး နှလုံးရောဂါရှိတဲ့ မိန်းကလေးငယ် ကင်လည်း ပါဝင်ပါတယ်။ ဆရာဝန်တွေက ၉ လကျော်တဲ့အထိ အသက်ရှင်မှာ မဟုတ်ဘူးဆိုတဲ့ ကင်ကို သူတို့ဇနီးမောင်နှံက မွေးစားခဲ့ကြပြီး ကင်နဲံအတူ ကမ္ဘာတစ်ဝန်းကို ခရီးသွားခဲ့ကြပါတယ်။ ကင်က အသက် ၂၁ နှစ်အထိ နေခဲ့ရပြီး ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တာပါ။

ကလေးငယ်တွေကို မွေးစားပြီး ပြုစုစောင့်ရှောက်ပေးနေတဲ့ သူတို့ဇနီးမောင်နှံကို လင်ကွန်းရှိုင်းယားကောင်တီက ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။ ရောဘတ်နဲ့ မာဂရက်တို့ ဇနီးမောင်နှံက သူတို့မှာ ရင်သွေးမရှိလို့ ကလေးငယ်တွေကို မွေးစားတာ မဟုတ်ပါဘူး။ သူတို့မှာလည်း ရင်သွေးနှစ်ဦး ရှိပါတယ်။ ကျန်းမာရေးကောင်းနေသရွေ့ စောင့်ရှောက်ပေးဖို့ လိုအပ်တဲ့ ကလေးငယ်တွေကို မွေးစားသွားမယ်လို့ သူတို့က ဆိုပါတယ်။

Ref: Couple In Their 80s Has Fostered 150 Children With No Plans On Stopping

image