1 နှစ် - ဘာသာပြန်ပါ။

ဝက်ကောက်ညှင်း၊ ကြက်ကောက်ညှင်း
ထမင်းပေါင်းအိုး နဲ့ချက်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်

၁။ကောက်ညှင်းဆန်(ထမင်းပေါင်းအိုးခွက်၂ခွက်)ကို ည တစ်ညရေစိမ်ထားရပါမယ်။

၂ ။ကြက်ဥ (၃)လုံးပြုတ်ပါမယ်။ကြက်ဥပြုတ်ပါတ်လည်မှာဒါးနဲ့အရာသေးသေးလှီးထားပါ။

၃။ဝက်ခြေထောက်/ကြက်ပေါင်လုံးသား ကို Vinegar နဲ့ဆေးပါတယ်။ ဆား/သကြား(brown Sugar)/တရုတ်မဆလာ အနည်းငယ်၊seasoning sauce ၊ပဲငန်ပြာရည်အကြည်အနည်းငယ်တို့နဲ့သမအောင်ရောမွှေပြီး(၁၅)မိနစ်နှပ်ထားပါ။

၄။Pressure Cooker နဲ့(၃၅)မိနစ်ပိုပိုပေါင်းပြီး အပူရှိန်ကျန်နေသေးတဲ့ဝက်ပေါင်းရည်ထဲကြက်ဥပြုတ်တွေထည့်ပြီးအဖုံးပြန်အုပ်ထားပါ။ ပြုတ်ရည် အရသာနဲ့ကြက်ဥ လည်းပြုတ်ရည်အရောင်ဖြစ်လာပါတယ်။

၅။ဝက်သားတုံးကိုဆယ်ပြီးအရိုးထုတ်ထားရပါမယ်။ကြက်ဥပြုတ်ကိုလည်း ထက်ခြမ်းခွဲထားရပါမယ်။

၆။ Rice Cooker ထဲ တစ်ည ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ထည့်ပြီး ဝက် ပေါင်းရည် ထမင်းပေါင်းအိုးခွက် (၃)ခွက်ထည့်ပါမယ်။
မိမိသုံးတဲ့ကောက်ညှင်းဆန်ပေါ်မူတည်ပြီး အတိုး/အဆုတ်လုပ်ရပါမယ်။

၇။ ဆူပွက်လာရင်မိမိနှစ်သက်သည့်အစေ့အဆံ၊ပါးပါးလှီးထားတဲ့ဝက်အူချောင်းထည့် မွှေပေးရပါမယ်။ အရိုးထုတ်ထားတဲ့ဝက်သားပေါင်း အနေတော်အရွယ်၊ခြမ်းထားတဲ့ကြက်ဥပြုတ်တလုံးပါထည့်ပြီးခလုတ်တက်လာရင်ကျက်ပါပြီ။အပူရှိန်အကျန်နဲ့ဆက်ထားပေးပြီး သေချာနပ်သွားရင်စားလို့ရပါပြီ😋😋

😋ကြက်သားနဲ့လည်းထိုနည်းတူစွာလုပ်လို့ရပါတယ်နော်
ကြက်ကောက်ညှင်း
ဝက်ကောက်ညှင်း

image

1 နှစ် - ဘာသာပြန်ပါ။

Project Dorathy (2018) ✅

ဂျိမ်းစ်နဲ့ဘလိတ်ခ်တိုဟာ ဓားပြတိုက်ပြီး ထွက်ရာမှာ ရဲတွေဆီကလွတ်အောင်ပုန်းဖိုလိုအပ်လာပါတယ်။ အသက်ကြီးနေပြီဖြစ်တဲ့ ဂျိမ်းစ်ရဲ့ခြေထောက်မှာလည်း သေနတ်မှန်ထားတာကြောင့် အဆောက်အအုံပျက်ကြီးတစ်ခုမှာ ပုန်းဖိုဝင်လိုက်ပါတယ်။အဆောက်အအုံထဲကိုဝင်သွားတာ ဖြစ်နိုင်ကြောင်း စခန်းကိုအစီရင်ခံတဲ့အခါ အဲ့ဒီအဆောက်အအုံဟာ ကန့်သတ်နယ်မြေဖြစ်တာကြောင့် ဝင်မသွားဖို ရဲတပ်သားကို သတိပေးဟန့်တားပါတယ်။

