New legislation being introduced to Parliament next week is set to see child exploitation and cuckooing become specific criminal offences.
ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
New legislation being introduced to Parliament next week is set to see child exploitation and cuckooing become specific criminal offences.
၁=အသီးအရွက်များကိုပုံပါအတိုင်းလှီးထားပါ။
ကြက်သွန်ဖြူဓါးပြားရိုက်ထားပါ။
၂=ကြက်ဥတစ်လုံးခေါက်ထားပြီးကြော်ထားပါ(ကိုယ့်ကြက်ဥကတော့တစ်လုံးထဲမှာအနှစ် ၂လုံးပါလို့များသွားတာပါ)
၃=ကြာဇံကိုရေနွေးစိမ်ထားပါ၊ရေနွေးအေးသွားရင်ဆယ်ပြီးဇကာဖြင့်စစ်ထားပါ။ ရေစစ်သွားလျှင်ပဲငံပြာရည်၊ဆား၊ငရုပ်ကောင်းမှုန့်၊အရသာမှုန့်၊ကြက်ဥကြော်ထားသောဆီ
ထမင်းစားဇွန်း၁ ဇွန်းခန့်ထည့်၍နယ်ထားပါ။
၄=ဒယ်အိုးထဲဆီထည့်ပြီးဆီပူလာလျှင်ကြက်သွန်ဖြူထည့်ပါ ။အနံ့မွှေးလာလျှင်
ကြက်သား(သို့)ဝက်သားကြိတ်သားထည့်မွှေပါ။
ကြက်သားအရောင်ပြောင်းလာလျှင်မှိုထည့်ပါ၊ဥနီထည့်ပါ။အရသာမှုန့်၊ဆားသကြား၊ပဲငံပြာရည်အကြည်တို့ထည့်ပါ။ကြက်ဥကြော်၊
ငရုပ်ပွနှင့်ကြက်သွန်မိတ်ထည့်ပါ။အသီးအနှံများနူးလျှင်ကြာဇံထည့်ပါ။မကပ်အောင်မွှေပြီး ၊ကပ်လျှင်ရေအနည်းငယ်ထည့်ပေးပါ။
(မကပ်တည့်အိုးကပိုအဆင်ပြေပါတယ်)
ကြာဇံမကြေအောင်အသာမွှေပေးပါ။အရသာမြည်းပြီးအဆင်ပြေရင်ရပါပြီ။
#မူရင်းပိုင်ရှင်ကိုcreditပေးပါတယ်ရှင်။
၆ ။ ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်စေခြင်း ။ ရုံးပတီသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကfree radicalတွေကို တိုက်ထုတ်ရာမှာတော်တော့်ကို အထောက်အကူပြုပါတယ်။ ရုံးပတီသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းကိုတိုးတက်စေနိုင်ပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကိုသွေးဖြူဥဆဲလ်တွေကို ထုတ်လွှတ်ပေးဖို့ လှုံ့ဆော်ပေးပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။
၇ ။ သွေးပေါင်ချိန်ကိုကျဆင်းစေနိုင်ခြင်း ။ ရုံးပတီသီးမှာ လူ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်ဆီယမ် အပါအဝင် ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ပိုတက်ဆီယမ်က ခန္ဓာကိုယ်တွင်းက ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးတာကြောင့်ကိုယ်တွင်းအရည် ဓါတ်ကို ဟန်ချက်ညီအောင်ထိန်းညှိပေးရာမှာ အရေးပါလှပါတယ်။ ပိုတက်ဆီယမ်ကသွေးလွှတ်ကြောတွေနဲ့ သွေးပြန်ကြောတွေကိုပြေလျော့စေနိုင်တာကြောင့်သွေးဖိအားကို ကျဆင်းစေနိုင်ပါတယ်။ နှလုံးသွေး ကြောစနစ်ကို တင်းအားလျော့ကျစေနိုင်ပါတယ်။သွေးကြောတွေထဲမှာသွေးခဲပိတ်ဆို့နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
