1 y - Translate

စွန့်ပစ်ရမယ့် အရာ (၈) ခု

၁။ဆင်ခြေ တွေကို စွန့်ပစ်ပါ

၂။ပြီးပြည့်စုံမှ ကျေနပ်နိုင်မယ် ဆိုတဲ့ စိတ်ကို စွန့်ပစ်ပါ

၃။အကြောက်တရားကို စွန့်ပါ

၄။အရာရာအပေါ် လွှမ်းမိုး ချုပ်ကိုင်ချင်စိတ်ကို စွန့်ပါ

၅။တရားသေ စွဲမှတ်ထားတတ်တဲ့ အကျင့်ကို စွန့်ပစ်ပါ

၆။နေ့ချင်းညချင်း အောင်မြင်ချင်စိတ်ကို စွန့်ပစ်ပါ

၇။အဆိပ်အတောက်ဆန်တဲ့ လူတွေကို ဘဝထဲက ထုတ်ပယ်ပစ်၊ စွန့်ပစ်လိုက်ပါ

၈။အမြဲ “ဟုတ်ကဲ့ “ လုပ်နေတတ်တဲ့ အကျင့်ကို စွန့်ပစ်ပါ

Ref: Lifehacks; “Removing These 8 Things From Life Can Make You More Successful“

image

ဝုရယ် ?

ဝုလို စီးတတ်လာပြော ?

1 y - Translate

နှစ်​ပေါင်း ၉၀၀​ကျော်သက်တမ်းရှိ မန်ကျည်းပင်၊ ဇီးအိုရွာ၊ ပုဂံ
Over 900-year-old Tamarind tree,
Zi O village in Bagan

image
1 y - Translate

နှစ်​ပေါင်း ၉၀၀​ကျော်သက်တမ်းရှိ မန်ကျည်းပင်၊ ဇီးအိုရွာ၊ ပုဂံ
Over 900-year-old Tamarind tree,
Zi O village in Bagan

image
1 y - Translate

နှစ်​ပေါင်း ၉၀၀​ကျော်သက်တမ်းရှိ မန်ကျည်းပင်၊ ဇီးအိုရွာ၊ ပုဂံ
Over 900-year-old Tamarind tree,
Zi O village in Bagan

imageimage

Food ?

1 y - Translate

ကျနော်တို့ကိုယ်တိုင်က ဖုန်းတွေ ဘယ်လောက်ပေါ့ကြောင်းပြောရင် ဒီဖုန်းကတော့ 160g ပဲရှိလို့ပေါ့တယ် ဆိုတာကနေစမယ်ဗျာ

တကယ်က လူတစ်ယောက်က ဖုန်းကိုင်ရင် ဒီတိုင်း ဘာမှ မတပ်ပဲကိုင်တာမျိုးက ရှားတယ်

ဒီလိုနဲ့ စာရေးသူ Scale တစ်ခုဝယ်လာပြီး ဟိုစမ်းဒီစမ်းလိုက်စမ်းကြည့်တော့

ဖုန်းမှန်ကပ် Tempered Glass (မှန်မကွဲ) တစ်ခု အလေးချိန်က 10-15 g လောက်လေးတယ်

သာမန် Film မှန်ကပ်က 2g ဝန်းကျင်

Silicone ကာဗာ က 30g ဝန်းကျင် အထိတောင်ရှိသဗျာ ကာဗာ အထူတွေဆို ပိုတောင်လေးဦးမယ်

ဆိုတော့ ဖုန်းအလေးချိန်က 160g ရှိတယ်ဆိုပါစို့ မှန်ကပ် + ကာဗာ ကပ်လိုက်ရင် 30-50g အလောက် ထပ်တိုးပြီး ကိုင်ဖို့ အထိ တွေးထားရတော့မယ်

ဒါတောင် iPhone ကိုင်တဲ့သူတွေ အကြိုက် ကင်မရာကပ်တို့ ဘာတို့ တပ်ထားတာ မပါသေးဖူး

30-50g က ဂဏန်းအရ မများဘူးသာထင်ရတာ တွက်ကြည့်ရင် ဒါက ဖုန်းတစ်လုံးရဲ့ 15% ကနေ 30% ဝန်းကျင်ရှိတာဆိုတော့ ပေါ့တဲ့ ပမာဏတော့ မဟုတ်ဘူးပြောရမှာပဲ

ဖုန်းကို ဘယ်လိုကိုင်ဖြစ်ကြလဲ ကာဗာ+မှန်ကပ် တွေတပ်ဖြစ်ကြလား ဘာမှ မတပ်ပဲ ကိုင်ဖြစ်ကြလားပြောပြခဲ့ပါဦး

Test Phone
iPhone 15 Pro Max - 221g
Tempered Glass - 13g~
Cover - 30g~
Total Weight - 265g ~
ကာဗာနဲ့ မှန်ကပ် တပ်လိုက်လို့ ပိုလေးသွားတဲ့ပမာဏက ဖုန်းအလေးချိန်ရဲ့ 20% အထိ ရှိပါတယ်