ဒါကြောင့် အဲ့ရဲလည်း လှည့်ပြန်လာခဲ့ပါတယ်။ဘာမှမသိဘဲ အထဲကိုဝင်သွားခဲ့တဲ့ သူတိုကရော အဆောက်အအုံကြီးထဲမှာဘာတွေနဲ့ရင်ဆိုင်ရမလဲ။အဆောက်အအုံကြီးကို ဘာလိုကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားတာလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။

image
Khine Su Zin မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

{ဆေးဘက်ဝင်မှန်းတော့သိတယ် အဲလောက်
အကျိုးကျေးဇူးကြီးမှန်းမသိခဲ့}

ကြောင်လျှာပင် (Indian Trumpet Flower , Raw Material , Oroxylum indicun Vent ,
Bignoniaceae)။ မြန်မာ့တိုင်ရင်းဆေးပညာ အသစ် တဖန် ပြန်လည် ထွန်းကားပါစေသော်။

ကြောင်လေးပင် မြွေနှင့် အဆိပ်မျိုးမျိုး နိုင်နင်းသော ဆေး ဖော်စပ်ရာ၌ အသုံးပြု ကြောင် တစ်ကောင် ခေါ်သည့် ကြောင်လျှာရွက်

(က) ကြောင်လျှာအခေါက်အမှုန့်ပြု ၍ ချင်း(ဂျင်း)ရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက်
သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏

(ခ) အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော်
အစာမကြေရောဂါ ပျောက်၏

(ဂ) ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက်
ကွဲနာ ပျောက်ပါတယ်

(ဃ) သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း
ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံးနိုင်သေးသည်။

(င) အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ၀မ်းဖော ၊ ၀မ်းရောင် ၊
၀မ်းကိုက်ရောဂါများအတွက် အသုံးပြု၏

(စ) ကြောင်လျှာရွက် ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏

(ဆ) ကြောင်လျှာရွက်ပြုတ်တို့စားက ၀မ်းမီးကောင်း၏။ နားအူ နားကိုက်ကောင်း၏

(ဇ) ကြောင်လျှာ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့်
အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့်
လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။

(စျ) ကြောင်လျှာသီး နှင့် ကြက်သား ရော ချက်စားပါက ပန်းနာရင်ကြပ်ရောဂါ ပျောက်၏

(ည) ကြောင်လျှာသီး နှင့် ငါးရံ့ဖြင့်ချက်စားပါက ကာလ၀မ်းရောဂါပျောက်၏ ။ အားကို
ဖြစ်စေပြီး အစာမကြေရောဂါ ၀မ်းပျက်ရောဂါပျောက်၏။

(ဋ) ကြောင်လျှာသီး နှင့် ပုစွန် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ
ပျောက်၏။

(ဌ) ကြောင်လျှာသီး နှင့် ငါးသလောက် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို
၀ဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။

(ဍ) ကြောင်လျှာသီး နှင့် ငါးမြွေထိုး ချက်စားက ဒူလာသွေး၀မ်း မီးယပ်သွေး၀မ်း နှင့်
မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။

(ဎ) ကြောင်လျှာ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာ၀င် မန်းလိုက်ခြင်း
ပျောက်ကင်းသည်

(ဏ) ကြောင်လျှာသီးကို (၇) ရက် နှစ်ခါ စားသော် သုတ်ခွန်အား တိုးပွားစေ၏၊
ဒေါသသုံးပါးကို ငြိမ်းစေ၏

(တ) ကြောင်လျှာ အခေါက်အမြစ် တို့ကို သွေးလိမ်းသော် လေဖြတ်လေငန်း တခြမ်းသေ၊
တပိုင်းသေ၊ သွေးမလျှောက် လေမလျှောက်၊ ထုံနာကျင်နာ၊ ချိနဲ့သောသူများ
သက်သာပျောက်ကင်း၏။

