10 w - Translate

T..he Exo..rcist (1973)
===================
နာမည်ကြီးသရဲ ကားကြီးတစ်ခုဖြစ်ပြီး အရမ်းကြောက်စရာကောင်းတာ ကြောင့်တစ်ချိန်က ပြသခွင်ပိတ်ခံထားရတဲ့ကားပါ။

သာမန်သရဲကားတွေထက်ကို ပိုပြီးတော့ ကြောက်စရာကောင်းပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်က ရုပ်ရှင်ရိုက်ကူးဖို သူ့သမီးလေးနဲ့အတူ မြိုတစ်မြိုကိုခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

သူမသမီးလေးက အစပိုင်းက လုံးဝပုံမှန်ဖြစ်ပေမယ့် တစ်ဖြေးဖြေး အပြောအဆိုအမူအရာတွေကအစပြောင်းလဲလာ ခဲ့ပါ တယ်။အရင်ကနဲ့လုံးဝမတူတော့ပါဘူး။

ဆရာဝန်တွေနဲ့ပြပေမယ့်အခြေအနေကပိုဆိုးလာပြီး သူမသမီးလေးဟာလည်းတစ်ခြားတစ်ယောက်ပုံစံကိုပြောင်း လဲသွားခဲ့ပါတော့တယ်။

သူမသမီးလေးခန္ဓာကိုယ်ထဲကို ဘယ်လိုအရာကြီးကများဝင်ရောက်ပူးကပ်နေတာလဲ။ဘာကြောင့် ဒီလိုဖြစ်လာရတာလဲ။ သူမဘာတွေဆက်လုပ်မလဲ။

သူမသမီးလေး ကိုရောဘယ်လိုပြန်ကယ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ။

image