မှန်ကပ်နဲ့ ကာဗာတွေကို ဖုန်းရဲ့ အလေးချိန် 15% -30% ပိုအလေးခံပြီး တပ်ကိုင်သင့်ရဲ့လား?

image
1 y - Translate

ကိုယ်ချစ်တဲ့ လူတယောက်ကို ဘယ်လောက်ထိ တန်ဖိုးထားသလဲဆိုတာ သူ့အတွက် ဘယ်လောက် အားစိုက်ထုတ် ကြိုးစားသလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျပါတယ်

မကြိုက်ဘူးလို့ ငြင်းလိုက်တဲ့အခါ နောက်တကြိမ် ထပ်မကြိုးစားကြည့်ဘဲ အလွယ်တကူ လှည့်ထွက်သွားတာဟာ တကယ်ချစ်တာ မဟုတ်ဘူး

တယောက်ကို တယောက်စိတ်ဆိုးနေတဲ့ အချိန်မှာ သူလည်း နေနိုင်သလိုနေ ကိုယ်လည်း နေနိုင်သလိုနေ မနေနိုင်တဲ့အခါ ပြန်ခေါ်လိမ့်မယ်ဆိုပြီး တွေးတာဟာ တကယ်ချစ်တာ မဟုတ်ဘူး

ပြတ်စဲခါနီး အခြေအနေတွေမှာ နောက်တကြိမ် အတူရှိနေနိုင်ဖို့ ထပ်မကြိုးစားတော့ဘဲ အလွယ်တကူ လက်လျှော့လိုက်တာဟာ အချစ်မဟုတ်ဘူး

ရရင်ယူလိုက်မယ် မရရင်မယူဘူး
အဆင်ပြေရင်တော့ ဆက်ချစ်မယ်
ခက်ခဲတာတွေ များလာတဲ့အခါလည်း လက်လျော့လိုက်မယ်ဆိုတာဟာ အချစ်မဟုတ်ဘူး

တကယ်သာ ဆုံးရှုံးသွားခဲ့ရရင်ဆိုပြီး တွေးကြောက်တတ်တဲ့သူတွေဟာ သူတို့ လိုချင်တဲ့အရာကို ပိုင်ဆိုင်ရဖို့ ထပ်ခါတလဲလဲ ကြိုးစားနေကြဦးမှာ အလွယ်တကူ လွှတ်မချဘူး

ကိုယ်ချစ်တဲ့ မိန်းကလေးအနားမှာ သူကိုယ့်အပေါ် လက်ခံလာအောင် ပြင်ဆင်နေထိုင်တာဟာ အားစိုက်ထုတ်မှုဖြစ်တယ်

စိတ်ကောက်နေတဲ့အချိန်မှာ သူစိတ်ဆိုးပြေအောင် သူကြိုက်တတ်တဲ့ အရာလေးတွေနဲ့ ငါဘယ်လို ချော့ရမလဲလို့ တွေးပြီး စီစဉ်နေတာဟာ အားစိုက်ထုတ်မှုဖြစ်တယ်

ပြတ်လုပြတ်ခင် အခြေအနေတွေမှာ တင်းပြီးသားကြိုးကို ထပ်မဆွဲတော့ဘဲ အသစ်ကပြန်စပြီး အကောင်းမွန်ဆုံးအရာတွေ ပြန်တည်ဆောက်ဖို့ စိတ်ဆန္ဒတွေ ပြင်းပြနေတာဟာ အားစိုက်ထုတ်မှုဖြစ်တယ်

မိန်းကလေးတွေ အလိုချင်ဆုံးက သူတို့ ချစ်သူ အမျိုးသားဟာ သူတို့အတွက်ဆို ဘယ်လောက် အားစိုက်ထုတ်ပြီး ကြိုးပမ်းကြသလဲ ဆိုတာပါပဲ

လက်ကလေးကို ခဏတာလောက် ခပ်ဖွဖွလောက် ဆုပ်ကိုင်ခွင့်ရဖို့အရေး မိုင်တွေ အများကြီးဝေးတဲ့နေရာကနေ တကူးတက လာခဲ့တာဟာ effort ပါ

နေမကောင်းတဲ့ ကိုယ့်ချစ်သူအတွက် စားမြိန်ဖွယ်ရာလေးတွေ တမနက်လုံး အချိန်ကုန်ခံ ချက်ပြုတ်နေပြီး ကိုယ်တိုင်ကိုယ်ကျ ခွံ့ကျွေးတာဟာ effort ပါ

စိတ်ဆိုးစိတ်ကောက်နဲ့ စကားမပြောဖြစ်ကြတဲ့အချိန် ဘယ်သူနဲ့ကြူနေမလဲလို့ သူ့ဘက်က တွေးနေတဲ့အချိန် ကိုယ်က သူ့ကိုချော့ဖို့ surprise တစ်ခုခု စီစဉ်နေတာဟာ effort ပါ

