မြောက်ဒဂုံမြို့နယ် ကျူးမိသားစု အိမ်ထောင်စု ၃၀၀ စာအတွက် ဆန်နဲ့ အနွေးထည်တွေ လှူဒါန်းခဲ့တဲ့ ဝေဠုကျော်နဲ့ရေကြည်ချမ်းမြ

ဇန်နဝါရီ ၁၈

The Roger and Van Hall Foundation (USA)နဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းတို့က အလှူရှင်တွေ ပူးပေါင်းပြီး ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က ကျူးမိသားစု ၂၇၀ စုနဲ့ အခြားနွမ်းပါးမိသားစု ၃၀ စုတို့အတွက် ဆန်နဲ့ အနွေးထည်တွေကို ဇန်နဝါရီ ၁၆ ရက်က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအလှူကို ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ ပဲ့ကိုင်ရှင် သရုပ်ဆောင် ဝေဠုကျော်နဲ့အတူ ဇနီးဖြစ်သူ အငြိမ့်မင်းသမီး ရေကြည်ချမ်းမြတို့က ကိုယ်တိုင်သွားရောက်ပြီး ပါဝင်လှူဒါန်းပေးခဲ့ကြတာလည်းဖြစ်ပါတယ်။

“ဒီနေ့ အလှူကတော့ The Roger and Van Hall Foundation (USA) နဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီးတော့ လှူဒါန်းတဲ့ အလှူလေးပါ။ ဝိုင်းပြီးလှူဒါန်းပေးကြတဲ့ အလှူရှင်တွေ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ အမှန်တကယ်လိုအပ်နေရာတွေကို လှူဒါန်းခွင့်ရလို့လည်း ပီတိဖြစ်ရပါတယ်။ အလှူရှင်တွေ အားလုံးလည်း ကျန်းမာအသက်ရှည်ပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ” လို့ သရုပ်ဆောင် ဝေဠုကျော်က ပြောပါတယ်။

ဒီအလှူမှာတော့ The Roger and Van Hall foundation (USA) နဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းတို့က အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ကျူးမိသားစု ၂၇၀ စု စာ၊ အခြားနွမ်းပါးမိသားစု ၃၀ စု စုစုပေါင်း မိသားစု ၃၀၀ စုအတွက် မိသားစုတစ်စုကို ဆန် ၂ ပြည်နှုန်းနဲ့ ဆန်အိတ် ၂၅ အိတ်စာ လှူဒါန်းခဲ့ပါတယ်။

ဒါ့ပြင် အအေးပိုလာတဲ့ ဆောင်းရာသီဥတုမှာ ဝတ်ဆင်နိုင်မယ့် အနွေးထည်အသစ်တွေကို ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက်လည်း ဆန်၊ ဆီ၊ အလှူငွေ၊ အနွေးထည်အသစ်တွေ ပေးအပ်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+8

ပုံရိုက်တော်တဲ့သူငယ်ချင်းတစ်ယောက်ပိုင်ဆိုင်ထားတော့လဲဘယ်အရာနဲ့မှမလဲနိုင်ပါဘူး😞

image