သာဂရမြို့ဟောင်းနေရာမှာ မြေကွက်ရိုက်ရောင်းစားဖို့လုပ်နေသူတွေကို အရေးယူနိုင်ခြင်းမရှိသေး

ဖေဖော်ဝါရီ ၁၉

တနင်္သာရီတိုင်း ၊ လောင်းလုံမြို့နယ်ရှိ ရှေးဟောင်းယဥ်ကျေးမှုဇုန်ဖြစ်တဲ့ သာဂရမြို့ဟောင်းကို မြေကွက်ရိုက်ရောင်းစားဖို့အတွက် စက်ယန္တရားတွေသုံးပြီး မြို့ရိုးကို ဖြိုချနေသူတွေကို ဒီနေ့အထိ အရေးယူနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။

သာဂရမြို့ဟောင်းမှာရှိတဲ့ မြို့ရိုးကိုဖြိုချပြီး ကျုံးထဲကို မြေသားဖို့ခြင်းတွေပြုလုပ်ကာ မြေကွက်ရိုက်ရောင်းချဖို့ လုပ်ဆောင်နေကြတာဖြစ်ကြောင်း ၊ မြို့ဟောင်းကိုဖျက်ဆီးနေသူတွေကို ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တခုက အကာအကွယ်ယူပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာဂရမြို့ဟောင်း ဖျက်ဆီးခံနေရတဲ့ကိစ္စမှာ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့ ပါဝင်နေတာကြောင့် ဒေသခံပြည်သူတွေမှာ တားဆီးခြင်း မလုပ်နိုင်သလို အခြားသော ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း သာဂရမြို့ဟောင်းဖျက်ဆီးမှုကျူးလွန်နေသူတွေကို တားဆီခြင်း၊ အရေးယူခြင်းတွေမရှိဘူးလို့ သိရပါတယ်။

"အခုဖြစ်နေတဲ့အခြေအနေက စိတ်မကောင်းတာတခုကလွဲလို့ ကျွန်တော်ဆို့ ဒေသခံတွေ ဘာမှမလုပ်ပေးနိုင်ဘူး။ ဘုရားအဟောင်းနေရာတွေဖျက်စီးပြီးမြေဖို့ အကွက်ရိုက်လုပ်နေတာမြင်ရင် ပိုရင်နာမိတယ်။ သာဂရမြို့ဟောင်းရွာအထွက်နားမှာ သမိုင်းဝင်ကန်အိုင်လဲ တဝက်ကျော်ကျော်လောက်ကမြေ ဖို့ထားပြီးပြီ။အခုသာဂရမြို့ဟောင်းထဲက ကျုံးကိုမြေဖို့ပြီး အကွက်ရိုက်ရောင်းဖို့လုပ်နေကြတာ။ ဝယ်တဲ့သူတွေကလည်းဝယ်ကြတာပဲ။ဗထူးထပ်က လုပ်နေတဲ့သဘောရှိတယ်။ သူတို့ကတော့မသိဘူး မလုပ်ဘူးငြင်းနေတာပဲ။ လက်နက်ကိုင်ကလုပ်နေတော့ ရွာသားကမပြောရဲဘူး။ ကျန်တဲ့လက်နက်ကိုင်တွေကလည်း အရေးမယူကြဘူးဆိုတော့ လုပ်ချင်တိုင်းလုပ်နေကြတာ။ ဘောလုံးကွင်းလည်း အကွက်ရိုက်ရောင်းစားပြီးပြီ"လို့ ဒေသခံကပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ သာဂရမြို့ဟောင်း အတွင်း မြေတူးဖော် စက်နှစ်ခုသုံးပြီး မြေတူးနေမှုကို ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တခုက လုံခြုံရေးရယူပေးပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ လုံခြုံရေးပေးနေတဲ့အဖွဲ့ကတော့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဗထူးတပ်ဖြစ်ကြောင်းနဲ့ ဗထူးတပ်အနေနဲ့ မြို့ဟောင်းဖျက်ဆီးနေမှုကို ရပ်တန့်ပေးဖို့ NUG ရဲ့တနင်္သာရီ PDF အဖွဲ့က သတိပေးထားပြီး ရပ်တန့်မှုမရှိပါက ပြင်းထန်စွာ အရေးယူမယ်လို့ စာထုတ်သတိပေးထားပေမယ့် ဒီနေ့အထိ အရေးယူမှုတစုံတရာမရှိသေးပါဘူး။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)ကလည်း သာဂရမြို့ဟောင်း ဖျက်ဆီးခံရမှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ သုတေသနပညာရှင်၊ နယ်မြေခံလက်နက်ကိုင်တပ်တွေနဲ့အတူ သာဂရမြို့ဟောင်းကို ကွင်းဆင်းလေ့လာခွင့်ရပါက လေ့လာသွားမယ်ဆိုပြီး ထုတ်ပြန်ပြောဆိုထားပါတယ်။

သာဂရမြို့ဟောင်းကို ဖျက်ဆီးပြီး မြေကွက်ရိုက်ရောင်းချဖို့လုပ်ဆောင်နေမှုမှာ ဗထူးတပ်ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ပြောဆိုချက်ကိုတော့ ဗထူးတပ်ဘက်က သူတို့မပါဝင်ကြောင်း ငြင်းဆိုထားပါတယ်။