(ထ) ကြောင်လျှာခေါက် ၆ ရွေးသား၊ ချင်းခြောက် ၆ ဆရွးသား၊ ထန်းလျက် ၁၂
ရွေးသားတို့ကိုရော၍ အလုံး သုံးလုံးရအောင် လုံး၍ နံနက် နေ့ ည ဒသမှုပြုတ်ရည်နှင့်
သောက်သော် သားဖွားမီးယပ်ရောဂါဖြစ်သည့် အမျိုး သမီးများသားဖွားပြီးနောက် ၄-၅-၆
ရက်တိုင်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ကိုက်ခဲနာကျင်ခြင်းတို့ကို
အံ့သြဖွယ်ကောင်းအောင် ပျောက်ကင်းသည်။

(ဒ) ကြောင်လျှာခေါက်ကို အမှုန့်ပြု၍ ချင်း (ဂျင်း)သတ္ထုရည်နှင့်လည်းကောင်း၊ ပျားရည်နှင့်
လည်းကောင်း၊ ရောစပ်၍ လျက်စားသော် ပန်းနာချောင်းဆိုးရောဂါသည် ပျောက်ကင်း၏။

(ဓ) ကြောင်လျှာခေါက်ရေနှင့် စပ်၍ နွားနို့၊ ပဲစင်းငုံရွက် သတ္ထုရည်ရောပြီး ရှူပေးခဲ့သော်
ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏

(န) ကြောင်လျှာ အခေါက်မှုန့်ကို ရေနွေးတွင် နှစ်နာရီကြာမျှ စိမ်၍စစ်ပြီးနောက်
တစ်ကြိမ်လျှင် ၁ ကျပ်သားမျှ နံနက်ည သောက်ခဲ့သော် ၀မ်းမီးနုံ့ခြင်းကြောင့်ဖြစ်သော
အစာမကြေရောဂါ ပျောက်ကင်း၏

(ပ) ကြောင်လျှာရွက် သတ္ထုရည်ကို တိုက်သော်ဘိန်းဆိပ်သင့်သူများ
သက်သာပျောက်ကင်းသည်

(ဖ) ကြောင်လျှာရွက်ကို သို့မဟုတ် ကြောင်လျှာခေါက်ကို ရေနှင့်စိမ်၍ ၎င်းရေကို
ပလုတ်ကျင်းပေးခဲ့သော် ခံတွင်းခြောက်ကွဲနာ ပျောက်ကင်း၏။

(ဗ) ကြောင်လျှာပွင့်ကို သုတ်စားခြင်း၊ ရေနွေးဖျော​ြပီး တို့ပြုတ်စားခြင်း ဖြင့် နှုတ်မမြိန်နာ အတွက် ပျောက်ကင်း ၏

🕊❤️ညာဏ်ကြွယ်
#credit

မညာနဲ့ဟုတ်?

ဒဏ်ရာကြောင့် အသလက်တီကို၊ မန်စီးတီးပွဲတွေကို ရူဒီဂါလွဲချော်ဖွယ်ရှိ

ဖေဖော်ဝါရီ ၄

ရီးရယ်လ်အသင်းနောက်ခံလူ ရူဒီဂါဟာ အက်စပန်ညိုအသင်းကို အရေးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် အသလက်တီကိုအသင်းနဲ့ လာလီဂါ၊ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ရူဒီဂါဟာ ရီးရယ်လ်အသင်းက အက်စပန်ညိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၁၅ မိနစ်မှာ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လူစားလဲခံခဲ့ရတာပါ။

ရီးရယ်လ်အသင်းဟာ ရူဒီဂါရဲ့ဒဏ်ရာ အခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

