#သက်ရှိလိပ်ပြာ

ကျွန်တော့်မှာ ငွေ့ရည်ဖွဲ့လွယ်တတ်တဲ့ မျက်ဝန်းအိမ်တွေရှိတယ်။
ခဏခဏ တိုက်စားခံရပါများလို့
ချွန်ထက်စူးမြနေတဲ့ ကျောက်ဆောင်တွေလို စိတ်မျိုးရှိတယ်။
သန်မာတယ် ထင်ရသလောက် ထိရှပဲ့ကျဖို့ကလွယ်။

တစ်ယောက်ယောက်ကသာ အသံပြုလိုက်ရင်
ပြေးကပ်သွားချင်တဲ့ အထီးကျန်စိတ်မျိုးနဲ့
လှိုင်းလုံးလေးတွေလို
တစ်စုံတစ်ယောက်ဆီပဲ ဉီးတည်ပြေးကပ်ချင်နေတဲ့
သတိရစိတ်တွေနဲ့
ဆဌမအာရုံတွေကို ယုံတတ်တာကလွဲရင်
ကျွန်တော်ဟာ..... သက်ရှိလိပ်ပြာလေးတစ်ကောင်ပါ။
#storyarchive

ဩစတြေးလျ ကွင်းစလန်မြောက်ပိုင်းမှာ စံချိန်တင် ရေကြီးနေ

ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၃

ဩစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်မြောက်ပိုင်းမှာ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် အမျိုးသမီးတယောက်သေဆုံးပြီး လူထောင်ပေါင်းများစွာ နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

ရေကြီးရေလျှံမှု ဆက်လက်ဆိုးရွားလာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပြီး ပြီးခဲ့တဲ့ စနေနေ့မှာတော့ အချို့နေရာတွေမှာ ရေ ၄ ပေကျော်ထိ မြင့်တက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ စံချိန်တင်မိုးရွာသွန်းမှုတွေဟာ တနင်္လာနေ့ထိ ဆက်လက်ရှိနေမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ဒေသတွင်းမှာ အဆိုးရွားဆုံး စံချိန်တင် ရေလွှမ်းမိုးမှုဖြစ်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။ တောင်းဆီဗီမြို့မှာတော့ အိမ်ခြေ ၂၀၀၀ လောက်ရေနစ်မြုပ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဆင်ခြေဖုံးရပ်ကွက် ခြောက်ခုရှိ ဒေသခံထောင်ပေါင်းများစွာကို ဘေးလွတ်ရာပြောင်းရွှေ့ဖို့ အမိန့်ထုတ်ထားပါတယ်။ အဓိကအဝေးပြေးလမ်း အစိတ်အပိုင်းတွေလည်း ပြိုကျပျက်စီးခဲ့တာကြောင့် ရေဘေးသင့်ဒေသတွေကို ကယ်ဆယ်ရေးသမားတွေ သွားရောက်ကူညီရေး အဟန့်အတားတွေ ဖြစ်နေပါတယ်။

ဒီအတောအတွင်း ကုန်တိုက်တွေမှာ စားသောက်ကုန်တွေ ပြတ်လပ်နေပြီး နေအိမ်ထောင်ပေါင်းများစွာဟာလည်း လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။ ရေကြီးရေလျှံမှုကြောင့် မိကျောင်းတွေရဲ့ ဘေးအန္တရာယ်ကိုလည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

ကွင်းစလန်မြောက်ပိုင်းဟာ အပူပိုင်းဒေသမှာ တည်ရှိပြီး လူသေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်စေတဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေ၊ အခြားမုန်တို်ငးတွေနဲ့ ရေလွှမ်းမိုးမှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ သမုဒ္ဒရာတွေ အပူချိန်မြင့်တက်လာတာတွေက ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေအတွက် မီးလောင်ရာလေ့ပင့် ဖြစ်စေတယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

