Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သာမန်ကွန်ပျုတာတွေ သုံးရတာ ပျင်းလာရင် ဒီ စူပါကွန်ပျူတာဝယ် မူရင်းစျေး ဒေါ်လာ ၁ သန်းကို ဒေါ်လာ ၂ သောင်းလောက်နဲ့ လေလံစျေးကွက်ပေါ်ရောက်လာတဲ့ Cheyenne Supercomputer ပါ
လေလံစွဲရမယ်ဆိုတော့ကာ စျေးကတော့တက်လာဖို့ပဲရှိလောက်တယ်
ကိုယ်သုံးမဲ့ Task တွေနိုင်ပါ့မလား စိတ်ပူနေရင် Spec ကိုကြည့်
Intel E5-2697v4 CPUs ကို အခု ၈၀၀၀ ကျော်ဆိုတော့ 1400,00 croes လောက်ပါမယ်ဗျာ
RAM က 300,000 GB လောက်ဆိုတော့ Multitasking ပိုင်းတော့ နိုင်လောက်မှာပါ
ပြသနာအနေနဲ့ Cooling Problem လေးရှိတယ်တော့ ပြောထားလေရဲ့ သုံးထားတဲ့ သက်တမ်းကတော့ ၇ နှစ်ပါတဲ့
ရေအိမ်အသုံးပြုတိုင်း ငွေရစေမယ့် အိမ်သာကို တောင်ကိုရီးယားတက္ကသိုလ်ပါမောက္ခ တီထွင်
တောင်ကိုရီးယားတက္ကသိုလ်တစ်ခုမှာတော့ အိမ်သာတက်ရုံနဲ့ ကော်ဖီဖိုး၊ သစ်သီးဖိုး၊ စာအုပ်ဖိုး ရှာဖွေနိုင်ပြီ ဖြစ်ပါတယ်။ အူလ်ဆန် အမျိုးသားသိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှ မြို့ပြနဲ့ သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာဘာသာရပ် ပါမောက္ခ ချိုကျားဝမ်က သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမယ့် ရေအိမ်တစ်ခု ဖန်တီးခဲ့ပြီး စွန့်ပစ်အညစ်အကြေးတွေကို ဇီဝဓာတ်ငွေ့ ပြန်လည်ထုတ်လုပ်နေတာပါ။
BeeVi ရေအိမ်ဟာ စွန့်ပစ်အညစ်အကြေးတွေကို လေစုပ်စက်နဲ့ စုပ်ယူပြီး မြေအောက်စည်ပိုင်းထဲ ပို့ကာ ဇီဝဓာတ်ခွဲပြီး မီသိန်းဓာတ်ငွေ့ ထုတ်လုပ်ကာ တက္ကသိုလ် အဆောက်အအုံကို စွမ်းအင်ပြန်ပေးနေတာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ တစ်နေ့တာ အစာဟောင်း စွန့်ပစ်မှု ၅၀၀ ဂရမ်ကနေ မီသိန်းဓာတ်ငွေ့ ၅၀ လီတာ ထုတ်လုပ်နိုင်ပြီး စွမ်းအင် 0.5 ကီလိုဝပ် ထွက်ရှိမှာပါ။
ချိုကျားဝမ်က သူ တီထွင်ထားတဲ့ ရေအိမ်အသုံးပြုသူတွေကို Ggool လို့ အမည်ပေးထားတဲ့ ဒီဂျစ်တယ်ငွေကြေး ပြန်ပေးပြီး အဲဒီငွေကြေး အသုံးပြုကာ တက္ကသိုလ်ပရဝုဏ်ထဲက ဆိုင်တွေမှာ ကော်ဖီဖိုး၊ သစ်သီးဖိုး၊ စာအုပ်ဖိုး ပေးနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ ချိုကျားဝမ်ဟာ ၂၀၂၁ ခုနှစ်ကတည်းက အဲဒီအိမ်သာကို တီထွင်ခဲ့တာပါ။
Ref: South Korean toilet turns excrement into power and digital currency
ယနေ့ ရွှေဈေး (မေ - ၆ ရက်၊ နံနက် ၁၀ နာရီ)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၁၃ ဒေါ်လာ
