စစ်ရှောင်တွေကြောင့် မကွေးမြို့ပေါ်က အိမ်ခြံမြေ‌ဈေးကွက် ပြန်သွက်လာ

ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းရဲ့မြို့တော်ဖြစ်တဲ့ မကွေးမြို့အိမ်ခြံမြေဈေးကွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊နှစ်လည်ပိုင်းကစလို့ အိမ်ခြံမြေဈေးနှုန်းတွေ မြင့်မားလာသကဲ့သို့ အငှားဈေး ကွက်ဟာလည်း ယခင်နှစ်တွေကထက် ငှားရမ်းသူတွေပိုမိုများပြားလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်အဖွဲ့တွေနဲ့ နစက တပ်တို့အကြား တိုက်ပွဲတွေ စဉ်ဆက်မပြတ်ဆက် တိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီလိုတိုက်ပွဲတွေကြောင့် နိုင်ငံ့၀န်ထမ်းတွေ အခြားသော အရပ်သားတွေ အပါအဝင် ရခိုင်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တွေဟာ မြို့လုံးကျွတ်၊ရွာလုံးကျွတ် အုပ်ချုပ်ရေးပိုင်း၊လုံခြုံမှုအပိုင်းအားကောင်းတဲ့ မကွေးမြို့ပေါ်သို့ အစုလိုက်အပုံလိုက်ပြောင်းရွှေ့လာတဲ့အတွက် မကွေးမြို့အိမ်ခြံမြေ‌ဈေးကွက်က ပြန်သွက်လာခဲ့တာဖြစ်တယ်လို့ ဒေသခံအိမ်ခြံမြေဈေးကွက်ပွဲစား တယောက်က ပြောပါတယ်။

"မကွေးကို စစ်ဘေးရှောင်လာကြသူတွေထဲမှာဆိုရင် တိုက်ပွဲဖြစ်ပွားနေတဲ့ မကွေးတိုင်းမြောက်ခြမ်းကမြို့တွေ ချင်းပြည်နယ်တောင်ပိုင်း၊မြောက်ပိုင်းက စစ်ဘေးရှောင်တွေမိသားစု၀င်တွေ ကျောင်းနေအရွယ်ကလေးငယ်တွေ များစွာပါဝင်တဲ့ အတွက် ဒီဘက်က အိမ်ခြံမြေဈေးကွက်မြင့်မားလာတဲ့ သဘောပါ"လို့ မကွေးမြို့ဒေသခံ တယောက်က ထပ်လောင်း ပြောပြပါတယ်။

ဒါအပြင် နစကအစိုးရကလည်း ယခုဖေဖော်ဝါရီလထဲမှာ စစ်ဘေးရှောင်တယောက်ကို တလလျှင်နှစ်သောင်းကျပ်နှုန်းနဲ့ ထောက်ပံ့ပေး နေတယ်လို့ သတင်းထုတ်ပြန်မှုတွေအရ သိရပါတယ်။

ဒါအပြင် ရန်ကုန်နဲ့ မန္တလေး အိမ်ခြံမြေဈေးကွက်ကတော့ ယခု ၂ဝ၂၅ ခုနှစ်ဆန်းပိုင်းမှာ အရောင်းသာများပြီး အဝယ်ပါးနေတယ်လို့ အိမ်ခြံမြေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

"အခုပွင့်လင်းရာသီမှာ ရန်ကုန်၊မန္တလေးအိမ်ခြံမြေဈေးကွက်က အေးစက်နေတယ်။အရောင်းသာရှိပြီး အ၀ယ်မရှိတဲ့အခြေအနေရောက်နေတယ်။ဝယ်လက်တွေပြန်ပါးသွားတယ်။အရင်လိုသိပ်မသွက်တော့ဘူး။နောက်တခုက ‌၀ယ်သူသာမရှိတာဈေးနှုန်းတွေကလည်းကျမလာဘူး။အခုကာလက ကန်ထရိုက်တိုက်ဆောက်တဲ့သူတွေလည်းအဆင်မပြေ၊မြေကွက်ပေးပြီးတယောက်တ၀က်နဲ့ ဆောက်နေကြတဲ့အိမ်ပိုင်ရှင်တွေလည်းနစ်နာကုန်ကြပြီပြောတယ်။ဒါကရန်ကုန်အိမ်ခြံ‌ မြေဈေးကွက်ထဲက သတင်းအမှန်ပါ"လို့ အိမ်ခြံမြေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒါအပြင် လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်ဟာ မကွေးမြို့နီးတူအရောင်းအဝယ်ထက် အငှားတွေကသာပိုအလုပ်ဖြစ်နေကြတယ်လို့လည်း အိမ်ခြံ‌မြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။