၈ ။ အသည်းရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း ။ အသည်းက ခန္ဓာကိုယ်တွင်းက အဆိပ် အတောက်ကိုပြေစေနိုင်တဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ရုံးပတီသီးက အသည်းကိုရောဂါတွေ မဝင်အောင်ကာကွယ်ပေးနိုင်ပါတယ်။လေ့လာမှုတစ်ရပ်မှာ ရုံးပတီသီးက ဓါတုပစ္စည်းတွေကြောင့် အသည်းအဆိပ်သင့်တာတွေကိုလျော့ပါးသက် သာစေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ရုံးပတီသီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် free radicals တွေကြောင့် သည်းရောဂါဖြစ်ပေါ်ခ့စားရမှုကိုလျှော့ချပေးမှာဖြစ်ပါတယ်။ ရုံးပတီသီးက free radicals တွေကို တိုက်ထုတ်ပေးပြီး အသည်းရဲ့ ဆဲလ်အမြှေးပါးတွေကိုလည်း ကျန်းမာအောင် ထိန်းညှိပေးပါတယ်။
၉ ။ အာရုံကြောထိခိုက်ပျက်စီးမှု ဖြစ်နိုင်ခြေတွေကို လျော့ပါးသက်သာစေနိုင်ခြင်း ။ ရုံးပတီသီးက အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေတွေကိုလျှော့ချပေးနိုင်ပါတယ်။ oxidative stressတွေကြောင့်ဖြစ်တဲ့ အာရုံ ကြောဆိုင်ရာရောဂါတွေမဖြစ်ပေါ်အောင်လည်းကာကွယ်ပေးပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ရုံးပတီသီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် အာရုံကြောဆိုင်ရာရောဂါတွေဖြစ်ပေါ်ခံစားရမှုကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
၁၀။ ရင်သားကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ခြင်း ။ ရုံးပတီသီးမှာပါတဲ့ lectin isolated ကရင်သားကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ လို့လေ့လာမှုတစ်ရပ်အရသိရပါတယ်။ ရင်သားကင်ဆာအကျိတ်ဆဲလ်တွေရဲ့ကြီးထွားမှုကို ၆၃ ရာခိုင် နှုန်းအထိလျော့ချပေးနိုင် ပါတယ်။
အမျိုးသမီး ၈ ဦးမှာ ၁ ဦးက ရင်သားကင်ဆာရောဂါကို ခံစားကြရပါတယ်။နေ့စဉ်စားသုံးမယ့် အစားအသောက်တွေထဲမှာ ရုံးပတီသီးကို ထည့် သွင်းစားသုံးပေးမယ်ဆိုရင် ရင်သားကင်ဆာ ခံစားရနိုင်ခြေကို သိသိသာသာလျော့ကျစေ နိုင်မှာဖြစ်ပါတယ်။
၁၁။ ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်ခြင်း ။ ရုံးပတီသီးက ပန်းနာရင်ကျပ်ဝေဒနာသည်တွေအတွက်လည်း အကျိုးပြုပါတယ်။ ဘာကြောင့်လဲဆိုတာကို တိတိကျကျ မသိရသေးပေမယ့် ရုံးပတီသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်မှုက အသက်ရှုလမ်း ကြောင်းအတွက် အထောက် အကူပြုတာဖြစ်တယ်၊လို့သိရပါတယ်။
သတိပြုရမယ့်အချက်များ