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၄၇၄၀၀၀၀ ကျပ်
ဝယ်ဈေး ၄၇၀၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၅၄၀၀၀၀ ကျပ်
ဝယ်ဈေး ၄၅၀၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
ဆာလာက လီဗာပူးအတွက် နောက်ဆုံး (၇) ရာသီမှာ (၆) ရာသီက တစ်ရာသီအတွင်း အနည်းဆုံး (၂၅) ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ရာသီတွေပါပဲ။ ဒီဘဲက ဖွဲမီးလို တငွေ့ငွေ့လောင်ပြနေတဲ့ ကစားသမားလို့ ဆိုရင်လည်း မမှားပါဘူး။
သူက ပရိသတ်တွေကြား၊ မီဒီယာတွေကြားမှာ အရမ်းကြီး ဝုန်းဒိုင်းကြဲလောက်ရအောင်လည်း လုပ်ပြခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် သူလုပ်စရာရှိတာကို မှန်မှန်လေး လုပ်နေတယ်။ ဂိုးတွေ ပုံမှန်သွင်းနေတယ်။
နေရာစုံကနေ ဂိုးသွင်းနိုင်တဲ့ ကစားသမားဖြစ်ပြီး တစ်ခါတလေ သူ့အတွက် လုံလောက်တဲ့ ချီးကျူးမှုတွေ မရဘူးလို့တောင် ခံစားမိတယ်။ ဒါပေမယ့် တစ်ဦးချင်းဆုတံဆိပ် တော်တော်များများလည်း သူ့ဆီမှာ ရှိပြီးသားပါ။ လီဗာပူးပရိသတ်တွေအတွက်တော့ တိုက်စစ်မှာ ဒီလိုကစားသမားမျိုး တစ်ယောက်ရထားတာ တော်တော်ကံကောင်းပါတယ်။
"ငါဘာလုပ်လုပ်
ငါ့ကိုအကောင်းမမြင်ဘူးဆိုပြီး
အကောင်းမမြင်သူတွေရဲ့ရှေ့မှာ
ကိုယ့်ကိုကိုယ် နိမ့်ကျခံပြီးအားငယ်မပြနဲ့
"အမှန်တကယ်တော့
အကောင်းမြင်တတ်တဲ့သူက
မင်းဘာလုပ်လုပ်
ချစ်ခင် နှစ်သက်တတ်ကြသလို...
"အကောင်းမမြင်တတ်သူက
မင်းဘာမှ မလုပ်ပဲနေလဲ
အပစ်တင် ကဲ့ရဲ့တတ်ကြတယ်။.........,,,
#crd_to_owner_with_respect
#crdphoto
⚜️ Victoria ဘုရင်မကြီးနဲ့ သူမရဲ့ခင်ပွန်း မင်းသားကြီး Albert တို့ရဲ့အချစ်ဇာတ်လမ်းလေးကိုပြောပြပေးပါဆိုပြီး တောင်းဆိုထားကြတဲ့သူတွေများလို့ ဒီနေ့မှာရေးပေးလိုက်ပါတယ်ဗျ။ Victoria ဘုရင်မကြီးနဲ့ Albert တို့ဟာဆိုရင် အစက နိုင်ငံရေးအရသာမဟာမိတ်ဖွဲ့တဲ့အနေနဲ့ လက်ထပ်ဖို့စီစဉ်ခဲ့ကြတာဖြစ်ပေမယ့်လဲ နောက်ပိုင်းမှာ အနေကြာလာတော့ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားခဲ့ကြတာပဲဖြစ်ပါတယ်။ Victoria နဲ့ Albert တို့ဟာ Victoria အသက် 17 နှစ်ထဲကတွေ့ခဲ့ကြတာဖြစ်ပြီး သူမ 21 နှစ်မှာလက်ထပ်ခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့အချစ်ရေးက အဆင်ပြေမပြေကတော့ တိုင်းပြည်အတွက် တော်ဝင်မင်းသား၊မင်းသမီးပေါင်း ၉ ယောက်မွေးဖွားပေးနိုင်ခဲ့တာဟာ သက်သေပဲဖြစ်ပါတယ်။ ဒါပေမယ့်အဆင်မပြေတာကတော့ အခုစာဖတ်နေတဲ့သူရဲ့အချစ်ရေးပါပဲ 17 