နှစ်ဖက်တပ်​​တွေ မဆုတ်ခွာတာကြောင့် လက်ဘနွန် အပစ်ရပ်ရေး ဖော်ဝါရီလလယ်ထိ သက်တမ်းတိုး

တဲလ်အဗစ်၊ ဇန်နဝါရီ ၂၇

အစ္စရေးနဲ့ ဟဇ်ဘိုလာတို့အကြား မနေ့ကသက်တမ်းကုန်ဆုံးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ဖေဖော်ဝါရီလလယ်ထိ သက်တမ်းတိုးခဲ့တယ်လို့ အမေရိကန်နဲ့ လက်ဘနွန်အစိုးရက ပြောပါတယ်။

လက်ဘနွန်အစိုးရဟာ ဟဇ်ဘိုလာတွေကို ဖယ်ရှားဖို့လိုတဲ့နေရာတွေကနေ ရုပ်သိမ်းဖို့ သဘောတူညီချက် တစိတ်တပိုင်းကို အပြည့်အ၀ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိဘူးလို့ အစ္စရေးက စွပ်စွဲထားပြီး သတ်မှတ်ရက် ကျော်လွန်တဲ့ အစ္စရေးတပ်တွေကို ချထားနေပါတယ်။

အပစ်အခတ်ရပ်စဲရေးဟာ ဖေဖော်ဝါရီ ၁၈ ရက်ထိ အကြုံးဝင်မယ်လို့ လက်ဘနွန်ဝန်ကြီးချုပ်က ပြောပါတယ်။ နိုဝင်ဘာနှောင်းပိုင်းမှာ ရရှိခဲ့တဲ့ ကနဦးအပစ်အခတ်ရပ်စဲရေး အစီအစဉ်ဟာ အစ္စရေးနဲ့ ဟဇ်ဘိုလာတို့အကြား ၁၄ လကြာ ပဋိပက္ခကို အဆုံးသတ်ခဲ့ပါတယ်။

ပြင်သစ်နဲ့ အမေရိကန်တို့ရဲ့ ကြားဝင်စေ့စပ်မှုအရ ရရှိခဲ့တဲ့ သဘောတူညီချက်မှာတော့ လက်ဘနွန်တောင်ပိုင်းကနေ ဟဇ်ဘိုလာတွေ တည်ရှိနေတာကို ရုပ်သိမ်းဖို့နဲ့ အစ္စရေးတပ်တွေလည်း အလားတူ လုပ်ဆောင်ဖို့ ရက် ၆၀ အချိန်ပေးထားပေမယ့် အပြီးသတ်အထမမြောက်သေးပါဘူး။

သဘောတူညီချက်ကို ဖေဖော်ဝါရီ ၁၈ ရက်ထိ သက်တမ်းတိုးလိုက်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဖမ်းဆီးခံရတဲ့ လက်ဘနွန်အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးတို့ကို ဆက်လက်ဆွေးနွေးမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အစ္စရေးရဲ့ ထိုးစစ်ကြောင့် လက်ဘနွန်မှာ လူ ၄၀၀၀ ကျော်သေဆုံးခဲ့ပြီး ၁ ဒသမ ၂ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ယမန်နေ့ကလည်း အစ္စရေးရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၁၂ ယောက်သေဆုံးသွားတယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image

မှိုဟင်း

ခရမ်းချဉ်သီး တလုံး ကြက်သွန်ဖြူနီရယ်
ငြုပ်သီး အမှည့်စိုလေးရယ်(သို့)အစိမ်းတောင့်လေးရယ်မညက်တညက်ထောင်း(သို့)ကပ်ကြေးနဲ့ညှပ် ပီး
ဆီနည်းနည်းထည့် ဆီသပ်ပြီး မှိုထည့်ပါ ဆား အရသာ ထည့်ပါ ရေမထည့်ပါနဲ့ သူ့ထွက်လာတဲ့ရေလေးနဲ့ထားပါ ကျက်ခါနီး ပင်းစိမ်းရွက်လေးခပ်ပါ စားလို့ကောင်းတယ် တခွက်တည်းနဲ့ဟင်းဖြစ်တယ် မှိုဆေးရင်လဲ မလှီးခင်ရေဆေးနော် လှီးပြီးမှရေဆးရင် ရေတွေပိုထွက်တယ် ချက်ထားတာ ပျိုးမှိုကောက်ရိုးမှိုဆို ခဏပဲချက်ပါ
သဘာဝမှိုဆိုရင်တော့
ရေထည့်ပြီးကြာကြာလေးချက်ပါနော် (သဘာဝမှိုလည်းဒီချိန်မပေါ်သေးပါ)အဆိ၊ ပ်တောက်ပြေအောင်လဲ ကန်စွန်းရွက်ထည့်နိုင်ပါတယ်
ပင်စိမ်းရွက်က တော့မှိုနဲ့အရအလိုက်ဘက်ဆုံးပါလို့...
ရေမပျစ်မကျဲလေးမှာ ချပါ အရမ်းစားကောင်းတာ တမျိုးတည်းနဲ့