ရုံးပတီသီးစားမယ်ဆိုရင် သတိထားရမယ့်အချက်တစ်ချက်က ရုံးပတီးသီးမှာ oxalate ပမာဏများစွာပါဝင်တယ်ဆိုတာပဲဖြစ်ပါတယ်။ oxalate က သည်းခြေကျောက်တည်တာနဲ့ကျောက်ကပ်ကျောက် တည်တဲ့ ဝေဒနာခံစားနေရသူတွေမှာ ကျောက်တွေကို ကြီးလာစေပြီးရောဂါအခြေအနေကိုတိုးစေနိုင်ပါတယ်။ ရုံးပတီသီးကို ကြော်စားတာက ကိုလက်စထရော ပမာဏကိုတိုးစေနိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုလက်စထရောပမာဏကို ထိန်းညှိချင်တယ်ဆိုရင် ရုံးပတီသီးကို မကြော်စားမိဖို့တော့ သတိထားရမှာ ဖြစ်ပါတယ်။
ရုံးပတီသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများနဲ့ သတိပြုရမည့်အချက်များ
ရုံးပတီသီး ဆိုတာက ပန်းပွင့်တဲ့အပင်မျိုးဖြစ်ပြီး ကမ္ဘာ့နေရာတော်တော်များများမှာ ပေါက် ရောက်ကြပါတယ်။ ရုံးပတီသီးပင်က ဘယအပင်မျိုးရင်းဝင်လဲဆိုတာကိုတော့ အခုချိန်ထိ သေသေ ချာချာမသိရသေးပါဘူး။ ရုံးပတီသီးကိုကြော်စားတာ၊ ချဉ်ဟင်းချက်စားတာနဲ့ ပဲဟင်းတွေထဲထည့်တာ၊ပြုတ်ပြီး အတို့အမြှုပ်အဖြစ်စားသုံးတာ။ ကင်ပြီးဖြစ်ဖြစ် ဆီပူထိုးပြီးဖြစ်ဖြစ် အချဉ်ရည်နဲ့တို့စားတာမျိုးလုပ်စားလို့ရပါတယ်။ ရုံးပတီသီးမှာ ကျန်းမာရေးအတွက် အထောက် အကူဖြစ်စေနိုင်တဲ့ အာဟာရဓါတ်တွေများစွာပါဝင်နေပြီး ရုံးပတီသီးကိုစားသုံးပေးရင်ဘာအကျိုးကျေးဇူးတွေရရှိ နိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ရုံးပတီသီးကနေရရှိနိုင်တဲ့ အာဟာရဓါတ်များ
၁ ။ ရုံးပတီသီးမှာ ခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်နေပြီး သဘာဝ ဝမ်း နုတ်ဆေးတစ်ခုလို့တောင် ဆိုရပါမယ်။ ဝမ်းချုပ်တာကို သက်သာစေနိုင်မှာဖြစ်ပါတယ်။ ရုံးပတီသီးမှာပါတဲ့ပျစ်ချွဲချွဲအစေးလေးတွေက အူမကြီးအတွင်း ချေဖျက်ပြီးအစာတွေကို ပို့ဆောင်ရာမှာချောဆီအနေနဲ့ လုပ် ဆောင်ပေးပြီး ဝမ်းသွားရတာကိုလွယ်ကူစေမှာဖြစ်ပါတယ်။ ရုံးပတီသီးမှာပါတဲ့ အမျှင်ဓါတ်က အူအတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေအတွက် အာဟာရဖြစ်စေပြီး အစာချေလမ်းကြောင်းရဲ့ရေဓါတ်ကို ထိန်းညှိပေးပါတယ်။
၂ ။ ရုံးပတီသီးမှာ အမြင်အာရုံနဲ့ အရေပြားကျန်းမာ ရေးအတွက် အထောက်အပံ့ပေးတဲ့ ဗီတာမင်အေ နဲ့ အခြားဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝစွာပါဝင်ပါတယ်။
၃ ။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်အတွက်အထောက်အကူပြုတဲ့ ဗီတာမင် စီလည်းကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင် စီ ကြွယ်ဝမှုက ရောင် ရမ်းမှုကိုလျော့ကျစေနိုင်သလို ပန်းနာရင်ကျပ်ဝေဒနာဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးပြီး ပန်းနာရင်ကျပ်ရှိသူတွေကိုလည်းရောဂါသက်သာစေနိုင်ပါတယ်။