Ref:BBC
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

image
image
image
1 နှစ် - ဘာသာပြန်ပါ။

၂ဝ၂၄ ခုနှစ်အတွင်း ဆန်/ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် (၂,၇၆၇,၄၁၄) တန်မှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၃၃၁.၈၉၉) သန်းရရှိ

ဖေဖော်ဝါရီ ၃

၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ဆန်/ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် (၂,၇၆၇,၄၁၄) တန်မှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၃၃၁.၈၉၉) သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတင်းထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းမှတ်တမ်းများအရ ဆန်/ဆန်ကွဲ ပြည်ပတင်ပို့မှု စုစုပေါင်း ပို့ကုန် တင်ပို့မှု တန်ချိန် (၂,၇၆၇,၄၁၄) တန်၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၃၃၁.၈၉၉) သန်း ရရှိခဲ့ပြီး၊ ကုမ္ပဏီ စုစုပေါင်း (၁၀၃) ခုမှ နိုင်ငံပေါင်း (၄၉) နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်/ဆန်ကွဲ ပြည်ပတင်ပို့မှုကို နိုင်ငံတော်အစိုးရ၏ မူဝါဒ လမ်းညွှန်မှုများနှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍမနေ၍ ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါသည်။ ဆန်/ ဆန်ကွဲ ပြည်ပတင်ပို့ရောင်းချနေသော ကုမ္ပဏီအသစ်များကိုလည်း အရည်အသွေး/ အရေအတွက်နှင့် နိုင်ငံတကာ ဆန် ဈေးကွက် လုပ်ထုံးလုပ်နည်းများကို မျှဝေပေးခြင်း၊ ပိတ်ခေါ်အားပေးခြင်း၊ သင်တန်းဖွင့်လှစ် ဆောင်ရွက်ခြင်း တို့ဖြင့် ကူညီပံ့ပိုး လုပ်ဆောင်ပေးလျက်ရှိပြီး၊ ကုမ္ပဏီအသစ်များအနေဖြင့်လည်း ဆန်/ ဆန်ကွဲ ပြည်ပတင်ပို့မှု တွင် စနစ်တကျ ပါဝင်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အသင်းချုပ်တွင် ကုမ္ပဏီ/ အဖွဲ့အစည်း အသင်းဝင်မှုသည် ၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် (၉၈၀) ရှိရာမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန် တွင် (၁၁၉၆) အထိ ပြည်တွင်း ပြည်ပ ကုမ္ပဏီများ၏ အသင်းဝင်ရောက်မှု အခြေအနေ တိုးတက်ခဲ့ပြီး၊ အသင်ဆင် အသစ်များ၏ အားကိုး ယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်လာခြင်း အပေါ် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ၊ ပိုမိုထိရောက်သော သတင်းအချက်အလက် ဖြန့်ဝေမှုများနှင့် ပိုမိုအားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image
image
image

ဘုန်းမောက်အသင်းနည်းပြ အန်တိုနီအီရာယိုလာကပြီးခဲ့တဲ့နေ့တုန်းက အိမ်ကွင်းမှာသူ့ရဲ့အသင်းအနေနဲ့လီဗာပူးလ်အသင်းကို ၀-၂ နဲ့ရှုံးနိမ့်ခဲ့တာကြောင့်စိတ်ပျက်မိတယ်လို့ပြောဆိုလာခဲ့ပြီး ပထမဂိုးအဖြစ်ပယ်နယ်တီပေးခဲ့ရပြီးနောက်ဒိုင်လူကြီးအနေနဲ့ပိုပြီးမြင့်မားတဲ့စံနှုန်းရှိရမယ်လို့ပြောဆိုလာခဲ့ပါတယ်။

