1 y - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◾️နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့်မြန်မာရွှေ့ပြောင်းလုပ်သား ငါးဦးထိုင်းနိုင်ငံ မဲဆောက်တွင် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့်မြန်မာရွှေ့ပြောင်း လုပ်သားငါးဦး ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်တွင်ဖမ်းဆီး ခံခဲ့ရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။
မဲဆောက်ခရိုင် Ban Kra Wang Lok Huai နယ်မြေအတွင်းလူငယ်တစ်ဦးအား ထိုင်းနိုင်ငံ နယ်မြေလုံခြုံရေးအဖွဲ့က တွေ့ရှိစစ်ဆေးရာမှ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားငါးဦးဖမ်ဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားငါးဦးသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် အလုပ်လုပ်ရန် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်လာခြင်းဖြစ်ပြီးပွဲစားခအဖြစ် တစ်ဦး လျှင် ဘတ်၁၅၀၀၀ ကျော်ပေးခဲ့ရကြောင်း ထိုင်းအာဏာပိုင်များထံ ထွက်ဆိုထားကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့်မြန်မာရွှေ့ပြောင်းလုပ်သား ငါးဦးအား မဲဆောက်ရဲစခန်းတွင် ထိန်းသိမ်းထားကာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

#realnews

ယူကရိန်းစစ်ပွဲအရေး ကန်နှင့်ရုရှား ဆော်ဒီမှာ တွေ့ဆုံဆွေးနွေးမည်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၇

၃ နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် ဆွေးနွေးပွဲများ ပြုလုပ်ရန် အမေရိကန်နှင့် ရုရှားအရာရှိများက လာမည့်ရက်ပိုင်းအတွင်း ဆော်ဒီတွင် တွေ့ဆုံမည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။

ဖေဖော်ဝါရီ ၁၄ ရက်က ဂျာမနီနိုင်ငံတွင် အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) နှင့်တွေ့ဆုံခဲ့သည့် ယူကရိန်းသမ္မတ ဇာလန်းစကီးကမူ ယူကရိန်းသည် ဆော်ဒီတွင် ပြုလုပ်မည့် ဆွေးနွေးပွဲများအတွက် ဖိတ်ကြားခြင်းမခံရဘဲ ယူကရိန်းဘက်ကလည်း မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများနှင့် မတိုင်ပင်ရသေးသည့် အချိန်၌ ရုရှားနှင့် ထိတွေ့ဆက်ဆံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ၊ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မိုက် ဝေါ့ဇ် (Mike Waltz) နှင့် အိမ်ဖြူတော်၏ အရှေ့အလယ်ပိုင်းရေးရာသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) တို့သည် ဆော်ဒီသို့ သွားရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်လွှတ်တော်အမတ် မိုက်ကယ် မက်ကူးလ် (Michael McCaul) က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

သို့သော် မည်သည့်အချိန်တွင် ဆော်ဒီသို့ သွားမည်ဆိုခြင်းနှင့် ဆွေးနွေးပွဲများကို မည်သည့်အချိန်၌ ပြုလုပ်မည်ဆို သော အသေးစိတ် အချက်အလက်များကိုမူ မက်ကူးလ်က ပြောကြားခဲ့ခြင်းမရှိပေ။

ထို့ပြင် စစ်ပွဲကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ရရှိရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၊ ရုရှားသမ္မတ ပူတင် (Vladimir Putin) ၊ ယူကရိန်းသမ္မတ ဇာလန်းစကီးတို့၏ အစည်းအဝေး ဖြစ်မြောက်စေရန် အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု မြူးနစ်လုံခြုံရေးညီလာခံတွင် မက်ကူးလ်က ပြောကြား ခဲ့သည်။

ရူဘီယိုသည် ၎င်း၏ ပထမဆုံးအကြိမ် အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း ဆော်ဒီသို့ သွားရောက်မည်ဖြစ်ပြီး ခရီးစဉ် စတင်သည့် ဖေဖော်ဝါရီ ၁၅ ရက်က အစ္စရေးသို့ ရောက်ရှိခဲ့သည်။