COPE သတင်းက ရူဒီဂါဟာ ဒဏ်ရာကြောင့် ရက်ပေါင်း ၂၀ ကြာ အနားယူရမယ်လို့ ဖော်ပြထားတာပါ။

ရူဒီဂါအနေနဲ့ ဒဏ်ရာကနေ အချိန်မီ ပြန်မလာနိုင်ခဲ့ရင် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ကိုပါ လွဲချော်နိုင်တာ ဖြစ်ပါတယ်။

ရူဒီဂါဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၅ ပွဲ ပါဝင်ကစားထားပြီး အားထားရတဲ့သူ ဖြစ်တဲ့အတွက် သူ့ရဲ့ဒဏ်ရာ အခြေအနေဟာ အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ ခံစစ်ပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုပြည့်ဝတဲ့ ဗဟိုခံစစ် ကစားသမားတစ်ဦးမှ မရှိတာဖြစ်ပါတယ်။

အဲဒါကြောင့် ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ လာမယ့်ပွဲတွေမှာ လူငယ်ကစားသမား အဆန်စီယိုနဲ့ ကွင်းလယ်လူ ချူအာမန်နီတို့ကို ဗဟိုခံစစ်မှာ တွဲဖက်ပြီး အသုံးပြုသွားဖို့ ရှိနေတာပါ။

ချူအာမန်နီဟာ အသင်းဖော်တွေရဲ့ ဒဏ်ရာတွေကြောင့် မကြာခဏဆိုသလို ဗဟိုခံစစ်မှာ ကစားနေရတာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ကြားရက်ထဲမှာ ကိုပါဒယ်ရေးဖလား ပွဲစဉ်အဖြစ် လီဂါနက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင် အသလက်တီကိုအသင်းနဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။

ရီးရယ်လ်အသင်းဟာ လာလီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အသလက်တီကို အသင်းကို ၁ မှတ်သာ အသာရပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: besoccer

ပုံ - ရူဒီဂါကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
1 နှစ် - ဘာသာပြန်ပါ။

One ပွဲဦးထွက်အဖြစ် ချစ်သူများနေ့မှာ ဖရန်စ္စကာဗီရာ နဲ့ ထိုးသတ်သွားမယ့် ဘရော်နီကာ

ဖေဖော်ဝါရီ ၄

မြန်မာအမျိုးသမီးဖိုက်တာ ကယန်းကျားသစ်မယ် ဘရော်နီကာဟာ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ ကျင်းပမဲ့ One Friday Fight 97 ပြိုင်ပွဲမှာ ချီလီနိုင်ငံသူ ဖရန်စ္စကာဗီရာနဲ့ ထိုးသတ်သွားမှာဖြစ်တယ်လို့ One Championship က ဒီ ဖေဖော်ဝါရီ ၃ ရက် ညနေမှာ တရားဝင် သတင်းထုတ်ပြန်လာပါတယ်။

ထိုင်းဘုရင့်ဖလား နှစ်ထပ်ကွမ်းချန်ပီယံဖြစ်ခဲ့တဲ့ ဘရော်နီကာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကမှ One Championship မှာ မွေထိုင်းနဲ့ ကစ်ဘောက်ဆင်ထိုးသတ်ဖို့ နှစ်နစ်ခွဲ စာချုပ်ချုပ်ဆိုထားပြီးပြီဆိုတာကို အသိပေးခဲ့တာဖြစ်ပြီး စာချုပ်ချုပ်ပြီး တစ်ပတ်မပြည့်ခင် ပွဲရလိုက်တာ ဖြစ်ပါတယ်။

ဘရော်နဲ့ ဗီရာ သူတို့နှစ်ဦးက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က လုမ္ဗနီကွင်းကြီးထဲမှာ ကျင်းပမယ့် One Friday Fight 97 Valentine's SAVAGERY အဖြစ် အက်တမ်ဝိတ်တန်းကနေ ၃ မိနစ် ၃ ချီ မွေထိုင်းပွဲ ထိုးသတ်ကြမှာဖြစ်ပါတယ်။