ဒီဟာကမင်းအနေနဲ့အိမ်ကွင်းမှာရှုံးနိမ့်တဲ့အခါအရမ်းစိတ်ပျက်စရာကောင်းပါတယ်။အသေးစိတ်လေးတွေကအစငါတို့စိတ်တိုင်းမကျခဲ့ပါဘူး။ငါတို့အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမဲ့ကောင်းကောင်းမလုံလောက်ခဲ့ပါဘူး။အရေးကြီးတဲ့ကာလမှာတော့ မတူကွဲပြားမှုတွေနဲ့ဂိုးတွေသွင်းရပါမယ်။ဒါပေမဲ့ငါတို့မလုပ်ဆောင်နိုင်ခဲ့ပါဘူး။လီဗာပူးလ်လိုအသင်းနဲ့ကစားတဲ့အခါမှာတော့သူတို့မှာရှိလာတဲ့အခွင့်အရေးတိုင်းမ်ငးအနေနဲ့အပြစ်ပေးခံရဖို့ရှိနေပါတယ်။

ဘုန်းမောက်ကစားသမားအနေနဲ့ကိုဒီဂတ်ပိုကိုပြစ်ဒဏ်ဘောကျုးလွန်ခဲ့ကာပထမဂိုးပေးခဲ့ရတာနဲ့ပတ်သက်ပြီး ဒိုင်လူကြီးအနေနဲ့ဆုံးဖြတ်ချက်ချရာမှာပိုပြီးအဆင့်အတန်းမြင့်မားဖို့လိုအပ်ပြီး ဘရန့်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာတုန်းကအဆိုပါဖြစ်စဉ်မျိုးနဲ့တူခဲ့ပေမဲ့ဘုန်းမောက်အသင်းအနေနဲ့ပြစ်ဒဏ်ဘောမရခဲ့တာကိုဥပမာပေးပြောဆိုခဲ့ပါတယ်။

ဒီဟာကအနည်းငယ်ထိတွေ့မှုပဲ့ဖြစ်ခဲ့ပါတယ်။ကျနော်အနှေးပြကွက်မကြည့်ရသေးပေမဲ့ ပြိုင်ဘက်အနေနဲ့အနည်းငယ်တိုက်မိပြီးတော့လဲကျသွားခဲ့တာပါ။ဒါပေမဲ့ငါတို့အနေနဲ့ဒီလိုဖြစ်စဉ်မျိုးကို ဘရန့်ဖို့ဒ်အသင်းနဲ့ပွဲစဉ်တုန်းကလည်းတူညီစွာဖြစ်ခဲ့ဖူးတယ်လို့ကျနော်ပြောရပါလိမ့်မယ်။ဒီလိုဖြစ်စဉ်မျိုးဟာ ရှင်းလင်းမြင်သာနေပေမဲ့ မင်းရဲ့ဆုံးဖြတ်ချက်ကတော့မတူညီပါဘူး။ကျနော့်အနေနဲ့ညည်းတွားနေရုံပါပဲ့လို့ အီရာယိုလာကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image

ခွင့်လွှတ်ပါနော်.........

image
1 နှစ် - ဘာသာပြန်ပါ။

မိန်းမရဲတောင်🙏☁️🌳💚

合作频道(如下)
澳门威尼斯人
缅甸今日头条频道

image
1 နှစ် - ဘာသာပြန်ပါ။

မိန်းမရဲတောင်🙏☁️🌳💚

合作频道(如下)
澳门威尼斯人
缅甸今日头条频道

image
1 နှစ် - ဘာသာပြန်ပါ။

မိန်းမရဲတောင်🙏☁️🌳💚

合作频道(如下)
澳门威尼斯人
缅甸今日头条频道

image
1 နှစ် - ဘာသာပြန်ပါ။

မိန်းမရဲတောင်🙏☁️🌳💚

合作频道(如下)
澳门威尼斯人
缅甸今日头条频道

image
1 နှစ် - ဘာသာပြန်ပါ။

မိန်းမရဲတောင်🙏☁️🌳💚

合作频道(如下)
澳门威尼斯人
缅甸今日头条频道

image