၄ ။ ကိုယ်ဝန်ဆောင်ကာလအတွင်း လိုအပ်တဲ့ အာဟာရဓါတ်တွေကိုဖြည့်တင်းပေးပြီး ကလေးငယ်တွေကိုမွေးရာပါချို့ယွင်းချက်မပါအောင်ကာကွယ်ပေးနိုင်တဲ့Folates (folic acid) လည်းပါဝင်နေပါတယ်။Folates (folic acid) ကအဆုတ်တွေကို သန့်စင်စေဖို့လည်း အထောက် အကူပြုပါတယ်။
၅ ။ ရုံးပတီသီးမှာ သံဓါတ်၊ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ မဂ္ဂနိ အပါအဝင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်များစွာပါဝင်နေပါတယ်။
၆ ။ ရုံးပတီသီးမှာ အရိုးကျန်းမာရေးအတွက် အရေးပါသလိုသွေးတိတ်စေရာမှာ အရေးပါတဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင်ကေ ကြွယ်ဝစွာပါဝင်နေပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူးများ
ရုံးပတီသီး(Okra) စားပေးတာက –
၁ ။ အဆာခံနိုင်စေခြင်း ။ရုံးပတီသီးမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်များစွာပါဝင်နေပါတယ်။ပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်တွေက ဗိုက်ပြည့်တယ်လို့ မြန်မြန်ဆန်ဆန် ခံစားရစေနိုင်ပြီး အဆာခံနိုင်စေတာကြောင့် ကယ်လိုရီစားသုံးမှုပမာဏကိုတိုင်းတာရာမှာ အထောက်အကူဖြစ်စေတဲ့အပြင် ကိုယ်အလေးချိန်ကျအောင် လုပ် ဆောင်နေသူတွေအတွက်လည်း သင့်တော်ပါတယ်။
၂ ။ ပင်ပန်းမှုဒဏ်ကနေ သက်သာစေနိုင်ခြင်း ။ ယနေ့ခေတ်မှာ ပင်ပန်းတယ်ဆိုတဲ့စကားရပ်က လူတိုင်းပါးစပ်ဖျားမှာ ကြားရများတဲ့ စကားတစ်ရပ်လိုတောင်ဖြစ်နေပါပြီ။ ရုံးပတီသီးစေ့လေးတွေက သင့်ကို ပင်ပန်မှုဒဏ်ကိုခံနိုင်ရည်ရှိစေမှာဖြစ်ပါတယ်။ ရုံးပတီသီးစေ့တွေမှာ အသည်းထဲက ဂလိုက်ကိုဂျင်စုဆောင်းထားမှုကို တိုးမြှင့်ပေးနိုင်တဲ့polyphenols နဲ့ ဖလေဗာနွိုက်တို့လိုမျိုး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။ ဂလိုက်ကိုဂျင်က ခန္ဓာကိုယ်အတွက် စွမ်းအင်သိုလှောင်ပေးပြီးမောပန်းမှုဒဏ်ကို ခံနိုင်ရည်ရှိစေမှာဖြစ်ပါတယ်။ ရုံးပတီသီးက စိတ်ကျဝေဒနာခံစားနေရသူတွေအတွက်လည်းဆေးစွမ်းတစ်လက်ပါ။
၃ ။ အစာကြေချက်နိုင်စွမ်းကိုတိုးစေနိုင်ခြင် ။ နေ့စဉ်စားသုံးတဲ့အစားအသောက်ထဲမှာ ရုံးပတီသီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် ခန္ဓာ ကိုယ်အတွက် အမျှင်ဓါတ်တွေကို ပိုမိုစားသုံးမိစေမှာဖြစ်ပါတယ်။ ရုံးပတီသီးမှာပါတဲ့အမျှင်ဓါတ်က အစာချေလမ်း ကြောင်းတလျှောက်မှာ အစာတွေပို့ဆောင်မှုကို ပိုမိုလွယ်ကူအောင် အထောက် အကူပေးပါတယ်။ အူမ ကြီးလှုပ်ရှားမှုကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးတာကြောင့်လေပွတာ၊ဗိုက်အောင့်တာ၊ဝမ်းချုပ်တာနဲ့ ဗိုက်ထဲမှာလေတွေများပြီး မအီမသာဖြစ်တာတွေကိုသက်သာစေပါတယ်။ ရုံးပတီသီးက ဝမ်းလျှောတာမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ရုံပတီသီးမှာပါတဲ့အမျှင်ဓါတ်က ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ ကိုလက်စထရောတွေကို ဖယ်ရှားပေးရာမှာလည်း အထောက်အကူပြုပါတယ်။ ခန္ဓာ ကိုယ်က သကြားဓါတ်စုပ်ယူမှုပမာဏကိုလည်း ထိန်းချုပ်ပေးပါတယ်။
