ခေတ်သစ်ဂန္ထဝင်တွေအတွက် ဖလားလိုတယ်လို့ ဆာလက်ပြော

ဖေဖော်ဝါရီ ၂၄

လီဗာပူးလ်အသင်းဟာ မန်စီးတီးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် တောင်ပံကစားသမား ဆာလက်က အသင်းရဲ့ခေတ်သစ် ဂန္ထဝင်တွေအတွက် နောက်ထပ်ဆုဖလား လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

ဆာလက်က “ဒုတိယမြောက် ပရီးမီးယားလိဂ်ဖလား ရယူဖို့နီးစပ်နေပြီလို့ ကျနော် မပြောပါဘူး။ သေချာတာ ကတော့ ကျနော်တို့အတွက် နောက်ထပ်ဆုဖလား လိုအပ်ပါတယ်။ ကျနော်နဲ့ အသင်းမှာရှိတဲ့ ကစားသမားကြီး တွေအတွက် ကျနော်တို့ နောက်ထပ်ဆုဖလား လိုအပ်ပါတယ်။ ဒီအတွက် ကျနော်တို့ အကောင်းဆုံး လုပ်ဆောင် သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ မန်စီးတီးအသင်းကို အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၁၁ မှတ်အသာနဲ့ အမှတ်ပေး ဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြသနေပြီး မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးခဲ့တာပါ။

ဆာလက်ဟာ မန်စီးတီးအသင်းနဲ့ပွဲက သွင်းဂိုးကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးသွင်း အများဆုံးစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒါအပြင် ဆာလက်ဟာ ဥရောပထိပ်တန်း ၅ လိဂ်ထဲမှာ ဂိုးပါဝင်ပတ်သက်မှု ၅၀ ပြည့်တဲ့ ပထမဆုံး ကစားသမား လည်း ဖြစ်လာခဲ့တာပါ။

ဆာလက်ဟာ ဒီရာသီကုန်ရင် လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး သူ့ရဲ့အနာဂတ် မရေမရာ ဖြစ်နေပေမယ့် ဒီရာသီက သူအနှစ်သက်ဆုံး ရာသီလို့လည်း ပြောခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ ပွဲ ကစားအပြီးမှာ ၁ ပွဲသာ အရေးနိမ့်ထားတဲ့ လီဗာပူးလ်အသင်းဟာ ကြားရက် ထဲမှာ လိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်

#ဘောလုံးသတင်းစုံ

image
1 နှစ် - ဘာသာပြန်ပါ။

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

#centralnewsnaypyitaw

image

hairstyle

အောင်မင်္ဂလာလမ်းရှိ စရိသီလိုက်မာ ကာလီယမ္မာန်မယ်တော်ကြီးဘုရားကျောင်း မီးနင်းပွဲတော်ကို စည်ကား သိုက်မြိုက်စွာကျင်းပခဲ့

ဖေဖော်ဝါရီ ၂၄

တာမွေမြိုနယ်၊ အောင်မင်္ဂလာလမ်းရှိ “စရီသီလိုက်မာ ကာလီယမ္မာန်မယ်တော်ကြီး” ဘုရားကျောင်းမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ယုံကြည်ကိုးကွယ်ရာ မီးနင်းပွဲ‌တော်ကို တော့ နှစ်စဉ် စဉ်ဆက်မပြတ် ကျင်းပခဲ့ရာ ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာဖြစ်ပါတယ်။

“ညီမ အဓိဌာန်ထားတဲ့ အရာလေး အောင်မြင်မှုရရှိခဲ့တဲ့ အတွက် နှစ်စဉ် ကိုယ့်ရိုးရာကို ကန်တော့တဲ့အနေနဲ့ နနွင်းဝတ်ပြီး အပ်ထိုးပြီးတော့ မီးနင်းတာပါ။ ညီမ ဒီလိုအဓိဌာန်ပြီးတော့ မီးနင်းတာဆိုရင်တော့ ၄ နှစ် ရှိပါပြီ။ မီးနင်းပွဲ ကာလရောက်ရင် ဘယ်လိုအဆင်မပြေမှုတွေဘဲ ဖြစ်ဖြစ် ပွဲတော်နားနီးရင် အဆင်ပြေသွားပါတယ်။ မယ်တော်က ဆုတောင်းက အရမ်းလည်းပြည့်ပါတယ် ” လို့ မီးနင်းသူတစ်ဦးက ပြောပါတယ်။