ရူဘီယိုသည် ဖေဖော်ဝါရီ ၁၅ ရက် အစောပိုင်းကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) နှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့ပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ထရမ့်၏ သန္နိဋ္ဌာန်ကို ထပ်လောင်း အတည်ပြုခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထရမ့်၏ ယူကရိန်းနိုင်ငံဆိုင်ရာ သံတမန်ဖြစ်သည့် ကိတ်သ် ကဲလော့ (Keith Kellogg) ကမူ ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ စားပွဲဝိုင်းတွင် ဥရောပသည် နေရာတစ်နေရာ ရလိမ်မည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က ပြော ကြားခဲ့သည်။

ဥရောပခေါင်းဆောင်များကမူ ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ၎င်းတို့ မပါဝင်ရသည့် အချက်ကို လက်မခံ နိုင်ကြောင်း ပြောကြားခဲ့သည်။

Source: Reuters

ပုံ - ယူကရိန်းစစ်သားနဲ့ ဒရုန်းတစ်စင်းကို တွေ့ရစဉ်

#centralnewsnaypyitaw

image
1 y - Translate

ပိုလန်နိုင်ငံမှ Suloszowa ရွာလေး
ပိုလန်နိုင်ငံမှာ လူဦးရေ ၃၈ သန်းကျော် ရှိပါတယ်။ မြို့ကြီးတွေအပြင် ရွာငယ်လေးတွေလည်း အများအပြားရှိပါတယ်။
အဲဒီရွာတွေထဲက လူဦးရေ ၆၀၀၀ လောက်ရှိတဲ့ Suloszowa ဆိုတဲ့ရွာလေးမှာ ၉ ကီလိုမီတာခန့် ရှည်လျားသော ရွာလယ် လမ်းလည်းရှိပါတယ်။
အဆိုပါ ရွာလေး၏ လှပပြီး ထူးခြားသော အသွင်အပြင်ကြောင့် "Little Tuscany" ဟူသော အမည်ပြောင်ကိုလည်း ရရှိထားပါတယ်။ ရွာ၏ပုံမှန်မဟုတ်သောဖွဲ့စည်းပုံသည် ဆိုရှယ်မီဒီယာပေါ်တွင် ချစ်စရာကောင်းပြီး ရိုးရှင်းသောဒီဇိုင်းဖြင့် လူအများ၏အာရုံကိုဖမ်းစားနိုင်ခဲ့သော ရွာလေးတစ်ရွာဖြစ်ပါတယ်။
#ဗဟုသုတ

image

မြန်မာအမျိုးသမီး ၂ ဦးကို ငှားပေးထားသော ဘန်ကောက်မြို့ရှိ ကွန်ဒိုတစ်ခု၏အခန်းတွင် တစ်နေ့လျှင် ဖုန်းအကြိမ်ရေ ၈၀၀၀၀၀ ကျော်ပြုလုပ်နိုင်သည့် ငွေလိမ်ဂိုဏ်း၏ နည်းပညာမြင့်ပစ္စည်းများတွေ့ရှိ