၄ ။ အမြင်အာရုံတိုးတက်ကောင်းမွန်စေခြင်း ။ ရုံးပတီသီးမှာ ဗီတာမင်အေ (vitamin A) ကြွယ်ဝစွာပါဝင်သလို ဗီတာကယ်ရိုတီးနွိုက်၊xanthein နဲ့ lutein တို့လိုမျိုး ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေကြွယ်ဝစွာပါဝင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အင်အားပြည့်ဝတဲ့ဒြပ်ပေါင်းတွေဖြစ်ပြီးfree radical တွေကြောင့်ဆဲလ်တွေထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ရုံးပတီသီးကိုနေ့စဉ်စားသုံးပေးမယ်ဆိုရင် မျက်လုံးကြွက်သားတွေပျက်စီးတာနဲ့ အတွင်းတိမ်ဖြစ်တာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။
၅ ။ အရေပြားကိုကျန်းမာစေနိုင်ခြင်း ။ ဗီတာ မင်အေ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားကျန်းမာအောင် ကာကွယ်ပေးသလို အနာကျက်မြန်စေတဲ့ အပြင် ဝက်ခြံတွေနဲ့အမာရွတ်ဖြစ်တာတွေကိုလည်းလျှော့ချပေးပါတယ်။ မျက်နှာပေါ်က အရေးအကြောင်း တွေကိုလည်းလျော့ပါးသက်သာစေပါတယ်။ ရုံးပတီသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားဆဲလ်တွေကို ပျက်စီးစေတဲ့free radicalတွေကိုလျော့ပါးသက်သာစေပါတယ်။
ဆက်ရန်......
မင်းဟာမင်း ကြိုက်သလောက်မိုက်ရိုင်း
မင်းအနားမှာ မိတ်ဆွေစစ်ဆိုတာ
လက်ငါးချောင်းထက် မပိုဘူး။
မင်းဟာမင်း ကြိုက်သလောက် လိမ္မာ
မင်းနားမှာ မိတ်ဆွေစစ်
လက်ငါးချောင်းထက် မပိုဘူး။
#စာတို
◾️Sales Representative - Yangon
M Pride Company Limited
https://www.joimyanmar.com/job/detail/22794
◾️Office Staff - Yangon
Hello Myanmar International Company Limited
https://www.joimyanmar.com/job/detail/22637
◾️Education Consultant(Urgent) - Yangon
AU MIT Myanmar College
https://www.joimyanmar.com/job/detail/22360
◾️Education Consultant(Urgent) - Mandalay
AU MIT Myanmar College
https://www.joimyanmar.com/job/detail/22311
◾️Personal Assistant (Urgent) - Yangon
AU MIT Myanmar College
https://www.joimyanmar.com/job/detail/22515
◾️Program Coordinator (Urgent) - Yangon
AU MIT Myanmar College
https://www.joimyanmar.com/job/detail/22561
◾️Marketing Staff - Yangon
Power Flash Technology Company Limited