နှစ်မှာတွေ့ခဲ့တဲ့သူနဲ့လဲဝေးခဲ့သလို အခု အသက်ကြီးလာတော့လဲ မင်္ဂလာဆောင်ဖို့မပြောနဲ့ ရည်းစားဆိုမူးလို့ရှုစရာမရှိ မျောက်သစ်ကိုင်းလွတ်ဘဝကနေ အခုထိမတတ်သေးပါဘူး။ အဲ့တော့ သူများအချစ်ရေးကိုစိတ်ဝင်စားနေမယ့်အစား ရည်းစားမြန်မြန်ရှာရင်ရှာ မရှာရင်လဲ ex ကို “ ပြန်လာပါလားဟင် “လို့သာ message ပို့လိုက်ပါ။ ( ဟိုကလဲ reply ပြန်မှာမဟုတ်ပါဘူး ) 😁
ဒီနေ့တော့ Fusion Marketing အကြောင်း
အကြမ်းဖျင်းလေး ပြောပြပေးချင်ပါတယ် 🌟
=====
Fusion Marketing ဆိုတာ
လုပ်ငန်း 2 ခု ပူးပေါင်းပြီး Project အတူတူလုပ်ကာ
သူ့ Audience ကိုယ့်ကို သိ
ကိုယ့် Audience သူ့ကို သိ
လုပ်ငန်းကို လူပိုသိလာအောင်လုပ်တဲ့နည်းစနစ်ပါ
တစ်လုံးတည်းပြောရရင် Collaboration ပါပေါ့
=====
Fusion Marketing ကို ဥပမာအနေနဲ့ပြောရရင်
ကျွန်တော့်သင်တန်းမှာ ဆရာဝေယံချစ်သူက
Guest Speaker အနေနဲ့ လာဆွေးနွေးတာမျိုးပေါ့
ကျွန်တော့်သင်တန်းမှာ ဆရာဝေယံ လဲပါမယ်လို့
ကြေညာထားတဲ့အတွက် ဆရာ့ Follower တချို့လဲ
ကျွန်တော့်သင်တန်းကို Join ကြတာတွေ့ရပါတယ်
နိုင်ငံတကာမှာတော့ Mc Donald နဲ့ BTS တို့
Collab ထားတဲ့ BTS meal လို ဥပမာတွေရှိပါတယ် ✅
=====
အကျိုးတူ ပူးပေါင်းပြီးCollaboration လုပ်တဲ့အခါ
- Same Market, Same Product
- Same Market, Different Product
- Different Market, Same Product ကြိုက်သလို
ပါတနာရွေးချယ်လို့ရပါတယ်...
ဥပမာ
ဗိုက်ကြီးသည် Yoga ဆရာမ နဲ့ Gym ဆရာပေါင်းပြီး
Free Exercise Session လုပ်ပေးတာမျိုးပေါ့
=====
Fusion Marketing ကို ဘာကြောင့်သုံးသင့်လဲဆိုရင်
- Audience အသစ်တွေရလာနိုင်ပါတယ်
- Marketing Campaign ဆို ROI ပိုကောင်းပါတယ်
- ကိုယ့်လက်ရှိ Customer တွေအတွက် Experience အသစ်အဆန်းလေးတွေပေးနိုင်ပါတယ်
BTS Meal ဆိုလဲ Mc Donald စားနေကျ
Army လေးတွေအတွက် အတွေ့အကြုံသစ်ပဲပေါ့
Mc Donald တစ်ခါမှမစားဖူးတဲ့ Army တွေတောင်
BTS meal ကို လာဝယ်စားကြတာမလို့
Customer အသစ်တွေပိုရပါတယ်..
=====
Fusion Marketing အသုံးပြုဖို့
Network ကောင်းကောင်းရှိဖို့တော့လိုပါတယ်
Network ကောင်းဖို့
- Networking Event တွေ၊
- Online Class တွေ၊ သင်တန်းတွေ
- Seminar / Webinar တွေ Join ဖို့လိုနိုင်ပါတယ်..
မိတ်ဆွေတစ်ယောက်တိုးလေ၊
Network တိုးလေဖြစ်တာမလို့
ဘယ်သွားသွား မိတ်ဆွေတစ်ယောက်တော့ရအောင်
ပေါင်းသင်းဆက်ဆံကြည့်ဖို့ အကြံပေးချင်ပါတယ်💖