သာဂရမြို့ဟောင်းက နှစ်ပေါင်း ၁၂၀၀ ကျော်သက်တမ်းရှိတဲ့ ရှေးဟောင်းအမွေအနှစ်လည်းဖြစ်ပြီး မြို့ဟောင်းကို ဖျက်ဆီးမှုကနေကာကွယ်နိုင်ရန် ၂၀၁၂ ခုနှစ်မှာ ကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

သာဂရမြို့ဟောင်း ဖျက်ဆီးခံနေရတဲ့အပေါ် ရှေးဟောင်းသုတေသနပညာရှင်က " တန်ဖိုးမဖြတ်နိုင်တဲ့ ယဥ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးတာကို တားဆီးရမှာပါ။ဘယ်အဖွဲ့နေနေ လူပုဂ္ဂိုလ်တဦးတယောက်ကဖြစ်စေ ဘယ်သူလုပ်လုပ်တားရမှာပါ။ဒါက နိုင်ငံရဲ့ယဥ်ကျေးမှုအနှစ်ပြယုဒ်တွေပါ။ မတော်တဆကြောင့် ပျက်စီးသွားတာနဲ့ ရည်ရွယ်ချက်ရှိရှိဖျက်ဆီးခံရတာမတူပါဘူး။ဖျက်ဆီးနေသူတွေကို ထိထိရောက်ရောက်အရေးယူပေးဖို့ ပြောချင်ပါတယ်။စစ်ဖြစ်ရင်တောင် ရှေးဟောင်းဇုန်နေရာတွေကို ရှောင်ရမှာပါ။ " လို့ ပြောပါတယ်။

သာဂရမြို့ဟောင်းမှာ မြို့ရိုး ၃ ထပ်ပါရှိပြီး ဝိုင်းဝန်း ပုံသဏ္ဌာန်ရှိကာ မြို့ဟောင်းရာများနှင့် ကျုံဟောင်းရာများ ထင်ရှားစွာကျန်ရှိတဲ့ မြို့ဟောင်းတမြို့ ဖြစ်သလို မြို့ရိုးမှာ အရှေ့အနောက် ၁ မိုင် နီးပါးရှိပြီး တောင်မြောက် မိုင်ဝက်ကျော်ခန့် ရှိကြောင်း၊ အပြင်ဘက်မြို့ရိုးအဝိုင်းရဲ့ အလယ်ပတ်လည်မှာ ၂ မိုင်ခွဲ့ခန့်ရှိပြီး မြို့ဧရိယာမှာ ၂၆၀ ဧကခန့်၊ အတွင်းမြို့ရိုးဧရိယာမှာ ၁၃၀ ဧကခန့် ရှိတယ်လို့ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနရဲ့ အချက်အလက်အရ သိရပါတယ်။

Photo - CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

imageimage
+4

စကေးတပေါက် လျှမ်းလျှမ်းတောက်

image
1 နှစ် - ဘာသာပြန်ပါ။

Mercy [2019]
၂၀၁၉တုန်းကကားလေးကိုပြန်တင်ပေးလိုက်ပါတယ်မင်းသမီးရဲ့ဖိုက်တင်ခန်းတွေကို ရင်တစ်လှပ်လှပ်နဲ့ကြည့်ရမှာပါ။
ရုပ်လေးနဲ့ အက်ရှင်တွေနဲ့တင်ပြည့်စုံရုံမကပဲ
ဇာတ်လမ်းကလည်း မျက်ရည်တစ်စမ်းစမ်းနဲ့ကြည့်ရမှာပါ။
ဘယ်ကျောင်းသူမှ ဒီဇာတ်ကားထဲက ကောင်မလေးလောက်ဇာတ်မနာနိုင်ပါဘူးသရုပ်ဆောင်ကောင်းချက်က တစ်ကယ်ဖြစ်နေသလိုပါပဲ...
အစ်မလုပ်သူက ညီမပျောက်လို့ရှာရင်းနဲ့မှ အနိုင် ကျင့်ခံရတာတွေ မုဒိန်းကျင့်ခံရတာတွေ တစ်ယောက် တည်းမဟုတ် တစ်ရပ်ကွက်လုံးကပတ်ကျင့်ကြတာအဲ့လိုမျိုးရင်နာစရာတွေကို တစ်ခုချင်းစီသိလာရတဲ့အစ်မတစ်ယောက်ရဲ့ ကလဲ့စားချေချက်တွေကတော့...
အားရစရာဖြစ်မှာပါအများကြီးမပြောတော့ပါဘူးကြည့်လိုက်ရလို့ နောင်တမရစေမယ့်ကားမို့ အချိန်လေးနည်းနည်းပေးပြီးကြည့်လိုက်ကြပါဦးနော်...
ညီမရှာပုံတော် ဖွင့်ရင်းအယောက် ၁၀၀ နဲ့ ၁ ယောက်ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ အင်ဟေးရဲ့ဂျွန်ဝစ်ရဲ့ညီမလားလို့ ထင်မှတ်မှားရလောက်တဲ့လျင်မြန်ဖြတ်လတ်လွန်းတဲ့ တိုက်ကွက်တွေကိုလည်းအားရပါးရ ကြည့်ရှုရမှာပါ။
#crd

image