ဒီဘုရားပွဲတော်မှာတော့ လူမျိုးဘာသာမရွေး ကိုယ်ရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့အတူ အဓိဌာန်ဝင် ဥပုသ်စောင့်ပြီး မီးနင်းခဲ့ကြတာလည်းဖြစ်ပါတယ်။ အောင်မင်္ဂလာဘုရားပွဲကာလအနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကနေ ဖေဖော်ဝါရီ ၂၃ ရက်အထိ ၁၀ ရက်တိုင်တိုင်ကိုတော့ သားသတ်လွတ် စတုဒိသာအလှူ ကျွေးမွေးခဲ့တာလည်း ဖြစ်ပါတယ်။

အဓိဌာန်အောင်မြင်သူတွေက မီးနင်းပွဲတော်မှာ ဥပုသ်သီလစောင့်ယူပြီးတော့ နနွင်းဝတ် ဝတ်ဆင်ထားသူ လူဦးရေ အယောက် ၃၀၀ ကတော့ မယ်တော်ကြီးကို ရည်စူးပြီး ခန္ဓာကိုယ်မှာ သံချွန်တွေနဲ့ထိုးပြီး ကလေးငယ်ကိုချီတာ စတာတွေနဲ့ မီးနင်းခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒီမီးနင်းပွဲတော်ရက်ဆိုရင်တော့ အလှဆင်ထားတဲ့ နွားချောကြီးတွေနဲ့ ဘုရားတင်ပြီးလှည့်လည်သလို အောင်မင်္ဂလာလမ်းမကြီးဟာ လုံးဝစည်စည်ကားကားနဲ့ လာ ရောက်လည်ပတ်သူတွေကိုလည်း ဖာလူဒါ ၊ အအေး၊ ရေသန့်စတာတွေကို ဒါနကုသိုလ်ပြု လှူဒါန်းခဲ့ကြပါတယ်။
ကိုဗစ်ကာလအတွင်းက မီးနင်းပွဲကို ကျင်းပခဲ့တာ မရှိခဲ့ဘဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ပြန်လည်ပြီး မီးနင်းပွဲတော် ကျင်းပခဲ့တာဖြစ်ပြီးတော့ လူဦးရေ အယောက် ၂၀၀ သာ ပါဝင်မီးနင်းခဲ့ကြသလို ယခု ၂၀၂၅ ခုနှစ်မှာတော့ လူဦး ရေ ၃၀၀ ပါဝင်ဆင်နွှဲခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါ့ပြင် အဆိုပါ ကျောင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းကလည်း တတိယအကြိမ်မြောက် စရီအယပ္ပါးဆွာမိ အထူးပူဇော်ပွဲကြီးကို ကျင်းပခဲ့ပါသေးတယ်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+7
1 နှစ် - ဘာသာပြန်ပါ။

Hannibal lecter ဟာ Hand to hand combat မှာလဲ fighter တစ်ယောက်ဖြစ်ပါတယ် ။ ရုပ်ဖျက်လဲကျွမ်းသလို သူ့ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကိုလက်နက်အဖြစ်ကျွမ်းကျင်စွာသုံးတတ်ပါသေးတယ် ။ အဓိက အစွမ်းအနေနဲ့ Hannibal lecter ဟာ mind control ကို immune ပါတယ် ။

#crd
#internatonalmovenews

image
1 နှစ် - ဘာသာပြန်ပါ။

ဒါဟာ ခရိုအေးရှားနိုင်ငံ၊ Krka အမျိုးသားဥယျာဉ်အတွင်းက Visovac ကျွန်းငယ်လေးပေါ်မှာ တည်ရှိတဲ့ Visovac (ဗီဆိုဗက်စ်) ဘုန်းတော်ကြီးကျောင်း ပဲဖြစ်ပါတယ်။

သဘာဝအလှတရားတွေ နဲ့ ပြည့်နှက်နေတဲ့ Krka အမျိုးသားဥယျာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို၊ သမိုင်းနဲ့ ယဉ်ကျေးမှုအရလည်း အလွန်တန်ဖိုးရှိတဲ့ နေရာတစ်ခုပါ။