Photo - CJ

#centralnewsnaypyitaw

image

image
1 y - Translate

ဆောက်လုပ်ရေးလောကကို ပြောင်းလဲပစ်လိုက်တဲ့ သေးငယ်တဲ့တီထွင်မှုလေး
၁၉၅၈ ခုနှစ်မှာ ဂျာမန်တီထွင်သူ Artur Fischer က ဆောက်လုပ်ရေးလုပ်ငန်းကို အပြီးတိုင် ပြောင်းလဲသွားစေခဲ့တဲ့ သေးငယ်ပေမယ့် တော်လှန်ရေးဆန်တဲ့ Fischer plug ကို မိတ်ဆက်ခဲ့ပါတယ်။
ဒီရိုးရှင်းတဲ့ ပလတ်စတစ်အတုံးလေးက ကွန်ကရစ်၊ အုတ်၊ သို့မဟုတ် ထုံးဂေါ်နဲ့ ပြုလုပ်ထားတဲ့ နံရံတွေမှာ ဝက်အူတွေကို လုံခြုံစွာ တပ်ဆင်နိုင်စေခဲ့ပြီး ဆောက်လုပ်ရေးနဲ့ အိမ်ပြုပြင်မွမ်းမံရေးမှာ ကြာရှည်စွာ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့ပါတယ်။
ဒီပလပ်က ဝက်အူထည့်လိုက်တဲ့အခါ ပွလာပြီး နံရံထဲမှာ ခိုင်မာတဲ့ ဖိအားကို ဖန်တီးပေးပါတယ်။
ဒီပလပ်ကို မတီထွင်ခင်က စင်တွေ၊ တပ်ဆင်ပစ္စည်းတွေလို ပစ္စည်းတွေကို နံရံမှာ တပ်ဆင်တာဟာ ခက်ခဲပြီး စိတ်မချရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ခဲ့ပြီး အထူးကျွမ်းကျင်မှု သို့မဟုတ် နည်းပညာတွေ လိုအပ်လေ့ရှိပါတယ်။
Fischer plug ရဲ့ ရိုးရှင်းပြီး ထိရောက်မှုက ချက်ချင်းအောင်မြင်မှုရရှိစေခဲ့ပြီး ပညာရှင်တွေရော၊ DIY ဝါသနာရှင်တွေပါ စီမံကိန်းတွေကို လွယ်ကူစွာ အပြီးသတ်နိုင်စေခဲ့ပါတယ်။
ဈေးသက်သာပြီး အသုံးဝင်လွန်းတာကြောင့် ကမ္ဘာတဝှမ်းမှာ ဘီလီယံချီပြီး ရောင်းချခဲ့ရပြီး နေရာတိုင်းက ကိရိယာဘူးတွေမှာ မရှိမဖြစ် ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
Artur Fischer ရဲ့ တီထွင်မှုဟာ တပ်ဆင်ရေးနည်းပညာကိုသာ တော်လှန်ပြောင်းလဲစေခဲ့တာ မဟုတ်ဘဲ အဆင့်မြင့် ကျွမ်းကျင်မှုတွေ မလိုအပ်ဘဲ ဘယ်သူမဆို ပစ္စည်းတွေကို လုံခြုံစွာ တပ်ဆင်နိုင်အောင် ဆောက်လုပ်ရေးလုပ်ငန်းကို လူထုလက်ထဲ ရောက်ရှိစေခဲ့ပါတယ်။
ဆယ်စုနှစ်တွေ ကြာလာတဲ့အထိ Fischer plug ဟာ အရေးပါတဲ့ တီထွင်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး တီထွင်မှုသေးသေးလေးတွေဟာ စက်မှုလုပ်ငန်းတွေနဲ့ နေ့စဉ်ဘဝအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်တယ်ဆိုတာကို သက်သေပြနေပါတယ်။

image

🍰ဒူးရင်းသီးပူတင်း🍮

ဆိမ့်နေအောင် စားလို့ကောင်း မွှေးနေလို့ ထပ်စားချင်အောင်ကို စွဲဆောင်မှုကောင်းလှတဲ့ ဒူးရင်းသီးပူတင်းလေးပါ။

ပါဝင်သောပစ္စည်းများ (၃ ခုစာအတွက်)
၁။ ကွကျဥ - ၃ လုံး
၂။ နွားနို့ - ၁ ခွက်ခွဲ
၃။ နို့ဆီ - ထမင်းစားဇွန်း ၈ ဇွန်း
၄။ နွှာထားသော ဒူးရင်းသီးအသား - ထမင်းစားဇွန်း ၂ ဇွန်း
၅။ ဂျုံမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
( ၁ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon= 15 ml )

ပြုလုပ်နည်း
၁။ ပါဝင်သောပစ္စည်းများအားလုံးကို ဖျော်ရည်ဖျော်စက် (blender) ထဲထည့်ရ်ျ အားလုံးတသားထဲဖြစ်ပြီး ညက်နေအောင်ကြိတ်ပါ။
၂။ ပူတင်းလုပ်မည့်ခွက်တွေကို ဆီသုတ်ထားပါ။
၃။ ပူတင်းအနှစ်ရည်များကို ပူတင်းခွက်တွေထဲကို အညီအမျှထည့်ပါ။ ပြီးလျှင် ရေနွေးငွေ့ဖြင့် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့်ထည့်ပေါင်းပါ။
၄။ အနံ့ကော အရသာပါပြည့်စုံနေတဲ့ ဒူးရင်းသီးပူတင်းကို သုံးဆောင်နိုင်ပါပြီ

image

景东(သဘာဝရိပ်သာ)

image

景东(သဘာဝရိပ်သာ)

image

景东(သဘာဝရိပ်သာ)

image

景东(သဘာဝရိပ်သာ)

image

景东(သဘာဝရိပ်သာ)

image

景东(သဘာဝရိပ်သာ)

image