ဖေဖော်ဝါရီ ၁၇

မြန်မာအမျိုးသမီးကို ၂ ဦးငှားပေးထားသော ဘန်ကောက်မြို့ ကွန်ဒိုတစ်ခု၏အခန်းတွင် တစ်နေ့လျှင် ဖုန်းအကြိမ် ရေ ၈၀၀၀၀၀ ကျော်ပြုလုပ်နိုင်သည့် ငွေလိမ်ဂိုဏ်း၏ နည်းပညာမြင့်ပစ္စည်းများတွေ့ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းများကို ကိုးကား၍ ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့သည် ဘန်ကောက်မြို့ Phra Khanong ခရိုင်အတွင်း ကွန်ဒိုအခန်းတစ်ခန်းကို Nan ပြည်နယ်၏ အမှုတစ်ခုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် Sukhumvit Soi 64 မှ ကွန်ဒိုကို ဝင်ရောက်ရှာဖွေခဲ့စဉ် SIM Box ၄ ခုကို တွေ့ရှိခဲ့ပြီး တစ်ရက်ကို ဖုန်းခေါ်မှု အကြိမ်ရေ ၈၀၀၀၀၀ ကျော် ပြုလုပ်နိုင်သည့် ငွေလိမ်ဂိုဏ်းနည်းပညာမြင့်ပစ္စည်းများကို သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်တွင် Phra Khanong ပြစ်မှုဆိုင်ရာ တရားရုံးအမှတ် ၆/၂၀၂၅ မှ ဖမ်းဝရမ်း ယူဆောင်၍ ပြည်နယ်ရဲတပ်ဖွဲ့အပါအဝင်သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့များနှင့် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့တာဝန်ရှိသူများ၊ မှုခင်းသက်သေ စခန်း ရဲအရာရှိတို့က ဖေဖော်ဝါရီလ ၁၄ ရက်တွင် သွားရောက် စစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့က ကွန်ဒိုကို ဝင်ရောက်စစ်ဆေးရာ GSM ဆင်းမ်ကတ် ၃၂ ကတ် ထည့်သွင်းနိုင်သော SIM Box ၄ ခု၊ အင်တာနက် မိုဒန်း ၂ ခု ၊ CCTV ကင်မရာ ၁ ခုကို တွေ့ရှိခဲ့၍ ယခုအခါ ပစ္စည်းများကို Phra Khanong ရဲစခန်း သို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ အခန်းကို ငှားပေးထားသည့် မြန်မာ အမျိုးသမီး ၂ ဦးက SIM Box များ တပ်ဆင်ထားသည်ကို မသိရှိ ကြောင်း၊ လက်ရှိတွင် ရဲတပ်ဖွဲ့က အမှုကို ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ပဏာမ စုံစမ်းမှုအရ မြန်မာနိုင်ငံသားများနှင့် ပတ်သက်မှုရှိကြောင်းနှင့် ပါဝင်ပတ်သက်သူများအနေဖြင့်“ခွင့်ပြုချက်မရှိဘဲ ရေဒီယိုဆက်သွယ်ရေးစက်ကိရိယာများကို စုပေါင်းထုတ်လုပ်ခြင်း၊ အသုံးပြုခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း သို့မဟုတ် ရောင်းဝယ်ခြင်း ဥပဒေတို့ဖြင့် အပြစ်ရှိကြောင်းထင်ရှားပါက အရေးယူခံရမည် ဖြစ်ကြောင်း သိရသည်။

Nan ပြည်နယ်မှ လူတစ်ဦးက ငွေကြေးခဝါချမှုပြုလုပ်နေကြောင်း စွပ်စွဲခံရကာ ဘတ် ၁၀၀၀၀၀ အလိမ်ခံလိုက်ရသည့် ဖြစ်စဉ်ကြောင့် ထိုင်းရဲများက လိုက်လံ စစ်ဆေးရာ Samut Prakan နှင့် တောင်ပိုင်းပြည်နယ်တစ်ခုမှ အလားတူ အမှု ၂ ခု နှင့်ဆက်စပ်နေသည်ကို တွေ့ရှိခဲ့ပြီး ယင်းအမှုများတွင် အလိမ်ခံရသော ငွေမှာ ဘတ် ၅၀၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+7
1 y - Translate

ဘိုင်ဘယ်စာအုပ်ထဲက နိုးအာ့ ပုံပြင်ကို စိတ်ခံစားမှုတွေနဲ့ ပြန်လည်ဖန်တီးပြုထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။


Noah’s Ark (2024)

ရုပ်ရှင်မှာ နိုးအာ့က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မျိုးစိတ်တွေကို မုန်တိုင်းကြီးမှ ကာကွယ်ဖို လုပ်ဆောင်တဲ့ ကမ္ဘာအကြီးဆုံး အုတ်မြစ်တစ်ခုဖြစ်လာမယ့်ပုံစံကို ဖော်ပြထားသည်။ ရုပ်ရှင် အနုပညာအပိုင်းကတော့ ထူးထူးခြားခြားဖြစ်ပြီး တိရစ္ဆာန်တွေကို ပြတဲ့ အခန်းတွေမှာတော့မိုက်တယ်။ ရုပ်ရှင်က ယုံကြည်မှု၊ အသက်ရှင်ခြင်းနှင့် လူ့သဘာဝတွေ သေချာစဉ်းစားသင့်တဲ့အကြောင်းအရာတွေကို ရှင်းပြထားတာပါ။ ရုပ်ရှင်က အနုပညာနှင့် ယုံကြည်မှုဆက်စပ်တဲ့ အရာတွေကို အဓိက ထင်ဟပ်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။  

ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ

https://t.me/+nqhhs6tGKeRjZjA1

ဇာတ်ကားကြည့်ရန်နှိပ်ပါ

https://t.me/c/2088510221/1420

image
1 y - Translate

The Bridge Curse ( 2020 )
စိတ်ခြောက်ခြားဖွယ်သရဲကားကောင်းကြိုက်သူတွေအတွက်2020 augustလမှာထွက်ထားတဲ့ ထိုင်ဝမ်သရဲကားကောင်းလေးတစ်ကားဖြစ်ပါတယ်
စတင်ထုတ်လွှင့်ချိန်ကနေ ခုချိန်ထိ Box office worldwideမှာ $347513ဝင်ငွေရရှိထားပါတယ်
CGI effectတွေမပါပဲ ပြင်ပမှာတစ်ကယ်သရဲခြောက်ခံနေရသလိုရိုက်ကူးထားလိုစိတ်ခြောက်ခြားဖွယ်ကောင်းလှပါတယ်
ဇာတ်လမ်းအကျဉ်းကတော့..
တက္ကသိုလ်ကျောင်းသားကျောင်းသူအုပ်စုတစ်ခုဟာ သတ္တိရှိမရှိစမ်းသပ်တဲ့ပွဲမှာပါဝင်တဲ့အဖွဲဝင်များအောင်ကြော်ငြာဖို ည၁၂နာရီထိုးရင်သရဲခြောက်တယ်လိုနာမည်ကြီးလှတဲ့ သရဲမတံတားရဲ့လှေကားထစ်ကိုလျှောက်ပြရင်းlive လွှင့်ကြေငြာဖို ပြင်ဆင်ကြတဲ့အခါ…
ဘယ်လိုတုန်လှုပ်ခြောက်ခြားဖွယ်တွေကစောင့်ကြိုနေမှာလဲ…
သရဲမရဲ့ကျိန်စာကနေလွတ်မြောက်နိုင်ပါ့မလား…
ထင်မထားတဲ့လှည့်ကွက်တွေပါတဲ့ စိတ်ခြောက်ခြားဖွယ် Horror ကားကောင်းတကားပါ........
#horror

image
1 y - Translate

Extraction 2 (2023)
မင်းသားက Chris Hemsworth ပဲဖြစ်သလို ဒါရိုက်တာကလည်း Sam Hargrave ပါပဲ။ Extraction (202 ဟာ အတော်ကောင်းပါတယ်။ မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကို အသေခံပြီး လုပ်သွားတဲ့ ကြေးစားကြီးတစ်ယောက်အကြောင်းပေါ့။
သေနတ်ဒဏ်ရာ ဗလပွနဲ့ မြစ်ထဲကိုကျသွားတာ မသေစရာတော့မရှိပါဘူး။ ဒါပေမဲ့ မသေပါဘူး။ မသေတော့ အငြိမ်းစားယူသွားပါတယ်။ အငြိမ်းစားဆိုကတည်းက သေချာပေါက် ပြန်ချရမယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။
အခုလည်း သူ့အငြိမ်းစားဘဝကနေ မငြင်းနိုင်ဘဲ သေချာပေါက်ပြန်လုပ်ခိုင်းနိုင်တဲ့သူ ပေါ်လာပါတယ်။ သူ့မိန်းမပါ။ ဖြစ်တတ်ပါတယ်။ သူ့မိန်းမရဲ့ ညီမကို ဂျော်ဂျီယာရဲ့ အကြီးဆုံးလူဆိုးဂိုဏ်းကြီးလက်ကနေ သွားကယ်ထုတ်ရတာပါ။
ဒါပေမဲ့ လူဆိုးဂိုဏ်းက ရိုးရိုး သေနတ်နဲ့ကားအဆင့်မဟုတ်ပါဘူး။ ကျည်ကားကား၊ လက်နက်ကြီး၊ ရဟတ်ယာဉ်တွေအထိပါပြီး မိုးအဆုံးမြေအဆုံးလိုက်သ!တ်တာကြောင့် ၂ နာရီစာလောက် မနားတမ်း ချရပါတော့တယ်….
ထုံးစံအတိုင်း ဇာတ်လမ်းရော အက်ရှင်ရော ကြည့်လိုကောင်းပါတယ်။ ကြည့်လိုက်ကြပါ။
#movie

image
1 y - Translate

Season 1 တုန်းက အတော်လေးလူကြိုက်များခဲ့ပြီး တော်တော်များများစောင့်မျှော်နေကြတဲ့ BOCCHI THE ROCK! Anime ကတော့ Season 2 ကိုတရားဝင်ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။ 🥳

image

ရှက်ပြာရှက်ပြာလေး

1 y - Translate

#tattooideas

image