https://www.joimyanmar.com/job/detail/22672
◾️Admin Staff - Yangon
Power Flash Technology Company Limited
https://www.joimyanmar.com/job/detail/22669
◾️Junior Office Staff - Yangon
Dreams Express Delivery
https://www.joimyanmar.com/job/detail/22612
◾️Admin Officer - Yangon
JJ Express
https://www.joimyanmar.com/job/detail/22774
◾️Accountant - Naypyidaw
JJ Express
https://www.joimyanmar.com/job/detail/22773
◾️Accountant - Mandalay
JJ Express
https://www.joimyanmar.com/job/detail/22772
◾️Admin Executive or Admin Supervisor - Yangon
Panda Group of Companies
https://www.joimyanmar.com/job/detail/22661
◾️Receptionist - Mandalay
GREAT International School
https://www.joimyanmar.com/job/detail/22782
◾️Warehouse Staff - Yangon
Shwe Kyun International Company Limited
https://www.joimyanmar.com/job/detail/22627
◾️Sales & Marketing - Yangon
Shwe Kyun International Company Limited
https://www.joimyanmar.com/job/detail/22626
#ပြည်တွင်းသတင်း
◾️ဟိုပန်မြို့၌ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ ၁၀၀ ဦးကျော်ဖမ်းမိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဟိုပန်မြို့၊ မိန်းပန်း (ရှမ်း) ရပ်ကွက်၌ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ ၁၀၀ ဦးကျော်ဖမ်းဆီးမိခဲ့ကြောင်း ‘ဝ’ သတင်းမီဒီယာက ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်) တွင် ဖော်ပြသည်။
အဆိုပါရပ်ကွက်တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူများရှိကြောင်း တိုင်ကြားလာသည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်၊ ည ၁၂ နာရီဝန်းကျင်တွင် UWSA ကဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ ၁၀၅ ဦးနှင့် စက်ပစ္စည်းများကိုဖမ်းဆီးမိခဲ့ကြောင်းသိရသည်။
ယင်းကျားဖြန့်လုပ်ငန်းအာဦးဆောင်သူမှာ တရုတ်နိုင်ငံသားအမျိုးသားဖြစ်ပြီး သွားရောက်ဖမ်းဆီးသည့် အချိန်တွင် ၎င်းကိုဖမ်းဆီးမိခဲ့ခြင်းမရှိကြောင်း အဆိုပါသတင်းဌာနကဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်လည်း တန့်ယန်းမြို့၌ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ ၁၀၀၀ ဦးကျော်ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့ထဲမှတရုတ်နိုင်ငံသား ၇၆၂ ဦး၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က တရုတ်နိုင်ငံထံလွှဲပြောင်းပေးခဲ့ကြောင်း