ပြိုင်ဘက် ချီလီသူ Francisca Vera ဟာ အသက် ၂၅ နှစ်ရှိပြီး အရပ်အမြင့် ၅ ပေ ၇ လက်မရှိပါတယ်။ One Friday Fight ပြိုင်ပွဲမှာ ၂ ပွဲနိုင်၊ ၃ ပွဲရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုးရှိသူဖြစ်ပြီး ဗီရာက ဘရော်ကို နိုင်ဖို့ဟာ ကမောက်ကမ ရလဒ်ထွက်မှဖြစ်နိုင်မှာပါ။

One မှာ ချန်ပီယံဖြစ်ချင်တဲ့ မြန်မာ့ကယန်းကျားသစ်မယ်က အသက် ၂၈ နှစ်ဖြစ်ပြီးတော့ အရပ်အမြင့် ၅ ပေ ၅ လက်မသာရှိလို့ ပြိုင်ဘက်က အလုံးအရပ် အနည်းငယ်သာပါတယ်။ ဘရော်နီကာက ထိုင်းဖိုက်က စီစဉ်ကျင်းပလေ့ရှိတဲ့ ထိုင်းဘုရင့်ဖလားမှာ ပွဲ ၂၀ ထိုးသတ်ထားရာမှာ အလဲထိုး ၉ ပွဲအပါအဝင် ၁၈ ပွဲနိုင်ပြီး ၂ ပွဲကို အမှတ်နဲ့ရှုံးထားပါတယ်။

လာမယ့် ချစ်သူများနေ့ဟာ သမီးရည်းစားစုံတွဲတွေအတွက်သာမက လက်ဝှေ့ချစ်သူတွေအတွက်ပါ ရင်ခုန်စရာနေ့လည်းဖြစ်လာမှာဖြစ်ပြီး One ရဲ့ ဒီနေ့ကြေညာချက်မှာတော့ မြန်မာပရိသတ်တွေအားလုံးက မြန်မာ့ကယန်းကျားသစ်မယ် အနိုင်ရဖို့ တခဲနက်အားပေး ဆုမွန်ကောင်း တောင်းနေကြပါတယ်။

#centralnewsnaypyitaw

image

မီးလောင်မှုဖြစ်စဥ်မှာ ရင်သွေးငယ်သုံးဦးကို ကယ်တင်ခဲ့သည့်ဖခင်က အသက်စတေးခံခဲ့ရ

ဖေဖော်ဝါရီ ၄

ထိုင်းနိုင်ငံမြောက်ပိုင်း လန်ပန်းပြည်နယ်က နေအိမ်တစ်ခုမှာ မနေ့က မီးလောင်မှု ဖြစ်ပွားလို့ ဖခင်ဖြစ်သူက အသက်စတေးပြီး ရင်သွေးငယ်သုံးဦးကို ကယ်ဆယ်လိုက်နိုင်ခဲ့ပါတယ်။

ဖြစ်စဥ်က ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီခန့်မှာ ဈေးဆိုင်တွေ၊ လူနေ အဆောက်အအုံတွေနဲ့ စည်ကားနေတာကြောင့် မီးဘေးအန္တရာယ်သတိပြုဖို့ ခလန်နခွန် ခရိုင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ လျော့ပါးရေးရုံးက သတိပေးထားတဲ့ ဘန်းကတ်မက်ခ် Fresh Market က သုံးထပ် အဆောက်အအုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။