image

သမ္မတယွန်းအား ထိန်းသိမ်းခွင့်ကာလကို သက်တမ်းတိုးရေး တရားရုံးပယ်ချ

ဆိုးလ်၊ ဇန်နဝါရီ ၂၇

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ဗဟိုခရိုင်တရားရုံးက သမ္မတယွန်းဆော့ရွဲ(Yoon Suk Yeol) အား ထိန်းသိမ်းခွင့် ကာလကို သက်တမ်းတိုးရန် အစိုးရရှေ့နေများ၏ တောင်းဆိုချက်ကို ဇန်နဝါရီ ၂၅ ရက်က ငြင်းပယ်ခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။

အစိုးရရှေ့နေများသည် ယွန်းအား စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းခွင့်ကာလကို သက်တမ်းတိုးပြီး တရားစွဲဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ယွန်းသည် ပုန်ကန်မှု စွဲချက်များဖြင့် ဖမ်းဆီးခံခဲ့ရပြီး တောင်ကိုရီးယားနိုင်ငံ သမိုင်းတွင် သမ္မတရာထူးတွင်ရှိနေစဉ် ဖမ်းဆီးခံရသည့် ပထမဆုံးသမ္မတ ဖြစ်လာခဲ့သည်။

ဇန်နဝါရီ ၂၅ ရက်တွင်မူ ဆိုးလ်ဗဟိုခရိုင်တရားရုံးက ယွန်းအား ထိန်းသိမ်းခွင့်ကာလကို သက်တမ်းတိုးရန် တောင်းဆိုချက်အား ပယ်ချခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

ထိန်းသိမ်းခွင့်ကာလကို သက်တမ်းတိုးခွင့်ပြုရန် ခိုင်မာသည့် အထောက်အထားများ မတွေ့ရကြောင်း တရားသူကြီးတစ်ဦးက ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် တရားရုံးက ထိန်းသိမ်းခွင့်ကာလကို သက်တမ်းတိုးမည့် တောင်းဆိုချက်အား ပယ်ချခဲ့ခြင်းဖြစ်သည်။

အစိုးရရှေ့နေများကမူ ယွန်းအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် တရားဝင် စွဲချက်တင်ခြင်းမပြုမီ ဖေဖော်ဝါရီ ၆ ရက်အထိ ထိန်းသိမ်းထားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

“ထိန်းသိမ်းခွင့်ကာလ သက်တမ်းတိုးဖို့ တရားရုံးရဲ့ ငြင်းဆိုလိုက်တာကြောင့် အစိုးရရှေ့နေတွေဟာ ယွန်းကို အကျဉ်းထောင်ပို့ဖို့အတွက် တရားဝင် စွဲချက်တင်ဖို့ အမြန်ဆုံး လုပ်ဆောင်ရတော့မှာပါ” ဟု အစိုးရရှေ့နေ ယူးဂျွန်ဟွန်း (Yoo Jung-hoon) က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

ယွန်း၏ တရားရေးအဖွဲ့က စုံစမ်းစစ်ဆေးသူများသည် တရားဝင် အာဏာပိုင်မှု အားနည်းကြောင်း ပြောကြားမှုနှင့် အတူ ယွန်းသည် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းရန် ငြင်းဆိုခဲ့သည်။

Source: CAN

ပုံ - တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲကို တွေ့ရစဉ်

#centralnewsnaypyitaw

image
47 w - Translate

Piercing ✨

image
47 w - Translate

Piercing ✨

image
47 w - Translate

Piercing ✨

image
47 w - Translate

Piercing ✨

image
47 w - Translate

Piercing ✨

image
47 w - Translate

Piercing ✨

image
47 w - Translate

Piercing ✨

imageimage
+4