UWSA ထုတ်ပြန်ထားသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်းများကို တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ပူးပေါင်းကာ နှိမ်နင်းရေးလုပ်ငန်းများလုပ်ဆောင်နေပြီး အဆိုပါလုပ်ငန်းများနှင့်ပတ်သက်သူများနှင့် လူကုန်ကူးခံခဲ့ရသူများကို သက်ဆိုင်ရာနိုင်ငံများထံ ပြန်လည်လွှဲပြောင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း ကျားဖြန့်လုပ်ငန်းများမှဖမ်းမိသူ တရုတ်နိုင်ငံသား ၆၀၀ ကျော်ကိုတရုတ်ဘက်သို့ ပြန်လည်လွဲပြောင်းပေးခဲ့ကြောင်း နစက ထုတ်ပြန်ထားသည်။
ဒီတခါဒီကောင်တွေကို အောက်ပို့လိုက်မယ်🤣။ဒီကောင်တွေက အလံနီလို့ နာမည်ကြီးပြီး တကယ်မနီတဲ့ကောင်တွေကွာ။သူတို့က သူတို့ကို သူတို့နီတယ်လို့ထင်အောင်ကိုလုပ်ယူထားကြတာ။ပတ်ဝန်းကျင်မှာလဲ ဒီကောင်တွေက ရည်းစားများတယ်၊ပြတ်သားတယ်ဘာညာနဲ့လက်မထောင်ထားကြတာ။
တကယ်ကျ နောက်ကွယ်မှ ကြိတ်ငိုတဲ့ကောင်တွေပြတ်သားနိုင်တဲ့ကောင်တွေလဲမဟုတ်ဘူးအလကား။ဒါပေမဲ့သူတို့က မာနကကြီးတော့ တဖက်လူ အထင်စမောမှာစိုးလို့ ငါနေနိုင်တယ် ဘာဖြစ်လဲနဲ့လုပ်ပြတတ်ကြတာ။
တကယ်တမ်းကျ သူတို့က သူတို့ချစ်တဲ့သူကို အဆုံးထိကာကွယ်ပေး၊အဆုံးထိသစ္စာရှိပေး၊တယောက်ဆိုတယောက်လွယ်လွယ်မပြောင်းလဲနိုင်တဲ့ သူတို့ ချစ်တဲ့သူအပေါ်အိမ်တိုင်ချွတ်ပေါင်အမ်းတဲ့ထိ စိမ်းတဲ့ နင်တို့ပြောပြောနေတဲ့ swaziland ကမြက်တွေလေ🤌
မှတ်ချက် - အပေါ်ကအချက်တွေက သူတို့ချစ်တဲ့သူအပေါ်မာပဲအကျုံးဝင်ပါတယ် မဟုတ်ရင်အလံကမနီပဲနက်ပါတယ်ရှန်
Virgo ♍️, Pisces ♓️, Capricorn ♑️, Scorpio ♏️, Taurus ♉️ ,Libra ♎️
#lunatarot
ဒီတခါဒီကောင်တွေကို အောက်ပို့လိုက်မယ်🤣။ဒီကောင်တွေက အလံနီလို့ နာမည်ကြီးပြီး တကယ်မနီတဲ့ကောင်တွေကွာ။သူတို့က သူတို့ကို သူတို့နီတယ်လို့ထင်အောင်ကိုလုပ်ယူထားကြတာ။ပတ်ဝန်းကျင်မှာလဲ ဒီကောင်တွေက ရည်းစားများတယ်၊ပြတ်သားတယ်ဘာညာနဲ့လက်မထောင်ထားကြတာ။
တကယ်ကျ နောက်ကွယ်မှ ကြိတ်ငိုတဲ့ကောင်တွေပြတ်သားနိုင်တဲ့ကောင်တွေလဲမဟုတ်ဘူးအလကား။ဒါပေမဲ့သူတို့က မာနကကြီးတော့ တဖက်လူ အထင်စမောမှာစိုးလို့ ငါနေနိုင်တယ် ဘာဖြစ်လဲနဲ့လုပ်ပြတတ်ကြတာ။
တကယ်တမ်းကျ သူတို့က သူတို့ချစ်တဲ့သူကို အဆုံးထိကာကွယ်ပေး၊အဆုံးထိသစ္စာရှိပေး၊တယောက်ဆိုတယောက်လွယ်လွယ်မပြောင်းလဲနိုင်တဲ့ သူတို့ ချစ်တဲ့သူအပေါ်အိမ်တိုင်ချွတ်ပေါင်အမ်းတဲ့ထိ စိမ်းတဲ့ နင်တို့ပြောပြောနေတဲ့ swaziland ကမြက်တွေလေ🤌
မှတ်ချက် - အပေါ်ကအချက်တွေက သူတို့ချစ်တဲ့သူအပေါ်မာပဲအကျုံးဝင်ပါတယ် မဟုတ်ရင်အလံကမနီပဲနက်ပါတယ်ရှန်
Virgo ♍️, Pisces ♓️, Capricorn ♑️, Scorpio ♏️, Taurus ♉️ ,Libra ♎️
#lunatarot