၁၄ ရာစုမှာ Augustinian ဘုန်းတော်ကြီးတွေဟာ ဒီကျွန်းလေးပေါ်မှာ ဘုရားကျောင်းလေးတစ်ခုနဲ့ ဘုန်းတော်ကြီးကျောင်းကို စတင်တည်ထောင်ခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းကတော့ "Lapis Albus" လို့ အမည်တွင်ခဲ့ပါတယ်။

၁၅ ရာစု မှာတော့ Franciscan ဘုန်းတော်ကြီးတွေဟာ ဘော့စနီးယားကနေ တူရကီကျူးကျော်မှုတွေကို ရှောင် တိမ်းရင်း ဒီကျွန်းကို ရောက်ရှိလာကြပါတယ်။

သူတို့ဟာ မူလရှိပြီးသား အဆောက်အဦးတွေကို ပြန်လည်မွမ်းမံပြီး ဘုန်းတော်ကြီးကျောင်းနဲ့ ဘုရားကျောင်းကို တိုးချဲ့တည်ဆောက်ခဲ့ကြပါတယ်။

၁၆ ရာစုနှောင်းပိုင်းမှာ အော်တိုမန်အင်ပါယာရဲ့ လွှမ်းမိုးမှုအောက်မှာ ခဏတာ ကျရောက်ခဲ့ပေမယ့်၊ ၁၆၇၂ ခုနှစ်မှာ Franciscan တွေက ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြပါတယ်။

ဘုန်းတော်ကြီးကျောင်းမှာ အလွန်တန်ဖိုးရှိတဲ့ စာကြည့် တိုက်တစ်ခုရှိပါတယ်။ ရှေးဟောင်းစာအုပ်တွေ၊ incunabula (၁၅ ရာစု မတိုင်မီက ပုံနှိပ်စာအုပ်များ)၊ သမိုင်းဝင်စာရွက်စာတမ်းတွေ၊ ဘာသာရေးဆိုင်ရာ ကျမ်း စာအုပ်တွေ အများအပြားကို စုဆောင်းထားပါတယ်။

နောက်ပြီး ဘုန်းတော်ကြီးကျောင်းမှာ သေးငယ်တဲ့ ပြတိုက်တစ်ခုလည်း ရှိပြီး၊ ဘာသာရေးဆိုင်ရာ အသုံး အဆောင်ပစ္စည်းတွေ၊ သမိုင်းဝင်ပစ္စည်းတွေနဲ့ ရှေးဟောင်းသုတေသန တွေ့ရှိချက်တွေကို ပြသထားပါတယ်။

ယနေ့ခေတ်မှာတော့ Visovac ဘုန်းတော်ကြီးကျောင်းဟာ သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ သဘာဝအလှတရားတို့ ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ နေရာတစ်ခုဖြစ်ပြီး၊
ခရိုအေးရှားနိုင်ငံရဲ့ အရေးပါတဲ့ ယဉ်ကျေးမှုအမွေအနှစ်နေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

မလိုတဲ့အခါ ပေးကြတယ်
လိုအပ်တဲ့ အခါ ပြေးကြတယ်
အမြင့်ခေါ်ပြီး
ရိုက်ချသလို
မသေဆေးကျွေးပြီး
သေအောင်သ၊တ်ကြသလို..
ဘာမသိညာမသိ ခေတ်ထဲ
နှလုံးသားကို ရင်းခြင်းမှာ
သိက္ခာတွေပါ ရှုံးရတယ် ။

image
1 နှစ် - ဘာသာပြန်ပါ။

ဆေးရုံဆေးခန်းသွားတဲ့အခါမှာသုံးတဲ့ အဂ်လိပ်စကားလုံးများ🧑🏼‍⚕️🧑🏼‍⚕️🧑🏼‍⚕️

#easyenglish
#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

ဆေးရုံဆေးခန်းသွားတဲ့အခါမှာသုံးတဲ့ အဂ်လိပ်စကားလုံးများ🧑🏼‍⚕️🧑🏼‍⚕️🧑🏼‍⚕️

#easyenglish
#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

ဆေးရုံဆေးခန်းသွားတဲ့အခါမှာသုံးတဲ့ အဂ်လိပ်စကားလုံးများ🧑🏼‍⚕️🧑🏼‍⚕️🧑🏼‍⚕️

#easyenglish
#englisheverywhere

image