အဆောက်အအုံရဲ့ ပထမထပ်ဟာ မီနီမားကတ်အဖြစ် လုပ်ဆောင်ထားပြီး အပေါ်ထပ်နှစ်ထပ်ကို အဆောက်အအုံပိုင်ရှင်ရဲ့ နေအိမ်အဖြစ် ဆောင်ရွက်ထားတာပါ။ မီးလောင်မှုက အသက် ၅၂ နှစ်အရွယ် ချက်ချိုင်းနဲ့ အသက် ၈ နှစ်ကနေ ၁၂ နှစ်ကြားအရွယ် သားနှစ်ဦးနဲ့ သမီးငယ်တစ်ဦးဖြစ်တဲ့ သူ့ ကလေးငယ် သုံးဦးတို့နေထိုင်ရာ သုံးထပ်အဆောက်အအုံရဲ့ ဒုတိယထပ်မှာ ဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုဖြစ်စဥ်အပြီးမှာ ကလေးငယ်သုံးဦးကို အိမ်ခေါင်မိုးပေါ် လုံခြုံစွာတွေ့ရှိခဲ့ပေမဲ့ ဖခင်ဖြစ်သူချက်ချိုင်းကိုတော့ ရှာမတွေ့ခဲ့သလို ကလေးငယ်တွေကလည်း သူတို့အဖေက သူတို့ကို လွတ်အောင် ခေါင်မိုးပေါ် ပြေးခိုင်းပေမယ့် သူတို့နောက်ကို မလိုက်ခဲ့သလို နာကျင်စွာအော်ဟစ်သံကို သူတို့ကြားလိုက်ရကြောင်း ပြောခဲ့ပါတယ်။

ကလေးငယ်တွေဟာ ကွန်ပျူတာကို အသုံးပြုနေချိန် မီးပွားတစ်ခုကို သတိပြုမိတာကြောင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပေမဲ့ မီးပွားဟာ လျင်မြန်စွာပဲ မီးတောက်နဲ့ အနက်ရောင် မီးခိုးလုံးတွေအဖြစ် ပြောင်းလဲသွားပြီး သူတို့ကို လွတ်မြောက်အောင် ထွက်ပြေးဖို့ လှုံ့ဆော်ပေးခဲ့တာပါ။ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မီးသတ်အဖွဲ့ဟာ အဆောက်အအုံကို စုံစမ်းစစ်ဆေးခဲ့ရာမှာ ချက်ချိုင်းရဲ့ အသက်မဲ့ရုပ်အလောင်းကို ဒုတိယထပ်မှာ တွေ့ရှိခဲ့သလို လက်မောင်းမှာ မီးလောင်ဒဏ်ရာတွေနဲ့ မီးခိုးငွေ့ရှူရှိုက်မိရာက သေဆုံးသွားတာလို့ ကနဦးကောက်ချက်ယူခဲ့ပါတယ်။

မီးလောင်ရတဲ့အကြောင်းအရင်းကို တာဝန်ရှိသူတွေက မဆုံးဖြတ်နိုင်သေးဘဲ သားသုံးဦးကို ကယ်ဆယ်ဖို့ ဖခင်က အသက်ကို စတေးခဲ့ရတဲ့ ကြေကွဲဖွယ်ဖြစ်ရပ် ဖြစ်ပွားရတဲ့ အကြောင်းအရင်းအတိအကျကို အတည်ပြုနိုင်ဖို့ ထပ်မံ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။

Ref, The Thaiger

#သတင်းဟင်းလေးအိုးကြီး

imageimage
+7
1 နှစ် - ဘာသာပြန်ပါ။

တရုတ်စကားပန်း ( Plumeria )💛💛💛

ပန်းလေးရဲ့အဓိပ္ပါယ်က " မင်းနဲ့ဆုံတွေ့ခွင့်ရလို့ သိပ်ကို‌ကံကောင်းပါတယ် " ပန်းလေးနဲ့အတူ မင်းဘဝရဲ့ နောက်ဆုံးအချစ်ကို ပေးနိုင်မလားတဲ့ 🤍🤍🤍

အရမ်းကိုမှ ပြီးပြည့်စုံတဲ့ပန်းလေးပါနော်
ဟာဝိုင်အီမှာဆိုရင်တော့ ဒီပန်းလေးကို ညာဘက္မှာပန်ဆင်မယ်ဆို Singleလို့ ဆိုလိုပြီး
ဘယ်ဘက်မှာ ပန်ဆင်မယ်ဆိုရင်တော့ ချစ်နေတဲ့လူရှိပါတယ် (သို့မဟုတ်)ပိုင်ရှင်ရှိပါတယ်တဲ့…💐

#flowers #meaning

image