Effort ဆိုတာ စကားလုံးတွေနဲ့ တော်ကီကြွယ်ပြလို့ မရဘူး စိတ်ထဲက တကယ်မရှိဘဲ အပင်ပန်းခံပြီး ဟန်ဆောင်ပြလို့ မရဘူး

ကိုယ့်အတွက်နဲ့ ဘယ်လောက်ထိ အားစိုက်ထုတ်လဲ ဆိုတာ ကိုယ့်ကို ဘယ်လောက်ချစ်တာလဲဆိုပြီး မေးခွန်းထုတ်စရာမလိုတဲ့ သက်သေပြချက်တွေပါပဲ။

image
1 y - Translate

" ရေစစ်သုံးခု " ဖတ်ကြည့်နော် အရမ်းတန်ဖိုးရှိတယ်

တစ်နေ့မှာတော့ ဆိုကရေးတီး(စ်)ရဲ့
တပည့်တစ်ယောက်က သတင်းတစ်ခုကြားလို့
သူ့ကို လာပြောသတဲ့ ။

လာပြောတဲ့ သူ့တပည့်ကို ဆိုကရေးတီး(စ်)က
ပြန်ပြောလိုက်တာလေးကို မှတ်သားသင့်လို့ပါ ။

"ဆရာ !
ဆရာ့သူငယ်ချင်းရဲ့သတင်းတစ်ခုကို
ကျွန်တော်အခုပဲ ကြားလာတယ်"

" နေဦး
ငါ့ကိုမပြောခင် မင်းစကားဟာ
ရေစစ်သုံးခုကို ဖြတ်နိုင် မဖြတ်နိုင်အရင်စစ်ရမယ်"

"ဘယ်လို ရေစစ်သုံးခုလည်းဆရာ"

"ပထမ ရေစစ်နာမည်က အမှန်တရားတဲ့။

မင်းပြောတဲ့ စကားလုံးက လုံးဝရာခိုင်နှုန်းပြည့်
အမှန်ဖြစ်မဖြစ်ဆိုတာ ပထမရေစစ်ထဲထည့်ရမယ် ။

မင်းပြောတဲ့ စကားလုံးဟာ လုံဝအမှန်ဖြစ်တယ်လို့
မင်း ရာနှုန်းပြည့် တာဝန်ယူနိုင်လား"

"ကျွန်တော်လည်း သူများဆီက ကြားလာတာဖြစ်လို့
ရာနှုန်းပြည့် မသေချာပါဘူးဆရာ"

"အေး ကောင်းပြီ ။ ဒုတိယရေစစ်နဲ့ စစ်ရအောင်"

"ဒုတိယရေစစ်ဆိုတာ ဘာလဲဆရာ"

"ဒုတိယ ရေစစ်နာမည်က ကောင်းကျိုးတဲ့ ။
မင်း အခုပြောမဲ့စကားက ကောင်းကျိုးကို
ဖြစ်စေမှာလား "

"မကောင်းတာဘဲ ဖြစ်ဖို့ များပါတယ်ဆရာ"

"ဒါဆို မင်းပြောတဲ့စကားလုံးက မှန်လည်းမမှန်ဘူး
မကောင်းတာလည်း ဖြစ်ဖို့များတယ်ပေါ့ "

"ဟုတ်ပါတယ်ဆရာ"

" အေး နောက်ဆုံးကျန်တဲ့ရေစစ်ထဲ ထည့်ကြည့်ရအောင် "

"ဘာရေစစ်လည်း ဆရာ"

" အဲဒီရေစစ်နံမည်က "အသုံးဝင်မှု"တဲ့။

မင်း ငါ့ကို ပြောမဲ့စကားက အသုံးဝင်မှုဖြစ်စေမှာလား

" အမ် သိပ်မသေချာဘူးဆရာ "

" ဒါဆို မင်းငါ့ကိုလာပြောမဲ့ဟာက
မှန်လည်းမမှန်ဘူး

မကောင်းတာလည်း ဖြစ်ဖို့များတယ်

ပြီးတော့ အသုံးဝင်ဖို့လည်း သိပ် မသေချာဘူးဆိုရင်
ငါ့ကိုဘာဖြစ်လို့ လာပြောချင်ရတာလဲ " တဲ့။

မီးခိုးဆိုတာ မီးရှို့သူ ရှိမှ ထွက်ပါတယ် ။

မီးမွှေးတဲ့လူ မဖြစ်ကြပါစေနဲ့။

မီးငြှိမ်းတဲ့သူပဲ ဖြစ်ကြပါစေ။

အတင်းအဖျင်းစကား တောင်စဉ် ရေမရ
အဓိပ်ပါယျမရှိတဲ့စကားတှကေို
နားလည်း မထောင်ပါနဲ့ ။
လက်ဆင့်ကမ်းတဲ့သူလည်း မဖြစ်ပါစေနဲ့တဲ့

image